Hebreus 10
rki (RKI) vs NAA
1 ပညတ်တရားသည် နောင်ဖြစ်လာမည့် ကောင်းသောအရာများ၏ ပုံရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာများ မဟုတ်ကြပေ။ ထို့ကြောင့် ဝတ်ပြုသူတိကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်သောကြောင့် တူညီသောယဇ်များကို နှစ်စဉ် ပူဇော်ကြရ၏။
1 Ora, visto que a lei é apenas uma sombra dos bens vindouros, não a imagem real das coisas, nunca consegue aperfeiçoar aqueles que se aproximam de Deus com os mesmos sacrifícios que, ano após ano, continuamente, eles oferecem.
2 အကယ်၍ ပြည့်စုံနိုင်ခလျှင် ဝတ်ပြုသူရို့သည် တစ်ခါတည်းဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကြသည်ဖြစ်၍ အပြစ်ဟိသည်ဟု မခံစားရသောကြောင့် သူရို့သည် ယဇ်ပူဇော်ခြင်းကို မပြုလုပ်ဘဲနိန်ကြလိမ့်မည် မဟုတ်ပါလော။
2 Se isto fosse possível, será que os sacrifícios não teriam deixado de ser oferecidos? Porque os que prestam culto, tendo sido purificados uma vez por todas, não mais teriam consciência de pecados!
3 သို့ရာတွင် ထိုသို့ ယဇ်ပူဇော်ခြင်းများသည် သူရို့၏အပြစ်များကို နှစ်စဉ် ဖော်ပြနိန်ခြင်းဖြစ်၏။
3 Entretanto, nesses sacrifícios ocorre recordação de pecados todos os anos,
4 အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။
4 porque é impossível que o sangue de touros e de bodes remova pecados.
5 ထို့ကြောင့် ခရစ်တော်သည် လောကထဲသို့ ကြွလာသောအခါ ဘုရားသခင်အား လျှောက်ထားတော်မူသည်မှာ၊
5 Por isso, ao entrar no mundo, Cristo disse: “Sacrifício e oferta não quiseste, mas preparaste um corpo para mim;
6 ကိုယ်တော်သည် ယဇ်ပလ္လင်ထက်၌ မီးတိုက်ထားသောယဇ်ကောင်များကိုလည်းကောင်း၊
6 não te agradaste de holocaustos e ofertas pelo pecado.
7 သို့ဖြစ်၍ ပညတ္တိကျမ်း၌ အကျွန့်ကို ရည်ညွှန်း၍ ရီးသားထားသည့်အတိုင်း၊
7 Então eu disse: ‘Eis aqui estou! No rolo do livro está escrito a meu respeito. Estou aqui para fazer, ó Deus, a tua vontade.’”
8 ကိုယ်တော်သည် ပထမဦးစွာ လျှောက်တော်မူသည်မှာ “အသျှင်ဘုရားသည် ယဇ်ပလ္လင်ထက်၌ ယဇ်ကောင်များနှင့် ပူဇော်သကာများကို သော်လည်းကောင်း၊ မီးယှို့ထားသော ယဇ်ကောင်များနှင့် အပြစ်ဖြေရာပူဇော်သကာများကို သော်လည်းကောင်း ပညတ်တရားအရ ပူဇော်ကြသော်လည်း ကိုယ်တော်သည် နှစ်သက်တော်မမူ” ဟူ၍ ဖြစ်၏။
8 Depois de dizer, como acima: “Sacrifícios, ofertas, holocaustos e ofertas pelo pecado não quiseste, nem deles te agradaste” — coisas que se oferecem segundo a lei —,
9 တဖန် ကိုယ်တော်က လျှောက်တော်မူသည်မှာ “အကျွန်သည် ဤနီရာ၌ ဟိပါ၏၊ အသျှင်ဘုရား၏ အလိုတော်ကို ဆောင်ရွက်ရန် ရောက်လာခြင်းဖြစ်ပါ၏” ဟု ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် ဒုတိယပူဇော်ခြင်းကို တည်စီခြင်းငှာ ပထမပူဇော်ခြင်းကို ပယ်တော်မူ၏။
9 num segundo momento acrescentou: “Eis aqui estou para fazer, ó Deus, a tua vontade.” Ele remove o primeiro para estabelecer o segundo.
10 ထိုသို့ အလိုတော်နှင့်အညီ ငါရို့အားလုံးအတွက် ယေသျှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် ငါရို့ကို သန့်ယှင်းစီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။
10 Nessa vontade é que temos sido santificados, mediante a oferta do corpo de Jesus Cristo, uma vez por todas.
11 ယဇ်ပုရောဟိတ်သည် နိ့စဉ်နိ့တိုင်း မတ်တပ်ရပ်ကာ မိမိ၏ဘာသာရေးဆိုင်ရာ ဝတ္တရားများကို ဆောင်ရွက်ရ၏။ သူသည် တူညီသော ပူဇော်သကာယဇ်ကို အကြိမ်ကြိမ် ပူဇော်ရ၏။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်များကို လုံးဝ မဖယ်ယှားနိုင်။
11 Ora, todo sacerdote se apresenta, dia após dia, para exercer o serviço sagrado e oferecer muitas vezes os mesmos sacrifícios, que nunca jamais podem remover pecados.
12 သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။
12 Jesus, porém, tendo oferecido, para sempre, um único sacrifício pelos pecados, assentou-se à direita de Deus,
13 အဂုအခါ ကိုယ်တော်သည် မိမိ၏ရန်သူတိကို မိမိ၏ခြီတင်ခုံ ဖြစ်စီသည့်တိုင်အောင် စောင့်ဆိုင်းလျက် ဟိတော်မူ၏။
13 aguardando, daí em diante, até que os seus inimigos sejam postos por estrado dos seus pés.
14 အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်များမှ စင်ကြယ်ခြင်းခံရပြီးသော သူရို့အား ထာဝရစုံလင်စီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။
14 Porque, com uma única oferta, aperfeiçoou para sempre os que estão sendo santificados.
15 သန့်ယှင်းသော ဝိညာဉ်တော်သည်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ငါရို့ကို သက်သီခံတော်မူ၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်က ပထမဦးစွာ မိန့်တော်မူသည်မှာ
15 E disto nos dá testemunho também o Espírito Santo. Porque, após ter dito:
16 “ထာဝရဘုရားက နောင်ကာလ၌၊
16 “Esta é a aliança que farei com eles, depois daqueles dias, diz o Senhor: Imprimirei as minhas leis no coração deles e as inscreverei sobre a sua mente”,
17 တဖန် “ငါသည် သူရို့၏အပြစ်များနှင့် တရားမဲ့ပြုမူခြင်းများကို လုံးဝ မှတ်ယူလိမ့်မည် မဟုတ်” ဟု မိန့်တော်မူခ၏။
17 acrescenta: “Também dos seus pecados e das suas iniquidades jamais me lembrarei.”
18 ထို့ကြောင့် အပြစ်များကို ခွင့်ရွှတ်ပြီးပြီဖြစ်သောကြောင့် အပြစ်ဖြေရာယဇ်ကို ပူဇော်ရန် မလိုယာ။
18 Ora, onde há remissão de pecados, não existe mais necessidade de sacrifício pelo pecado.
19 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ ငါရို့သည် ယေသျှု၏အသွီးတော်အားဖြင့် အသန့်ယှင်းဆုံးသောနီရာသို့ ယုံကြည်စိတ်ချစွာ ဝင်ရောက်ခွင့်ရကြ၏။
19 Portanto, meus irmãos, tendo ousadia para entrar no Santuário, pelo sangue de Jesus,
20 ထို့ကြောင့် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ကန့်လန့်ကာမှ တစ်ဆင့် ငါရို့အတွက် အသက်ရှင်သော လမ်းသစ်ကို ဖွင့်ပီးခတော်မူ၏။
20 pelo novo e vivo caminho que ele nos abriu por meio do véu, isto é, pela sua carne,
21 ထိုမျှမက ငါရို့၌ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်တစ်ပါး ဟိတော်မူ၏။
21 e tendo um grande sacerdote sobre a casa de Deus,
22 ငါရို့သည် သန့်စင်သောရီဖြင့် ဆီးကြောထားသော ကိုယ်ခန္ဓာဖြင့် လည်းကောင်း၊ ဖြောင့်မှန်သော နှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ ဆိုးညစ်သောစိတ်နှလုံးကို သန့်ယှင်းစင်ကြယ်၍ လည်းကောင်း၊ ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
22 aproximemo-nos com um coração sincero, em plena certeza de fé, tendo o coração purificado de má consciência e o corpo lavado com água pura.
23 ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။
23 Guardemos firme a confissão da esperança, sem vacilar, pois quem fez a promessa é fiel.
24 ထို့အပြင် မေတ္တာထားခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုကို ပြုခြင်းငှာလည်းကောင်း၊ တစ်ယောက်ကို တစ်ယောက် မည်သို့ တိုက်တွန်းကြရမည်ကိုလည်းကောင်း၊ စဉ်းစားဆင်ခြင်ကြကုန်အံ့။
24 Cuidemos também de nos animar uns aos outros no amor e na prática de boas obras.
25 တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
25 Não deixemos de nos congregar, como é costume de alguns. Pelo contrário, façamos admoestações, ainda mais agora que vocês veem que o Dia se aproxima.
26 အကြောင်းမူကား ငါရို့အား သမ္မာတရားကို သိခြင်းငှာ ဆောင်ရွက်ပီးထားပြီးမှ အပြစ်ကို တမင်တကာ ဆက်လက်၍ လုပ်နိန်ကြလျှင် အပြစ်ဖြေမည့်ယဇ်ဟူ၍ မဟိယာ။
26 Porque, se continuarmos a pecar de propósito, depois de termos recebido o conhecimento da verdade, já não resta sacrifício pelos pecados.
27 သို့ရာတွင် တရားစီရင်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော သူရို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နိန်ကြရုံမျှသာဟိ၏။
27 Pelo contrário, resta apenas uma terrível expectativa de juízo e fogo vingador prestes a consumir os adversários.
28 မောသျှေ၏ပညတ်တရားကို ငြင်းပယ်သောသူမည်သည်ကား သက်သီနှစ်ဦး သို့မဟုတ် သုံးဦးဟိလျင် သက်ညှာခြင်းကို မခံရဘဲ သီဒဏ်ပီးခြင်းကို ခံရ၏။
28 Quem tiver rejeitado a lei de Moisés morre sem misericórdia, pelo depoimento de duas ou três testemunhas.
29 သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို ခြီဖြင့် နင်းလျက် အပြစ်ကို သန့်ယှင်းစင်ကြယ်စီသော ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောအသွီးတော်ကို မထီမဲ့မြင် ပြုမူကာ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူရို့သည် ဇာလောက်ကြီးမားသော ပြစ်ဒဏ်နှင့် ထိုက်တန်သည်ကို သင်ရို့ စဉ်းစားကြလော့။
29 Imaginem quanto mais severo deve ser o castigo daquele que pisou o Filho de Deus, profanou o sangue da aliança com o qual foi santificado e insultou o Espírito da graça!
30 အကြောင်းမူကား “ပြစ်ဒဏ်ပီးခြင်းသည် ငါနှင့် ဆိုင်၏။ ငါ ကိုယ်တိုင် ပြစ်ဒဏ်ပီးမည်” ဟူ၍လည်းကောင်း၊ တဖန် “ထာဝရဘုရားသည် မိမိ၏လူမျိုးကို တရားစီရင်မည်” ဟူ၍လည်းကောင်း မိန့်တော်မူသောအသျှင်ကို ငါရို့ သိကြ၏။
30 Pois conhecemos aquele que disse: “A mim pertence a vingança; eu retribuirei.” E outra vez: “O Senhor julgará o seu povo.”
31 အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်၌ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
31 Horrível coisa é cair nas mãos do Deus vivo.
32 သင်ရို့သည် အယင်က နိ့ရက်များကို သတိရကြလော့။ ထိုနိ့ရက်များ၌ ဘုရားသခင်၏အလင်းသည် သင်ရို့၌ ထွန်းလင်းပြီး သင်ရို့ကြုံတွိ့ခရသော ဒုက္ခများစွာကို ရုန်းကန်၍ အနိုင်ရခကြ၏။
32 Lembrem-se dos dias passados, quando, depois que foram iluminados, vocês sustentaram grande luta e sofrimentos.
33 သင်ရို့သည် တစ်ခါတရံ လူတိရှိ့၌ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကို ခံရကြ၍ တခြားသောအချိန်၌ ထိုသို့ ပြုခြင်းကိုခံရသော သူရို့၏အပေါင်းအသင်းများ ဖြစ်ကြ၏။
33 Em certos momentos vocês foram transformados em espetáculo, tanto para serem insultados quanto para serem maltratados; em outros vocês se tornaram coparticipantes com aqueles que foram tratados assim.
34 သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။
34 Porque vocês não apenas se compadeceram dos encarcerados, mas também aceitaram com alegria a espoliação dos seus bens, porque sabiam que tinham um patrimônio superior e durável.
35 ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။
35 Portanto, não percam a confiança de vocês, porque ela tem grande recompensa.
36 သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။
36 Vocês precisam perseverar, para que, havendo feito a vontade de Deus, alcancem a promessa.
37 အကြောင်းမူကား၊
37 “Porque, ainda dentro de pouco tempo, aquele que vem virá e não irá demorar;
38 ငါ၏ဖြောင့်မတ်သောသူသည်
38 mas o meu justo viverá pela fé; e, se retroceder, dele a minha alma não se agradará.”
39 သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။
39 Nós, porém, não somos dos que retrocedem para a perdição, mas somos da fé, para a preservação da alma.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.