Gálatas 3
rki (RKI) vs NVI
1 မိုက်မဲသော ဂလာတိအသင်းသားရို့၊ ဇာသူက သင်ရို့အား ပြုစားထားသနည်း။ လက်ဝါးကပ်တိုင်ထက်တွင် ယေသျှုခရစ်တော် အသီခံတော်မူပုံကို သင်ရို့မျက်စိရှိ့တွင် ထင်ရှားစွာ ဟိခ၏။
1 Ó gálatas insensatos! Quem os enfeitiçou? Não foi diante dos seus olhos que Jesus Cristo foi exposto como crucificado?
2 ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ရို့ လက်ခံရခြင်းသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော၊ သို့မဟုတ် သတင်းကောင်းကို ကြားနာရ၍ ယုံကြည်ခြင်းအားဖြင့်လော။ ဤအချက်ကို ငါအား ပြောကြလော့။
2 Gostaria de saber apenas uma coisa: foi pela prática da lei que vocês receberam o Espírito, ou pela fé naquilo que ouviram?
3 သင်ရို့သည် ယေလောက်တောင် မိုက်မဲကြသလော။ သင်ရို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အစပြုခပြီးနောက် အဂုအခါ သင်ရို့၏ ဇာတိအားဖြင့် အဆုံးသတ်ဖို့ ကြိုးစားနိန်ကြသလော။
3 Será que vocês são tão insensatos que, tendo começado pelo Espírito, querem agora se aperfeiçoar pelo esforço próprio?
4 သင်ရို့၏ တွိ့ကြုံခံစားခသည့် အရာအားလုံးသည် အလကား ဖြစ်လားခယာလား။ အမှန်ပင် အလကား ဖြစ်လားခယာလား။
4 Será que foi inútil sofrerem tantas coisas? Se é que foi inútil!
5 ဘုရားသခင်သည် သင်ရို့အား ဝိညာဉ်တော်ကို ပီးသနားတော်မူပြီးလျှင် အံ့ဖွယ်နိမိတ်လက္ခဏာများကို ပြုတော်မူခြင်းမှာ ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော။ သို့မဟုတ် သတင်းကောင်းကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့်လော။
5 Aquele que lhes dá o seu Espírito e opera milagres entre vocês, realiza essas coisas pela prática da lei ou pela fé com a qual receberam a palavra?
6 ထိုနည်းတူ ကျမ်းစာတော်မြတ်က “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်၏။ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင်သည် မှတ်တော်မူ၏” ဟု ဆို၏။
6 Considerem o exemplo de Abraão: "Ele creu em Deus, e isso lhe foi creditado como justiça".
7 သိုဖြစ်၍ ဘုရားသခင်ကို ယုံကြည်သော သူအပေါင်းရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ကြောင်းကို သင်ရို့သိမှတ်ကြလော့။
7 Estejam certos, portanto, de que os que são da fé, estes é que são filhos de Abraão.
8 ဘုရားသခင်သည် တခြားလူမျိုးရို့၏ ယုံကြည်ခြင်းကိုထောက်၍ ဖြောင့်မတ်သောသူ ဖြစ်မည်ဟု ကျမ်းစာတော်မြတ်က ကြိုတင်၍ ဖော်ပြထားပြီး “သင့်အားဖြင့် လူမျိုးအပေါင်းရို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟု သတင်းကောင်းကို အာဗြဟံအား ကြေညာခ၏။
8 Prevendo a Escritura que Deus justificaria pela fé os gentios, anunciou primeiro as boas novas a Abraão: "Por meio de você todas as nações serão abençoadas".
9 အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားရခ၏။ ထို့ကြောင့် ယုံကြည်ခြင်းဟိသော သူရို့သည် အာဗြဟံနည်းတူ ကောင်းကြီးမင်္ဂလာကို ခံစားရကြ၏။
9 Assim, os que são da fé são abençoados juntamente com Abraão, homem de fé.
10 ပညတ်တရားအောက်၌ အသက်ရှင်နိန်သော သူတိုင်းသည် ကျိန်ခြင်းတရား၏ အောက်၌ ဟိ၏။ ကျမ်းစာတော်မြတ်၌ “ပညတ္တိကျမ်း၌ ရီးထားသမျှသောအရာကို မကျင့်နိုင်သောသူ ဟိသမျှသည် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌ဟိသည်” ဟု ဖော်ပြထား၏။
10 Já os que são pela prática da lei estão debaixo de maldição, pois está escrito: "Maldito todo aquele que não persiste em praticar todas as coisas escritas no livro da Lei".
11 အဂုတွင် ကျမ်းစာတော်မြတ်၌၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုထားသဖြင့် ပညတ်တရားအားဖြင့် ဇာသူတစ်ယောက်လေ့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မရနိုင်ကြောင်း ထင်ရှား၏။
11 É evidente que diante de Deus ninguém é justificado pela lei, pois "o justo viverá pela fé".
12 သို့သော်လည်း ကျမ်းစာတော်မြတ်၌၊ “ပညတ်တရားနှင့်ဆိုင်သော အရာအားလုံးကို လိုက်လျှောက်သောသူသည် ပညတ်တရားအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုသဖြင့် ပညတ်တရားသည် ယုံကြည်ခြင်းနှင့် မသက်ဆိုင်။
12 A lei não é baseada na fé; pelo contrário, "quem praticar estas coisas, por elas viverá".
13 သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။
13 Cristo nos redimiu da maldição da lei quando se tornou maldição em nosso lugar, pois está escrito: "Maldito todo aquele que for pendurado num madeiro".
14 ခရစ်တော်သည် ဤသို့ ပြုတော်မူခြင်းမှာ အာဗြဟံ ခံစားရသော ကောင်းကြီးမင်္ဂလာသည် ခရစ်တော်ယေသျှုအားဖြင့် တခြားလူမျိုးများ၌ သက်ရောက်သဖြင့် ငါရို့သည် ဘုရားသခင် ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရဟိရန် ဖြစ်၏။
14 Isso para que em Cristo Jesus a bênção de Abraão chegasse também aos gentios, para que recebêssemos a promessa do Espírito mediante a fé.
15 ညီအစ်ကိုမောင်နှရို့၊ ငါသည် နိ့စဉ် တွိ့ကြုံနိန်ကြသည့် အဖြစ်အပျက်တိမှ ဥပမာတစ်ခုကို ပြောပြမည်။ လူနှစ်ဦးသည် ကတိစာချုပ် ချုပ်ဆိုပြီးသောအခါ လူတိချုပ်ဆိုထားသော စာချုပ်ဖြစ်သော်လည်း ဇာသူတစ်ယောက်လေ့ ထိုစာချုပ်ကို ပယ်ဖျက်ခြင်း၊ ဖြည့်စွပ်ခြင်း မပြုနိုင်ယာ။
15 Irmãos, humanamente falando, ninguém pode anular um testamento depois de ratificado, nem acrescentar-lhe algo.
16 အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ “သားစဉ်မြီးဆက်များ” ဟု ကျမ်းစာ၌ ပြောလိုခြင်း မဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ “သားစဉ်မြီးဆက်” ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။
16 Assim também as promessas foram feitas a Abraão e ao seu descendente. A Escritura não diz: "E aos seus descendentes", como se falando de muitos, mas: "Ao seu descendente", dando a entender que se trata de um só, isto é, Cristo.
17 ငါဆိုလိုသည်ကား ဤသို့ ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူပြီးလျှင် ပဋိညာဉ်ကို စောင့်ထိန်းရန် ကတိထားတော်မူ၏။ အနှစ် ၄၃၀ လွန်ပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်ကို မပယ်ဖျက်နိုင်သကဲ့သို့ ပဋိညာဉ်တော်ကိုလည်း ချိုးဖျက်၍ မရနိုင်။
17 Quero dizer isto: A lei, que veio quatrocentos e trinta anos depois, não anula a aliança previamente estabelecida por Deus, de modo que venha a invalidar a promessa.
18 အကယ်၍ ဘုရားသခင်၏ အမွီတော်သည် ပညတ်တရား၌ တည်နိန်လျှင် ထို အမွီတော်သည် ဘုရားသခင်၏ ကတိတော်၌ မတည်တော့ပေ။ သို့ရာတွင် ဘုရားသခင်သည် အာဗြဟံအား ထို အမွီတော်ကို ကတိတော်အားဖြင့် ပီးတော်မူခ၏။
18 Pois, se a herança depende da lei, já não depende de promessa. Deus, porém, concedeu-a gratuitamente a Abraão mediante promessa.
19 သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။
19 Qual era então o propósito da lei? Foi acrescentada por causa das transgressões, até que viesse o Descendente a quem se referia a promessa, e foi promulgada por meio de anjos, pela mão de um mediador.
20 သို့ရာတွင် ကြားဝင်စိ့စပ်ပီးသူသည် တစ်ဖက်နှင့်သာ ဆိုင်သည် မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်း ဖြစ်တော်မူ၏။
20 Contudo, o mediador representa mais de um; Deus, porém, é um.
21 ဤသို့ဆိုရာတွင် ပညတ်တရားနှင့် ဘုရားသခင်၏ ကတိတော်များသည် ဆန့်ကျင်ဖက် ဖြစ်နိန်သလော။ လုံးဝ မဟုတ်ပေ။ အကယ်၍ အသက်ရှင်စီနိုင်မည့် ပညတ်တရားကို လူသားတိ ရဟိခလျှင် လူတိုင်းပင် ထိုပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်းကို ရဟိနိုင်ကြမည် ဖြစ်၏။
21 Então, a lei opõe-se às promessas de Deus? De maneira nenhuma! Pois, se tivesse sido dada uma lei que pudesse conceder vida, certamente a justiça viria da lei.
22 သို့ရာတွင် ယေသျှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်သူတိုင်းအား ကတိတော်ကို ရဟိခံစားစီခြင်းငှာ လောကတစ်ခုလုံးသည် အပြစ်တရား၏ လက်အောက်တွင် ကျရောက်နိန်ကြောင်းကို ကျမ်းစာတော်မြတ်၌ ဖော်ပြထား၏။
22 Mas a Escritura encerrou tudo debaixo do pecado, a fim de que a promessa, que é pela fé em Jesus Cristo, fosse dada aos que crêem.
23 သို့သော် ယုံကြည်ခြင်းတရား ရောက်မလာခင် ငါရို့သည် ယုံကြည်ခြင်းတရား ထင်ရှားလာသည်အထိ ပညတ်တရားအောက်၌ အချုပ်သားတိကဲ့သို့ ချုပ်ထားခြင်းကို ခံရ၏။
23 Antes que viesse esta fé, estávamos sob a custódia da lei, nela encerrados, até que a fé que haveria de vir fosse revelada.
24 ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ရနိုင်ကြစီရန် ပညတ်တရားသည် ခရစ်တော်ကြွလာချိန်ထိတိုင်အောင် ငါရို့ကို အုပ်ထိန်းပီး၏။
24 Assim, a lei foi o nosso tutor até Cristo, para que fôssemos justificados pela fé.
25 အဂုတွင် ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ငါရို့သည် ပညတ်တရား၏ အုပ်ထိန်းမှုအောက်၌ မဟိယာ။
25 Agora, porém, tendo chegado a fé, já não estamos mais sob o controle do tutor.
26 သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။
26 Todos vocês são filhos de Deus mediante a fé em Cristo Jesus,
27 ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။
27 pois os que em Cristo foram batizados, de Cristo se revestiram.
28 သို့ဖြစ်၍ ယုဒလူမျိုးနှင့် တခြားလူမျိုး ဟူ၍ မဟိ၊ ကျွန်နှင့် လွတ်လပ်သူ ဟူ၍ မဟိ၊ ယောက်ျားနှင့် မိန်းမ ဟူ၍ မဟိ။ သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။
28 Não há judeu nem grego, escravo nem livre, homem nem mulher; pois todos são um em Cristo Jesus.
29 သင်ရို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ သားစဉ်မြီးဆက်များဖြစ်ကြပြီး ဘုရားသခင်၏ ကတိတော်ကို ခံစားရကြလိမ့်မည်။
29 E, se vocês são de Cristo, são descendência de Abraão e herdeiros segundo a promessa.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.