Atos 27

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ထိုအခါ အကျွန်ရို့အား ဣတလိပြည်သို့ သင်္ဘောဖြင့် ကူးရမည့်အကြောင်းကို ဆုံးဖြတ်ပြီးနောက်၊ ပေါလုနှင့် အကျဉ်းသားအချို့ကို “ဧကရာဇ်မင်း၏ တစ်ထောင်တပ်” ဟု ခေါ်သော တပ်မှ တပ်မှူး ယုလိလက်သို့ အပ်လိုက်၏။
1 Logo que foi determinado que embarcássemos para a Itália, Paulo foi entregue com outros presos a um centurião da coorte Augusta, chamado Júlio.
2 အကျွန်ရို့သည် အာဒြမုတ္တိမြို့မှ လာသော သင်္ဘောဖြင့် ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် အာယှိပြည်တလျှောက်၌ဟိသော သင်္ဘောဆိပ်ကမ်းမြို့များသို့ လားမည့် သင်္ဘောဖြစ်၏။ ငါရို့နှင့်အတူ အာရိတ္တာခု အမည်ဟိသော မာကေဒေါနိပြည် သက်သာလောနိတ်မြို့သား တစ်ယောက်သည်လည်း လိုက်ပါလာ၏။
2 Embarcamos num navio de Adramito que devia costear as terras da Ásia, e levantamos âncora. Em nossa companhia estava Aristarco, macedônio de Tessalônica.
3 နောက်တစ်နိ့၌ ငါရို့သည် ဇိဒုန်မြို့သို့ ဆိုက်ရောက်လေ၏။ တပ်မှူးယုလိသည် ပေါလုကို သနားသောကြောင့် သူ၏မိတ်ဆွီရို့ပါးသို့ လား၍ သူရို့၏လုပ်ကျွေးခြင်းကို ခံယူရန် အခွင့်ပီးလေ၏။
3 No dia seguinte, fazendo escala em Sidônia, Júlio, usando de bondade com Paulo, permitiu-lhe ir ver os seus amigos e prover-se do que havia de necessário.
4 ငါရို့သည် ထိုမြို့မှ ထွက်လာကြပြီးနောက် လီမသင့်သောကြောင့် ကုပရုကျွန်းဘေး လီကွယ်ရာအရပ်မှ ရွက်ရွှင့်ကြ၏။
4 Dali, fazendo-nos ao mar, fomos navegando perto das costas de Chipre, por nos serem contrários os ventos.
5 ထို့နောက် ငါရို့သည် ကိလိကိနှင့် ပမ်ဖုလိပြည်၏ ပင်လယ်ပြင်ကိုဖြတ်၍ လုကိပြည် မုရမြို့သို့ ဆိုက်ရောက်ကြ၏။
5 Tendo atravessado o mar da Cilícia e da Panfília, chegamos a Mira, cidade da Lícia.
6 ထိုမြို့၌ တပ်မှူးသည် အာလေဇန္ဒြိမြို့မှ ဣတလိပြည်သို့ ကူးမည့် သင်္ဘောတစ်စီးကို တွိ့သဖြင့် အကျွန်ရို့အား ထိုသင်္ဘောထက်သို့ တက်စီကြ၏။
6 O centurião encontrou ali um navio de Alexandria, que rumava para a Itália, e fez-nos passar para ele.
7 အကျွန်ရို့သည် တရွိ့ရွိ့ဖြင့် ရက်ပေါင်းများစွာ ရွက်ရွှင့်ကြပြီး ကနိဒ်မြို့သို့ ခက်ခဲစွာဖြင့် ရောက်ကြ၏။ ထိုမှ လီမသင့်သောကြောင့် ရှိ့သို့ မလားနိုင်သဖြင့် အကျွန်ရို့သည် သာလမုန်အငူနားမှ ဖြတ်၍ ကရေတေကျွန်းကို အကာအကွယ်ပြု၍ ထိုကျွန်းဘေးမှ ရွက်ရွှင့်ကြ၏။
7 Por muitos dias navegamos lentamente e com dificuldade até diante de Cnido, onde o vento não nos permitiu aportar.
8 အကျွန်ရို့သည် ကမ်းရိုးတန်းတလျှောက်မှ ခက်ခဲစွာ ရွက်ရွှင့်ကြ၍ လာသဲမြို့အနီး ဆိပ်ကမ်းသာဟုခေါ်သော အရပ်သို့ ရောက်ကြ၏။
8 Fomos então costeando ao sul da ilha de Creta, junto ao cabo Salmona. Navegando com dificuldade ao longo da costa, chegamos afinal a um lugar, a que chamam Bons Portos, perto do qual está a cidade de Lasaia.
9 ထိုအရပ်၌ အကျွန်ရို့သည် အချိန်များစွာ ရပ်နားခကြရာ အပြစ်ဖြေရာနိ့ရက် လွန်လာပြီဖြစ်၍ ပင်လယ်ခရီးလားရာ၌ အန္တရာယ်များသောကာလ ရောက်လာလေ၏။ ထို့ကြောင့် ပေါလုသည် သူရို့အား၊
9 Passara o tempo - já havia passado a época do jejum - e a navegação se tornava perigosa. Paulo advertiu-os:
10 “အချင်းလူရို့၊ အဂုအခါ ပင်လယ်ခရီးပြုမည်ဆိုပါက ဘေးတွိ့မည်။ ထိုသို့ဖြစ်လျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးယှုံးခြင်းသာ မဟုတ်၊ ငါရို့ အသက်လည်း ဆုံးယှုံးစရာဟိကြောင်းကို ငါတွိ့မြင်၏” ဟု သတိပီးစကားကို ဆို၏။
10 Amigos, vejo que a navegação não se fará sem perigo e sem graves danos, não somente ao navio e à sua carga, mas ainda às nossas vidas.
11 သို့ပင်သျှောင် တပ်မှူးသည် ပေါလု၏ စကားထက် သင်္ဘောပိုင်သျှင်နှင့် တက်မကိုင်ရို့၏ စကားကိုသာ နားထောင်ကြ၏။
11 O centurião, porém, dava mais crédito ao piloto e ao mestre do que ao que Paulo dizia.
12 ထိုဆိပ်ကမ်းသည် ဆောင်းကာလ၌ မနီသင့်သောကြောင့်၊ လူအများစုမှာ ထိုဆိပ်ကမ်းမှ ထွက်ခွာ၍ ဖြစ်နိုင်လျှင် ဖိနိတ်မြို့သို့ ရောက်အောင်လားကာ ထိုအရပ်၌ ဆောင်းကာလကို ကုန်လွန်ခြင်းငှာ စိတ်ပိုင်းဖြတ်ကြ၏။ ဖိနိတ်မြို့ကား ကရေတေကျွန်း၏ ဆိပ်ကမ်းမြို့ဖြစ်ပြီး အနောက်တောင်ဖက်နှင့် အနောက်မြောက်ဖက်သို့ မျက်နှာမူလျက် တည်ဟိ၏။
12 O porto era impróprio para passar o inverno, pelo que a maior parte deles foi de parecer que se retornasse ao mar, na esperança de chegar a Fenice, para passar ali o inverno, por ser esse um porto de Creta, abrigado dos ventos do sudeste e do nordeste.
13 တောင်လီသည် ဖြည်းညင်းစွာတိုက်လာသောအခါ သင်္ဘောသားရို့သည် မိမိရို့၏ အကြံအောင်မည်ဟု ထင်မှတ်သဖြင့် ကျောက်ဆူးကို ဆွဲတင်ပြီးလျှင် ကရေတေကျွန်း ကမ်းရိုးတန်းတလျှောက် ကမ်းနှင့် ကပ်နိုင်သမျှကပ်၍ ရွက်ရွှင့်ကြ၏။
13 Soprava então brandamente o vento sul. Julgavam poder executar os seus planos. Levantaram a âncora e foram costeando de perto a ilha de Creta.
14 သို့သော် များမကြာမီတွင် “အရှိ့မြောက်လီ” ဟု ခေါ်သော အားပြင်းသောလီသည် ကမ်းဖက်မှ တိုက်လာ၏။
14 Mas, não muito depois, veio do lado da ilha um tufão chamado Euroaquilão.
15 သင်္ဘောသည် လီအဟုန်နှင့်တွိ့သဖြင့် ထိုလီကို ရင်ဆိုင်ခြင်းငှာ မတတ်နိုင်ပေ။ ထို့ကြောင့် အကျွန်ရို့သည် လက်လျော့၍ လီတိုက်ရာသို့ ရွင့်ပါကြ၏။
15 Sem poder resistir à ventania, o navio foi arrebatado e deixamo-nos arrastar.
16 ကလောဒေကျွန်း၏ တောင်ဖက်ကို ရောက်သောအခါ အကျွန်ရို့သည် လီကွယ်ရာအရပ် တချို့ကို တွိ့ရကြ၏။ ထိုနီရာတလျှောက်၌ သင်္ဘောရွိ့လျားနိန်စဉ်၊ အသက်ကယ်လောင်းကို မပျက်စီးစီခြင်းငှာ ခက်ခဲစွာ စီမံလုပ်ဆောင်ကြ၏။
16 Impelidos rapidamente para uma pequena ilha chamada Cauda, conseguimos, com muito esforço, recolher o batel.
17 သူရို့သည် ထိုလောင်းကို ဆွဲတင်ပြီးလျှင် ကြိုးဖြင့် သင်္ဘောတိုင်များ၌ ချိုင်ထားကြ၏။ သူရို့သည် သုရတိသောင်တွင် တင်မည်ကို စိုးရိမ်သဖြင့် ရွက်ကိုရုပ်သိမ်းပြီး လီတိုက်ရာသို့ မျောပါကြ၏။
17 Içaram-no e, depois, como meio de segurança, cingiram o navio com cabos. Então, temendo encalhar em Sirte, arriaram as velas e entregaram-se à mercê dos ventos.
18 ပြင်းထန်သော လီမုန်တိုင်းသည်လည်း အဆက်မပြတ် တိုက်ခတ်လေ၏။ ထို့ကြောင့် နောက်တစ်နိ့တွင် သူရို့သည် သင်္ဘော၌ပါသောဝန်များကို စတင်၍ ထုတ်ပစ်ကြ၏။
18 No dia seguinte, sendo a tempestade ainda mais violenta, atiraram fora a carga.
19 သုံးရက်မြောက်သောနိ့၌ သင်္ဘောနှင့်ဆက်စပ်သော ကုန်တန်ဆာများကို ထုတ်ပစ်ကြ၏။
19 No terceiro dia, atiramos para fora com as nossas próprias mãos os acessórios do navio.
20 လီပြင်းသည် ဆက်၍အားကောင်းနိန်သိမ့်သဖြင့် အကျွန်ရို့သည် ရက်အတန်ကြာ နီကိုမမြင်ရ၊ နက္ခတ်ကြယ်များကိုလည်း မမြင်ရကြပေ။ နောက်ဆုံး၌ အကျွန်ရို့သည် ကယ်တင်ခံရမည့် မျှော်လင့်ခြင်းပင် ကင်းမဲ့လေ၏။
20 Ora, não aparecendo por muitos dias nem sol nem estrelas e sendo batidos por forte tempestade, tínhamos por fim perdido toda a esperança de sermos salvos.
21 လူရို့သည် အစာမစားဘဲ အချိန်ကြာမြင့်စွာ နီကြပြီးနောက်၊ ပေါလုသည် သူရို့ရှိ့၌ မတ်တက်ရပ်၍ “သင်ရို့ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မခွာဘဲနိန်လျှင် ဤပျက်စီးဆုံးယှုံးခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
21 Desde muito tempo ninguém havia comido nada. Paulo levantou-se no meio deles e disse: Amigos, deveras devíeis ter-me atendido e não ter saído de Creta, e assim evitar esse perigo e essas perdas.
22 သို့သော် အဂုမူကား အားတင်းထားကြလော့။ သင်္ဘော ပျက်စီးခြင်းမှတစ်ပါး သင်ရို့အထဲတွင် တစ်ယောက်မျှ အသက်ဆုံးယှုံးရမည် မဟုတ်။
22 Agora, porém, vos admoesto a que tenhais coragem, pois não perecerá nenhum de vós, mas somente o navio.
23 အကြောင်းမူကား၊ ငါကိုးကွယ်သော ငါ့အသျှင် ဘုရားသခင်၏ ကောင်းကင်တမန် တစ်ပါးသည် လွန်ခသောည၌ ငါ့ပါးသို့ လာပြီး၊
23 Esta noite apareceu-me um anjo de Deus, a quem pertenço e a quem sirvo, o qual me disse:
24 ‘ပေါလု၊ မကြောက်ကေ့။ သင်သည် ဧကရာဇ်ဘုရင်၏ ရှိ့သို့ ရောက်ရမည်။ ဘုရားသခင်သည်လည်း သင့်ကို ထောက်ထား၍ သင်နှင့် အတူတကွ လိုက်လာသောသူအပေါင်းရို့အား အသက်ဘေးမှ လွတ်မြောက်စီလိမ့်မည်’ ဟု ဆို၏။
24 Não temas, Paulo. É necessário que compareças diante de César. Deus deu-te todos os que navegam contigo.
25 ထို့ကြောင့် အချင်းလူရို့၊ အားတင်းထားကြလော့။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သောကြောင့် ငါ့ကို ကောင်းကင်တမန် ဖော်ပြခသည့်အတိုင်း ဖြစ်လာလိမ့်မည်။
25 Por isso, amigos, coragem! Eu confio em Deus que há de acontecer como me foi dito.
26 သို့ရာတွင်၊ ငါရို့ သင်္ဘောသည် ကျွန်းတချို့တွင် သောင်တင်လိမ့်မည်” ဟု ဆို၏။
26 Vamos dar a uma ilha.
27 တစ်ဆယ့်လေးရက်မြောက်သောည၌ အကျွန်ရို့သင်္ဘောသည် အာဒြိပင်လယ်ထဲတွင် လီတိုက်ရာသို့ မျောပါ နိန်၏။ ညဉ့်သန်းခေါင် အချိန်ခန့်တွင် သင်္ဘောသားရို့သည် ကမ်းနှင့် နီးလာသည်ဟု ထင်မှတ်ကြ၏။
27 Já estávamos na décima quarta noite, pelo mar Adriático, quando, pela meia-noite, os marinheiros pressentiram que estavam perto de alguma terra.
28 ထို့ကြောင့် သူရို့သည် ရီအတိမ်အနက်ကို စမ်းကြည့်သောအခါ အနက်ပေ ၁၂၀ ဟိကြောင်းကို တွိ့ရကြ၏။ ထိုမှ အနည်းငယ်လွန်သောအခါ တဖန်တိုင်းကြည့်လျှင် အနက်ပေ ၉၀ ဟိသည်ကို တွိ့ကြ၏။
28 Então, atirando a sonda, perceberam que a profundidade era de vinte braças. Depois, um pouco mais adiante, viram que era de quinze braças.
29 ထိုအခါ သူရို့က သင်္ဘောသည် ကျောက်ဆောင်များအား တိုက်မိမည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် သင်္ဘော၏ ပဲ့ပိုင်းမှ ကျောက်ဆူးလေးလက်ကို ချပြီး၊ မိုးလင်းပါစီဟု ဆုတောင်းကြ၏။
29 Temendo que déssemos em algum recife, lançaram quatro âncoras da popa, esperando ansiosos que amanhecesse o dia.
30 ထို့နောက် သင်္ဘောသားရို့သည် ထိုသင်္ဘော၏ ဦးပိုင်းသို့ လား၍ ကျောက်ဆူးတချို့ကို ချဟန်ပြုပြီး အသက်ကယ်လောင်းကို လျှောချကာ ထွက်ဗြီးခြင်းငှာ ကြိုးစားကြ၏။
30 Imediatamente, os marinheiros procuraram fugir e, sob o pretexto de largar as âncoras da proa, lançaram o bote ao mar.
31 သို့ရာတွင် ပေါလုသည် တပ်မှူးနှင့် စစ်သားတိအား၊ “သင်္ဘောသားရို့ သင်္ဘောထက်၌ မဟိလျှင် သင်ရို့သည် အသက်ချမ်းသာရခြင်းငှာ မျှော်လင့်ခြင်းမဟိ” ဟု ဆို၏။
31 Paulo disse ao centurião e aos soldados: Se estes homens não permanecerem no navio, não podereis salvar-vos.
32 ထိုအခါ စစ်သားရို့သည် အသက်ကယ်လောင်းကြိုးကို ဖြတ်၍ လောင်းကို အောက်သို့ ချလိုက်ကြ၏။
32 Os soldados cortaram, então, os cabos do bote e deixaram-no cair.
33 အရုဏ်မတက်မီ၊ ပေါလုသည် ထိုသူအပေါင်းရို့အား အစာ စားစီခြင်းငှာ တိုက်တွန်းလိုသောကြောင့် “သင်ရို့သည် ဇာပိုင်ဖြစ်မည်ကို အစာမစားဘဲ ဆက်တိုက် စောင့်မျှော်နိန်ကြသည်မှာ အဂုဆိုလျှင် တစ်ဆယ့်လေးရက်ပင် ဟိခပြီ။
33 Enquanto ia amanhecendo, Paulo encorajou a todos que comessem alguma coisa, e disse: Já faz hoje catorze dias que estais em jejum, sem comer nada.
34 ထို့ကြောင့် သင်ရို့သည် အစာကိုစားကြရန် ငါတိုက်တွန်း၏။ သင်ရို့သည် အသက်ရှင်ကျန်ရဖို့အလို့ငှာ လိုအပ်သောအရာဖြစ်၏။ သင်ရို့၏ ဦးဂေါင်းမှ ဆံခြီတစ်မျှင်မျှ ဆုံးယှုံးလိမ့်မည် မဟုတ်” ဟု ဆို၏။
34 Rogo-vos que comais alguma coisa, no interesse de vossa vida, porque nem um cabelo da cabeça de alguém de vós perecerá.
35 ထိုသို့ ပြောဆိုပြီးနောက်၊ ပေါလုသည် ပေါင်မုန့်တချို့ကို ယူလာပြီး သူရို့အားလုံးရှိ့တွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဝီမျှစားသုံးကြ၏။
35 Tendo dito isso, tomou do pão, pronunciou uma bênção na presença de todos e, depois de parti-lo, começou a comer.
36 ထိုသူအပေါင်းရို့သည်လည်း စိတ်အားတက်လာပြီး အစားအစာတချို့ကိုယူ၍ စားကြ၏။
36 Com isso, todos cobraram ânimo e puseram-se igualmente a comer.
37 ထိုသင်္ဘော၌ လိုက်ပါလာသော အကျွန်ရို့သည် အရီအတွက်အားဖြင့် ၂၇၆ ယောက် ဟိကြ၏။
37 No navio éramos ao todo duzentas e setenta e seis pessoas.
38 လူတိုင်း ဝလင်စွာ စားကြပြီးနောက် သင်္ဘောကို ပေါ့ပါးစီခြင်းငှာ ဂျုံစပါးဟိသမျှကို ပင်လယ်ထဲသို့ ချပစ်ကြ၏။
38 Depois de terem comido à vontade, aliviaram o navio, atirando o trigo ao mar.
39 မိုးလင်းသောအခါ၊ သင်္ဘောသားရို့သည် မိမိရို့ မည်သည့်အရပ်ဒေသတွင် ရောက်နိန်ကြောင်းကို မသိကြသော်လည်း၊ ပင်လယ်ကွေ့ကမ်းခြီ တစ်ခုကို တွိ့မြင်သဖြင့် ဖြစ်နိုင်လျှင် သင်္ဘောကို ထိုကမ်းခြီသို့ ထိုးတင်မည်ဟု ဆုံးဖြတ်ကြ၏။
39 Afinal, clareou o dia. Os marinheiros não reconheceram a terra, mas viram uma enseada com uma praia, na qual tencionavam encalhar o navio, caso o pudessem.
40 ထို့ကြောင့် သူရို့သည် ကျောက်ဆူးကြိုးများကို ပင်လယ်ထဲ၌ ဖြတ်ချထားခ၏။ တစ်ချိန်တည်း၌ ပဲ့ထိန်းတက်မ ကြိုးများကိုလည်း ဖြီကြကာ ဦးပိုင်းမှ သင်္ဘောရွက်ကိုလည်း ဖြန့်ဖွင့်ပြီး သင်္ဘောကို ကမ်းသို့ ရွက်တိုက်ပါလားစီ၏။
40 Levantaram as âncoras e largaram ao mesmo tempo as amarras dos lemes. Desfraldaram ao vento a vela mestra e rumaram para a praia.
41 သို့ရာတွင် သင်္ဘောသည် သဲသောင်တစ်ခုထက်တွင် တင်၍ ဦးပိုင်းသည် လှုပ်၍ မရဘဲဟိလေ၏။ သင်္ဘော၏ ပဲ့ပိုင်းကား လှိုင်းပုတ်သောကြောင့် ကျိုးလေ၏။
41 Mas deram numa língua de terra, e o navio encalhou aí. A proa, encalhada, permanecia imóvel, ao mesmo tempo que a popa se abria com a força do mar.
42 ထိုအခါ စစ်သားတိက အကျဉ်းသားရို့သည် ကမ်းဖက်သို့ ရီကူး၍ ထွက်ဗြီးလွတ်မြောက်လားမည်ကို စိုးရိမ်သောကြောင့် သူရို့အားလုံးကို အသီသတ်မည်ဟု စီစဉ်ကြ၏။
42 Os soldados tencionavam matar os presos, por temerem que algum deles fugisse a nado.
43 သို့ရာတွင် တပ်မှူးသည် ပေါလုအား အသက်ချမ်းသာစီခြင်းငှာ အလိုဟိသောကြောင့် တပ်သားရို့၏ အစီစဉ်ကို တားမြစ်ပြီး၊ ရီကူးနိုင်သော သူရို့သည် ခုန်ဆင်း၍ ကမ်းဖက်သို့ အယင် ကူးစီခြင်းငှာလည်းကောင်း၊
43 O centurião, porém, querendo salvar Paulo, impediu que o fizessem e ordenou que aqueles que pudessem nadar fossem os primeiros a lançar-se ao mar e alcançar a terra.
44 ကျန်ခသောသူရို့သည် ပျဉ်ပြားမှစ၍ သင်္ဘော၏ အပိုင်းအစများကို စီး၍ ကူးစီခြင်းငှာလည်းကောင်း အမိန့်ပီးလေ၏။ ဤနည်းဖြင့် အကျွန်ရို့အားလုံးသည် အသက်ဘေးမှလွတ်၍ ကမ်းသို့ ရောက်ကြ၏။
44 Os demais, uns atingiram a terra em tábuas, outros em cima dos destroços do navio. Desse modo, todos conseguiram chegar à terra, sãos e salvos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.