Atos 2
rki (RKI) vs NVI
1 ပင်တေကုတ္တေပွဲတော်နိ့ ရောက်သောအခါ ယုံကြည်သူအပေါင်းရို့သည် တစ်နီရာတည်းတွင် စုရုံးနိန်ကြ၏။
1 Chegando o dia de Pentecoste, estavam todos reunidos num só lugar.
2 ထိုအခါ လီပြင်း တိုက်ခတ်သံနှင့်တူသော အသံသည် အာကာပြင်မှ ရုတ်တရက်ပေါ်လာပြီး တပည့်တော်တိ နီထိုင်ရာအိမ်တစ်ခုလုံးသည် ထိုအသံနှင့် ပြည့်လေ၏။
2 De repente veio do céu um som, como de um vento muito forte, e encheu toda a casa na qual estavam assentados.
3 ထို့နောက် လျှာနှင့်တူသော မီးတောက်များသည် အဖြာဖြာကွဲလျက် သူရို့အသီးသီးအထက်၌ တည်နိန်သည်ကို မြင်ရကြ၏။
3 E viram o que parecia línguas de fogo, que se separaram e pousaram sobre cada um deles.
4 ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။
4 Todos ficaram cheios do Espírito Santo e começaram a falar noutras línguas, conforme o Espírito os capacitava.
5 ထိုကာလတွင် လောက၌ဟိကြသော တိုင်းပြည်အသီသီးမှ လာကြသည့် ဘာသာတရား ကြည်ညိုသူ ယုဒလူမျိုးများသည် ယေရုဆလင်မြို့၌ တည်းခိုနိန်ကြ၏။
5 Havia em Jerusalém judeus, tementes a Deus, vindos de todas as nações do mundo.
6 ထိုအသံကို ကြားသောအခါ လူအပေါင်းရို့သည် စုရုံးလာကြ၏။ တပည့်တော်ရို့ ဟောပြောချက်များကို လူတိုင်း မိမိဘာသာစကားအားဖြင့် ကြားရသည်ဖြစ်၍ သူရို့သည် အံ့မောကျကြ၏။
6 Ouvindo-se este som, ajuntou-se uma multidão que ficou perplexa, pois cada um os ouvia falar em sua própria língua.
7 သူရို့သည် အံ့မောကျကြလျက်၊ “ဤကဲ့သို့ ဟောပြောနိန်ကြသော ဤလူတိကား ဂါလိလဲပြည်သားတိ မဟုတ်ပါလား။
7 Atônitos e maravilhados, eles perguntavam: "Acaso não são galileus todos estes homens que estão falando?
8 သို့ဖြစ်၍ ငါရို့အသီးသီးသည် ငါရို့၏ ဇာတိဘာသာစကားအတိုင်း ကြားရသည်ကား ဇာပိုင်ဖြစ်သနည်း။
8 Então, como os ouvimos, cada um de nós, em nossa própria língua materna?
9 ငါရို့သည် ပါတိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာယှိပြည်၊
9 Partos, medos e elamitas; habitantes da Mesopotâmia, Judéia e Capadócia, Ponto e da província da Ásia,
10 ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်နှင့် ကုရေနေမြို့အနား လိဗုနယ်ပယ်ဒေသတိမှ လာကြသူများ ဖြစ်ကြ၏။ ငါရို့ထဲက တချို့သော သူရို့ကား ရောမမြို့မှ ရောက်လာသော၊
10 Frígia e Panfília, Egito e das partes da Líbia próximas a Cirene; visitantes vindos de Roma,
11 ယုဒအမျိုးသားတိနှင့် ယုဒဘာသာသို့ ကူးပြောင်းလာကြသော တခြားလူမျိုးတိ ဖြစ်ကြပြီး၊ ငါရို့ထဲမှ တချို့သည် ကုရေတေပြည်သားနှင့် အာရပ်အမျိုးသားများ ဖြစ်ကြ၏။ သို့သော် ငါရို့သည် ဘုရားသခင်ပြုတော်မူသော ကြီးမြတ်သည့် အမှုများကို ငါရို့ဘာသာစကားဖြင့် သူရို့ ဟောပြောသည်ကို ကြားရယာ” ဟု ဆို၏။
11 tanto judeus como convertidos ao judaísmo; cretenses e árabes. Nós os ouvimos declarar as maravilhas de Deus em nossa própria língua! "
12 သူရို့သည် အံ့မောကျလျက် ဝေခွဲမရဖြစ်ကာ “ဤအမှုအရာကား ဇာသို့သောအမှုအရာ ဖြစ်သနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
12 Atônitos e perplexos, todos perguntavam uns aos outros: "Que significa isto? "
13 သို့သော် အခြားသူတိက ယုံကြည်သူရို့အား “ဤသူရို့ကား ယစ်မူးနိန်ကြသော သူများဖြစ်ကြ၏” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
13 Alguns, todavia, zombavam deles e diziam: "Eles beberam vinho demais".
14 ထို့နောက် ပေတရုသည် တစ်ကျိပ်တစ်ပါးသော တမန်တော်ရို့နှင့်အတူ ရပ်လျက် ကျယ်သောအသံဖြင့် လူအစုအဝေးကြီးအား ပြောဆိုသည်မှာ “ယုဒအမျိုးသားရို့နှင့် ယေရုဆလင်မြို့၌ နီထိုင်သူအပေါင်းရို့၊ ငါ့စကားကို နားထောင်ကြလော့။ ဤအမှုအရာတိကို ငါယှင်းပြပါမည်။
14 Então Pedro levantou-se com os Onze e, em alta voz, dirigiu-se à multidão: "Homens da Judéia e todos os que vivem em Jerusalém, deixem-me explicar-lhes isto! Ouçam com atenção:
15 အဂုအချိန်ကား မိုးထဖက် ကိုးချက်တီးအချိန်သာ ဟိသိမ့်သည်ဖြစ်၍ သင်ရို့ထင်သည်အတိုင်း ဤသူရို့သည် ယစ်မူးနိန်ကြသည် မဟုတ်။
15 estes homens não estão bêbados, como vocês supõem. Ainda são nove horas da manhã!
16 ဤအရာသည် ပရောဖက်ယောလ ဟောပြောခသောအရာ အမှန်ပင်ဖြစ်၏။ ဟောပြောသော အကြောင်းအရာမူကား၊
16 Pelo contrário, isto é o que foi predito pelo profeta Joel:
17 “ ‘ဘုရားသခင် မိန့်တော်မူသည်ကား နောက်ဆုံးသောနိ့တွင်၊
17 ‘Nos últimos dias, diz Deus, derramarei do meu Espírito sobre todos os povos. Os seus filhos e as suas filhas profetizarão, os jovens terão visões, os velhos terão sonhos.
18 ထိုနိ့ရက်၌ ငါ၏အခိုင်းအစီ ယောက်ျားနှင့် မိန်းမတိအထက်၌
18 Sobre os meus servos e as minhas servas derramarei do meu Espírito naqueles dias, e eles profetizarão.
19 အာကာပြင်ထက်၌ နိမိတ်လက္ခဏာတိကိုလည်းကောင်း၊
19 Mostrarei maravilhas em cima no céu e sinais em baixo, na terra, sangue, fogo e nuvens de fumaça.
20 သခင်ဘုရား၏ ထူးမြတ်သောနိ့ မကျရောက်ခင်၊
20 O sol se tornará em trevas e a lua em sangue, antes que venha o grande e glorioso dia do Senhor.
21 ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။
21 E todo aquele que invocar o nome do Senhor será salvo! ’
22 “အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။
22 "Israelitas, ouçam estas palavras: Jesus de Nazaré foi aprovado por Deus diante de vocês por meio de milagres, maravilhas e sinais, que Deus fez entre vocês por intermédio dele, como vocês mesmos sabem.
23 ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။
23 Este homem lhes foi entregue por propósito determinado e pré-conhecimento de Deus; e vocês, com a ajuda de homens perversos, o mataram, pregando-o na cruz.
24 သို့သော်လည်း ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းတရားမှ ထမြောက်စီတော်မူပြီး သီခြင်းတရား၏တန်ခိုးမှ လွတ်မြောက်စီတော်မူ၏။ ဇာကြောင့်ဆိုသော် သီခြင်းတရားသည် ထိုအသျှင်ကို အစဉ်အမြဲ ချုပ်နှောင်ထား၍ မရနိုင်။
24 Mas Deus o ressuscitou dos mortos, rompendo os laços da morte, porque era impossível que a morte o retivesse.
25 ထိုအသျှင်နှင့်ပတ်သတ်၍ ဒါဝိဒ်က၊
25 A respeito dele, disse Davi: ‘Eu sempre via o Senhor diante de mim. Porque ele está à minha direita, não serei abalado.
26 ထို့ကြောင့် ငါ၏ စိတ်နှလုံးသည် ပျော်ရွှင်၍၊
26 Por isso o meu coração está alegre e a minha língua exulta; o meu corpo também repousará em esperança,
27 ဇာကြောင့်ဆိုသော် ကိုယ်တော်သည် ငါရို့ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူသည် မဟုတ်။
27 porque tu não me abandonarás no sepulcro, nem permitirás que o teu Santo sofra decomposição.
28 ကိုယ်တော်သည် ငါ့အား အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူပြီး၊
28 Tu me fizeste conhecer os caminhos da vida e me encherás de alegria na tua presença’.
29 “ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ထင်ရှားသော ရှီးအဖိုးအဖီး ဒါဝိဒ်မင်းကြီးနှင့်ပတ်သတ်၍ ငါသည် သင်ရို့အား အတိအလင်း ပြောပြပါမည်။ သူသည် သီလွန်ပြီး သင်္ဂြိုဟ်ခြင်းကိုခံရလျှင်လည်း သူ၏ သင်္ချိုင်းဂူသည် ဤနိ့တိုင်အောင် ငါရို့အရပ်၌ ဟိသိမ့်၏။
29 "Irmãos, posso dizer-lhes com franqueza que o patriarca Davi morreu e foi sepultado, e o seu túmulo está entre nós até o dia de hoje.
30 သူသည် ပရောဖက်ဖြစ်၍ ဘုရားသခင်၏ ကတိတော်သည် သူ၌ ဟိကြောင်းကိုသိ၏။ ဘုရားသခင်သည် မိမိကို သျှင်ဘုရင်အဖြစ် ချီးမြှောက်သကဲ့သို့ မိမိ၏သားမြီးတစ်ယောက်ကို မိမိ၏ပလ္လင်ထက်၌ ထိုင်စီမည်ဟု ဘုရားသခင် ကျိန်ဆိုခသော ကတိတော်ကို သိခ၏။
30 Mas ele era profeta e sabia que Deus lhe prometera sob juramento que colocaria um dos seus descendentes em seu trono.
31 နောင်အခါ၌ ဘုရားသခင်က ဇာသို့ပြုတော်မူမည်ကို ဒါဝိဒ်သည် မြင်ခပြီး ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းနှင့်ပတ်သတ်၍၊
31 Prevendo isso, falou da ressurreição do Cristo, que não foi abandonado no sepulcro e cujo corpo não sofreu decomposição.
32 ဘုရားသခင်က ထိုအသျှင်ယေသျှုအား သီခြင်းတရားမှ ထမြောက်စီတော်မူကြောင်းကို ငါရို့အားလုံးသည် ထိုအကြောင်းရင်း၏ သက်သီပင်ဖြစ်ကြ၏။
32 Deus ressuscitou este Jesus, e todos nós somos testemunhas desse fato.
33 ကိုယ်တော့်ကို ဘုရားသခင်၏ လက်ယာတော်ဖက်၌ ချီးမြှောက်တော်မူပြီးနောက် ကတိထားတော်မူသည်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှ ခံယူလေ၏။ အဂုတွင် သင်ရို့ တွိ့မြင်ကြားသိနိန်သော ထိုဝိညာဉ်တော်ကို ငါရို့အထက်၌ သွန်းလောင်းတော်မူပြီ။
33 Exaltado à direita de Deus, ele recebeu do Pai o Espírito Santo prometido e derramou o que vocês agora vêem e ouvem.
34 ဒါဝိဒ်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံရသည် မဟုတ်။ သို့သော်လည်း ဒါဝိဒ်က၊
34 Pois Davi não subiu ao céu, mas ele mesmo declarou: ‘O Senhor disse ao meu Senhor: Senta-te à minha direita
35 သင်၏ရန်သူတိကို သင်၏ခြီအောက်၌ ခြီတင်ခုံဖြစ်စီရန် ငါ ပြုပီးသည်တိုင်အောင်
35 até que eu ponha os teus inimigos como estrado para os teus pés’.
36 “ထို့ကြောင့် ဣသရေလလူမျိုးအပေါင်းရို့၊ သင်ရို့က လက်ဝါးကပ်တိုင်၌ တင်သတ်လိုက်သော ယေသျှုသည် သခင်အဖြစ်နှင့် လည်းကောင်း၊ မေသျှိယအဖြစ်နှင့် လည်းကောင်း ဘုရားသခင်က ခန့်ထားသောသူဖြစ်ကြောင်းကို စွဲမြဲစွာ သိမှတ်ကြလော့” ဟု ဟောလေ၏။
36 "Portanto, que todo Israel fique certo disto: Este Jesus, a quem vocês crucificaram, Deus o fez Senhor e Cristo".
37 ထိုစကားကို ကြားရသောအခါ သူရို့၏စိတ်နှလုံးသည် လွန်စွာ ပူပင်သောကရောက်ကြလျက် ပေတရုနှင့် အခြားတမန်တော်ရို့အား “ညီအစ်ကိုရို့၊ ငါရို့ ဇာသို့ ပြုရပါမည်နည်း” ဟု မိန်းမြန်းကြ၏။
37 Quando ouviram isso, os seus corações ficaram aflitos, e eles perguntaram a Pedro e aos outros apóstolos: "Irmãos, que faremos? "
38 ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
38 Pedro respondeu: "Arrependam-se, e cada um de vocês seja batizado em nome de Jesus Cristo, para perdão dos seus pecados, e receberão o dom do Espírito Santo.
39 အကြောင်းမူကား ဘုရားသခင်၏ ကတိတော်သည် သင်ရို့နှင့် သင်ရို့၏သားသမီးတိမှစ၍ အဝီး၌ဟိသောသူ အားလုံး၏အသျှင် ငါရို့၏ဘုရားသခင် ခေါ်တော်မူသော သူရို့အတွက်ဖြစ်၏” ဟု ဆိုလေ၏။
39 Pois a promessa é para vocês, para os seus filhos e para todos os que estão longe, para todos quantos o Senhor, o nosso Deus chamar".
40 ပေတရုသည် အခြားသော စကားများဖြင့် သတိပီးလျက်၊ “သင်ရို့သည် မတရားသောသူရို့၌ ကျရောက်လာမည့် ပြစ်ဒဏ်မှ မိမိကိုယ်ကို ကယ်တင်ကြလော့” ဟု ထိုသူရို့အား တိုက်တွန်းလေ၏။
40 Com muitas outras palavras os advertia e insistia com eles: "Salvem-se desta geração corrompida! "
41 ထိုအခါ ပေတရု၏စကားကို လက်ခံယုံကြည်သော များစွာသော သူရို့သည် ဗတ္တိဇံကိုခံယူကြသဖြင့် ထိုနိ့၌ လူပေါင်း ၃,၀၀၀ ခန့် တိုးပွားလေ၏။
41 Os que aceitaram a mensagem foram batizados, e naquele dia houve um acréscimo de cerca de três mil pessoas.
42 ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
42 Eles se dedicavam ao ensino dos apóstolos e à comunhão, ao partir do pão e às orações.
43 တမန်တော်ရို့သည် များစွာသော အံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူတိုင်းက အလွန်ကြောက်လန့်ကြကုန်၏။
43 Todos estavam cheios de temor, e muitas maravilhas e sinais eram feitos pelos apóstolos.
44 ယုံကြည်သူ အားလုံးသည် အတူတကွ မိတ်ဖွဲ့နီထိုင်ကြ၍ မိမိဥစ္စာပစ္စည်းများကို အချင်းချင်း ဝီမျှသုံးဆောင်ကြလေ၏။
44 Todos os que criam mantinham-se unidos e tinham tudo em comum.
45 သူရို့သည် မိမိဥစ္စာများနှင့် ပိုင်ဆိုင်မှုများကိုရောင်းချ၍ ရဟိသောငွီများကို တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း ဝီမျှကြ၏။
45 Vendendo suas propriedades e bens, distribuíam a cada um conforme a sua necessidade.
46 သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊
46 Todos os dias, continuavam a reunir-se no pátio do templo. Partiam o pão em suas casas, e juntos participavam das refeições, com alegria e sinceridade de coração,
47 ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။
47 louvando a Deus e tendo a simpatia de todo o povo. E o Senhor lhes acrescentava todos os dias os que iam sendo salvos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.