Atos 1

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 အဆွီ သော်ဖိလု၊
1 Escrevi o primeiro livro, ó Teófilo, relatando todas as coisas que Jesus começou a fazer e a ensinar
2 ရွီးကောက်တော်မူသော တမန်တော်တိကို သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ ဆောင်ယူခြင်း ခံတော်မူသောနိ့တိုင်အောင် ဖြစ်ပျက်သမျှတိကို ပထမစာစောင်၌ ငါရီးသားဖော်ပြခ၏။
2 até ao dia em que, depois de haver dado mandamentos por intermédio do Espírito Santo aos apóstolos que escolhera, foi elevado às alturas.
3 ကိုယ်တော်သည် အသီခံတော်မူပြီးနောက် ရက်ပေါင်းလေးဆယ်တိုင်အောင် တမန်တော်ရို့အား မိမိအသက်ရှင်တော်မူကြောင်းကို ခိုင်လုံသော သက်သီအားဖြင့် အကြိမ်ပေါင်းများစွာ ဖော်ပြတော်မူ၏။ တမန်တော်ရို့သည် ကိုယ်တော့်ကို တွိ့မြင်ကြရပြီး၊ ကိုယ်တော်ကလည်း သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။
3 A estes também, depois de ter padecido, se apresentou vivo, com muitas provas incontestáveis, aparecendo-lhes durante quarenta dias e falando das coisas concernentes ao reino de Deus.
4 သူရို့သည် စုရုံးလာကြသောအခါ ကိုယ်တော်က “ယေရုဆလင်မြို့မှ ထွက်မလားကတ်ကေ့။ ငါ၏ခမည်းတော် ကတိပီးထားတော်မူခသော ဆုကျေးဇူးတိကို စောင့်မျှော်နိန်ကြလော့။ ထိုကတိတော်အကြောင်းကို အယင်က သင်ရို့ကို ငါဖော်ပြထားပြီးဖြစ်၏။
4 E, comendo com eles, determinou-lhes que não se ausentassem de Jerusalém, mas que esperassem a promessa do Pai, a qual, disse ele, de mim ouvistes.
5 ယောဟန်က ရီ၌ ဗတ္တိဇံကို ပီး၏။ သို့သော် သင်ရို့သည် ရက်အင်တန်ကာလအတွင်း သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
5 Porque João, na verdade, batizou com água, mas vós sereis batizados com o Espírito Santo, não muito depois destes dias.
6 တမန်တော်ရို့သည် ယေသျှုနှင့် အတူတကွ တွိ့ဆုံကြသောအခါ “အသျှင်၊ ဤအချိန်၌ ဣသရေလလူမျိုးတိအတွက် နိုင်ငံတော်ကို ပြန်ပီးတော်မူပါမည်လော့” ဟု မိန်းလျှောက်ကြ၏။
6 Então, os que estavam reunidos lhe perguntaram: Senhor, será este o tempo em que restaures o reino a Israel?
7 ယေသျှုက “ခမည်းတော်က မိမိ၏ အခွင့်အာဏာဖြင့် ဖြစ်လာမည့် အချိန်ကာလနှင့် နိ့ရက်များကို သင်ရို့ သိပိုင်ခွင့်မဟိ။
7 Respondeu-lhes: Não vos compete conhecer tempos ou épocas que o Pai reservou pela sua exclusiva autoridade;
8 သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။
8 mas recebereis poder, ao descer sobre vós o Espírito Santo, e sereis minhas testemunhas tanto em Jerusalém como em toda a Judeia e Samaria e até aos confins da terra.
9 ဤသို့ မိန့်တော်မူပြီးနောက် တမန်တော်ရို့ ကြည့်လျက်နိန်ကြစဉ် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော့်ကို ဖုံးကွယ်သဖြင့် သူရို့ မမြင်ရပေ။
9 Ditas estas palavras, foi Jesus elevado às alturas, à vista deles, e uma nuvem o encobriu dos seus olhos.
10 ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊
10 E, estando eles com os olhos fitos no céu, enquanto Jesus subia, eis que dois varões vestidos de branco se puseram ao lado deles
11 “ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။
11 e lhes disseram: Varões galileus, por que estais olhando para as alturas? Esse Jesus que dentre vós foi assunto ao céu virá do modo como o vistes subir.
12 ထို့နောက် တမန်တော်ရို့သည် သံလွင်တောင်မှ မိုင်ဝက်ခန့်ဝီးသော ယေရုဆလင်မြို့သို့ ပြန်လာကြ၏။
12 Então, voltaram para Jerusalém, do monte chamado Olival, que dista daquela cidade tanto como a jornada de um sábado.
13 သူရို့သည် မြို့ထဲသို့ဝင်၍ မိမိရို့တည်းခိုသော အိမ်အထက်ခန်းသို့ တက်ကြ၏။ ထိုသူရို့ကား သျှိမုန်ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူသျှိမုန်နှင့် ယာကုပ်၏သား ယုဒရို့ဖြစ်ကြ၏၊
13 Quando ali entraram, subiram para o cenáculo onde se reuniam Pedro, João, Tiago, André, Filipe, Tomé, Bartolomeu, Mateus, Tiago, filho de Alfeu, Simão, o Zelote, e Judas, filho de Tiago.
14 သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
14 Todos estes perseveravam unânimes em oração, com as mulheres, com Maria, mãe de Jesus, e com os irmãos dele.
15 ရက်အင်တန်ကြာပြီးနောက် ၁၂၀ ခန့် ဟိသော ယုံကြည်သူရို့ စုဝေးနိန်ကြစဉ် ပေတရုသည် စကားပြောရန် ထ၍၊
15 Naqueles dias, levantou-se Pedro no meio dos irmãos (ora, compunha-se a assembleia de umas cento e vinte pessoas) e disse:
16 “ညီအစ်ကိုမောင်နှမရို့၊ ယေသျှုကို ဖမ်းဆီးဖို့ လမ်းပြသူ ယုဒသျှာကရုတ်ကို ရည်မှတ်၍ သန့်ယှင်းသောဝိညာဉ်တော်က ဒါဝိဒ်အားဖြင့် ကျမ်းစာတော်မြတ်၌ ဖော်ပြခသည့်အတိုင်း အမှန်ပင် ပြည့်စုံရမည်။
16 Irmãos, convinha que se cumprisse a Escritura que o Espírito Santo proferiu anteriormente por boca de Davi, acerca de Judas, que foi o guia daqueles que prenderam Jesus,
17 ယုဒသျှာကရုတ်သည် ငါရို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ခ၏။ အကြောင်းမူကား သူသည် ငါရို့နှင့်အတူ အမှုတော်ဆောင်ရန် ရွီးချယ်ခံထားသူ ဖြစ်ခ၏” ဟု ဟောပြောလေ၏။
17 porque ele era contado entre nós e teve parte neste ministério.
18 ယုဒသည် မတရားသဖြင့် ရသောငွီဖြင့် မြီတစ်ကွက်ကို ဝယ်ပြီးနောက် ထိုမြီကွက်တွင် လဲကျပြီး သီဆုံးကာ ဝမ်းပေါက်၍ အူများထွက်ကျလေ၏။
18 (Ora, este homem adquiriu um campo com o preço da iniquidade; e, precipitando-se, rompeu-se pelo meio, e todas as suas entranhas se derramaram;
19 ယေရုဆလင်မြို့၌ နီထိုင်သမျှသောသူ အပေါင်းရို့သည် ထိုအကြောင်းကို ကြား၍ ထိုမြီကွက်ကို မိမိရို့ ဘာသာစကားဖြင့် အကေလဒမဟု ခေါ်ဆိုကြ၏။ ၎င်း၏အနက်ကား “သွီးမြီ” ဟူ၍ ဖြစ်၏။
19 e isto chegou ao conhecimento de todos os habitantes de Jerusalém, de maneira que em sua própria língua esse campo era chamado Aceldama, isto é, Campo de Sangue. )
20 “ဆာလံကျမ်းစာ၌၊
20 Porque está escrito no Livro dos Salmos: Fique deserta a sua morada; e não haja quem nela habite; e: Tome outro o seu encargo.
21 “ထို့ကြောင့်၊ အသျှင်ယေသျှုသည် ငါရို့ပါး၌ ဝင်ထွက်လားလာသည့် အချိန်တလျှောက်လုံး ငါရို့နှင့်အတူ နီထိုင်ခသူတစ်ဦး ဖြစ်ရမည်၊
21 É necessário, pois, que, dos homens que nos acompanharam todo o tempo que o Senhor Jesus andou entre nós,
22 ထိုသူသည် ယောဟန်၏ ဗတ္တိဇံတရားအကြောင်းကို ဟောပြောနိန်သည့် အချိန်မှစ၍ ယေသျှုကို အကျွန်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူချိန်ထိတိုင်အောင် ငါရို့နှင့်အတူ နီထိုင်ခသူတစ်ဦး ဖြစ်ရမည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါရို့နှင့်အတူ သက်သီခံဖို့ရန် လူတစ်ယောက်ဖြစ်ရမည်” ဟု ဆို၏။
22 começando no batismo de João, até ao dia em que dentre nós foi levado às alturas, um destes se torne testemunha conosco da sua ressurreição.
23 ထို့ကြောင့် တပည့်တော်ရို့သည် လူနှစ်ယောက်ကို အဆိုပြုကြ၏။ ထိုသူနှစ်ယောက်သည်ကား ဗာသျှဗဟု ခေါ်သော ယုတ္တု အမည်သစ်ကိုရသော ယောသပ်နှင့် မဿိရို့ ဖြစ်ကြ၏။
23 Então, propuseram dois: José, chamado Barsabás, cognominado Justo, e Matias.
24 ထို့နောက် တပည့်တော်ရို့သည် “အို အသျှင်ဘုရား၊ ကိုယ်တော်သည် လူတိစိတ်နှလုံးကို သိတော်မူပါ၏။ ဤသူနှစ်ယောက်ထဲက ဇာသူ့ကို ကိုယ်တော်သျှင်က ရွီးချယ်ခန့်ထားတော်မူကြောင်းကို အကျွန်ရို့ကို ဖော်ပြပီးတော်မူပါ။
24 E, orando, disseram: Tu, Senhor, que conheces o coração de todos, revela-nos qual destes dois tens escolhido
25 အကြောင်းမူကား မိမိနှင့် ထိုက်တန်သောအရပ်သို့ ထွက်ခွာလားသော ယုဒ၏နီရာ၌ တမန်တော်တစ်ပါးအဖြစ် အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ပါသည်” ဟု ဆုတောင်းကြ၏။
25 para preencher a vaga neste ministério e apostolado, do qual Judas se transviou, indo para o seu próprio lugar.
26 ထို့နောက် သူရို့နှစ်ယောက်ကို မဲဖြင့်ရွီးချယ်ကြရာ မဿိသည် မဲကျသဖြင့် သူ့အား တမန်တော် တစ်ကျိပ်တစ်ပါးရို့နှင့်အတူ တမန်တော်အဖြစ် ရွီးချယ်ခန့်ထားကြ၏။
26 E os lançaram em sortes, vindo a sorte recair sobre Matias, sendo-lhe, então, votado lugar com os onze apóstolos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.