Atos 26

rki (RKI) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထိုအခါ အဂြိပ္ပမင်းက ပေါလုအား “သင့်အကြောင်းကို သင်ပြောဆိုရသော အခွင့်ဟိ၏” ဟု ဆိုလျှင် ပေါလုသည် မိမိလက်ကိုဆန့်၍ အောက်ပါအတိုင်း ချေပပြောဆိုလိုက်သည်မှာ၊
1 Então Agripa disse a Paulo: “Você pode falar em sua defesa”. Paulo fez um sinal com a mão e começou sua defesa:
2 “အဂြိပ္ပမင်းကြီး၊ အကျွန့်အား ယုဒအမျိုးသားများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသျှင်၏ ရှိ့မှောက်၌ လျှောက်လဲချေပခွင့်ကို ရသည်မှာ အကျွန့်အဖို့ ထူးမြတ်သော အခွင့်အရေးဖြစ်သည်ဟု ထင်မှတ်ပါ၏။
2 “Rei Agripa, considero-me feliz de ter hoje a oportunidade de lhe apresentar minha defesa contra todas as acusações feitas pelos líderes judeus,
3 အသျှင်သည် အထူးသဖြင့် ယုဒအမျိုးသားရို့၏ ထုံးတမ်းဓလေ့တိနှင့် ငြင်းခုန်မှုများကိုလည်း ကောင်းစွာသိသော သူဖြစ်၏။ ထို့ကြောင့် အကျွန်၏ လျှောက်လဲချက်ကို သည်းခံ၍ နားထောင်ပီးခြင်းငှာ တောင်းပန်ပါ၏။
3 pois sei que conhece bem todos os costumes e controvérsias dos judeus. Portanto, peço que me ouça com paciência.
4 “အကျွန်သည် ငယ်သောအရွယ်မှ စ၍ ဇာပိုင် နီထိုင်ခကြောင်းကို ယုဒလူမျိုးအပေါင်းရို့သည် သိကြပါ၏။ မိမိ၏ဇာတိမြီ၌ လည်းကောင်း၊ ယေရုဆလင်မြို့၌ လည်းကောင်း အကျွန်၏ဘဝတလျှောက်လုံးကို ဇာပိုင် အသက်ရှင်ခကြောင်း သူရို့အားလုံးသည် သိကြပါ၏။
4 “Como os líderes judeus sabem muito bem, recebi educação judaica completa desde a infância entre meu povo e depois em Jerusalém.
5 သူရို့သည် အကျွန့်ကို အယင်ကတည်းက သိထားပြီးဖြစ်၍ အကျွန်သည် အကျွန်ရို့ဘာသာတရား၌ အတင်းကျပ်ဆုံးသော စည်းကမ်းကို ကျင့်သုံးသည့် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်ကို သူရို့သည် ဆန္ဒဟိလျှင် သက်သီခံနိုင်၏။
5 Também sabem, e talvez estejam dispostos a confirmar, que vivi como fariseu, a seita mais rígida de nossa religião.
6 အဂုတွင် အကျွန်သည် ဤနီရာ၌ ရပ်၍ စစ်ဆီးခြင်းကို ခံရသည်မှာ ဘုရားသခင်သည် အကျွန်ရို့၏ အဖိုးအဖီးရို့အား ပီးတော်မူခသော ကတိတော်ကို မျှော်လင့်နိန်သည့်အတွက်ကြောင့် ဖြစ်ပါ၏ —
6 Agora estou sendo julgado por causa de minha esperança no cumprimento da promessa feita por Deus a nossos antepassados.
7 မျိုးနွယ်တစ်ဆယ့်နှစ်မျိုးနွယ်ဖြစ်သော ဣသရေလလူမျိုးရို့သည် နိ့၊ ညဉ့်မပြတ် ဘုရားဝတ်ပြုကာ ထိုကတိတော်အတိုင်း ပြည့်စုံလိမ့်မည်ဟု မျှော်လင့်လျက် ဟိကြပါ၏။ အသျှင်မင်းကြီး၊ အကျွန်သည် ထိုကဲ့သို့ မျှော်လင့်လျက် နိန်သောကြောင့် ယုဒလူမျိုးရို့သည် အကျွန့်ကို ဤသို့ စွပ်စွဲကြခြင်း ဖြစ်ပါ၏။
7 De fato, é por isso que as doze tribos de Israel adoram a Deus fervorosamente, dia e noite, e compartilham da mesma esperança que eu. E, no entanto, ó rei, acusam-me por causa dessa esperança!
8 ဘုရားသခင်သည် သီလွန်သောသူရို့အား ပြန်၍ ထမြောက်စီတော်မူမည်ကို ဇာကြောင့် မဖြစ်နိုင်ဟု ထင်မှတ်ကြသနည်း” ဟု ပြောဆို၏။
8 Por que lhes parece tão incrível que Deus ressuscite os mortos?
9 အကျွန်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေသျှု၏နာမတော်အား ဆန့်ကျင်ရန် ဖြစ်နိုင်သမျှအမှုအားလုံးကို ပြုသင့်သည်ဟု ယူဆခပါ၏။
9 “Eu costumava pensar que era minha obrigação empenhar-me em me opor ao nome de Jesus, o nazareno.
10 ထိုအမှုကား ယေရုဆလင်မြို့၌ အကျွန် ပြုခသော အမှုဖြစ်ပါ၏။ အကျွန်သည် ယဇ်ပုရောဟိတ်အကြီးအကဲပါးမှ အခွင့်အာဏာဖြင့် များစွာသော ဘုရားသခင်၏လူတိကို ထောင်၌ အကျဉ်းချထားခ၏။ သူရို့အား အသီသတ်ခြင်းငှာ စီရင်သောအခါ၌ အကျွန်သည်လည်း သဘောတူခပါ၏။
10 Foi exatamente o que fiz em Jerusalém. Com autorização dos principais sacerdotes, fui responsável pela prisão de muitos dentre o povo santo. E eu votava contra eles quando eram condenados à morte.
11 တရားဇရပ်များတွင် အကျွန်သည် သူရို့အား အကြိမ်ပေါင်းများစွာ ပြစ်ဒဏ်ပီး၍ သူရို့၏အယူဝါဒကို စွန့်လွှတ်ကြစီရန် ကြိုးစားဆောင်ရွက်ခပါ၏။ အကျွန်သည် သူရို့ကို မုန်းတီးသဖြင့် တစ်ကျွန်းတစ်နိုင်ငံများသို့ပင် လား၍ သူရို့ကို ညှဉ်းဆဲနှိပ်စက်ခပါ၏။
11 Muitas vezes providenciei que fossem castigados nas sinagogas, a fim de obrigá-los a blasfemar. Eu me opunha a eles com tanta violência que os perseguia até em cidades estrangeiras.
12 “အကျွန်သည် ထိုရည်ရွယ်ချက်ဖြင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့ပါးမှ အခွင့်အာဏာနှင့် ဒမာသက်မြို့သို့ လားခ၏။
12 “Certo dia, numa dessas missões, dirigia-me a Damasco, autorizado e incumbido pelos principais sacerdotes.
13 အသျှင်မင်းကြီး၊ ထိုလမ်းမထက်တွင် မွန်းတည့်အချိန်၌ အာကာမှ နီလုံးထက် ထွန်းတောက်သည့် အလင်းတန်းသည် အကျွန်မှစ၍ အကျွန်နှင့်အတူ ခရီးလားနိန်ကြသောသူရို့ ပတ်လည်တွင် ထွန်းတောက်သည်ကို အကျွန် မြင်ရပါ၏။
13 Por volta do meio-dia, ó rei, ainda a caminho, uma luz do céu, mais intensa que o sol, brilhou sobre mim e meus companheiros.
14 ထိုအခါ အကျွန်ရို့အားလုံးသည် မြီထက်တွင် လဲကျလားပြီးနောက် ‘သျှောလု၊ သျှောလု ဇာကြောင့် ငါ့ကို ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြီနှင့် ကျောက်လျှင် ခက်လှ၏’ ဟူ၍ ဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အကျွန်သည် ကြားရ၏။
14 Todos nós caímos no chão, e eu ouvi uma voz que me dizia em aramaico: ‘Saulo, Saulo, por que você me persegue? Não adianta lutar contra minha vontade’.
15 ထိုအခါ အကျွန်ကလည်း ‘အသျှင်ကား ဇာသူနည်း’ ဟု မိန်း၏။ အသျှင်ကလည်း ‘ငါကား သင် ညှည်းဆဲနိန်သော ယေသျှုပင်ဖြစ်၏။
15 “‘Quem és tu, Senhor?’, perguntei. “E o Senhor respondeu: ‘Sou Jesus, a quem você persegue.
16 သို့သော် သင်ထ၍ သင့်ခြီထောက်ထက်မှာ သင်ရပ်လော့။ ငါသည် သင့်အား ငါ၏အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းငှာ ပေါ်လာရခြင်းဖြစ်၏။ သင်သည် ဤနိ့၌ ငါ့ကို မြင်သောအကြောင်းနှင့် နောင်အခါ၌ ငါသည် သင့်အား ဖော်ပြပီးမည့် အရာများကို အခြားလူရို့အား ပြောပြလော့။
16 Agora levante-se, pois eu apareci para nomeá-lo meu servo e minha testemunha. Conte o que viu e o que eu lhe mostrarei no futuro.
17 ငါသည် သင့်အား ဣသရေလလူမျိုးရို့၏ လက်မှလည်းကောင်း၊ တခြားလူမျိုးရို့၏ လက်မှလည်းကောင်း ကယ်နုတ်မည်။ ထိုသူရို့ပါးသို့ သင့်ကို ငါ စီရွှတ်ပြီးလျှင်၊
17 E eu o livrarei tanto de seu povo como dos gentios. Sim, eu o envio aos gentios
18 သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
18 para abrir os olhos deles a fim de que se voltem das trevas para a luz, e do poder de Satanás para Deus. Então receberão o perdão dos pecados e a herança entre o povo de Deus, separado pela fé em mim’.
19 “ထို့ကြောင့်၊ အဂြိပ္ပမင်းကြီး၊ အကျွန်သည် ကောင်းကင်မှ ဖြစ်သော ထိုဗျာဒိတ်တော်ကို မနာခံဘဲ နီလို့မရပါ။
19 “Portanto, rei Agripa, obedeci à visão celestial.
20 ဦးစွာ ဒမာသက်မြို့မှစ၍ ယေရုဆလင်မြို့၌ လည်းကောင်း၊ ယုဒပြည်အရပ်ရပ်၌ လည်းကောင်း၊ တခြားလူမျိုးတိကြား၌ လည်းကောင်း၊ အကျွန်ဟောပြောသည်မှာ လူရို့သည် မိမိရို့၏ အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ လှည့်လာရမည်။ ထို့နောက် နောင်တရကြောင်းကို မိမိရို့၏ လုပ်ဆောင်ချက်ဖြင့် ပြသရမည် ဟူ၍ ဖြစ်ပါ၏။
20 Anunciei a mensagem primeiro em Damasco, depois em Jerusalém e em toda a Judeia, e também aos gentios, dizendo que todos devem arrepender-se, voltar-se para Deus e mostrar, por meio de suas boas obras, que mudaram de rumo.
21 ဤအကြောင်းကြောင့် ယုဒလူရို့သည် အကျွန့်ကို ဗိမာန်တော်၌ ဖမ်းဆီး၍ အသီသတ်ခြင်းငှာ ကြိုးစားကြပါ၏။
21 Alguns judeus me prenderam no templo por anunciar essa mensagem e tentaram me matar.
22 သို့ပင်သျှောင် ဘုရားသခင်၏ ကူညီမစခြင်းကို ခံရသောကြောင့် အကျွန်သည် ဤအရပ်၌ အသက်ကြီးသောသူနှင့် ငယ်ရွယ်သောသူ အားလုံးကို သက်သီခံရသော အခွင့်ကို ရဟိခြင်းဖြစ်ပါ၏။ အကျွန်၏ ဟောပြောချက်သည် ဖြစ်ပျက်လာမည့်အကြောင်းနှင့်ပက်သက်၍ မောသျှေနှင့် ပရောဖက်များ ဟောပြောခသည့် အတိုင်းပင်ဖြစ်၏။
22 Mas Deus tem me protegido até este momento, para que eu dê testemunho a todos, dos mais simples até os mais importantes. Não ensino nada além daquilo que os profetas e Moisés disseram que haveria de acontecer,
23 ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။
23 que o Cristo sofreria e seria o primeiro a ressuscitar dos mortos e, desse modo, anunciaria a luz de Deus tanto aos judeus como aos gentios”.
24 ပေါလုသည် ထိုသို့ ခုခံချေပနိန်စဉ်၊ ဖေတ္တုမင်းကလည်း “ပေါလု၊ သင်သည် အရူးဖြစ်၏။ သင်သည် အတတ်လွန်၍ အရူးဖြစ်လေယာ” ဟု ဆို၏။
24 De repente, Festo gritou: “Paulo, você está louco! O excesso de estudo o fez perder o juízo!”.
25 ပေါလုကလည်း “မြတ်သော ဖေတ္တုမင်း၊ အကျွန် အရူး မဟုတ်ပါ။ လေးနက်သော အမှန်တရားကိုရာ လျှောက်ထားခြင်းဖြစ်ပါ၏။
25 Mas Paulo respondeu: “Não estou louco, excelentíssimo Festo. Digo a mais sensata verdade,
26 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ဤအကြောင်းအရာတိကို သိထားပြီးဖြစ်၍ ရှိ့တော်၌ ရဲ့ဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါ၏။ ဤအမှုသည် ဆိတ်ကွယ်သော အရပ်၌ ဖြစ်ပျက်ခသည့်အရာ မဟုတ်သောကြောင့် ဤအမှုအားလုံးကို အသျှင်သည် သိမှတ်ပြီးဖြစ်ကြောင်း အကျွန် ယုံကြည်ပါ၏။
26 e o rei Agripa sabe dessas coisas. Expresso-me com ousadia porque tenho certeza de que esses acontecimentos são todos de conhecimento dele, pois não se passaram em algum canto escondido.
27 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ပရောဖက်ကျမ်းတိကို ယုံကြည်သလော။ အသျှင် ယုံကြည်ကြောင်းကို အကျွန် သိပါ၏” ဟု လျှောက်လေ၏။
27 Rei Agripa, o senhor crê nos profetas? Eu sei que sim”.
28 အဂြိပ္ပမင်းကြီးကလည်း ပေါလုအား “ဤမျှ အချိန်တိုတိုအတွင်းမှာ ငါ့ကို ခရစ်ယာန်တစ်ယောက် ဖြစ်နိုင်အောင် ဖျားယောင်းနိုင်လိမ့်မည်ဟု သင်သည် ထင်မိသလော” ဟု ဆို၏။
28 Então Agripa o interrompeu: “Você acredita que pode me convencer a tornar-me cristão em tão pouco tempo?”.
29 ထိုအခါ ပေါလုက “အချိန်ကာလသည် အဓိက မဟုတ်ပါ။ မင်းကြီးနှင့်တကွ ဤနိ့တွင် အကျွန်ပြောဆိုသမျှကို နားထောင်သောသူ အပေါင်းရို့သည် တုပ်နှောင်ခံရခြင်းမှတစ်ပါး အကျွန့်ပိုင် ဖြစ်လာစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပီးပါ၏” ဟု ဆိုလေ၏။
29 Paulo respondeu: “Em pouco ou em muito tempo, peço a Deus que tanto o senhor como os demais aqui presentes se tornem como eu, exceto por estas correntes”.
30 ထို့နောက် မင်းကြီး၊ ဘုရင်ခံ၊ ဗေရနိတ်နှင့်အတူတကွ ထိုင်နိန်ကြသော အဖွဲ့ဝင်အပေါင်းရို့သည် ထလာကြ၏။
30 Então o rei, o governador, Berenice e todos os outros se levantaram e se retiraram.
31 သူရို့သည် ထိုအခန်းမှ ထွက်လာပြီးနောက် သူရို့အချင်းချင်း “ဤသူသည် သီထိုက်သော အပြစ်ကိုသော်လည်းကောင်း၊ အကျဉ်းခံထိုက်သော အပြစ်ကိုသော်လည်းကောင်း မပြု” ဟု ပြောဆို ကြ၏။
31 Enquanto saíam, conversavam entre si e concordaram: “Esse homem não fez nada que mereça morte ou prisão”.
32 ထို့နောက် အဂြိပ္ပကလည်း “ဤသူသည် ဧကရာဇ်ဘုရင်ထံသို့ အယူခံဝင်ရန် မလျှောက်လျှင် သူ့အား လွှတ်ပီးနိုင်၏” ဟု ဖေတ္တုမင်းအား ဆို၏။
32 E Agripa disse a Festo: “Ele poderia ser posto em liberdade se não tivesse apelado a César”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.