Atos 7

rki (RKI) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယဇ်ပုရောဟိတ်မင်းက သတေဖန်အား၊ “ဤစကား မှန်သလော” ဟု မိန်းသော်၊
1 E disse o sumo sacerdote: Porventura são assim estas coisas?
2 သတေဖန်က “ညီအစ်ကိုရို့နှင့် ဖခင်ရို့၊ နားထောင်ကြလော့။ အကျွန်ရို့၏အဖ အာဗြဟံသည် ခါရန်မြို့သို့ လား၍ နီထိုင်ခြင်းမပြုခင် မေသောပေါတာမိပြည်၌ ဟိနိန်စဉ် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကို သူ၌ ထင်ရှားလာပြီးလျှင်၊
2 Estêvão respondeu: Irmãos e pais, ouvi. O Deus da glória apareceu a nosso pai Abraão, estando ele na Mesopotâmia, antes de habitar em Harã,
3 ထိုသူအား၊ ‘သင်၏ပြည်နှင့် ဆွီမျိုးသားချင်း ရို့ထံက ထွက်ပြီးလျှင် ငါ ပြမည့်ပြည်ကို လားလော’ ဟု မိန့်တော်မူ၏။
3 e disse-lhe: Sai da tua terra e dentre a tua parentela, e dirige-te à terra que eu te mostrar.
4 ထို့ကြောင့် အာဗြဟံသည် ခါလဒဲပြည်က ထွက်ပြီးလျှင် ခါရန်ပြည်သို့ လားပြီး နီထိုင်လေ၏။ သူ၏ဖခင် သီဆုံးပြီးနောက် ထိုမြို့မှ အဂု သင်ရို့နီထိုင်သောပြည်ကို ဘုရားသခင်က ရွှိ့ပြောင်းစီခိုင်း၏။
4 Então saiu da terra dos caldeus e habitou em Harã. Dali, depois que seu pai faleceu, Deus o trouxe para esta terra em que vós agora habitais.
5 ထို့နောက် ကိုယ်တော်က အာဗြဟံအား ထိုပြည်၌ အမွီအဖြစ် ခြီဖဝါးတစ်နီရာစာကိုတောင် ပီးတော်မမူ။ သို့သော်လည်း သူနှင့် သူ၏ သားစဉ်မြီးဆက်အား ထိုပြည်ကို အပိုင်ပီးမည်ဟု သားသမီးတစ်ယောက်မျှ မဟိခင်ကပင် သူ့ကို ကတိပီးတော်မူခ၏။
5 E não lhe deu nela herança, nem sequer o espaço de um pé; mas prometeu que lha daria em possessão, e depois dele à sua descendência, não tendo ele ainda filho.
6 ဘုရားသခင်က အာဗြဟံအား ‘သင်၏မျိုးနွယ်သည် အခြားသောတိုင်းပြည်၌ ကျွန်ဘဝနှင့် နီရပြီးလျှင် အနှစ် ၄၀၀ ပတ်လုံး နှိပ်စက်ခြင်းကို ခံရလိမ့်မည်။
6 Pois Deus disse que a sua descendência seria peregrina em terra estranha e que a escravizariam e maltratariam por quatrocentos anos.
7 သို့သော်လည်း သူရို့ကို ကျွန်ပြုသောလူမျိုးတိအား ငါ စီရင်မည်။ ထို့နောက် သင်၏မျိုးနွယ်သည် ထိုပြည်မှ ထွက်လာပြီးလျှင် ဤအရပ်၌ ငါ့အား ကိုးကွယ်ဝတ်ပြုကြလိမ့်မည်’ ဟု မိန့်တော်မူခ၏။
7 Mas eu julgarei a nação que os tiver escravizado, disse Deus; e depois disto sairão, e me servirão neste lugar.
8 ထို့နောက် ဘုရားသခင်သည် ပဋိညာဉ်တော်၏ အမှတ်လက္ခဏာတစ်ခုအနိန်ဖြင့် အရီဖျားလှီးခြင်းမင်္ဂလာကို အာဗြဟံအား ပီးတော်မူခ၏။ ထို့ကြောင့် အာဗြဟံက သားဣဇာက်ကို ရပြီးနောက် သျှစ်ရက်မြောက်သောနိ့၌ အရီဖျားလှီးခြင်းမင်္ဂလာကို ပီး၏။ ထိုနည်းတူ ဣဇာက်က သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်က သားဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရီဖျားလှီးခြင်း မင်္ဂလာကို ပီး၏။ ယာကုပ်သား တစ်ဆယ့်နှစ်ယောက်သည်ကား ငါရို့လူမျိုး၏ အဖိုးအဖီး တစ်ဆယ့်နှစ်ပါးဖြစ်သတည်း။
8 E deu-lhe o pacto da circuncisão; assim então gerou Abraão a Isaque, e o circuncidou ao oitavo dia; e Isaque gerou a Jacó, e Jacó aos doze patriarcas.
9 “ယာကုပ်၏သား ယောသပ်အား အစ်ကိုဖြစ်သောသူတိက မနာလိုသဖြင့် အဲဂုတ္တုပြည်၌ ကျွန်ခံစီခြင်းငှာ ရောင်းလိုက်ကြ၏။ သို့သော်လည်း ဘုရားသခင်သည် သူနှင့်အတူ ဟိတော်မူသည်ဖြစ်၍၊
9 Os patriarcas, movidos de inveja, venderam José para o Egito; mas Deus era com ele,
10 ဒုက္ခဆင်းရဲအပေါင်းမှ သူ့ကို ကယ်နုတ်တော်မူ၏။ ဘုရားသခင်သည် ယောသပ်ကို အဲဂုတ္တုဘုရင်ရှိ့၌ မျက်နှာပွင့်လန်းစီပြီးလျှင် ဉာဏ်ပညာကိုလည်း ပီးတော်မူ၏။ သျှင်ဘုရင်က သူ့အား အဲဂုတ္တုဘုရင်ခံအဖြစ်နှင့် လည်းကောင်း၊ နန်းတော်ဝန်အဖြစ်နှင့် လည်းကောင်း ခန့်ထားတော်မူလေ၏။
10 e o livrou de todas as suas tribulações, e lhe deu graça e sabedoria perante Faraó, rei do Egito, que o constituiu governador sobre o Egito e toda a sua casa.
11 အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တလျှောက်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသော ဆင်းရဲဒုက္ခရောက်၍ အကျွန်ရို့အဖိုးအဖီးတိသည် အစာရီစာကို မရနိုင်ကြပေ။
11 Sobreveio então uma fome a todo o Egito e Canaã, e grande tribulação; e nossos pais não achavam alimentos.
12 သို့သော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးဟိကြောင်းကို ယာကုပ်ကြားသောအခါ ငါရို့ အဖိုးအဖီးတိဖြစ်ကြသော သူ၏သားတိကို ထိုပြည်သို့ ပထမအကြိမ် စီရွှတ်လိုက်၏။
12 Mas tendo ouvido Jacó que no Egito havia trigo, enviou ali nossos pais pela primeira vez.
13 ဒုတိယအကြိမ် လာရောက်ကြသောခါ ယောသပ်က မိမိသည် ဇာသူဖြစ်ကြောင်းကို သူ၏အစ်ကိုရို့အား ပြောပြလိုက်၍ ယောသပ်၏ မိသားစုအကြောင်းကို အဲဂုတ္တုဘုရင်က သိလားခလေ၏။
13 E na segunda vez deu-se José a conhecer a seus irmãos, e a sua linhagem tornou-se manifesta a Faraó.
14 ထို့နောက် ယောသပ်သည် မိမိ၏ဖခင်ယာကုပ်နှင့်အတူ စုစုပေါင်း ၇၅ ယောက်သော မိသားစုတိကို အဲဂုတ္တုပြည်သို့ လာစီခြင်းငှာ သတင်းစကား ပါးလိုက်လေ၏။
14 Então José mandou chamar a seu pai Jacó, e a toda a sua parentela-setenta e cinco almas.
15 ထို့ကြောင့် ယာကုပ်သည် အဲဂုတ္တုပြည်သို့ လိုက်လားလေ၏။ ထိုပြည်၌ သူနှင့်သူ၏ သားရို့သည် သီဆုံးကြလေ၏။
15 Jacó, pois, desceu ao Egito, onde morreu, ele e nossos pais;
16 သူရို့၏ ရုပ်အလောင်းတိကို ယှေခင်မြို့သို့ သယ်ယူလားပြီးလျှင် ဟာမော်သားတိပါးမှ အာဗြဟံက အဖိုးခပီး၍ ဝယ်ထားခသော သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခကြလေ၏။
16 e foram transportados para Siquém e depositados na sepultura que Abraão comprara por certo preço em prata aos filhos de Emor, em Siquém.
17 “ဘုရားသခင်က အာဗြဟံအား ထားတော်မူခသည့် ကတိတော်ကို ပြည့်စုံစီဖို့ရန် အချိန်နီးလာသောခါ အဲဂုတ္တုပြည်၌ အကျွန်ရို့လူမျိုးများသည် အလွန်တိုးပွားလေ၏။
17 Enquanto se aproximava o tempo da promessa que Deus tinha feito a Abraão, o povo crescia e se multiplicava no Egito;
18 ထို့နောက်တွင် ယောသပ်ကိုမသိသော ဘုရင်တစ်ပါးသည် အဲဂုတ္တုပြည်၌ စတင်၍ အုပ်ချုပ်လေ၏။
18 até que se levantou ali outro rei, que não tinha conhecido José.
19 ထိုဘုရင်က အကျွန်ရို့ အဖိုးအဖီးတိကို လှည့်စားပြီးလျှင် သူရို့တိကို နှိပ်စက်ညှဉ်းဆဲကြ၏။ သူရို့ကို အနိုင်အထက်ပြု၍ အသျှေတိကိုလည်း သီဆုံးစီခြင်းငှာ အိမ်အပြင်၌ ပစ်ထားစီကြ၏။
19 Usando esse de astúcia contra a nossa raça, maltratou a nossos pais, ao ponto de fazê-los enjeitar seus filhos, para que não vivessem.
20 ထိုအချိန်ကာလကား အလွန်လှပသော အချေ မောသျှေကို ဖွားမြင်သော ကာလပင်ဖြစ်၏။ သူ့ကို သုံးလတိုင်အောင် သူ၏အိမ်၌ ပြုစုစောင့်ရှောက်ခြင်းကို ခံရခ၏။
20 Nesse tempo nasceu Moisés, e era mui formoso, e foi criado três meses em casa de seu pai.
21 သူသည် အိမ်ပြင်၌ ပစ်ထားခြင်းကိုခံရသောအခါ သျှင်ဘုရင်၏သမီးတော်က မိမိ၏သားအဖြစ် မွီးစားလေ၏။
21 Sendo ele enjeitado, a filha de Faraó o recolheu e o criou como seu próprio filho.
22 မောသျှေအား အဲဂုတ္တုအမျိုးသားတိတတ်အပ်သော အတတ်ပညာအလုံးစုံကို ဆည်းပူးစီပြီးသောအခါ သူသည် နှလုံးရည် လက်ရုံးရည်တိနှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာ၏။
22 Assim Moisés foi instruído em toda a sabedoria dos egípcios, e era poderoso em palavras e obras.
23 “သူသည် အသက်လေးဆယ် ပြည့်သောအခါ၌ မိမိအမျိုးသားချင်းဖြစ်သော ဣသရေလ ညီအစ်ကိုတိ ပါးသို့ လည်ပတ်ရန် စိတ်ပိုင်းဖြတ်ထားလေ၏။
23 Ora, quando ele completou quarenta anos, veio-lhe ao coração visitar seus irmãos, os filhos de Israel.
24 ထိုသို့ လည်ပတ်ချိန်၌ အဲဂုတ္တုအမျိုးသား တစ်ယောက်က ဣသရေလအမျိုးသား တစ်ယောက်အား နှိပ်စက်နိန်သည်ကို မြင်လျှင် မိမိလူဖက်မှ ဝင်ရောက်ကူညီပြီးလျှင် အဲဂုတ္တုလူကို လက်တုန့်ပြန်၍ အသီသတ်လိုက်လေ၏။
24 E vendo um deles sofrer injustamente, defendeu-o, e vingou o oprimido, matando o egípcio.
25 မောသျှေသည် မိမိလူတိကို ကယ်တင်ရန် မိမိအား ဘုရားသခင်က ရွှတ်လိုက်တော်မူခကြောင်းကို သူရို့နားလည်လိမ့်မည်ဟု ထင်မှတ်ခ၏။ သို့သော်လည်း သူရို့ နားမလည်ကြ။
25 Cuidava que seus irmãos entenderiam que por mão dele Deus lhes havia de dar a liberdade; mas eles não entenderam.
26 နောက်တစ်နိ့၌ ဣသရေလလူနှစ်ယောက် ရန်ဖြစ်နိန်သည်ကိုမြင်၍ ငြိမ်းချမ်းစီလိုသဖြင့် မောသျှေက၊ ‘နားထောင်ကတ်ပါ။ သင်ရို့သည် ညီအစ်ကိုချင်းဖြစ်လျက်ပင် ဇာဖြစ်လို့ ရန်ဖြစ်နိန်ကြသနည်း’ ဟု သူရို့အား ဖြန်ဖြေရန် ကြိုးစားလေ၏။
26 No dia seguinte apareceu-lhes quando brigavam, e quis levá-los à paz, dizendo: Homens, sois irmãos; por que vos maltratais um ao outro?
27 သို့သော်လည်း အနိုင်ကျင့်သောလူက မောသျှေအား တိုးထုတ်လိုက်ပြီးလျှင် ‘ငါရို့ကို တရားစီရင်အုပ်ချုပ်ရန် သင့်အား ဇာသူက ခန့်ထားသနည်း။’
27 Mas o que fazia injustiça ao seu próximo o repeliu, dizendo: Quem te constituiu senhor e juiz sobre nós?
28 ‘တစ်နိ့က အဲဂုတ္တုလူတစ်ယောက်ကို အသီသတ်လိုက်သကဲ့သို့ ငါ့ကိုလည်း အသီသတ်ချင်သလော’ ဟု မိန်းလေ၏။
28 Acaso queres tu matar-me como ontem mataste o egípcio?
29 ထိုစကားကို မောသျှေကြားသောအခါ အဲဂုတ္တုပြည်မှ ထွက်ဗြီးလားပြီးလျှင် မိဒျန်ပြည်၌ နီထိုင်လေ၏။ ထိုပြည်၌ သားနှစ်ယောက်ကို ရလေ၏။
29 A esta palavra fugiu Moisés, e tornou-se peregrino na terra de Madiã, onde gerou dois filhos.
30 “နှစ် ၄၀ ကြာပြီးနောက် သိနာတောင်အနား တောကန္တာရ၌ ကောင်းကင်တမန်တစ်ပါးသည် မီးလောင်နိန်သော ခြုံပုတ်ထဲမှ မောသျှေကို ထင်ရှားပြလေ၏။
30 E passados mais quarenta anos, apareceu-lhe um anjo no deserto do monte Sinai, numa chama de fogo no meio de uma sarça.
31 ထိုအခြင်းအရာကို မောသျှေမြင်သောအခါ အံ့သြသည်ဖြစ်၍ သေချာစွာကြည့်ရန် အနားသို့ ချဉ်းကပ်လေ၏။ သို့သော် သခင်ဘုရား၏ အသံတော်ကို ကြားရသည်ကား၊
31 Moisés, vendo isto, admirou-se da visão; e, aproximando-se ele para observar, soou a voz do Senhor:
32 ‘ငါသည် သင့်အဖိုးအဖီးရို့၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်ဖြစ်သည်’ ဟု ကြားရသောကြောင့် မောသျှေသည် ကြောက်ရွံ့တုန်လှုပ်ပြီးလျှင် မကြည့်ဝံ့ဘဲနိန်၏။
32 Eu sou o deus de teus pais, o Deus de Abraão, de Isaque e de Jacó. E Moisés ficou trêmulo e não ousava olhar.
33 သခင်ဘုရားက မောသျှေအား ‘သင် ရပ်နိန်သော နီရာသည် သန့်ယှင်းသော မြီဖြစ်သောကြောင့် သင့်၏ဖိနပ်ကို ချွတ်လော့။
33 Disse-lhe então o Senhor: Tira as alparcas dos teus pés, porque o lugar em que estás é terra santa.
34 ငါသည် အဲဂုတ္တုပြည်၌ ငါ၏လူမျိုးတိ ခံနိန်ရသော ဒုက္ခဆင်းရဲကို မြင်ယာ။ ငါသည် သူရို့၏ ညည်းတွားသံတိကိုလည်း ကြားရယာ။ ထို့ကြောင့် ငါသည် သူရို့အား ကယ်တင်ရန် ဆင်းလာယာ။ အဂု လာလော့။ ငါသည် သင့်ကို အဲဂုတ္တုပြည်သို့ စီရွှတ်မည်’ ဟု မိန့်တော်မူ၏။
34 Vi, com efeito, a aflição do meu povo no Egito, ouvi os seus gemidos, e desci para livrá-lo. Agora pois vem, e enviar-te-ei ao Egito.
35 “မောသျှေကား ဣသရေလလူမျိုးတိ ပစ်ပယ်ခြင်းကို ခံရသူဖြစ်၏။ သူရို့က ‘ငါရို့ကို အုပ်ချုပ်ဖို့နှင့် တရားစီရင်ဖို့ သင့်ကို ဇာသူခန့်ထားသနည်း’ ဟု မိန်းကြ၏။ သူသည် ခြုံပုတ်ထဲမှ မီးတောက်အားဖြင့် ထင်ရှားပြသော ကောင်းကင်တမန် အကူအညီအားဖြင့် ဣသရေလလူမျိုးတိကို အုပ်ချုပ်ရန်နှင့် လွတ်မြောက်စီရန် ဘုရားသခင် စီရွှတ်တော်မူသောသူဖြစ်၏။
35 A este Moisés que eles haviam repelido, dizendo: Quem te constituiu senhor e juiz? a este enviou Deus como senhor e libertador, pela mão do anjo que lhe aparecera na sarça.
36 သူသည် လူတိကို အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာ၍ အဲဂုတ္တုပြည်နှင့် ပင်လယ်နီ၌ လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တောကန္တာရ၌ လည်းကောင်း၊ နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို ပြုခ၏။
36 Foi este que os conduziu para fora, fazendo prodígios e sinais na terra do Egito, e no Mar Vermelho, e no deserto por quarenta anos.
37 မောသျှေသည် ဣသရေလ လူမျိုးရို့အား ‘ဘုရားသခင်သည် သင်ရို့ထံသို့ ငါ့ကို စီရွှတ်သကဲ့သို့ ပရောဖက်တစ်ပါးကို စီရွှတ်တော်မူလိမ့်မည်၊ ထိုသူသည် သင်ရို့ လူမျိုးထဲကတစ်ယောက် ဖြစ်လိမ့်မည်’ ဟု ပြောကြားခသူတစ်ယောက်ဖြစ်၏။
37 Este é o Moisés que disse aos filhos de Israel: Deus vos suscitará dentre vossos irmãos um profeta como eu.
38 သူသည် ဣသရေလလူမျိုးတိနှင့် တောကန္တရ၌ စုဝေးခသော သူတစ်ယောက်ဖြစ်၏။ သူသည် သိနာတောင်၌ စကားပြောခသော ကောင်းကင်တမန်တိနှင့် လည်းကောင်း၊ ငါရို့အဖိုးအဖီးနှင့် လည်းကောင်း ထိုနီရာ၌ဟိခသောသူဖြစ်ပြီး ငါရို့အား ပီးအပ်ရန် ဘုရားသခင်၏ အသက်ရှင်သော ဗျာဒိတ်တော်ကို ခံယူခသူဖြစ်၏။
38 Este é o que esteve na congregação no deserto, com o anjo que lhe falava no monte Sinai, e com nossos pais, o qual recebeu palavras de vida para vo-las dar;
39 “သို့သော်လည်း ငါရို့အဖိုးအဖီးတိက သူ၏စကားကို နာမခံကြ။ သူ့ကိုဖယ်ထားပြီးလျှင် အဲဂုတ္တုပြည်ကို ပြန်လိုသောဆန္ဒ ဟိကြ၏။
39 ao qual os nossos pais não quiseram obedecer, antes o rejeitaram, e em seus corações voltaram ao Egito,
40 ထို့ကြောင့် သူရို့က ‘ငါရို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခသော မောသျှေသည် ဇာပိုင် ဖြစ်လားသည်ကို မသိ။ ထို့ကြောင့် ငါရို့ကို ဦးဆောင်တော်မူမည့် ဘုရားတိကို ပြုလုပ်ပီးပါ’ ဟု အာရုန်အား တောင်းဆိုကြ၏။
40 dizendo a Arão: Faze-nos deuses que vão adiante de nós; porque a esse Moisés que nos tirou da terra do Egito, não sabemos o que lhe aconteceu.
41 ထို့နောက် သူရို့သည် နွားပုံသဏ္ဌာန် ရုပ်တုကို သွန်းလုပ်ပြီး ပူဇော်သကာကို ယူဆောင်ကာ မိမိရို့လက်ဖြင့် ပြုလုပ်သော ထိုရုပ်တုကို ပူဇော်၍ ပျော်မြူးနိန်ကြ၏။
41 Fizeram, pois, naqueles dias o bezerro, e ofereceram sacrifício ao ídolo, e se alegravam nas obras das suas mãos.
42 ထို့ကြောင့် ဘုရားသခင်သည် သူရို့ကို မျက်နှာလွှဲတော်မူ၍ ကောင်းကင်မှ ကြယ်တိကို ကိုးကွယ်စီရန် စွန့်ပစ်ထားတော်မူ၏။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ပရောဖက်ကျမ်းစာ၌ ရီးသားထားသည်ကား၊
42 Mas Deus se afastou, e os abandonou ao culto das hostes do céu, como está escrito no livro dos profetas: Porventura me oferecestes vítimas e sacrifícios por quarenta anos no deserto, ó casa de Israel?
43 သင်ရို့ သယ်ဆောင်လားသော မောလုတ်ဘုရား၏ တဲတော်နှင့်၊
43 Antes carregastes o tabernáculo de Moloque e a estrela do deus Renfã, figuras que vós fizestes para adorá-las. Desterrar-vos-ei pois, para além da Babilônia.
44 “တောကန္တာရ၌ ငါရို့အဖိုးအဖီးတိနှင့်အတူ ဘုရားသခင်ကိန်းဝပ်ရာ တဲတော်ဟိ၏။ မောသျှေသည် သူမြင်ရသည့်ပုံစံနှင့်အညီ တဲတော်ကို ပြုလုပ်ရန် မြွက်ဆိုတော်မူသော ဘုရားသခင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသော တဲတော်ဖြစ်၏။ မောသျှေအား ဖော်ပြထားတော်မူသည့်ပုံနှင့်အညီ သက်သီခံတော်မူရာ တဲတော်ကို တည်ဆောက်ခ၏။
44 Entre os nossos pais no deserto estava o tabernáculo do testemunho, como ordenara aquele que disse a Moisés que o fizesse segundo o modelo que tinha visto;
45 ငါရို့ အဖိုးအဖီးရို့သည် မိမိရို့အဖတိထံပါးမှ ထိုတဲတော်ကို ဆက်ခံပြီးလျှင် ဘုရားသခင် နှင်ထုတ်တော်မူသော အခြားလူမျိုးတိပြည်ကို ယောသျှုနှင့်အတူ ချီတက်သိမ်းပိုက်ကြသောခါ ထိုတဲတော်ကို သယ်ဆောင်လားကြ၏။ ထိုတဲတော်ကား ဒါဝိဒ်လက်ထက်တိုင် ဟိလေ၏။
45 o qual nossos pais, tendo-o por sua vez recebido, o levaram sob a direção de Josué, quando entraram na posse da terra das nações que Deus expulsou da presença dos nossos pais, até os dias de Davi,
46 သူသည် ဘုရားသခင်၏ရှိ့တော်၌ ကျေးဇူးတော် ခံစားရသူ ဖြစ်ပြီးလျှင် ယာကုပ်၏ဘုရား ကိန်းဝပ်တော်မူရာအရပ်ကို တည်ဆောက်ခွင့်ပြုရန် ဘုရားသခင်ထံတော်သို့ တောင်းလျှောက်လေ၏။
46 que achou graça diante de Deus, e pediu que lhe fosse dado achar habitação para o Deus de Jacó.
47 သို့သော်လည်း ဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ခွင့်ရသူကား သျှောလမုန် ဖြစ်၏။”
47 Entretanto foi Salomão quem lhe edificou uma casa;
48 “သို့သော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် လူ့လက်ဖြင့် တည်ဆောက်သည့် အိမ်တိ၌ ကိန်းဝပ်တော်မမူ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်က၊
48 mas o Altíssimo não habita em templos feitos por mãos de homens, como diz o profeta:
49 “ ‘သခင်ဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့၏ပလ္လင်ဖြစ်၏၊
49 O céu é meu trono, e a terra o escabelo dos meus pés. Que casa me edificareis, diz o Senhor, ou qual o lugar do meu repouso?
50 ဤအရာအားလုံးတိကို ငါကိုယ်တိုင် ဖန်ဆင်းသည် မဟုတ်လော’ ဟူ၍ ဆိုထားသည်အတိုင်း ဖြစ်၏။
50 Não fez, porventura, a minha mão todas estas coisas?
51 “သတေဖန်က သင်ရို့သည် အလွန်ပင် ဂေါင်းမာကြ၏။ သင်ရို့၏ စိတ်နှလုံး၌ ဘုရားတရား ကင်းမဲ့ကြပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်စကားကို ကြားနာရန် နားပင်းနိန်ကြသည်တကား။ သင်ရို့သည် မိမိအဖိုးအဖီးတိကဲ့သို့ သန့်ယှင်းသောဝိညာဉ်တော်ကို အစဉ်အမြဲ ဆန့်ကျင်ဖက်ပြုကြ၏။
51 Homens de dura cerviz, e incircuncisos de coração e ouvido, vós sempre resistis ao Espírito Santo; como o fizeram os vossos pais, assim também vós.
52 သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
52 A qual dos profetas não perseguiram vossos pais? Até mataram os que dantes anunciaram a vinda do Justo, do qual vós agora vos tornastes traidores e homicidas,
53 သင်ရို့သည် ကောင်းကင်တမန်တိ အားဖြင့် ပီးအပ်တော်မူခသော ဘုရားသခင်၏ ပညတ်တော်ကို — ရလျှင်လည်း မလိုက်နာကြပေ” ဟု မြွက်ဆို၏။
53 vós, que recebestes a lei por ordenação dos anjos, e não a guardastes.
54 သတေဖန်စကားကို ကြားသောအခါ ယုဒတရားလွှတ်တော် အဖွဲ့ဝင်ရို့သည် အလွန် ဒေါသထွက်ကြ၍ အံကြိတ်နိန်ကြ၏။
54 Ouvindo eles isto, enfureciam-se em seus corações, e rangiam os dentes contra Estêvão.
55 သို့သော် သတေဖန်သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ကောင်းကင်သို့ မော်ကြည့်လိုက်သောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် လည်းကောင်း၊ ဘုရားသခင်၏လက်ယာဖက်တွင် ယေသျှုရပ်နိန်သည်ကိုလည်းကောင်း မြင်လေ၏။
55 Mas ele, cheio do Espírito Santo, fitando os olhos no céu, viu a glória de Deus, e Jesus em pé à direita de Deus,
56 သူက “ကြည့်ပါ၊ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏ လက်ယာဖက်၌ ရပ်နိန်သည်ကို ငါမြင်ရ၏” ဟု ဆို၏။
56 e disse: Eis que vejo os céus abertos, e o Filho do homem em pé à direita de Deus.
57 ကောင်စီဝင်အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်လျက် နားကို လက်ဖြင့်ပိတ်ထားကြ၏။ ထိုအခါ ချက်ချင်း သတေဖန်ပါးသို့ တဟုန်ထိုး ဗြီးလာကြပြီး၊
57 Então eles gritaram com grande voz, taparam os ouvidos, e arremeteram unânimes contra ele
58 သူ့ကို မြို့ပြင်သို့ ဆွဲထုတ်ပြီးလျှင် ကျောက်သီးဖြင့် ပစ်ကြ၏။ အသိသက်သီရို့သည် မိမိရို့၏ အဝတ်များကို သျှောလုဟု ဆိုသော လူငယ်တစ်ယောက်ထံ၌ အပ်ထားကြ၏။
58 e, lançando-o fora da cidade, o apedrejavam. E as testemunhas depuseram as suas vestes aos pés de um mancebo chamado Saulo.
59 ဤသို့ သူ့ကိုကျောက်သီးနှင့် ပစ်နိန်ကြစဉ် သတေဖန်က “အို၊ အသျှင်ယေသျှု၊ အကျွန့်ဝိညာဉ်ကို ရုပ်သိမ်းတော်မူပါ” ဟု သခင်ဘုရားကို ဆုတောင်းလေ၏။
59 Apedrejavam, pois, a Estêvão que orando, dizia: Senhor Jesus, recebe o meu espírito.
60 သူသည် ဒူးထောက်၍ ကျယ်လောင်သော အသံဖြင့် “အသျှင်ဘုရား၊ ဤသူရို့ပြုသော ပြစ်မှားခြင်းတိကို မှတ်တော်မမူပါကေ့” ဟု ဆို၍ ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
60 E pondo-se de joelhos, clamou com grande voz: Senhor, não lhes imputes este pecado. Tendo dito isto, adormeceu. E Saulo consentia na sua morte.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.