Gálatas 5
rki (RKI) vs ARA
1 ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
1 Para a liberdade foi que Cristo nos libertou. Permanecei, pois, firmes e não vos submetais, de novo, a jugo de escravidão.
2 နားထောင်ကြလော့။ ငါ ပေါလု ဆိုသည်ကား၊ သင်ရို့သည် အရီဖျားလှီးခြင်းကို ကိုယ်တိုင် ခံယူမည်ဆိုလျှင် ခရစ်တော်အားဖြင့် ဇာအကျိုးကိုမျှ ရနိုင်လိမ့်မည် မဟုတ်။
2 Eu, Paulo, vos digo que, se vos deixardes circuncidar, Cristo de nada vos aproveitará.
3 အရီဖျားလှီးခြင်းကို ခံယူသော သူတိုင်းအား ပညတ်တရား အလုံးစုံကို လိုက်လျှောက်ရန် တာဝန်ဟိသည်ဟု တဖန် ငါသတိပီး၏။
3 De novo, testifico a todo homem que se deixa circuncidar que está obrigado a guardar toda a lei.
4 ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ ကြိုးစားသောသူသည် ခရစ်တော်နှင့် ကွာလားသဖြင့် သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတရား အောက်၌ မဟိ။
4 De Cristo vos desligastes, vós que procurais justificar-vos na lei; da graça decaístes.
5 ငါရို့သည်ကား ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်ဟု ယုံကြည်ခြင်းအားဖြင့် မျှော်လင့်နိန်ကြ၏။
5 Porque nós, pelo Espírito, aguardamos a esperança da justiça que provém da fé.
6 အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။
6 Porque, em Cristo Jesus, nem a circuncisão, nem a incircuncisão têm valor algum, mas a fé que atua pelo amor.
7 သင်ရို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိန်ခ၏။ သမ္မာတရားကို မလိုက်နာစီရန် သင်ရို့အား ဇာသူက တားဆီးသနည်း။ ထိုသူသည် သင်ရို့အား ဇာပိုင် ဖြားယောင်းသွီးဆောင်ခသနည်း။
7 Vós corríeis bem; quem vos impediu de continuardes a obedecer à verdade?
8 ထိုဖြားယောင်းသွီးဆောင်မှုသည် သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်ထံတော်မှ လာသည် မဟုတ်။
8 Esta persuasão não vem daquele que vos chama.
9 “အနည်းချေသော တဆီးသည် မုန့်ညက် တစ်ပုံးလုံးကို ဖောင်းကြွစီတတ်၏” ဟူ၍ ဆိုရိုးစကားဟိ၏။
9 Um pouco de fermento leveda toda a massa.
10 သို့ရာတွင် ငါသည် သင်ရို့အား အဂုတိုင်အောင် ယုံကြည်စိတ်ချခြင်း ဟိ၏။ ငါရို့၏ အသက်ရှင်မှုသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသဖြင့် သင်ရို့သည် တခြားသောအယူကို လက်ခံကြလိမ့်မည် မဟုတ် ဟူ၍ ငါ့ကို ယုံကြည်စိတ်ချစီ၏။ သို့သော် သင်ရို့အား နှောက်ယှက်သူ ဇာသူမဆို ဘုရားသခင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။
10 Confio de vós, no Senhor, que não alimentareis nenhum outro sentimento; mas aquele que vos perturba, seja ele quem for, sofrerá a condenação.
11 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ အကယ်၍ ငါသည် အရီဖျားလှီးခြင်းတရားကို ဆက်လက် ဟောပြောနိန်သည်ဆိုလျှင် ဇာကြောင့် ညှည်းဆဲနှိပ်စက်ခြင်းကို ခံနိန်ရပါသနည်း။ အကယ်၍ ထိုသို့ ဟောပြောခြင်း မှန်သည်ဆိုလျှင် ခရစ်တော်၏ လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ငါ၏ ဟောပြောခြင်းသည် ဒုက္ခရောက်စီလိမ့်မည် မဟုတ်။
11 Eu, porém, irmãos, se ainda prego a circuncisão, por que continuo sendo perseguido? Logo, está desfeito o escândalo da cruz.
12 သင်ရို့ကို နှောက်ယှက်နိန်သော လူတိကို နှင်ထုတ်စီခြင်းငှာ ငါအလိုဟိ၏။ သူရို့သည် ကိုယ့်ကိုကိုယ် သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။
12 Tomara até se mutilassem os que vos incitam à rebeldia.
13 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
13 Porque vós, irmãos, fostes chamados à liberdade; porém não useis da liberdade para dar ocasião à carne; sede, antes, servos uns dos outros, pelo amor.
14 အကြောင်းမူကား “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။
14 Porque toda a lei se cumpre em um só preceito, a saber: Amarás o teu próximo como a ti mesmo.
15 သို့ရာတွင် အချင်းချင်း ကိုက်စားနိန်ကြလျှင် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်း သတိပြုကြလော့။
15 Se vós, porém, vos mordeis e devorais uns aos outros, vede que não sejais mutuamente destruídos.
16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။
16 Digo, porém: andai no Espírito e jamais satisfareis à concupiscência da carne.
17 အကြောင်းမူကား လူ့ဇာတိ၏အလိုသည် ဝိညာဉ်တော်၏အလိုနှင့် ဆန့်ကျင်လျက် ဟိ၏။ ထို့အပြင် ဝိညာဉ်တော်၏အလိုသည်လည်း လူ့ဇာတိ၏အလိုနှင့် ဆန်ကျင်လျက် ဟိ၏။ ထိုနှစ်ပါးရို့သည် ရန်သူများဖြစ်သဖြင့် သင်ရို့သည် မိမိအလိုဆန္ဒ ဟိသည့်အတိုင်း မပြုနိုင်ကတ်။
17 Porque a carne milita contra o Espírito, e o Espírito, contra a carne, porque são opostos entre si; para que não façais o que, porventura, seja do vosso querer.
18 အကယ်၍ ဝိညာဉ်တော်သည် သင်ရို့အား ဦးဆောင်လမ်းပြတော်မူလျှင် သင်ရို့သည် ပညတ်တရား၏အောက်၌ ဟိကြသည် မဟုတ်။
18 Mas, se sois guiados pelo Espírito, não estais sob a lei.
19 လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊
19 Ora, as obras da carne são conhecidas e são: prostituição, impureza, lascívia,
20 ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်းများ၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွိ့ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊
20 idolatria, feitiçarias, inimizades, porfias, ciúmes, iras, discórdias, dissensões, facções,
21 ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်း စသည့်အရာများကို လုပ်ဆောင်လာကြ၏။ ထိုသို့သော အရာများကို ပြုမူသောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရလိမ့်မည် မဟုတ်ဟု အယင်က သင်ရို့အား ငါသတိပီးခသည်အတိုင်း အဂုလည်း ငါသတိပီးလိုက်၏။
21 invejas, bebedices, glutonarias e coisas semelhantes a estas, a respeito das quais eu vos declaro, como já, outrora, vos preveni, que não herdarão o reino de Deus os que tais coisas praticam.
22 သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
22 Mas o fruto do Espírito é: amor, alegria, paz, longanimidade, benignidade, bondade, fidelidade,
23 နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
23 mansidão, domínio próprio. Contra estas coisas não há lei.
24 ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကိုလည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကိုလည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
24 E os que são de Cristo Jesus crucificaram a carne, com as suas paixões e concupiscências.
25 သို့ဖြစ်၍ ငါရို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်၏ လမ်းပြမှုအတိုင်း လိုက်လျှောက်ကြရမည်။
25 Se vivemos no Espírito, andemos também no Espírito.
26 ငါရို့သည် မာနကြီးခြင်း၊ တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ် ဟိခြင်း၊ မနာလိုစိတ် ဟိခြင်းများကို ယှောင်ယှားကြကုန်အံ့။
26 Não nos deixemos possuir de vanglória, provocando uns aos outros, tendo inveja uns dos outros.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.