Colossenses 3

rki (RKI) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 သို့ဖြစ်၍ သင်ရို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြပြီးဖြစ်သောကြောင့် ဘုရားသခင်၏ လက်ယာတော်ဖက်၌ ခရစ်တော် ထိုင်တော်မူရာ အထက်အရပ်၌ဟိသော အရာတိကိုသာ စိတ်စွဲလမ်းကြလော့။
1 Portanto, se já ressuscitastes com Cristo, buscai as coisas que são de cima, onde Cristo está assentado à destra de Deus.
2 မြီကြီး၌ ဟိသောအရာတိကို စိတ်စွဲလမ်းခြင်း မဟိဘဲ အထက်အရပ်၌ဟိသော အရာတိကို စိတ်စွဲလမ်းကြလော့။
2 Pensai nas coisas que são de cima, e não nas que são da terra;
3 အကြောင်းမူကား သင်ရို့သည် သီဆုံးခပြီး ဖြစ်သောကြောင့် အဂုတွင် သင်ရို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ဟိ၏။
3 Porque já estais mortos, e a vossa vida está escondida com Cristo em Deus.
4 သင်ရို့၏ စစ်မှန်သောအသက်သည် ခရစ်တော်ဖြစ်၍ ကိုယ်တော် ထင်ရှားတော်မူသောအခါ သင်ရို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းတန်ခိုးတော်၌ ထင်ရှားကြလိမ့်မည်။
4 Quando Cristo, que é a nossa vida, se manifestar, então também vós vos manifestareis com ele em glória.
5 ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
5 Mortificai, pois, os vossos membros, que estão sobre a terra: a fornicação, a impureza, o afeição desordenada, a vil concupiscência, e a avareza, que é idolatria;
6 အကြောင်းမူကား ထိုသို့သော လုပ်ဆောင်ချက်များကြောင့် ဘုရားသခင်၏ အမျက်တော်သည် နာခံမှုမဟိသော သူရို့အထက်၌ သက်ရောက်လာလိမ့်မည်။
6 Pelas quais coisas vem a ira de Deus sobre os filhos da desobediência;
7 သင်ရို့သည်လည်း အယင်က အသက်ရှင်နီထိုင်ခစဉ် ထိုအရာများထဲတွင် ကျင်လည်ခကြ၏။
7 Nas quais, também, em outro tempo andastes, quando vivíeis nelas.
8 သို့ရာတွင် အဂုအခါ၌ သင်ရို့သည် ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်း စသည့် အမှုအရာအားလုံးကို ဖယ်ယှားကြလော့။
8 Mas agora, despojai-vos também de tudo: da ira, da cólera, da malícia, da maledicência, das palavras torpes da vossa boca.
9 အချင်းချင်း လိမ်လည်၍ မပြောဆိုကတ်ကေ့။ အကြောင်းမူကား သင်ရို့သည် လူဟောင်းနှင့်အတူ လူဟောင်း၏အကျင့်တိကို ချွတ်ပယ်ကာ၊
9 Não mintais uns aos outros, pois que já vos despistes do velho homem com os seus feitos,
10 ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။
10 E vos vestistes do novo, que se renova para o conhecimento, segundo a imagem daquele que o criou;
11 ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန် မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။
11 Onde não há grego, nem judeu, circuncisão, nem incircuncisão, bárbaro, cita, servo ou livre; mas Cristo é tudo, e em todos.
12 သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။
12 Revesti-vos, pois, como eleitos de Deus, santos e amados, de entranhas de misericórdia, de benignidade, humildade, mansidão, longanimidade;
13 သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။
13 Suportando-vos uns aos outros, e perdoando-vos uns aos outros, se alguém tiver queixa contra outro; assim como Cristo vos perdoou, assim fazei vós também.
14 ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
14 E, sobre tudo isto, revesti-vos de amor, que é o vínculo da perfeição.
15 သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
15 E a paz de Deus, para a qual também fostes chamados em um corpo, domine em vossos corações; e sede agradecidos.
16 ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။
16 A palavra de Cristo habite em vós abundantemente, em toda a sabedoria, ensinando-vos e admoestando-vos uns aos outros, com salmos, hinos e cânticos espirituais, cantando ao Senhor com graça em vosso coração.
17 စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
17 E, quanto fizerdes por palavras ou por obras, fazei tudo em nome do Senhor Jesus, dando por ele graças a Deus Pai.
18 အိမ်ထောင်သျှင်မရို့၊ သင်ရို့သည် သခင်ဘုရား၌ ဟိကြသည့်အတွက် လင်ယောက်ျားရို့၏ အုပ်စိုးမှုကို ဝန်ခံကြလော့။
18 Vós, mulheres, estai sujeitas a vossos próprios maridos, como convém no Senhor.
19 အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ မယားကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုမူကတ်ကေ့။
19 Vós, maridos, amai a vossas mulheres, e não vos irriteis contra elas.
20 သားသမီးရို့၊ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင် နှစ်သက်သောအမှု ဖြစ်၏။
20 Vós, filhos, obedecei em tudo a vossos pais, porque isto é agradável ao Senhor.
21 မိဘရို့၊ သင်ရို့သားသမီးတိကို စိတ်ဆိုးအောင် မပြုမူကတ်ကေ့။ ထိုသို့ပြုလျှင် သူရို့သည် အားလျော့စိတ်ပျက်ကြလိမ့်မည်။
21 Vós, pais, não irriteis a vossos filhos, para que não percam o ânimo.
22 ကျွန်ဖြစ်သောသူရို့၊ သင်ရို့၏ လောကီသခင်ရို့ကို အရာရာ၌ နာခံကြလော့။ သူရို့၏ မျက်နှာသာပီးခြင်းကို ခံရစီရန် သူရို့ရှိ့၌သာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ၊ သခင်ဘုရားကို ကြောက်ရွံ့ရိုသီလျက် ရိုးသားသောစိတ်နှလုံးဖြင့် လုပ်ဆောင်ကြလော့။
22 Vós, servos, obedecei em tudo a vossos senhores segundo a carne, não servindo só na aparência, como para agradar aos homens, mas em simplicidade de coração, temendo a Deus.
23 မည်သည့်အမှုကိုမဆို လုပ်ဆောင်ကြရာ၌ လူ့သခင်ရို့အတွက် မဟုတ်ဘဲ သခင်ဘုရားအတွက် ဆောင်ရွက်သကဲ့သို့ စိတ်နှလုံးပါလျက် လုပ်ဆောင်ကြလော့။
23 E tudo quanto fizerdes, fazei-o de todo o coração, como ao Senhor, e não aos homens,
24 သင်ရို့သည် ဆုလာဘ်အဖြစ် သခင်ဘုရားထံပါးက အမွီတော်ကို ရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။ အကြောင်းမူကား သင်ရို့သည် ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက် နိန်ကြသောကြောင့် ဖြစ်၏။
24 Sabendo que recebereis do Senhor o galardão da herança, porque a Cristo, o Senhor, servis.
25 မတရားသောအမှုကို ပြုသောသူသည် မိမိပြုသော မတရားမှု၏အကျိုးကို ခံစားကြရလိမ့်မည်။ သို့ဖြစ်၍ မျက်နှာသာ ပီးခြင်းကို ဇာသူလေ့ မခံရ။
25 Mas quem fizer agravo receberá o agravo que fizer; pois não há acepção de pessoas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.