Atos 18
rki (RKI) vs ARA
1 ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်၏။
1 Depois disto, deixando Paulo Atenas, partiu para Corinto.
2 ထိုအခါ ကလောဒိမင်းက ယုဒလူမျိုးတိအားလုံး ရောမမြို့မှ ထွက်လားရမည်ဟု အမိန့်တော်ထုတ်လိုက်သောကြောင့် မိမိမယား ပြစ်ကိလနှင့်အတူ ဣတလိပြည်မှ မကြာခင်က ထွက်ခွာလာခသော ပုန္တုပြည်သား အာကုလ ဟုခေါ်သည့် ယုဒလူမျိုးတစ်ယောက်နှင့် သူသည် တွိ့ဆုံလေ၏။ ပေါလုသည် သူရို့နှင့်တွိ့ဆုံရန် သူရို့ပါးသို့ လားလေ၏၊
2 Lá, encontrou certo judeu chamado Áquila, natural do Ponto, recentemente chegado da Itália, com Priscila, sua mulher, em vista de ter Cláudio decretado que todos os judeus se retirassem de Roma. Paulo aproximou-se deles.
3 အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။
3 E, posto que eram do mesmo ofício, passou a morar com eles e ali trabalhava, pois a profissão deles era fazer tendas.
4 ပေါလုသည် ယုဒနှင့် ဟေလသလူမျိုးတိကို ယုံကြည်လာကြစီရန် ဆွဲဆောင်သည့်အနေဖြင့် ဥပုသ်နိ့တိုင်း တရားဇရပ်၌ တရားဆွေးနွေးခြင်းများကို ကျင်းပလေ၏။
4 E todos os sábados discorria na sinagoga, persuadindo tanto judeus como gregos.
5 သိလနှင့် တိမောသေသည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် ယုဒလူမျိုးတိအား ယေသျှုသည် မေသျှိယ ဖြစ်ကြောင်းကို သက်သီခံလျက် မိမိအချိန်အားလုံး၌ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်လေ၏။
5 Quando Silas e Timóteo desceram da Macedônia, Paulo se entregou totalmente à palavra, testemunhando aos judeus que o Cristo é Jesus.
6 ယုဒလူမျိုးများက ပေါလုကို ကဲ့ရဲ့ပြောဆို၍ ဆန့်ကျင်ကြသောအခါ သူသည် မိမိ၏အဝတ်များမှ ဖုန်ကို ခါချလိုက်ပြီးလျှင် “သင်ရို့သည် ပျက်စီးခြင်းသို့ရောက်လျှင် သင်ရို့အပြစ်အတွက် သင်ရို့ကိုယ်တိုင် ခံယူကြရမည်၊ ငါ့မှာ တာဝန်မဟိယာ၊ အဂုမှစ၍ ငါသည် တခြားလူမျိုးတိ ပါးသို့ လားရဦးမည်” ဟု ဆိုလေ၏။
6 Opondo-se eles e blasfemando, sacudiu Paulo as vestes e disse-lhes: Sobre a vossa cabeça, o vosso sangue! Eu dele estou limpo e, desde agora, vou para os gentios.
7 ထို့နောက် သူရို့ကို ထားခပြီးလျှင် ထာဝရဘုရားသခင်ကို ကိုးကွယ်သည့် တိတု ယုတ္တု ဟူ၍ အမည်ဟိသော တစ်ပါးအမျိုးသားတစ်ယောက်၏အိမ်၌ နီထိုင်ရန်လားလေ၏။ သူ၏အိမ်သည် တရားဇရပ်နှင့် ကပ်လျက်ဟိ၏။
7 Saindo dali, entrou na casa de um homem chamado Tício Justo, que era temente a Deus; a casa era contígua à sinagoga.
8 တရားဇရပ်မှူး ကရိပ္ပုသည် မိမိ၏အိမ်သူအိမ်သားအားလုံးနှင့် အတူတကွ သခင်ဘုရား၌ ယုံကြည်ကြလေ၏။ ထို့အပြင် တခြားသော ကောရိန္သုမြို့သူ မြို့သားများ များစွာရို့သည်လည်း သတင်းကောင်းတရားကို ကြားနာရကြသည်ဖြစ်၍ ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် ဗတ္တိဇံကို ခံကြလေ၏။
8 Mas Crispo, o principal da sinagoga, creu no Senhor, com toda a sua casa; também muitos dos coríntios, ouvindo, criam e eram batizados.
9 တစ်ညတွင် ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်လေ၏၊ ထိုရူပါရုံ၌ သူ့အား အသျှင်ဘုရားက ပြောသည်မှာ “မကြောက်ကေ့၊ ဆက်လက်၍ ဟောပြောလော့၊ လက်မြှောက်အရှုံးမပီးကေ့၊
9 Teve Paulo durante a noite uma visão em que o Senhor lhe disse: Não temas; pelo contrário, fala e não te cales;
10 အကြောင်းမူကား ငါသည် သင်နှင့် အတူဟိ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ သင့်ကို ညှဉ်းဆဲခြင်းငှာ မတတ်နိုင်၊ ဤမြို့၌ ငါ၏လူတိ များစွာ ဟိကြ၏” ဟူ၍ ဖြစ်၏။
10 porquanto eu estou contigo, e ninguém ousará fazer-te mal, pois tenho muito povo nesta cidade.
11 ထို့ကြောင့် ပေါလုသည် ထိုမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူတိအား ဟောပြောသွန်သင်ကာ တစ်နှစ်ခွဲကြာ နီခလေ၏။
11 E ali permaneceu um ano e seis meses, ensinando entre eles a palavra de Deus.
12 ဂါလျုန်ကို အခါယပြည်၏ ရောမဘုရင်ခံ မြှောက်လိုက်သောအခါ ယုဒလူမျိုးများသည် ကောရိန္သုမြို့သို့ စုရုံး၍ ရောက်လာကြပြီး ပေါလုကို ဖမ်းဆီး၍ တရားပလ္လင်ရှိ့သို့ ခေါ်ဆောင်လားကြ၏။
12 Quando, porém, Gálio era procônsul da Acaia, levantaram-se os judeus, concordemente, contra Paulo e o levaram ao tribunal,
13 သူရို့က “ဤသူသည် ပညတ်တရားကို ဆန့်ကျင်၍ ဘုရားသခင်ကို ဝတ်ပြုခြင်းငှာ လူတိကို ဆွဲဆောင် သိမ်းသွင်းနိန်၏” ဟု လျှောက်တင်ကြ၏။
13 dizendo: Este persuade os homens a adorar a Deus por modo contrário à lei.
14 ပေါလု ပြောဖို့ လုပ်သောအခါ ဂါလျုန်က ယုဒလူမျိုးတိအား “ကျူးလွန်ခသော ရာဇဝတ်ပြစ်မှုတချို့ သို့တည်းမဟုတ် မှားယွင်းမှုတချို့ ဟိခလျှင် သင်ရို့ ယုဒလူမျိုးတိကို ငါ့အတွက် သည်းခံနိုင်စရာ အကြောင်းဟိလိမ့်မည်၊
14 Ia Paulo falar, quando Gálio declarou aos judeus: Se fosse, com efeito, alguma injustiça ou crime da maior gravidade, ó judeus, de razão seria atender-vos;
15 သို့ရာတွင် သင်ရို့၏ယုဒဘာသာရေးနှင့်ဆိုင်သော စကားလုံးတိ၊ အမည်နာမတိ၊ ပညတ်တရားတိနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်သောကြောင့် သင်ရို့၏ကိစ္စကို သင်ရို့ရာ ဖြေယှင်းကြ၊ ငါသည် ဤကိစ္စကို တရားစီရင်လိမ့်မည် မဟုတ်” ဟု ဆိုလျက်၊
15 mas, se é questão de palavra, de nomes e da vossa lei, tratai disso vós mesmos; eu não quero ser juiz dessas coisas!
16 ယုဒလူမျိုးတိကို တရားပလ္လင်မှ မောင်းထုတ်လိုက်၏။
16 E os expulsou do tribunal.
17 ထိုအခါ သူရို့အားလုံးသည် တရားဇရပ်မှူး သုဿင်ကို ဖမ်းဆီး၍ တရားရုံးရှိ့၌ သတ်ပုတ်ကြ၏။ ထိုသို့ ပြုကြသော်လည်း မြို့ဝန်မင်း ဂါလျုန်သည်ကား မျက်ကွယ်ပြုထားလေ၏။
17 Então, todos agarraram Sóstenes, o principal da sinagoga, e o espancavam diante do tribunal; Gálio, todavia, não se incomodava com estas coisas.
18 ပေါလုသည် ကောရိန္သုမြို့၌ ယုံကြည်သူများနှင့် ရက်အတန်ကြာ နီထိုင်ပြီး ပြစ်ကိလနှင့် အာကုလနှင့်အတူ ယှုရိပြည်သို့ ရွက်ရွှင့်ကြလေ၏။ ကင်ခြေမြို့မှ ရွက်ရွှင့်မထွက်ခွာခင် သစ္စာကတိ ပြုထားခသည် နှင့်အညီ ပေါလုသည် မိမိဂေါင်းကို ရိတ်လေ၏။
18 Mas Paulo, havendo permanecido ali ainda muitos dias, por fim, despedindo-se dos irmãos, navegou para a Síria, levando em sua companhia Priscila e Áquila, depois de ter raspado a cabeça em Cencreia, porque tomara voto.
19 သူရို့သည် ဧဖက်မြို့သို့ ရောက်သောအခါ ပေါလုသည် ပြစ်ကုလနှင့် အာကုလကို ထိုမြို့၌ ထားခပြီးလျှင် တရားဇရပ်သို့ ဝင်ရောက်၍ ယုဒလူမျိုးများနှင့် ဆွေးနွေးခြင်းကို ပြုလေ၏။
19 Chegados a Éfeso, deixou-os ali; ele, porém, entrando na sinagoga, pregava aos judeus.
20 ထိုသူရို့က ပေါလုအား ကာလအတန်ကြာ နီစီခြင်းငှာ တောင်းပန်သော်လည်း သူက မလိုက်လျော့ခပေ။
20 Rogando-lhe eles que permanecesse ali mais algum tempo, não acedeu.
21 သူထွက်ခွာချိန်၌ “ဘုရားသခင်အလိုတော်ဟိလျှင် သင်ရို့ပါးသို့ ငါ ပြန်လာဦးမည်” ဟူ၍ သူသည် ကတိပြုပြီးလျှင် ဧဖက်မြို့မှ ရွက်ရွင့်လေ၏။
21 Mas, despedindo-se, disse: Se Deus quiser, voltarei para vós outros. E, embarcando, partiu de Éfeso.
22 သူသည် ကဲသရိမြို့သို့ ဆိုက်ကပ်ပြီးလျှင် ယေရုဆလင်မြို့သို့ တက်၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းလားလေ၏။
22 Chegando a Cesareia, desembarcou, subindo a Jerusalém; e, tendo saudado a igreja, desceu para Antioquia.
23 သူသည် ထိုမြို့၌ အင်တန်ကြာ နီထိုင်ပြီးနောက် ထွက်ခွာလာပြီးလျှင် ယုံကြည်သူအပေါင်းရို့အား ခွန်အားပီးယင်း ဂလာတိနယ်နှင့် ဖြူဂိနယ် တလျှောက်လုံး၌ လှည့်လည်ခလေ၏။
23 Havendo passado ali algum tempo, saiu, atravessando sucessivamente a região da Galácia e Frígia, confirmando todos os discípulos.
24 ထိုအချိန်၌ အာပေါလုဟု အမည်တွင်သော အာလေဇန္ဒြိမြို့၌ မွီးဖွားသည့် ယုဒလူမျိုး တစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ ထိုသူသည် စကားပြောကောင်းသူ တစ်ယောက်ဖြစ်သည့်အပြင် ကျမ်းစာ ဗဟုသုတ ကြွယ်ဝသောသူတစ်ယောက်လည်းဖြစ်၏။
24 Nesse meio tempo, chegou a Éfeso um judeu, natural de Alexandria, chamado Apolo, homem eloquente e poderoso nas Escrituras.
25 သူသည် သခင်ဘုရား၏လမ်းစဉ်ကို နာခံထားပြီးလျှင် စိတ်အားထက်သန်စွာ ဟောပြောလျက် ယေသျှုအကြောင်း ဖြစ်ရပ်မှန်များကို မှန်ကန်စွာ သွန်သင်ပီး၏။ သို့သော်လည်း သူသည် ယောဟန်၏ ဗတ္တိဇံတရားကိုသာ သိ၏။
25 Era ele instruído no caminho do Senhor; e, sendo fervoroso de espírito, falava e ensinava com precisão a respeito de Jesus, conhecendo apenas o batismo de João.
26 ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။
26 Ele, pois, começou a falar ousadamente na sinagoga. Ouvindo-o, porém, Priscila e Áquila, tomaram-no consigo e, com mais exatidão, lhe expuseram o caminho de Deus.
27 ထို့နောက် အာပေါလုက အခါယနယ်သို့ လားရန် ဆုံးဖြတ်လိုက်သောကြောင့် ဧဖက်မြို့မှ ယုံကြည်သူများက အခါယနယ်မှာ ဟိကြသော ယုံကြည်သူများပါးသို့ သူ့အား ကြိုဆိုလက်ခံကြစီခြင်းငှာ တိုက်တွန်းစာရီး၍ ထိုသူကို ကူညီလိုက်ကြ၏။ အာပေါလု ရောက်လားသောအခါ သူသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယုံကြည်သူ ဖြစ်လာကြသောသူများအတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လေ၏။
27 Querendo ele percorrer a Acaia, animaram-no os irmãos e escreveram aos discípulos para o receberem. Tendo chegado, auxiliou muito aqueles que, mediante a graça, haviam crido;
28 အကြောင်းမူကား သူက ယေသျှုသည် မေသျှိယ ဖြစ်တော်မူကြောင်းကို ကျမ်းစာကို သက်သီပြုကာ မိမိ၏ခိုင်မာသော ချေပပြောဆိုမှုများဖြင့် ယုဒလူမျိုးများ၏ဝေဖန်ဆွေးနွေးမှုများကို လူအများရှိ့မှာ အနိုင်ရလေ၏။
28 porque, com grande poder, convencia publicamente os judeus, provando, por meio das Escrituras, que o Cristo é Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.