Gálatas 6

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။
1 Irmãos, se alguém for surpreendido em algum pecado, vocês, que são espirituais deverão restaurá-lo com mansidão. Cuide-se, porém, cada um para que também não seja tentado.
2 သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။
2 Levem os fardos pesados uns dos outros e, assim, cumpram a lei de Cristo.
3 အကယ်၍ သင်သည် အသုံးမရသောသူ ဖြစ်လျက်ပင် မိမိကိုယ်ကို အထင်ကြီးနိန်သော သင်သည် မိမိကိုယ့်ကို လှည့်ဖြားသောသူဖြစ်၏။
3 Se alguém se considera alguma coisa, não sendo nada, engana-se a si mesmo.
4 လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်စီ။ ထိုသို့ပြုလျှင် သူတစ်ပါးပြုသောအမှု၌ နှိုင်းယှဉ်ခြင်းကိုမပြုဘဲ မိမိပြုသောအမှုသည် ကောင်းလျှင် ဂုဏ်ယူဝါကြွားစရာအကြောင်း ဟိလိမ့်မည်။
4 Cada um examine os próprios atos, e então poderá orgulhar-se de si mesmo, sem se comparar com ninguém,
5 အကြောင်းမူကား လူတိုင်း မိမိ၏ဝန်ကို ထမ်းရွက်ရမည်။
5 pois cada um deverá levar a própria carga.
6 ဇာသူမဆို နှုတ်ကပတ်တော်ကို သင်ယူသောသူသည် သင်ပီးသောသူအား ကောင်းသောအရာ ဟိသမျှကို ဝီမျှပီးရမည်။
6 O que está sendo instruído na palavra partilhe todas as coisas boas com quem o instrui.
7 တလွဲမယူကတ်ကေ့။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစိ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
7 Não se deixem enganar: de Deus não se zomba. Pois o que o homem semear, isso também colherá.
8 လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
8 Quem semeia para a sua carne, da carne colherá destruição; mas quem semeia para o Espírito, do Espírito colherá a vida eterna.
9 သို့ဖြစ်၍ ငါရို့သည် အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ပြုလျှင် ငါရို့သည် အချိန်တန်သောအခါ အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။
9 E não nos cansemos de fazer o bem, pois no tempo próprio colheremos, se não desanimarmos.
10 သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။
10 Portanto, enquanto temos oportunidade, façamos o bem a todos, especialmente aos da família da fé.
11 ငါသည် သင်ရို့ပါးသို့ စာလုံးကြီးဖြင့် ကိုယ်တိုင် ရီးပီးလိုက်သည့် စာကို သင်ရို့ ကြည့်ကြလော့။
11 Vejam com que letras grandes estou lhes escrevendo de próprio punho!
12 သင်ရို့အား အရီဖျားလှီးခြင်းကိုခံရန် အတင်းအားဓမ္မ တိုက်တွန်းကြသော သူရို့သည် ပြင်ပအမှတ်လက္ခဏာများကို ပြ၍ ဝါကြွားလိုသူများ ဖြစ်ကြ၏။ ဤသို့ပြုရခြင်းမှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ညှည်းပမ်းနှိပ်စက်ခြင်း ခံရမည်ကို ယှောင်ယှားလို၍ ဖြစ်၏။
12 Os que desejam causar boa impressão exteriormente, tentando obrigá-los a se circuncidarem, agem desse modo apenas para não serem perseguidos por causa da cruz de Cristo.
13 အရီဖျားလှီးခြင်းကို ခံယူကြသော သူရို့တောင်မှ ပညတ်တရားကို မလိုက်နာကြပေ။ ထိုသူရို့သည် သင်ရို့၏ ကိုယ်ကာယ၌ ဝါကြွားလိုသဖြင့် သင်ရို့အား အရီဖျားလှီးခြင်းကို ခံယူစီလိုခြင်းဖြစ်၏။
13 Nem mesmo os que são circuncidados cumprem a lei; querem, no entanto, que vocês sejam circuncidados a fim de se gloriarem no corpo de vocês.
14 ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။
14 Quanto a mim, que eu jamais me glorie, a não ser na cruz de nosso Senhor Jesus Cristo, por meio da qual o mundo foi crucificado para mim, e eu para o mundo.
15 လူတစ်စုံတစ်ယောက်သည် အရီဖျားလှီးခြင်း ခံသည် မခံသည်မှာ အရေးမကြီး။ အသစ်ဖန်ဆင်း ခံရခြင်းသာလျှင် အရေးကြီး၏။
15 De nada vale ser circuncidado ou não. O que importa é ser uma nova criação.
16 ဤနည်းဥပဒေကို လိုက်နာသူအပေါင်းရို့၌ လည်းကောင်း၊ ဘုရားသခင်၏လူစုတော် အားလုံး၌ လည်းကောင်း၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစီသတည်း။
16 Paz e misericórdia estejam sobre todos os que andam conforme essa regra, e também sobre o Israel de Deus.
17 နိဂုံးချုပ်ဆိုရသော် ငါ့အား ဇာသူလေ့ အနှောက်အယှက် မပီးပါစီကေ့။ ဇာကြောင့်ဆိုသော် ငါ၏ ကိုယ်ခန္ဓာ၌ဟိသော ဒဏ်ရာဒဏ်ချက်များသည် ယေသျှု၏ ကျွန်ဖြစ်ကြောင်း သက်သီပြလျက် ဟိသောကြောင့်ဖြစ်၏။
17 Sem mais, que ninguém me perturbe, pois trago em meu corpo as marcas de Jesus.
18 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။ အာမင်။
18 Irmãos, que a graça de nosso Senhor Jesus Cristo seja com o espírito de vocês. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gálatas 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.