Atos 20

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထိုရုန်းရင်းခတ်သောအမှု ပြီးလားသည့်နောက် ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ အားပီးစကားပြောပြီး နှုတ်ဆက်လေ၏။ ထို့နောက် သူသည် မာကေဒေါနိပြည်သို့ ထွက်ခွာလားလေ၏။
1 Cessado o tumulto, Paulo mandou chamar os discípulos e, depois de encorajá-los, despediu-se e partiu para a Macedônia.
2 သူသည် ထိုဒေသတလျှောက်သို့လားကာ လူတိကို များစွာသော တရားစကားဖြင့် တိုက်တွန်းနှိုးဆော်ပြီးလျှင် အခါယပြည်သို့ လား၍၊
2 Viajou por aquela região, encorajando os irmãos com muitas palavras e, por fim, chegou à Grécia,
3 သူသည် ထိုပြည်၌ သုံးလတိုင်တိုင် တည်းခိုလေ၏။ ထို့နောက် ယှုရိပြည်သို့ သင်္ဘောဖြင့် ရွက်ရွှင့်မည်ပြုစဉ် ယုဒလူရို့သည် မိမိအား လုပ်ကြံရန် ကြံစည်နိန်သည်ကို သိသဖြင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု စိတ်ပိုင်းဖြတ်လေ၏။
3 onde ficou três meses. Quando estava a ponto de embarcar para a Síria, os judeus fizeram uma conspiração contra ele; por isso decidiu voltar pela Macedônia,
4 ပေါလုနှင့်အတူ အာယှိပြည်သို့ လိုက်သောသူရို့မှာ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာယှိပြည်သား တုခိတ်နှင့် တရောဖိမ်ရို့ဖြစ်ကြ၏။
4 sendo acompanhado por Sópatro, filho de Pirro, de Beréia; Aristarco e Secundo, de Tessalônica; Gaio, de Derbe; e Timóteo, além de Tíquico e Trófimo, da província da Ásia.
5 ထိုသူရို့သည် အရှိ့မှ လား၍ တရောမြို့တွင် ငါရို့ကို စောင့်နိန်ကြ၏။
5 Esses homens foram adiante e nos esperaram em Trôade.
6 ငါရို့မူကား အဇုမပွဲတည်းဟူသော တဆီးမဲ့မုန့်ပွဲ လွန်ပြီးနောက် ဖိလိပ္ပိမြို့မှ သင်္ဘောဖြင့် ရွက်ရွှင့်လာခရာ ငါးရက်ကြာပြီးနောက် သူရို့ဟိရာ တရောမြို့သို့ ရောက်၍ ထိုနီရာ၌ ခုနစ်ရက်တည်းခိုနိန်ကြ၏။
6 Navegamos de Filipos, após a festa dos pães sem fermento, e cinco dias depois nos reunimos com os outros em Trôade, onde ficamos sete dias.
7 စနီနိ့ ညဇာဖက်၌ ငါရို့သည် အတူတကွ မိတ်ဆုံ စားသုံးခြင်းငှာ စုရုံးကြ၏။ နောက်တစ်နိ့တွင် ပေါလုသည် ထိုမြို့မှ ထွက်လားရန် အကြံဟိသဖြင့် သန်းခေါင်ယံတိုင်အောင် လူတိအား သွန်သင်လျက်ဟိ၏။
7 No primeiro dia da semana reunimo-nos para partir o pão, e Paulo falou ao povo. Pretendendo partir no dia seguinte, continuou falando até à meia-noite.
8 ငါရို့ စည်းဝေးရာ အထက်ခန်း၌ ထွန်းညှိထားသော မီးခွက်များစွာဟိ၏။
8 Havia muitas candeias no piso superior onde estávamos reunidos.
9 ပေါလုသည် ကြာမြင့်စွာ ဟောပြောသဖြင့် ဥတုခု ဟု နာမည်ဟိသော လူငယ်တစ်ယောက်သည် ပြတင်းပေါက်နား၌ ထိုင်၍ ငိုက်မျိုင်းအိပ်ပျော်နိန်၏။ နောက်ဆုံး သူသည် နှိုက်နှိုက်ချိုက်ချိုက် အိပ်မောကျသောကြောင့် အိမ်သုံးဆင့် အထက်မှ ပြုတ်ကျလေ၏။ သူရို့သည် သူ့ကို ထူမလိုက်သောအခါ သီဆုံးနိန်သည်ကို တွိ့ရ၏။
9 Um jovem chamado Êutico, que estava sentado numa janela, adormeceu profundamente durante o longo discurso de Paulo. Vencido pelo sono, caiu do terceiro andar. Quando o levantaram, estava morto.
10 ပေါလုသည်လည်း အောက်သို့ဆင်း၍ ထိုသူ၏အထက်၌ ကိုယ်ကို လှဲချ၍ ဖက်ပြီးလျှင် “မစိုးရိမ်ကတ်ကေ့။ သူသည် အသက်ရှင်လျက် ဟိသည်” ဟု ဆိုလေ၏။
10 Paulo desceu, inclinou-se sobre o rapaz e o abraçou, dizendo: "Não fiquem alarmados! Ele está vivo! "
11 ထို့နောက် ပေါလုသည် အိမ်ထက်သို့ ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားလေ၏။ အစားအစာ သုံးဆောင်ပြီးနောက် ပေါလုသည် ထိုသူရို့နှင့်အတူ အရုဏ်တက်သည့်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးနောက် ထိုမြို့မှ ထွက်လားလေ၏။
11 Então subiu novamente, partiu o pão e comeu. Depois, continuou a falar até o amanhecer e foi embora.
12 သူရို့သည်လည်း ထိုအသက်ရှင်လျက် ဟိသောလူငယ်ကို အိမ်သို့ ဆောင်လားပြီးမှ အလွန်စိတ်သက်သာရာ ရကြ၏။
12 Levaram vivo o jovem, o que muito os consolou.
13 ငါရို့သည် သင်္ဘောထက်သို့ အယင်တက်၍ အဿုမြို့သို့ ရွက်ရွှင့်ကြ၏။ ထိုမြို့မှသာ ပေါလုကို သင်္ဘောဖြင့် လိုက်စီခြင်းငှာဖြစ်၏။ အကြောင်းမူကား ပေါလုသည် ထိုမြို့သို့ ကုန်းလမ်းဖြင့် လားသောကြောင့် ဤသို့ စီမံထားခခြင်းဖြစ်၏။
13 Quanto a nós, fomos até o navio e embarcamos para Assôs, onde iríamos receber Paulo a bordo. Assim ele tinha determinado, tendo preferido ir a pé.
14 သူသည် အဿုမြို့၌ ငါရို့ကို တွိ့လျှင်၊ ငါရို့သည် သူ့ကို သင်္ဘောထက်သို့ ခေါ်တင်ပြီး မိတုလင်မြို့သို့ လားကြ၏။
14 Quando nos encontrou em Assôs, nós o recebemos a bordo e prosseguimos até Mitilene.
15 ထိုမှ ရွက်ရွှင့်ကြရာ နောက်တစ်နိ့၌ ခိအုကျွန်းသို့ ရောက်ကြ၏။ နောက်တစ်ရက်ကြာသော် သာမုကျွန်းသို့ ရောက်ကြပြီးလျှင် ထိုမှတစ်ဆင့် နောက်တစ်ရက် ကြာသောအခါ မိလက်မြို့သို့ ရောက်ကြ၏။
15 No dia seguinte navegamos dali e chegamos defronte de Quio; no outro dia atravessamos para Samos e, um dia depois, chegamos a Mileto.
16 ပေါလုသည် အာယှိနယ်၌ အချိန် မကုန်ဆုံးစီလိုသဖြင့် ဧဖက်မြို့နားမှဖြတ်၍၊ ဖြစ်နိုင်လျှင် ပင်တေကုတ္တေ ပွဲတော်နိ့အမီ ယေရုဆလင်မြို့သို့ စောလျင်စွာ ရောက်နိုင်ခြင်းငှာ ရွက်ရွှင့်ရန် စိတ်ပိုင်းဖြတ်လေ၏။
16 Paulo tinha decidido não aportar em Éfeso, para não se demorar na província da Ásia, pois estava com pressa de chegar a Jerusalém, se possível antes do dia de Pentecoste.
17 ပေါလုသည် ဧဖက်မြို့၌ဟိသော အသင်းတော်လူကြီးများအား မိမိနှင့် လာရောက်တွိ့ဆုံခြင်းငှာ မိလက်မြို့မှ သတင်းပါးလေ၏။
17 De Mileto, Paulo mandou chamar os presbíteros da igreja de Éfeso.
18 ထိုသူရို့ရောက်လာကြသောအခါ၊ ပေါလုက “ငါသည် အာယှိပြည်သို့ ရောက်သော ပထမနိ့မှစ၍ သင်ရို့နှင့်အတူ တစ်ချိန်လုံး ဇာပိုင် အသက်ရှင်ခသည်ကို သင်ရို့သိကြ၏။
18 Quando chegaram, ele lhes disse: "Vocês sabem como vivi todo o tempo em que estive com vocês, desde o primeiro dia em que cheguei à província da Ásia.
19 ယုဒလူမျိုး တချို့၏ မကောင်းသော အကြံအစည်များကြောင့် ဆင်းရဲဒုက္ခ ခံရချိန်တွင် ငါသည် စိတ်နှလုံးနှိမ့်ချကာ မျက်ရည်ကျလျက် သခင်ဘုရား၏ အခိုင်းအစီအဖြစ် အမှုတော်မြတ်ကို ထမ်းဆောင်ခ၏။
19 Servi ao Senhor com toda a humildade e com lágrimas, sendo severamente provado pelas conspirações dos judeus.
20 သင်ရို့၏ အိမ်များ၌သော်လည်းကောင်း၊ လူထုပရိသတ်ရို့၏ ရှိ့၌သော်လည်းကောင်း ငါသည် ဟောပြောသွန်သင်ပီးသောအခါ သင်ရို့၌ အကျိုးဟိစီမည့် ဇာစကားကိုမျှ ချန်၍ မထားခသည်ကို သင်ရို့သိကြ၏။
20 Vocês sabem que não deixei de pregar-lhes nada que fosse proveitoso, mas ensinei-lhes tudo publicamente e de casa em casa.
21 ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။
21 Testifiquei, tanto a judeus como a gregos, que eles precisam converter-se a Deus com arrependimento e fé em nosso Senhor Jesus.
22 အဂုမှာ ငါသည် သန့်ယှင်းသောဝိညာဉ်တော်ကို နာခံ၍ ယေရုဆလင်မြို့သို့ လားရမည်။ ထိုမြို့တွင် ငါ၌ ဇာပိုင် ဖြစ်မည်ကို ငါမသိ။
22 "Agora, compelido pelo Espírito, estou indo para Jerusalém, sem saber o que me acontecerá ali,
23 သန့်ယှင်းသောဝိညာဉ်တော်သည် ငါအား သတိပီးသော အရာမူကား၊ ချုပ်နှောင်ခြင်းနှင့် ဒုက္ခဆင်းရဲများခြင်းသည် ငါ့အား မြို့အသီးသီးမှ စောင့်ကြိုနိန်သည် ဟူ၍ ဖြစ်၏။
23 senão que, em todas as cidades, o Espírito Santo me avisa que prisões e sofrimentos me esperam.
24 သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကိုလည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။
24 Todavia, não me importo, nem considero a minha vida de valor algum para mim mesmo, se tão-somente puder terminar a corrida e completar o ministério que o Senhor Jesus me confiou, de testemunhar do evangelho da graça de Deus.
25 “ငါသည် သင်ရို့ပါးသို့ လှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောခ၏။ သို့သော် အဂုကား ငါ့မျက်နှာကို နောက်တဖန် မြင်ရကြလိမ့်မည် မဟုတ်ကြောင်းကို ငါသိ၏။
25 "Agora sei que nenhum de vocês, entre os quais passei pregando o Reino, verá novamente a minha face.
26 သို့ဖြစ်၍ သင်ရို့ထဲမှ တစ်ဦးတစ်ယောက်သည် အသက်ဆုံးယှုံးလျှင် ငါနှင့် မသက်ဆိုင်ကြောင်းကို ငါသည် ဤနိ့ သင်ရို့ကို လေးနက်စွာပြော၏။
26 Portanto, eu lhes declaro hoje que estou inocente do sangue de todos.
27 အကြောင်းမူကား၊ ငါသည် တွန့်ဆုတ်ခြင်းမဟိဘဲ သင်ရို့အား ဘုရားသခင်၏အကြံအစည်ကို အကုန်အစင် ဟောပြောကြေငြာရန်ဖြစ်၏။
27 Pois não deixei de proclamar-lhes toda a vontade de Deus.
28 ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကိုလည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။
28 Cuidem de vocês mesmos e de todo o rebanho sobre o qual o Espírito Santo os colocou como bispos, para pastorearem a igreja de Deus, que ele comprou com o seu próprio sangue.
29 ငါမဟိသည့်နောက်၌ ရက်စက်ကြမ်းကြုတ်သော တောခွီးရို့သည် သင်ရို့ပါးသို့ လာ၍ သိုးစုတိကို ညှာတာလိမ့်မည် မဟုတ်သည်ကို ငါသိ၏။
29 Sei que, depois da minha partida, lobos ferozes penetrarão no meio de vocês e não pouparão o rebanho.
30 သင်ရို့အထဲမှ တချို့သော လူတိက လိမ်ဝါပြောဆိုကာ ယုံကြည်သူများကို သူရို့နောက်သို့ ဆွဲဆောင်လားမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။
30 E dentre vocês mesmos se levantarão homens que torcerão a verdade, a fim de atrair os discípulos.
31 ထို့ကြောင့် သတိဖြင့် နီကြလော့။ ငါသည် နိ့၊ ညဉ့်မပြတ် သုံးနှစ်ပတ်လုံး မျက်ရည်ကျပြီး သင်ရို့ တစ်ယောက်ချင်းစီတိုင်းအား သွန်သင်ပီးခသည်ကို သတိရကြလော့။
31 Por isso, vigiem! Lembrem-se de que durante três anos jamais cessei de advertir a cada um de vocês disso, noite e dia, com lágrimas.
32 “အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။
32 "Agora, eu os entrego a Deus e à palavra da sua graça, que pode edificá-los e dar-lhes herança entre todos os que são santificados.
33 ငါသည် သူတစ်ပါး၏ ရွှီ၊ ငွီနှင့် အဝတ်အစားတိကို လိုချင်တပ်မက်ခြင်း မဟိ။
33 Não cobicei a prata nem o ouro nem as roupas de ninguém.
34 ငါနှင့် ငါ့အပေါင်းဖော်ရို့၏ လိုအပ်ချက်များအတွက် ငါသည် ငါ့လက်ဖြင့် အလုပ်လုပ်၍ ထောက်ပံ့ခကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
34 Vocês mesmos sabem que estas minhas mãos supriram minhas necessidades e as de meus companheiros.
35 သင်ရို့အား ငါ ပြသခသည့်အတိုင်း ခပ်သိမ်းသောအရာ၌ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး အားနည်းသောသူရို့ကို ကူညီမစ ကြလော့။ အသျှင်ယေသျှုကိုယ်တိုင် ပြောခသော ‘ပီးကမ်းခြင်းသည် ရယူခြင်းထက် သာ၍ မင်္ဂလာဟိ၏’ ဟူသော စကားကို အောက်မိ့ကြလော့” ဟု ဆို၏။
35 Em tudo o que fiz, mostrei-lhes que mediante trabalho árduo devemos ajudar os fracos, lembrando as palavras do próprio Senhor Jesus, que disse: ‘Há maior felicidade em dar do que em receber’ ".
36 ပေါလုသည် ထိုသို့ပြောပြီးမှ ထိုသူရို့နှင့်အတူ ဒူးထောက်၍ ဆုတောင်းလေ၏။
36 Tendo dito isso, ajoelhou-se com todos eles e orou.
37 ထိုသူအပေါင်းရို့သည် ငိုယိုလျက် ပေါလုအား ဖက်၍ နမ်းပြီးလျှင် နှုတ်ဆက်ကြ၏။
37 Todos choraram muito e, abraçando-o, o beijavam.
38 အကြောင်းမူကား ပေါလုသည် သင်ရို့ ငါ့မျက်နှာကို နောက်တဖန် မမြင်ရယာဟု ဆိုသောကြောင့် ထိုသူရို့ အလွန် ဝမ်းနည်းကြသောကြောင့် ဖြစ်၏။ ထို့နောက် ထိုသူရို့သည် ပေါလုအား သင်္ဘောသို့ လိုက်ပို့ကြ၏။
38 O que mais os entristeceu foi a declaração de que nunca mais veriam a sua face. Então o acompanharam até o navio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.