Atos 5
rki (RKI) vs ARA
1 အာနနိဟု နာမည်ဟိသူနှင့် သူ၏မယား သျှာဖိရေရို့သည် မိမိရို့ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုတချို့ကို ရောင်းချကြ၏။
1 Entretanto, certo homem, chamado Ananias, com sua mulher Safira, vendeu uma propriedade,
2 သို့ရာတွင် အာနနိသည် မိမိမယားနှင့် သဘောတူညီချက်အရ ရောင်း၍ရသော ငွီထဲမှ တချို့ကို မိမိအဖို့ဖယ်ထားပြီးမှ ကျန်ငွီတိကို တမန်တော်ရို့အား ပီးအပ်လေ၏။
2 mas, em acordo com sua mulher, reteve parte do preço e, levando o restante, depositou-o aos pés dos apóstolos.
3 ပေတရုက “အာနနိ၊ သင်သည် စာတန်မာရ်နတ်ကို ဇာကြောင့် သင့်စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပီးပြီးလျှင် သန့်ယှင်းသောဝိညာဉ်တော်ကို လိမ်လည်ပြီး မြီကွက်ရောင်းရသော ငွီထဲက တချို့ကို ဇာကြောင့် ဖယ်ထားသနည်း။
3 Então, disse Pedro: Ananias, por que encheu Satanás teu coração, para que mentisses ao Espírito Santo, reservando parte do valor do campo?
4 ထိုမြီကို မရောင်းခင် သင်ပိုင်သည် မဟုတ်လော။ ရောင်းပြီးလျှင်လည်း မြီကွက်ရောင်းရငွီကို သင်ပိုင်သည် မဟုတ်လော။ ဇာဖြစ်လို့ ထိုအကြံစည်ကို ကြံစည်သနည်း။ သင်သည် လူကို လိမ်လည်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကို လိမ်လည်ခြင်းဖြစ်သည်” ဟု ဆို၏။
4 Conservando-o, porventura, não seria teu? E, vendido, não estaria em teu poder? Como, pois, assentaste no coração este desígnio? Não mentiste aos homens, mas a Deus.
5 အာနနိသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် လဲကျ သီဆုံးလေ၏။ ထိုအဖြစ်အပျက်ကို ကြားရသောသူအပေါင်းရို့သည် အလွန်ကြောက်လန့်ကြ၏။
5 Ouvindo estas palavras, Ananias caiu e expirou, sobrevindo grande temor a todos os ouvintes.
6 လုလင်ရို့သည် ဝင်လာ၍ အာနနိ၏ရုပ်အလောင်းကို အဝတ်နှင့်ပတ်ပြီးလျှင် အပြင်သို့ထုတ်ယူလားပြီး သင်္ဂြိုဟ်ကြ၏။
6 Levantando-se os moços, cobriram-lhe o corpo e, levando-o, o sepultaram.
7 သုံးနာရီခန့်ကြာသောအခါ ဖြစ်ပျက်ခသော အကြောင်းအရာကိုမသိဘဲ အာနနိ၏မယားသည် ဝင်ရောက်လာ၏။
7 Quase três horas depois, entrou a mulher de Ananias, não sabendo o que ocorrera.
8 ထိုအခါ ပေတရုက၊ “ငါ့ကို ပြောလော့၊ သင်ရို့၏မြီကွက်ကို ဤမျှလောက်သောတန်ဖိုးနှင့် ရောင်းသလော” ဟု သူမအား မိန်းလျှင်၊
8 Então, Pedro, dirigindo-se a ela, perguntou-lhe: Dize-me, vendestes por tanto aquela terra? Ela respondeu: Sim, por tanto.
9 ပေတရုကလည်း၊ “သင်ရို့သည်၊ သခင်ဘုရား၏ ဝိညာဉ်တော်ကို လိမ်လည်ရန် ဇာကြောင့် သဘောတူ ကြံစည်ကြသနည်း။ ကြည့်ပါ၊ သင်၏လင် အလောင်းကို သင်္ဂြိုဟ်ခသော လူတိ၏ခြီသည် တန်းခါးဝ၌ အဂုရောက်နီယာ။ သူရို့သည် သင့်ကိုလည်း ဆောင်ယူလားလိမ့်အုံးမည်” ဟု သူမအား ဆို၏။
9 Tornou-lhe Pedro: Por que entrastes em acordo para tentar o Espírito do Senhor? Eis aí à porta os pés dos que sepultaram o teu marido, e eles também te levarão.
10 ချက်ချင်းပင် ထိုမိန်းမသည် ပေတရု၏ခြီရင်းတွင် လဲကျ သီဆုံးလေ၏။ လုလင်ရို့သည် ဝင်လာကြသောအခါ ထိုမိန်းမသီဆုံးနီသည်ကို တွိ့ရသဖြင့် အလောင်းကို အပြင်သို့ထုတ်ဆောင်ပြီးလျှင် သူမ၏လင် ဘေးနားတွင် သင်္ဂြိုဟ်ကြ၏။
10 No mesmo instante, caiu ela aos pés de Pedro e expirou. Entrando os moços, acharam-na morta e, levando-a, sepultaram-na junto do marido.
11 ထိုအဖြစ်ပျက်ကို အသင်းတော်တစ်ခုလုံးနှင့် ကြားရသော အခြားသောသူအပေါင်းရို့သည် အလွန် ကြောက်လန့်ကြကုန်၏။
11 E sobreveio grande temor a toda a igreja e a todos quantos ouviram a notícia destes acontecimentos.
12 တမန်တော်ရို့သည် လူအပေါင်းရို့ရှိ့တွင် များစွာသော အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြ၏။ ယုံကြည်သူအပေါင်းရို့သည် သျှောလမုန်ကနားပြင်တွင် အတူတကွ စုဝေးကြ၏။
12 Muitos sinais e prodígios eram feitos entre o povo pelas mãos dos apóstolos. E costumavam todos reunir-se, de comum acordo, no Pórtico de Salomão.
13 လူရို့သည် ထိုသူရို့အား ချီးကျူးပြောဆိုကြသော်လည်း မည်သူတစ်ယောက်မှ ထိုသူရို့ကို မပေါင်းသင်းဝံ့ပေ။
13 Mas, dos restantes, ninguém ousava ajuntar-se a eles; porém o povo lhes tributava grande admiração.
14 သို့သော် သခင်ဘုရားကို သက်ဝင်ယုံကြည်သူ မိန်းမ၊ ယောက်ျား အရေအတွက်သည်လည်း ပို၍ပို၍ များပြားလာကြ၏။
14 E crescia mais e mais a multidão de crentes, tanto homens como mulheres, agregados ao Senhor,
15 တမန်တော်များသည် ထိုသို့ လုပ်ဆောင်မှု၏ အကျိုးရလဒ်ကြောင့် လူရို့သည် နာမကျန်းသောသူများကို လမ်းမထက်သို့ ယူဆောင်လာကြပြီး အိပ်ရာများ၊ ကုတင်များနှင့် ထားကြကာ ပေတရု ဖြတ်လားသောအခါ သူ၏အရိပ်ကိုပင် နာမကျန်းသောသူတချို့၌ ကျရောက်စီရန် ကြိုးစားကြ၏။
15 a ponto de levarem os enfermos até pelas ruas e os colocarem sobre leitos e macas, para que, ao passar Pedro, ao menos a sua sombra se projetasse nalguns deles.
16 ထို့ပြင် ယေရုဆလင် ပတ်ဝန်းကျင်မြို့ရွာများမှ လူထုပရိသတ်ရို့သည် ဖျားနာသူများ၊ ဝိညာဉ်ဆိုး ဝင်ပူးနိန်သူများကို ခေါ်ဆောင်လာကြ၍ သူရို့အားလုံးသည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
16 Afluía também muita gente das cidades vizinhas a Jerusalém, levando doentes e atormentados de espíritos imundos, e todos eram curados.
17 ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။
17 Levantando-se, porém, o sumo sacerdote e todos os que estavam com ele, isto é, a seita dos saduceus, tomaram-se de inveja,
18 သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးပြီးလျှင် ထောင်၌ အကျဉ်းချထား၏။
18 prenderam os apóstolos e os recolheram à prisão pública.
19 သို့သော် ထိုည၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တန်းခါးကို ဖွင့်၍ တမန်တော်တိကို အပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊
19 Mas, de noite, um anjo do Senhor abriu as portas do cárcere e, conduzindo-os para fora, lhes disse:
20 “သင်ရို့၊ ဗိမာန်တော်သို့ လားပြီးလျှင် လူအပေါင်းရို့အား အသစ်သော အသက်ရှင်ခြင်း အကြောင်းကို ဟောပြောကြလော့” ဟု ဆို၏။
20 Ide e, apresentando-vos no templo, dizei ao povo todas as palavras desta Vida.
21 တမန်တော်ရို့သည် ကောင်းကင်တမန်စကားကို နာခံ၍ အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်ပြီး စတင်၍ သွန်သင်ကြ၏။
21 Tendo ouvido isto, logo ao romper do dia, entraram no templo e ensinavam. Chegando, porém, o sumo sacerdote e os que com ele estavam, convocaram o Sinédrio e todo o senado dos filhos de Israel e mandaram buscá-los no cárcere.
22 သို့သော် ထိုအစောင့်စစ်သည်ရို့သည် အကျဉ်းထောင်သို့ ရောက်ကြသောအခါ တမန်တော်ရို့ကို မတွိ့ကြသဖြင့် တရားလွှတ်တော်သို့ ပြန်လာကြပြီးလျှင်၊
22 Mas os guardas, indo, não os acharam no cárcere; e, tendo voltado, relataram,
23 “အကျွန်ရို့ အကျဉ်းထောင်သို့ ရောက်ကြသောအခါ၊ အကျဉ်းထောင်တန်းခါးကို သေချာစွာပိတ်ထားလျက် ဟိနိန်ပြီး ထောင်စောင့်တိလည်း တန်းခါးအပြင်ဖက်၌ ရပ်နိန်ကြသည်ကို အကျွန်ရို့ တွိ့ရပါ၏။ သို့သော် အကျွန်ရို့သည် တန်းခါးကို ဖွင့်လိုက်သောခါ အထဲ၌ တစ်ယောက်ကိုမျှ အကျွန်ရို့ မတွိ့ရပါ” ဟု တင်ပြကြ၏။
23 dizendo: Achamos o cárcere fechado com toda a segurança e as sentinelas nos seus postos junto às portas; mas, abrindo-as, a ninguém encontramos dentro.
24 ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။
24 Quando o capitão do templo e os principais sacerdotes ouviram estas informações, ficaram perplexos a respeito deles e do que viria a ser isto.
25 ထိုအခါ လူတစ်ယောက်သည် ရောက်လာ၍ “နားထောင်ကတ်ပါ၊ အသျှင်ရို့ ထောင်ချထားသော လူရို့သည် ဗိမာန်တော်ထဲ၌ လူတိကို သွန်သင်နိန်ကြပါ၏” ဟု လျှောက်၏။
25 Nesse ínterim, alguém chegou e lhes comunicou: Eis que os homens que recolhestes no cárcere, estão no templo ensinando o povo.
26 ထို့ကြောင့် ဗိမာန်တော်မှူးသည် မိမိအစောင့်စစ်သည်တိနှင့် လား၍ တမန်တော်တိကို ပြန်၍ခေါ်လာကြ၏။ သို့သော် မိမိရို့အား လူထုက ကျောက်ခဲနှင့် ပစ်မည်ကို ကြောက်သောကြောင့် တမန်တော်တိအား အနိုင်အထက်မပြုဘဲ ခေါ်လာကြ၏။
26 Nisto, indo o capitão e os guardas, os trouxeram sem violência, porque temiam ser apedrejados pelo povo.
27 သူရို့သည် တမန်တော်တိကို ခေါ်သွင်းလာပြီးလျှင် တရားလွှတ်တော်ရှိ့တွင် ရပ်စီပြီးနောက် ယဇ်ပုရောဟိတ်မင်းက သူရို့ကို စစ်ဆီးလေ၏။
27 Trouxeram-nos, apresentando-os ao Sinédrio. E o sumo sacerdote interrogou-os,
28 ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
28 dizendo: Expressamente vos ordenamos que não ensinásseis nesse nome; contudo, enchestes Jerusalém de vossa doutrina; e quereis lançar sobre nós o sangue desse homem.
29 ပေတရုနှင့် အခြားသောတမန်တော်ရို့က “ငါရို့သည် လူ၏အမိန့်ထက် ဘုရားသခင်၏အမိန့်ကို နားထောင်ရမည်။
29 Então, Pedro e os demais apóstolos afirmaram: Antes, importa obedecer a Deus do que aos homens.
30 ငါရို့အဖိုးအဖီးရို့၏ဘုရားသခင်သည် လက်ဝါးကပ်တိုင်ထက်၌ သံမှိုဖြင့်ရိုက်၍ သင်ရို့ သတ်ခသော ယေသျှုကို ရှင်ပြန်ထမြောက်စီတော်မူခယာ။
30 O Deus de nossos pais ressuscitou a Jesus, a quem vós matastes, pendurando-o num madeiro.
31 ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။
31 Deus, porém, com a sua destra, o exaltou a Príncipe e Salvador, a fim de conceder a Israel o arrependimento e a remissão de pecados.
32 ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါရို့သည် သက်သီများဖြစ်ကြပြီး ဘုရားသခင်သည် မိမိ၏စကားကို နာခံသူတိအတွက် ချပီးတော်မူသော သန့်ယှင်းသောဝိညာဉ်တော်ကလည်း သက်သီဖြစ်တော်မူ၏” ဟု ပြန်ဖြေကြ၏။
32 Ora, nós somos testemunhas destes fatos, e bem assim o Espírito Santo, que Deus outorgou aos que lhe obedecem.
33 တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် ထိုစကားကို ကြားကြလျှင် အလွန် ဒေါသထွက်သောကြောင့် တမန်တော်ရို့အား အသီသတ်ရန် ကြံစည်ကြ၏။
33 Eles, porém, ouvindo, se enfureceram e queriam matá-los.
34 သို့သော်လည်း လူအားလုံးက လေးစားကြသော ကျမ်းတတ်ဆရာတစ်ယောက်ဖြစ်သည့် ဂါမလျေလဟု နာမည်ဟိသော ဖာရိယှဲတစ်ယောက်သည် တရားလွှတ်တော်၌ ထရပ်၍ တမန်တော်ရို့အား တစ်အောင့်ချေလောက် အပြင်သို့ခေါ်ထုတ်လားရန် အမိန့်ပီးပြီးလျှင်၊
34 Mas, levantando-se no Sinédrio um fariseu, chamado Gamaliel, mestre da lei, acatado por todo o povo, mandou retirar os homens, por um pouco,
35 ထိုသူက တရားလွှတ်တော်အဖွဲ့ဝင်ရို့အား “ဣသရေလအမျိုးသားရို့၊ သင်ရို့သည် ဤသူရို့အား သတိနှင့် ပြုမူကြလော့။
35 e lhes disse: Israelitas, atentai bem no que ides fazer a estes homens.
36 အကြောင်းမူကား လွန်ခသောအချိန်က သုဒဟု ဆိုသူက မိမိကိုယ်ကို ကြီးမြတ်သည့်ဟု ဆိုလျက် ပေါ်ပေါက်ခပြီးလျှင် သူ့နောက်ကို လူ ၄၀၀ လောက် လိုက်ကြသည်ကို မှတ်မိကြသလော။ သို့သော် ထိုသူသည် အသီသတ်ခံရပြီးနောက်တွင် သူ၏နောက်လိုက်များသည် တကွဲတပြားစီ ဖြစ်လားပြီးလျှင် သူ၏လှုပ်ယှားမှုတိလည်း ပျောက်ကွယ်လားလေ၏။
36 Porque, antes destes dias, se levantou Teudas, insinuando ser ele alguma coisa, ao qual se agregaram cerca de quatrocentos homens; mas ele foi morto, e todos quantos lhe prestavam obediência se dispersaram e deram em nada.
37 ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ယုဒဆိုသော ဂါလိလဲလူတစ်ယောက် ပေါ်လာပြီးလျှင် လူထုကို ဆွဲဆောင်စည်းရုံးပြန်၏။ သို့ရာတွင် ထိုသူလည်း အသီသတ်ခံရပြီးလျှင် သူ၏နောက်လိုက် အားလုံးသည်လည်း တကွဲတပြားဖြစ်ကုန်၏။
37 Depois desse, levantou-se Judas, o galileu, nos dias do recenseamento, e levou muitos consigo; também este pereceu, e todos quantos lhe obedeciam foram dispersos.
38 ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ သင်ရို့ကို ငါပြောမည်။ ထိုသူရို့ကို အရေးမယူကြနှင့်။ ရွှတ်ထားလိုက်။ သူရို့ကြံစည်သော အမှုကိစ္စသည် လူ၏အမှုသာ ဖြစ်သည်ဆိုလျှင် ပျက်စီးရလိမ့်မည်။
38 Agora, vos digo: dai de mão a estes homens, deixai-os; porque, se este conselho ou esta obra vem de homens, perecerá;
39 သို့သော် ဘုရားသခင်က လာသည့် အမှုကိစ္စဖြစ်လျှင် ထိုသူရို့ကို သင်ရို့ မဖျက်ဆီးနိုင်ပေ။ သင်ရို့လည်း ဘုရားသခင်ကို ဆန့်ကျင်ဖက် ပြုရာကျမည်” ဟု ဆို၏။
39 mas, se é de Deus, não podereis destruí-los, para que não sejais, porventura, achados lutando contra Deus. E concordaram com ele.
40 ထို့နောက် သူရို့သည် တမန်တော်ရို့ကို ခေါ်သွင်း၍ ကြိမ်ဒဏ်ပီးပြီးလျှင် ယေသျှုနာမ၌ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် အမိန့်ပီးကာ ပြန်ရွှတ်လိုက်ကြ၏။
40 Chamando os apóstolos, açoitaram-nos e, ordenando-lhes que não falassem em o nome de Jesus, os soltaram.
41 တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။
41 E eles se retiraram do Sinédrio regozijando-se por terem sido considerados dignos de sofrer afrontas por esse Nome.
42 ထို့နောက် ထိုသူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူရို့၏အိမ်များတွင် လည်းကောင်း ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်း သတင်းကောင်းကို အဆက်မပြတ် ဟောပြောသွန်သင်ကြ၏။
42 E todos os dias, no templo e de casa em casa, não cessavam de ensinar e de pregar Jesus, o Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.