Atos 4

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ပေတရုနှင့် ယောဟန်ရို့သည် လူအပေါင်းရို့အား ဟောပြောလျက်နီကြစဉ် တချို့သော ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်မှူးနှင့် ဇဒ္ဒုကဲတချို့သည် ရောက်လာကြ၏။
1 Falavam eles ainda ao povo quando sobrevieram os sacerdotes, o capitão do templo e os saduceus,
2 တမန်တော် နှစ်ပါးက ယေသျှု၌ သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းတရားအကြောင်းကို လူတိအား သွန်သင်ဟောပြောကြသောကြောင့် သူရို့သည် စိတ်အနှောက်အယှက်ဖြစ်ကြ၏။
2 ressentidos por ensinarem eles o povo e anunciarem, em Jesus, a ressurreição dentre os mortos;
3 ထို့ကြောင့် သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးကြပြီး မိုးချုပ်ပြီဖြစ်သောကြောင့် နောက်တစ်နိ့တိုင်အောင် အချုပ်ခန်းထဲ၌ ထည့်ထားကြ၏။
3 e os prenderam, recolhendo-os ao cárcere até ao dia seguinte, pois já era tarde.
4 သို့သော် နှုတ်ကပတ်တရားတော်ကို ကြားနာကြသူရို့သည် ကိုယ်တော့်ကို ယုံကြည်သက်ဝင်လာကြပြီး အရီအတွက်အားဖြင့် ယုံကြည်သူ ၅,၀၀၀ ခန့် တိုးပွားလာသတည်း။
4 Muitos, porém, dos que ouviram a palavra a aceitaram, subindo o número de homens a quase cinco mil.
5 နောက်တစ်နိ့၌ ယုဒ ခေါင်းဆောင်တိ၊ အသက်ကြီးသူတိနှင့် ကျမ်းတတ်ဆရာရို့သည် ယေရုဆလင်မြို့တွင် စုဝေးကြလေ၏။
5 No dia seguinte, reuniram-se em Jerusalém as autoridades, os anciãos e os escribas
6 သူရို့သည် ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားနှင့် တခြားသော ယဇ်ပုရောဟိတ်မင်း၏ မိသားစုဝင်များ အစဟိသောသူအပေါင်းရို့နှင့် တွိ့ဆုံကြ၏။
6 com o sumo sacerdote Anás, Caifás, João, Alexandre e todos os que eram da linhagem do sumo sacerdote;
7 ထိုသူရို့ရှိ့တွင် တမန်တော်နှစ်ပါးကို ရပ်စီလျက် “သင်ရို့သည် ဇာသူ့တန်ခိုး၊ ဇာသူ့နာမနှင့် ဤအမှုကိုပြုသနည်း” ဟု မိန်းမြန်းကြ၏။
7 e, pondo-os perante eles, os arguiram: Com que poder ou em nome de quem fizestes isto?
8 ထိုအခါ ပေတရုသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် “လူတိ ခေါင်းဆောင်တိနှင့် အသက်ကြီးသူရို့၊
8 Então, Pedro, cheio do Espírito Santo, lhes disse: Autoridades do povo e anciãos,
9 ဤနိ့တွင် ငါရို့သည် ခြီမသန်စွန်းသူတစ်ယောက်ကို ကောင်းကျိုးပြုသည့်အကြောင်းနှင့် သူသည် အကောင်းပကတိဖြစ်လာပုံ အကြောင်းနှင့်ပတ်သတ်၍ စစ်ဆီးခံနိန်ရပါ၏၊
9 visto que hoje somos interrogados a propósito do benefício feito a um homem enfermo e do modo por que foi curado,
10 သင်ရို့သည် လက်ဝါးကပ်တိုင်ထက်၌ တင်၍ သတ်လိုက်ပြီး ဘုရားသခင်က ရှင်ပြန်ထမြောက်စီတော်မူသော နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်တန်ခိုးတော်အားဖြင့် ထိုသူသည် လုံးဝ ခြီသန်စွမ်းလာပြီးလျှင် အဂု သင်ရို့ရှိ့၌ ရပ်နိန်သည်ကို သင်ရို့နှင့်အတူ ဣသရေလလူမျိုးအပေါင်းရို့ သိအပ်ပေ၏။
10 tomai conhecimento, vós todos e todo o povo de Israel, de que, em nome de Jesus Cristo, o Nazareno, a quem vós crucificastes, e a quem Deus ressuscitou dentre os mortos, sim, em seu nome é que este está curado perante vós.
11 ယေသျှုကို ရည်မှတ်၍ ကျမ်းစာ၌ ဖော်ပြထားသည်ကား၊
11 Este Jesus é pedra rejeitada por vós, os construtores, a qual se tornou a pedra angular.
12 ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား” ဟု သူရို့အား ဖြေကြားတော်မူ၏။
12 E não há salvação em nenhum outro; porque abaixo do céu não existe nenhum outro nome, dado entre os homens, pelo qual importa que sejamos salvos.
13 ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။
13 Ao verem a intrepidez de Pedro e João, sabendo que eram homens iletrados e incultos, admiraram-se; e reconheceram que haviam eles estado com Jesus.
14 သို့ရာတွင် အနာရောဂါပျောက်ကင်းခသူသည် ပေတရု၊ ယောဟန်ရို့နှင့်အတူ ရပ်နိန်သည်ကို မြင်သောကြောင့် သူရို့သည် မည်သို့မျှ ငြင်းဆိုမှုကို မပြုနိုင်ကြ။
14 Vendo com eles o homem que fora curado, nada tinham que dizer em contrário.
15 ထို့ကြောင့် သူရို့သည် တမန်တော်ရို့အား တရားလွှတ်တော်ထဲမှ ထွက်လားခိုင်းပြီးလျှင် သူရို့သည် စတင်၍ ဤသို့ တိုင်ပင်ကြ၏။
15 E, mandando-os sair do Sinédrio, consultavam entre si,
16 “ဤသူရို့ကို ငါရို့ ဇာပိုင် လုပ်ရမည်နည်း။ ဤထူးခြားသော နိမိတ်လက္ခဏာတစ်ရပ်သည် သူရို့အားဖြင့် ဖြစ်ခသည်ကို ယေရုဆလင်မြို့၌ဟိသော လူတိုင်း ကောင်းစွာ သိကြသည် ဖြစ်၍ ဤအရာကို ငါရို့ ငြင်း၍ မရနိုင်။
16 dizendo: Que faremos com estes homens? Pois, na verdade, é manifesto a todos os habitantes de Jerusalém que um sinal notório foi feito por eles, e não o podemos negar;
17 သို့သော်လည်း လူတိကြား၌ ဤကိစ္စကို ထပ်၍ ပြန့်နှံ့မလားစီခြင်းငှာ နောက်တစ်ခါ ယေသျှုနာမကို အမှီပြု၍ ဇာသူ့ကိုမျှ မဟောပြောစီရန် ထိုသူရို့အား တင်းကြပ်စွာ သတိပီးကြမည်” ဟု ဆိုကြ၏။
17 mas, para que não haja maior divulgação entre o povo, ameacemo-los para não mais falarem neste nome a quem quer que seja.
18 ထို့နောက် သူရို့သည် တမန်တော်တိအား ပြန်၍ ခေါ်သွင်းပြီး ယေသျှုနာမတော်ကို အမှီပြု၍ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် ပညတ်ထားကြ၏။
18 Chamando-os, ordenaram-lhes que absolutamente não falassem, nem ensinassem em o nome de Jesus.
19 သို့ရာတွင် ပေတရုနှင့် ယောဟန်ရို့က “ဘုရားသခင်၏ စကားတော်ထက် သင်ရို့၏ စကားကို နားခံခြင်းသည် ဘုရားသခင်၏ ရှိ့တော်မှောက်၌ မှန်သလော ဆိုသည်ကို သင်ရို့ကိုယ်တိုင် စီရင်ပီးကြလော။
19 Mas Pedro e João lhes responderam: Julgai se é justo diante de Deus ouvir-vos antes a vós outros do que a Deus;
20 ငါရို့ကား ငါရို့ကိုယ်တိုင် ကြားရ၊ မြင်ရသည့် အမှုအရာတိကို မဟောပြောဘဲ မနိန်နိုင်” ဟု ပြန်ပြောကြ၏။
20 pois nós não podemos deixar de falar das coisas que vimos e ouvimos.
21 ထိုအခါ သူရို့သည် တမန်တော်ရို့အား တင်းကြပ်စွာ သတိပီး၍ ပြန်ရွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းရို့သည် ဖြစ်ပျက်ခသည့်အရာအတွက် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိန်ကြသည်ဖြစ်၍ တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် တမန်တော်ရို့အား အပြစ်ဒဏ်ပီးရန် နည်းလမ်းကို ရှာမတွိ့ပေ။
21 Depois, ameaçando-os mais ainda, os soltaram, não tendo achado como os castigar, por causa do povo, porque todos glorificavam a Deus pelo que acontecera.
22 ဤနိမိတ်လက္ခဏာအားဖြင့် ရောဂါပျောက်ကင်းသူသည် အသက်လေးဆယ်ကျော်အရွယ်ဖြစ်၏။
22 Ora, tinha mais de quarenta anos aquele em quem se operara essa cura milagrosa.
23 ပေတရုနှင့် ယောဟန်ရို့သည် လွတ်မြောက်လာပြီးသည်နှင့် ချက်ချင်းပင် မိမိလူစုပါးသို့ ပြန်လာကြပြီးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ဘာသာရေးခေါင်းဆောင်တိ ပြောကြားလိုက်သမျှကို ပြောပြကြ၏။
23 Uma vez soltos, procuraram os irmãos e lhes contaram quantas coisas lhes haviam dito os principais sacerdotes e os anciãos.
24 ထိုအကြောင်းကို ကြားကြသောအခါ ယုံကြည်သူရို့သည် ဘုရားသခင်အထံတော်သို့ တညီတညွတ်တည်း အသံကိုရွှင့်လျက်၊ “အစိုးရတော်မူသောအသျှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြီကြီး၊ ပင်လယ်သမုဒ္ဒရာနှင့် ထိုအရပ်၌ ဟိသမျှအရာတိကို ဖန်ဆင်းတော်မူသော အသျှင်ဖြစ်တော်မူ၏။
24 Ouvindo isto, unânimes, levantaram a voz a Deus e disseram: Tu, Soberano Senhor, que fizeste o céu, a terra, o mar e tudo o que neles há;
25 ကိုယ်တော်သျှင်သည် မိမိ၏အခိုင်းအစီဖြစ်သော အကျွန်ရို့၏ အဖိုးအဖီး ဒါဝိဒ်ကတစ်ဆင့် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်တော်မူသည်မှာ၊
25 que disseste por intermédio do Espírito Santo, por boca de Davi, nosso pai, teu servo: Por que se enfureceram os gentios, e os povos imaginaram coisas vãs?
26 လောကီသျှင်ဘုရင်ရို့သည် အသင့်ပျင်ဆင်ပြီး
26 Levantaram-se os reis da terra, e as autoridades ajuntaram-se à uma contra o Senhor e contra o seu Ungido;
27 ထိုနည်းတူစွာ ဟေရုဒ်နှင့် ပုန္တိပိလတ်ရို့သည် လူမျိုးခြားများ၊ ဣသရေလလူမျိုးများနှင့်အတူ ဤမြို့ထဲ၌ စုဝေးခပြီးလျှင် ယေသျှုအား ဆန့်ကျင်ကြ၏။ ထိုသူသည် ကိုယ်တော်၏ သန့်ယှင်းသော အခိုင်းအစီဖြစ်ပြီး မေသျှိယအဖြစ် ဘိသိက်ခံရသူဖြစ်၏။
27 porque verdadeiramente se ajuntaram nesta cidade contra o teu santo Servo Jesus, ao qual ungiste, Herodes e Pôncio Pilatos, com gentios e gente de Israel,
28 ထိုသူရို့ စုဝေးကြခြင်းမှာ ကိုယ်တော်သျှင်၏ တန်ခိုးတော်နှင့် အလိုတော်အရ ခွဲခန့်မှတ်သားသော အရာများကို ဖြစ်ပျက်လာစီရန် လုပ်ဆောင်ခြင်းဖြစ်၏။
28 para fazerem tudo o que a tua mão e o teu propósito predeterminaram;
29 အို၊ သခင်ဘုရား၊ အဂုခါ ထိုသူရို့၏ ခြိမ်းခြောက်ခြင်းကို သိမှတ်တော်မူပါ။ ကိုယ်တော်သျှင်၏ အခိုင်းအစီတိအား အသျှင်၏တရားတော်ကို ရဲရင့်စွာ ဟောပြောနိုင်ခွင့် ပြုတော်မူပါ။
29 agora, Senhor, olha para as suas ameaças e concede aos teus servos que anunciem com toda a intrepidez a tua palavra,
30 အနာရောဂါပျောက်ကင်းစီရန် ကိုယ်တော်၏လက်တော်ကို ဆန့်တော်မူပြီးလျှင် ကိုယ်တော်သျှင်၏ သန့်ယှင်းသောအခိုင်းအစီ ယေသျှု၏ နာမတော်မြတ်အားဖြင့် နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်သောအရာများကို ပြုခွင့်ပီးတော်မူပါ” ဟု ဆုတောင်းကြလေ၏။
30 enquanto estendes a mão para fazer curas, sinais e prodígios por intermédio do nome do teu santo Servo Jesus.
31 ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။
31 Tendo eles orado, tremeu o lugar onde estavam reunidos; todos ficaram cheios do Espírito Santo e, com intrepidez, anunciavam a palavra de Deus.
32 ယုံကြည်သူရို့၏ အစုအဝေးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ၍ သူရို့၏ပစ္စည်းဥစ္စာများကို မိမိပိုင်သည်ဟု မပြောဘဲ၊ ဟိသမျှသော ပစ္စည်းဥစ္စာများကို အချင်းချင်း ဝီမျှသုံးဆောင်ကြ၏။
32 Da multidão dos que creram era um o coração e a alma. Ninguém considerava exclusivamente sua nem uma das coisas que possuía; tudo, porém, lhes era comum.
33 တမန်တော်ရို့သည် အသျှင်ယေသျှု ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သီခံကြ၏။ ဘုရားသခင်သည် သူရို့အားလုံးကို ကြွယ်ဝသော ကောင်းကြီးမင်္ဂလာဖြင့် သွန်းလောင်းတော်မူ၏။
33 Com grande poder, os apóstolos davam testemunho da ressurreição do Senhor Jesus, e em todos eles havia abundante graça.
34 ထိုသူရို့အထဲတွင် ဆင်းရဲသောသူ တစ်ယောက်မျှမဟိ။ အကြောင်းမူကား မြီကွက် သို့မဟုတ် အိမ်ကို ပိုင်ဆိုင်ကြသူရို့သည် မိမိရို့ပိုင်ဆိုင်ကြသော ပစ္စည်းများကိုရောင်းချ၍ ရသည့်ငွီများကို ယူလာကာ၊
34 Pois nenhum necessitado havia entre eles, porquanto os que possuíam terras ou casas, vendendo-as, traziam os valores correspondentes
35 တမန်တော်ရို့အား ပီးအပ်ကြ၍ တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း အသီးသီးရို့အား ဝီပီးကြ၏။
35 e depositavam aos pés dos apóstolos; então, se distribuía a qualquer um à medida que alguém tinha necessidade.
36 ယောသပ် နာမည်ဟိ၍ နှစ်သိမ့်ခြင်း၏သားဟု ဆိုလိုသည့် ဗာနဗဟူ၍ နာမည်သစ်ဖြင့် တမန်တော်ရို့ မှည့်ခေါ်သော ကုပရုပြည်သား လေဝိလူမျိုးတစ်ယောက်သည်၊
36 José, a quem os apóstolos deram o sobrenome de Barnabé, que quer dizer filho de exortação, levita, natural de Chipre,
37 မိမိပိုင်သောမြီကွက်ကို ရောင်း၍ ရလာသောငွီကို ယူလာပြီးလျှင် တမန်တော်ရို့အား ပီးအပ်လေ၏။
37 como tivesse um campo, vendendo-o, trouxe o preço e o depositou aos pés dos apóstolos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.