Atos 21

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ငါရို့သည် ထိုသူရို့အား နှုတ်ဆက် ထွက်ခွာလာပြီးနောက် ကောသကျွန်းသို့ တည့်တည့်ရွက်ရွှင့်ရာ နောက်တစ်နိ့၌ ရောဒုကျွန်းသို့ ရောက်ကြပြီး ထိုကျွန်းမှ ပတရမြို့သို့ ခရီးဆက်ကြ၏။
1 Depois de nos separarmos dele, embarcamos e fomos em direção a Cós, e no dia seguinte a Rodes e dali a Pátara.
2 ထိုမြို့၌ ဖိနိတ်ပြည်သို့ ကူးသော သင်္ဘောကိုတွိ့လျှင် ထိုသင်္ဘောထက်သို့ တက်၍ ရွက်ရွှင့်ကြ၏။
2 Encontramos aí um navio que ia partir para a Fenícia. Entramos e seguimos viagem.
3 ငါရို့သည် ကုပရုကျွန်းကို မြင်ရသောအခါ ထိုကျွန်း၏တောင်ဖက်အရပ်မှ ဖြတ်၍ ယှုရိပြည်သို့ ရွက်ရွင့်ကြလေ၏။ တုရုမြို့၌ ကုန်ပစ္စည်းများကို ချရမည်ဖြစ်သောကြောင့် သင်္ဘောသည် ထိုမြို့တွင် ဆိုက်ကပ်လေ၏။
3 Quando estávamos à vista de Chipre, deixando-a à esquerda, continuamos rumo à Síria e aportamos em Tiro, onde o navio devia ser descarregado.
4 ထိုအရပ်တွင် ယုံကြည်သူတချို့ကို ငါရို့သည် တွိ့သဖြင့် ထိုသူရို့နှင့်အတူ ရက်သတ္တတစ်ပတ် တည်းခိုကြ၏။ ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ထိုသူရို့သည် ပေါလုအား ယေရုဆလင်မြို့သို့ မလားစီခြင်းငှာ ပြောကြ၏။
4 Como achássemos uns discípulos, detivemo-nos com eles por sete dias. Eles, sob a inspiração do Espírito, aconselhavam Paulo que não subisse a Jerusalém.
5 သို့ပိုင်သျှောင် ခုနစ်ရက်လွန်သောအခါ ငါရို့သည် ထိုအရပ်မှ ထွက်၍ ငါရို့၏ ခရီးစဉ်အတိုင်း ခရီးဆက်ကြ၏။ သူရို့သည်လည်း မိမိရို့၏မယားတိ၊ အချေတိနှင့်အတူ မြို့ပြင်ကမ်းခြီသို့ လိုက်ပို့ကြ၏။ ထိုနီရာတွင် ငါရို့အားလုံးသည် ဒူးထောက်ပြီး ဆုတောင်းကြ၏။
5 Mas, passados que foram esses dias, partimos e seguimos a nossa viagem. Todos eles com suas mulheres e filhos acompanharam-nos até fora da cidade. Ajoelhados na praia, fizemos a nossa oração.
6 ထို့နောက် ငါရို့သည် အချင်းချင်း နှုတ်ဆက်ပြီး သင်္ဘောထက်သို့ တက်ကြ၏။ သူရို့သည်လည်း မိမိအိမ်သို့ ပြန်ကြ၏။
6 Despedimo-nos então e embarcamos, enquanto eles voltaram para suas casas.
7 ငါရို့သည် တုရုမြို့မှ ခရီးဆက်ကြပြန်၍ ပတောလင်မြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ယုံကြည်သူများနှင့် တွိ့၍ မိတ်ဆက်ပြီး ထိုသူရို့၌ တစ်ရက်တာ တည်းခိုကြ၏။
7 Navegando, fomos de Tiro a Ptolemaida, onde saudamos os irmãos, passando um dia com eles.
8 နောက်တစ်နိ့၌ ငါရို့သည် ထိုမြို့မှ ထွက်ခွာလျှင် ကဲသရိမြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ဧဝံဂေလိဆရာ ဖိလိပ္ပု၏အိမ်၌ တည်းခိုကြ၏။ ထိုဖိလိပ္ပုမူကား၊ ယေရုဆလင် အသင်းတော်မှ ရွီးချယ်ထားသော ဆရာခုနစ်ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်၏။
8 Partindo no dia seguinte, chegamos a Cesaréia e, entrando na casa de Filipe, o Evangelista, que era um dos sete {diáconos}, ficamos com ele.
9 သူ၌ အိမ်ထောင်မပြုရသိမ့်သော သမီးလေးယောက် ဟိ၏။ သူမရို့သည် ဘုရားသခင်၏ သတင်းတော်ကို ဟောပြောကြေငြာသော သူများဖြစ်၏။
9 Tinha quatro filhas virgens que profetizavam.
10 အကျွန်ရို့သည် ထိုအိမ်တွင် ရက်တာရှည်စွာ တည်းခိုကြသောအခါ၊ အာဂဗုဟု နာမည်ဟိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှ ရောက်လာ၏။
10 Já estávamos aí fazia alguns dias, quando chegou da Judéia um profeta, chamado Ágabo.
11 ထိုသူသည် အကျွန်ရို့ပါးသို့ လာ၍ ပေါလု၏ ခါးပတ်ကြိုးကို ယူပြီးလျှင်၊ မိမိ၏ခြီနှင့် လက်တိကို တုပ်နှောင်ကာ “ဤခါးပတ်ကြိုး ပိုင်သျှင်သည် ယေရုဆလင်မြို့၌ ဟိသောယုဒလူမျိုးရို့၏ ဤပိုင် တုပ်နှောင်ခြင်းကို ခံရပြီးလျှင် တခြားလူမျိုးရို့၏ လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်ဟု သန့်ယှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟူ၍ ဆိုလေ၏။
11 Veio ter conosco, tomou o cinto de Paulo e, amarrando-se com ele pés e mãos, disse: Isto diz o Espírito Santo: assim os judeus em Jerusalém ligarão o homem a quem pertence este cinto e o entregarão às mãos dos pagãos.
12 ထိုစကားကို ကြားကြသောအခါ အကျွန်ရို့နှင့် ထိုအရပ်၌ ဟိသောလူရို့သည် ပေါလုအား ယေရုဆလင်မြို့သို့ ဆက်မလားရန် တောင်းပန်ကြ၏။
12 A estas palavras, nós e os fiéis que eram daquele lugar, rogamos-lhe que não subisse a Jerusalém.
13 သို့ရာတွင် ပေါလုက၊ “သင်ရို့သည် ဇာကြောင့် ဤပိုင် ငိုယိုပြီးလျှင် ငါ့နှလုံးကို ကြီကွဲအောင် လုပ်နိန်ကြသနည်း။ ငါသည် အသျှင်ယေသျှု၏ နာမအဖို့အလို့ငှာ ယေရုဆလင်မြို့၌ တုပ်နှောင်ခံရန် သာမက အသီခံရန်ပင် အသင့်ဟိ၏” ဟု ပြန်ပြောလေ၏။
13 Paulo, porém, respondeu: Por que chorais e me magoais o coração? Pois eu estou pronto não só a ser preso, mas também a morrer em Jerusalém pelo nome do Senhor Jesus.
14 အကျွန်ရို့လည်း ပေါလုအား ဖျောင်းဖျ၍ မရသောကြောင့် “သခင်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါစီ” ဟု ဆို၍ လက်လျော့လိုက်ကြ၏။
14 Como não pudéssemos persuadi-lo, desistimos, dizendo: Faça-se a vontade do Senhor!
15 ထိုနီရာ၌ ကာလအင်တန်ကြာပြီးနောက်၊ အကျွန်ရို့သည် ပစ္စည်းများကို ထုပ်ပိုးကြပြီး ယေရုဆလင်မြို့သို့ ခရီးဆက်ကြ၏။
15 Depois desses dias, terminados os preparativos, subimos a Jerusalém.
16 ကဲသရိမြို့မှ တပည့်တော်တချို့သည်လည်း အကျွန်ရို့နှင့်အတူ လိုက်ကြပြီး ကုပရုကျွန်းသား ယုံကြည်သူ လူဟောင်းတစ်ဦးဖြစ်သူ မနာသုန်အိမ်၌ တည်းခိုခြင်းငှာ အကျွန်ရို့အား ခေါ်လားကြ၏။
16 Foram também conosco alguns dos discípulos de Cesaréia, que nos levaram à casa de Menason de Chipre, um antigo discípulo em cuja casa nos devíamos hospedar.
17 ယေရုဆလင်မြို့သို့ အကျွန်ရို့ရောက်ကြသောအခါ၊ ယုံကြည်သူများက အကျွန်ရို့ကို နွီးထွီးစွာကြိုဆိုကြ၏။
17 À nossa chegada em Jerusalém, os irmãos nos receberam com alegria.
18 နောက်တစ်နိ့၌ ပေါလုသည် အကျွန်ရို့နှင့်အတူ ယာကုပ်ပါးသို့ လားရောက်တွိ့ဆုံ၏။ အသင်းတော်လူကြီး အပေါင်းရို့လည်း သူ့ထံ၌ ရောက်နိန်ကြ၏။
18 No dia seguinte, Paulo dirigiu-se conosco à casa de Tiago, onde todos os anciãos se reuniram.
19 ပေါလုသည် ထိုသူရို့အား မိတ်ဆက်ပြီးနောက် မိမိ၏အမှုတော်အားဖြင့် တခြားလူမျိုးရို့၌ ဘုရားသခင်ပြုတော်မူသော အမှုအရာအလုံးစုံတိကို ပြည့်စုံစွာ တင်ပြတော်မူ၏။
19 Tendo-os saudado, contou-lhes uma por uma todas as coisas que Deus fizera entre os pagãos por seu ministério.
20 ထိုသို့ တင်ပြသမျှကို ကြားပြီးသည့်နောက်၊ သူရို့အားလုံးသည် ဘုရားသခင်အား ချီးမွမ်းကြ၏။ ထို့နောက် သူရို့အပေါင်းက “ညီအစ်ကို ပေါလု၊ သင်မြင်သည့်အတိုင်း ထောင်ပေါင်းများစွာသော ယုဒလူများသည် ယုံကြည်သူများ ဖြစ်လာကြပြီး ထိုသူအပေါင်းရို့သည်လည်း ပညတ်တရားကို ဆည်းကပ်စွဲလန်းသောသူတိ ဖြစ်ကြ၏။
20 Ouvindo isso, glorificaram a Deus e disseram a Paulo: Bem vês, irmão, quantos milhares de judeus abraçaram a fé sem abandonar seu zelo pela lei.
21 သင်သည် တခြားလူမျိုးရို့ကြား၌ နီထိုင်ကြသော ယုဒလူမျိုးတိအား မောသျှေ၏တရားကို စွန့်ပစ်စီရန် လည်းကောင်း သူရို့၏ အချေတိအား အရီဖျားလှီးခြင်းကို မခံစီခြင်းငှာ လည်းကောင်း၊ ယုဒထုံးတမ်းကို မလိုက်နာကြစီရန် လည်းကောင်း သွန်သင်ပီးနီကြောင်းကို သူရို့သည် ကြားသိကြ၏။
21 Eles têm ouvido dizer de ti que ensinas os judeus, que vivem entre os gentios, a deixarem Moisés, dizendo que não devem circuncidar os seus filhos nem observar os costumes {mosaicos}.
22 သင် ရောက်လာကြောင်းကို ထိုသူရို့ ကြားကြမည်မှာ သေချာပါ၏။ သို့ဖြစ်၍ ဇာပိုင် လုပ်ရပါမည်နည်း။
22 Que se há de fazer? Sem dúvida, saberão de tua chegada.
23 ထို့ကြောင့် ငါရို့ပြောသည့်အတိုင်း လုပ်ပါလော။ သစ္စာပြုပြီးသော လူလေးယောက်သည် ဤအရပ်၌ ဟိပါ၏။
23 Faze, pois, o que te vamos dizer. Temos aqui quatro homens que têm um voto.
24 ထိုသူရို့ကို ခေါ်လားပြီးလျှင် စင်ကြယ်ခြင်း မင်္ဂလာကို သူရို့နှင့်အတူ ပြုပါလော့။ သူရို့သည် ဂေါင်းရိတ်ခြင်းကို ပြုနိုင်စီခြင်းငှာ သူရို့အတွက် ကုန်ကျစရိတ်ကို သင် ပီးပါလော့။ ထိုသို့ ပြုပါလျှင် သူရို့ ကြားခကြသော သင်၏အကြောင်းမှာ မှန်ကန်မှု မဟိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် မောသျှေ၏ ပညတ်တရားအတိုင်း အသက်ရှင်ကြောင်းကိုလည်းကောင်း သိကြပါလိမ့်မည်။
24 Toma-os contigo, faze com eles os ritos da purificação e paga por eles {a oferta obrigatória} para que rapem a cabeça. Então todos saberão que é falso quanto de ti ouviram, mas que também tu guardas a lei.
25 သို့ပိုင်သျှောင် တခြားလူမျိုးမှ ယုံကြည်သူ ဖြစ်လာသောလူရို့အတွက်ကား၊ ရုပ်တုကို ပူဇော်ထားသော အစားအစာများကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း၊ လိုင်ပင်းကို လိမ်၍ သတ်သောအသားနှင့် မတရားသောမေထုန်ကိုလည်းကောင်း ယှောင်ကြရန် ငါရို့ စီရင်ဆုံးဖြတ်ချက်ကို စာရီး၍ ပို့ပြီးပါယာ” ဟု ဆိုကြ၏။
25 Mas a respeito dos que creram dentre os gentios, já escrevemos, ordenando que se abstenham do que for sacrificado aos ídolos, do sangue, da carne sufocada e da fornicação.
26 ထို့ကြောင့် နောက်တစ်နိ့၌ ပေါလုသည် ထိုလူလေးယောက်ရို့ကို ခေါ်ပြီးလျှင် သူရို့နှင့်အတူ စင်ကြယ်ခြင်းမင်္ဂလာကို ခံယူ၏။ ထို့နောက် သူသည် ဗိမာန်တော်ထဲသို့ ဝင်လား၍ သူရို့အတွက် တစ်ယောက်ချင်းစီ ပူဇော်သကာဆက်သရမည့် အချိန်တည်းဟူသော သန့်စင်ခြင်းကိုပြုရသော ပြီးဆုံးမည့်နိ့ရက်အချိန်ကို ပြောလေ၏။
26 Então Paulo acompanhou aqueles homens no dia seguinte e, purificando-se com eles, entrou no templo e fez aí uma declaração do termo do voto, findo o qual se devia oferecer um sacrifício a favor de cada um deles.
27 ထိုခုနစ်ရက်တာ ကာလကုန်ဆုံး လုသောအခါ အာယှိမှ လာသော ယုဒလူအချို့သည် ဗိမာန်တော်၌ ပေါလုကို မြင်တော်မူ၏။ သူရို့သည် စုဝေးလျက်ဟိသော လူအပေါင်းရို့၏စိတ်ကို ထိုးဆွ၍ ပေါလုအား ဖမ်းဆီးကြ၏။
27 Ao fim dos sete dias, os judeus, vindos da Ásia, viram Paulo no templo e amotinaram todo o povo. Lançando-lhe as mãos,
28 သူရို့က “ဣသရေလအမျိုးသားရို့၊ အကျွန်ရို့ကို ကူမကြပါ။ ဤသူသည် လားသောနီရာတိုင်းမှာ ငါရို့လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤအရပ်ကိုလည်းကောင်း ဆန့်ကျင်ပြီး သွန်သင်နိန်သောသူ ဖြစ်ပါ၏။ အဂုလည်း ဤသူသည် သန့်ယှင်းသော ဌာနတော်ကို ညစ်ညူးစီရုံသာမက ဤဗိမာန်တော်ထဲကိုလည်း တခြားလူမျိုးတချို့ကို ခေါ်သွင်းလီယာ” ဟု ဟစ်အော်ကြ၏။
28 gritavam: Ó judeus, valei-nos! Este é o homem que por toda parte prega a todos contra o povo, a lei e o templo. Além disso, introduziu até gregos no templo e profanou o lugar santo.
29 ဤသို့ သူရို့ပြောရခြင်းကား၊ ပေါလုအား ဧဖက်မြို့မှ တရောဖိမ်ဟု အမည်ဟိသော သူနှင့်အတူ မြို့ထဲ၌ တွိ့မြင်ခသဖြင့် ထိုသူအား ပေါလုသည် ဗိမာန်တော်ထဲသို့ ခေါ်သွင်းသည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
29 É que tinham visto Trófimo, de Éfeso, com ele na cidade, e pensavam que Paulo o tivesse introduzido no templo.
30 တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ လူရို့သည်လည်း တညီတညွတ်တည်း ဗြီးလာကာ ပေါလုအား ဖမ်းဆီးပြီး ဗိမာန်တော်၏ အပြင်ဖက်သို့ ဆွဲခေါ်လားကြ၏။ ထို့နောက် ချက်ချင်းပင် ဗိမာန်တော်၏ တန်းခါးများကို ပိတ်လိုက်ကြ၏။
30 Alvoroçou-se toda a cidade com grande ajuntamento de povo. Agarraram Paulo e arrastaram-no para fora do templo, cujas portas se fecharam imediatamente.
31 လူရို့သည် ပေါလုအား အသီသတ်ခြင်းငှာ ကြိုးစားနိန်စဉ်၊ ရောမတပ်မှူးသည် ယေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နိန်ကြောင်းကို သတင်းရလေ၏။
31 Como quisessem matá-lo, o tribuno da coorte foi avisado de que toda Jerusalém estava amotinada.
32 ရောမတပ်မှူးသည်လည်း စစ်သားတိနှင့် တပ်ခွဲမှူးတချို့ကို ချက်ချင်း ခေါ်၍ သူရို့ဟိရာသို့ ချက်ချင်းပင် ဗြီးလာကြ၏။ လူအပေါင်းရို့သည်လည်း ထိုသို့ ရောမတပ်မှူးနှင့် စစ်သားရို့ လာကြသည်ကို မြင်လျှင် ပေါလုကို မသတ်ဘဲ နီကြ၏။
32 Ele tomou logo soldados e oficiais e correu aos manifestantes. Estes, ao avistarem o tribuno e os saldados, cessaram de espancar Paulo.
33 ထိုအခါ တပ်မှူးသည် ပေါလု အနားသို့ရောက်လာ၍ ဖမ်းပြီး၊ သံကြိုးနှစ်ပင်ဖြင့် တုပ်နှောင်ကာ ထားစီ၏။ ထို့နောက် တပ်မှူးက “ဤသူကား ဇာသူနည်း၊ ဇာအမှုကို ပြုသနည်း” ဟု မိန်းမြန်းလေ၏။
33 Aproximando-se então o tribuno, prendeu-o e mandou acorrentá-lo com duas cadeias. Perguntou então quem era e o que havia feito.
34 လူအပေါင်းရို့ထဲမှ တချို့ကလည်း တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည် အဖြစ်မှန်ကို မသိနိုင်ဖြစ်၍၊ ပေါလုအား တပ်စခန်းထဲသို့ ခေါ်ဆောင်လားရန် မိမိလူရို့အား အမိန့်ပီးလေ၏။
34 Na multidão todos gritavam de tal modo que, não podendo apurar a verdade por causa do tumulto, mandou que fosse recolhido à cidadela.
35 လူရို့သည် ရုန်းရင်းဆန်ခတ်ဖြစ်သောကြောင့် လှီကားသို့ ရောက်သောအခါ စစ်သားရို့သည် ပေါလုကို ပွိ့မ၍ ယူရကြ၏။
35 Quando Paulo chegou às escadas, foi carregado pelos soldados, por causa do furor da multidão.
36 လူအပေါင်းရို့သည်လည်း “ယင်းသူကို အသီသတ်ပါ” ဟု ဟစ်အော်လျက် နောက်မှ လိုက်လာကြ၏။
36 O povo o seguia em massa dizendo aos gritos: À morte
37 စစ်သားရို့က ပေါလုအား တပ်စခန်းထဲသို့ ခေါ်ယူမည်ပြုစဉ်၊ ပေါလုက တပ်မှူးအား “သင်နှင့် ငါ စကား စိကေချေ ပြောခွင့်ပီးပါ” ဟု တောင်းလျှင်၊
37 Quando estava para ser introduzido na fortaleza, Paulo perguntou ao tribuno: É-me permitido dizer duas palavras? Este respondeu: Sabes o grego!
38 သင်သည် မကြာသိမ့်သော အချိန်က ပုန်ကန်မှုကို အစပြုခပြီး ဓားပြ ၄,၀၀၀ အား တောကန္တာရသို့ ခေါ်လားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လော” ဟု မိန်းလေ၏။
38 Não és tu, portanto, aquele egípcio que há tempos levantou um tumulto e conduziu ao deserto quatro mil extremistas?
39 ထိုအခါ ပေါလုက “ငါသည် ကိလိကိပြည် တာယှုမြို့၌ မွီးဖွားသော ယုဒလူမျိုးဖြစ်ပြီး သာမည မြို့သား မဟုတ်ပါ။ ဤသူရို့အား စကားပြောရသောအခွင့် ပီးပါ” ဟု တောင်းပန်လေ၏။
39 Paulo replicou: Eu sou judeu, natural de Tarso, na Cilícia, cidadão dessa ilustre cidade. Mas rogo-te que me permitas falar ao povo.
40 တပ်မှူးသည်လည်း အခွင့်ပီးလေ၏။ ထိုအခါ ပေါလုသည် လှီကားထက်တွင် မတ်တပ်ရပ်၍ ဆိတ်ဆိတ်နိန်ရန် လက်ဖြင့် အချက်ပြလေ၏။ လူရို့သည် တိတ်ဆိတ်စွာ နီကြသောအခါ ပေါလုသည် ဟေဗြဲဘာသာစကားဖြင့် ပြောဆိုသည်မှာ၊
40 O tribuno lho permitiu. Paulo, em pé nos degraus, acenou ao povo com a mão e se fez um grande silêncio. Falou em língua hebraica do seguinte modo:

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.