Atos 15

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာကြသော တချို့သောသူတိက “သင်ရို့သည် မောသျှေ၏ ပညတ်တရားအတိုင်း အရီဖျားလှီးခြင်းကို မခံလျှင် ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်” ဟု ယုံကြည်သူတိကို ဆုံးမဩဝါဒပီးကြ၏။
1 Alguns indivíduos que foram da Judeia para Antioquia ensinavam aos irmãos: — Se vocês não forem circuncidados segundo o costume de Moisés, não podem ser salvos.
2 ဤကိစ္စနှင့်ပတ်သက်၍ ပေါလုနှင့် ဗာနဗ ရို့သည် ထိုသူရို့နှင့် ပြင်းထန်စွာ ငြင်းခုံကြ၏။ ထို့ကြောင့် ပေါလု၊ ဗာနဗနှင့်အတူ အန္တိအုတ်မြို့မှ ယုံကြည်သူတချို့သည် ဤပြဿနာကြောင့် ယေရုဆလင်မြို့သို့လား၍ တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် တွိ့ဆုံသင့်ကြောင်း ဆုံးဖြတ်ကြ၏။
2 Tendo surgido um conflito e grande discussão de Paulo e Barnabé com eles, foi resolvido que esses dois e mais alguns fossem a Jerusalém, aos apóstolos e presbíteros, para tratar desta questão.
3 အသင်းတော်က သူရို့ကို ပို့ဆောင်ပီးသဖြင့် သူရို့သည် ဖိနိတ်ပြည်နှင့် ယှာမာရိပြည်ကို လျှောက်လားကြစဉ်တွင် လူမျိုးခြားတိ ဘုရားသခင်ထံသို့ ဇာပိုင် ပြောင်းလဲကြပုံကို ပြောပြကြသဖြင့် ယုံကြည်သူတိအားလုံး အလွန်ဝမ်းမြောက်ကြ၏။
3 Encaminhados, pois, pela igreja, atravessaram as províncias da Fenícia e Samaria e, narrando a conversão dos gentios, causaram grande alegria a todos os irmãos.
4 သူရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ တမန်တော်တိနှင့် အသင်းတော်လူကြီးတိ၊ အသင်းသူ အသင်းသားတိက သူရို့ကို ကြိုဆိုလက်ခံကြ၏။ သူရို့ကလည်း ဘုရားသခင်သည် မိမိရို့အားဖြင့် ပြုတော်မူခသော အရာအားလုံးကို ပြောပြကြ၏။
4 Quando chegaram a Jerusalém, foram bem-recebidos pela igreja, pelos apóstolos e pelos presbíteros, a quem relataram tudo o que Deus havia feito com eles.
5 သို့ရာတွင် ဖာရိယှဲအုပ်စုထဲက ယုံကြည်သူတချို့သည် ထလျက် “လူမျိုးခြားတိ အရီဖျားလှီးခြင်းကို ခံယူပြီးလျှင် မောသျှေ၏ ပညတ်တရားကို လိုက်နာကြရမည်” ဟု ဆိုကြ၏။
5 Mas alguns membros do partido dos fariseus que haviam crido se insurgiram, dizendo: — É necessário circuncidá-los e ordenar-lhes que observem a lei de Moisés.
6 ထိုအခါ ဤအမှုကို စဉ်းစားဆင်ခြင်ရန် တမန်တော်တိနှင့် အသင်းတော်လူကြီးရို့သည် အတူတကွ တွိ့ဆုံကြ၏။
6 Então os apóstolos e os presbíteros se reuniram para examinar a questão.
7 အချိန်အင်တန်ကြာ အပြန်အလှန် ဆွေးနွေးငြင်းခုံကြပြီးနောက် ပေတရုသည် ထလျက် “ညီအစ်ကို မောင်နှမရို့၊ လူမျိုးခြားတိသည် သတင်းကောင်းတရားကို ကြားနာ၍ ယုံကြည်ခြင်းသို့ ရောက်ကြစီခြင်းငှာ ထိုတရားကို ဟောပြောရန်အတွက် ဘုရားသခင်သည် ရှိ့ဦးစွာအားဖြင့် သင်ရို့အထဲက ငါ့ကို ရွီးကောက်တော်မူသည်ကို သင်ရို့သိကြ၏။
7 Havendo grande debate, Pedro tomou a palavra e disse: — Irmãos, vocês sabem que, desde há muito, Deus me escolheu entre vocês para que da minha boca os gentios ouvissem a palavra do evangelho e cressem.
8 ထို့ပြင် လူတိုင်း၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသော ဘုရားသခင်သည် သန့်ယှင်းသောဝိညာဉ်တော်ကို ငါရို့ အားပီးသည့်နည်းတူ သူရို့ကိုလည်း ပီးတော်မူကြောင်းကို ထိုလူမျိုးခြားတိအားဖြင့် သက်သီပြတော်မူ၏။
8 E Deus, que conhece os corações, lhes deu testemunho, concedendo o Espírito Santo a eles, como também o havia concedido a nós.
9 ကိုယ်တော်သည် သူရို့နှင့် ငါရို့ကို ခွဲခြားထားသည် မဟုတ်။ အကြောင်းမူကား သူရို့သည် ယုံကြည်ကြသောကြောင့် ကိုယ်တော်သည် သူရို့၏အပြစ်ကို လွှတ်တော်မူ၏။
9 E não estabeleceu distinção alguma entre nós e eles, purificando-lhes o coração por meio da fé.
10 သို့ဖြစ်၍ သင်ရို့သည် ငါရို့ကိုယ်တိုင်သာမက ငါရို့ အဖိုးအဖီးတိကိုယ်တိုင် မထမ်းနိုင်ခသော ထမ်းပိုးကို ယုံကြည်သူတိ၏ နောက်ကုန်းထက်မှာ တင်ပြီးလျှင် ဇာကြောင့် ဘုရားသခင်ကို မထီလေးစားလုပ်နိန်ကတ်စွာလဲ။
10 Agora, pois, por que vocês querem tentar a Deus, pondo sobre o pescoço dos discípulos um jugo que nem os nossos pais puderam suportar, nem nós?
11 ယင်းပိုင် မလုပ်သင့်ပါကား။ အသျှင်ယေသျှု၏ ကျေးဇူးတော်ကြောင့် ငါရို့သည် ကယ်တင်တော်မူခြင်းကို ခံကြရသည်နည်းတူ၊ သူရို့သည်လည်း ခံကြရသည်ကို ငါရို့ ယုံကြည်ကြသည်” ဟူ၍ ပေတရုက ပြောဆို၏။
11 Mas cremos que somos salvos pela graça do Senhor Jesus, assim como eles.
12 ဗာနဗနှင့် ပေါလုက မိမိရို့အားဖြင့် လူမျိုးခြားတိ၌ ဘုရားသခင်ပြုတော်မူသော နိမိတ်လက္ခဏာတိ၊ အံ့ဩဖွယ်သောအမှုအရာတိကို ပြန်လည်ပြောပြကြသည်ကို ကြားရသောအခါ လူအပေါင်းရို့သည် ဆိတ်ငြိမ်နိန်ကြ၏။
12 E toda a multidão silenciou, passando a ouvir Barnabé e Paulo, que contavam quantos sinais e prodígios Deus tinha feito por meio deles entre os gentios.
13 သူရို့ ပြောဆိုပြီးမှ၊ ယာကုပ်သည် ထ၍ “ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါ့စကားကို နားထောင်ကတ်ပါ။
13 Depois que eles terminaram, Tiago tomou a palavra e disse: — Irmãos, ouçam o que tenho a dizer.
14 ဘုရားသခင်သည် ရှီးဦးစွာ တခြားလူမျိုးတိထဲက လူတချို့ကို မိမိအဖို့ ကယ်နုတ်တော်မူခြင်းဖြင့် ထိုလူမျိုးခြားတိကို ဇာပိုင် ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်ကို သျှိမုန်သည် ဂုတင်က ပြောပြခပြီးယာ။
14 Simão acaba de relatar como, primeiramente, Deus visitou os gentios, a fim de constituir entre eles um povo para o seu nome.
15 ထိုအကြောင်းအရာသည်လည်း ပရောဖက်တိ ပြောခသော စကားနှင့် လုံးဝ ကိုက်ညီပေ၏။ ကျမ်းစာလာသည်ကား၊
15 Com isso concordam as palavras dos profetas, como está escrito:
16 “ ‘သခင်ဘုရားမိန့်တော်မူသည်မှာ၊ ငါသည် ပြန်လာပြီးလျှင်
16 “Depois disso, voltarei e reedificarei o tabernáculo caído de Davi; reedificarei as suas ruínas e o restaurarei.
17 ပြီးနောက် လူမျိုးအားလုံး ငါ့ပါးသို့ လာကြလိမ့်မည်။
17 Para que o restante da humanidade busque o Senhor, juntamente com todos os gentios sobre os quais tem sido invocado o meu nome,
18 ဤကား ရှီးကာလကပင် ဤအရာများကို သိတော်မူသော သခင်ဘုရား၏ မိန့်တော်မူချက် ဖြစ်သတည်း။’
18 diz o Senhor, que faz estas coisas conhecidas desde os tempos antigos.”
19 “ထို့ကြောင့် ငါ့သဘောအတိုင်းဆိုလျှင် ဘုရားသခင်ပါးသို့ ပြောင်းလဲလာကြသည့် တခြားလူမျိုးတိကို ငါရို့က ဒုက္ခ မပီးသင့်ပေ၊
19 — Por isso, julgo que não devemos perturbar aqueles que, entre os gentios, se convertem a Deus,
20 ဤသို့ ပြောမည့်အစား၊ ရုပ်တုဆင်းထုတိကို ပူဇော်ပသထားသည့် မစင်ကြယ်သော အစားအစာတိကိုလည်းကောင်း၊ မတရားသောမေထုန်လွန်ကျူးခြင်းကိုလည်းကောင်း၊ လိုင်ပင်းကို ညှစ်၍ သတ်ထားသောတိရစ္ဆာန်တိကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း ယှောင်ကြဉ်ကြစီခြင်းငှာ စာရီး၍ သူရို့ကို မှာလိုက်သင့်၏။
20 mas escrever-lhes que se abstenham das contaminações dos ídolos, bem como da imoralidade sexual, da carne de animais sufocados e do sangue.
21 အကြောင်းမူကား၊ မောသျှေ၏ပညတ္တိကျမ်းကို ဥပုသ်နိ့တိုင်း တရားဇရပ်များတွင် ရွတ်ဖတ်လာကြသည်မှာ အချိန်ကာလ ကြာညောင်းခယာ၊ ထို့အပြင် သူ၏တရားတော်မြတ်ကို မြို့တိုင်းမှာ ဟောပြောလျက်ဟိကြ၏” ဟု ယာကုပ်က ပြောလေ၏။
21 Porque Moisés tem, em cada cidade, desde tempos antigos, os que o pregam nas sinagogas, onde é lido todos os sábados.
22 ထို့နောက် တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် အသင်းတော် တစ်ခုလုံးက မိမိရို့အထဲမှ လူတချို့ကို ရွီးချယ်၍ ပေါလုနှင့် ဗာနဗ ရို့နှင့်အတူ အန္တိအုတ်မြို့သို့ စီရွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုအခါ ယုံကြည်သူများ အလွန်ရိုသီလေးစားကြသော ဗာသျှဗ ခေါ် ယုဒနှင့် သိလကို ရွီးချယ်၍
22 Então pareceu bem aos apóstolos e aos presbíteros, com toda a igreja, eleger alguns homens dentre eles e enviá-los a Antioquia, juntamente com Paulo e Barnabé. Foram eleitos Judas, chamado Barsabás, e Silas, que eram líderes entre os irmãos.
23 သူရို့နှင့်အတူ စာကို ပို့လိုက်ကြ၏။ ထိုစာ၌၊
23 Mandaram por eles a seguinte carta: “Os irmãos, tanto os apóstolos como os presbíteros, aos irmãos gentios em Antioquia, Síria e Cilícia, saudações.
24 ငါရို့အထဲက လူတချို့သည် ငါရို့ပါးက ညွှန်ကြားချက် မပီးဘဲ သင်ရို့ပါးသို့ လား၍ သင်ရို့အား စိတ်အနှောင့်အယှက် ဖြစ်စီကြသည်ဟု ငါရို့ ကြားရ၏။
24 Visto sabermos que alguns que saíram de nosso meio, sem nenhuma autorização, perturbaram vocês com palavras, transtornando a mente de vocês,
25 သို့ဖြစ်၍ ငါရို့သည် အတူတကွ ဆွေးနွေးတိုင်ပင်ကြပြီးလျှင် လူတချို့ကို ရွီးချယ်၍ သင်ရို့ပါးသို့ စီရွှတ်ရန် အားလုံးက သဘောတူကြ၏။ ထိုသူရို့သည် ငါရို့၏ မိတ်ဆွီဖြစ်သော ဗာနဗသည် ပေါလုနှင့်အတူ ရောက်လာကြလိမ့်မည်။
25 pareceu-nos bem, chegados a pleno acordo, eleger alguns homens e enviá-los a vocês com os nossos amados Barnabé e Paulo,
26 ထိုသူရို့ကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ အမှုတော်ကို ဆောင်ခြင်းငှာ မိမိရို့၏အသက်ကို အပ်နှံထားသူများဖြစ်ကြ၏။
26 homens que têm arriscado a vida pelo nome de nosso Senhor Jesus Cristo.
27 ထို့နောက် ငါရို့ ရီးပီးလိုက်သောစာအတိုင်း သင်ရို့အား နှုတ်ဖြင့် ပြောပြရန် ယုဒနှင့် သိလကို စီရွှတ်လိုက်၏။
27 Portanto, estamos enviando Judas e Silas, os quais pessoalmente lhes dirão as mesmas coisas.
28 သန့်ယှင်းသောဝိညာဉ်တော်သည် လည်းကောင်း၊ ငါရို့သည် လည်းကောင်း ဤသို့သော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းမှတစ်ပါး အခြားသောဝန်ကို သင်ရို့ထက်မှာ တင်စီခြင်းငှာ မလိုလားအပ်ပေ။
28 Pois pareceu bem ao Espírito Santo e a nós não impor a vocês maior encargo além destas coisas essenciais:
29 ထိုလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ ရုပ်တုကို ပူဇော်ထားသော ယဇ်ကောင်ကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း၊ လိုင်ပင်းညှစ်၍ သတ်ထားသော တိရစ္ဆာန်ကိုလည်း မစားရ။ မတရားသောမေထုန်လွန်ကျူးခြင်းကို ယှောင်ကြဉ်ကြရမည်။ သင်ရို့သည် ဤအရာတိကို မပြုလုပ်ဖို့ ဂရုစိုက်ကြမည်ဆိုလျှင် ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။ လိုရာဆန္ဒ ပြည့်ဝကတ်ပါစီ” ဟူ၍ ဖြစ်၏။
29 que vocês se abstenham das coisas sacrificadas a ídolos, bem como do sangue, da carne de animais sufocados e da imoralidade sexual; se evitarem essas coisas, farão bem. Passem bem.”
30 ထိုစီတမန်များသည် စီရွှတ်လိုက်သည်နှင့်အညီ၊ အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ ယုံကြည်သူအားလုံးကို စုဝေးစီပြီးလျှင် ထိုစာကို သူရို့လက်သို့ ပီးအပ်ကြ၏။
30 Os que foram enviados partiram para Antioquia e, tendo reunido a comunidade, entregaram a carta.
31 ထိုသူရို့သည် စာကို ဖတ်ရသောအခါ ထိုစာ၌ပါသော အားပီးတိုက်တွန်းစကားကြောင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလေ၏။
31 Quando a leram, ficaram muito alegres pelo consolo recebido.
32 ယုဒနှင့် သိလသည် သူရို့ကိုယ်တိုင် ပရောဖက်တိ ဖြစ်ကြသည်နှင့်အညီ ယုံကြည်သူတိကို အားပီးတိုက်တွန်းကာ အချိန်ကြာမြင့်စွာ ဟောပြောနိန်ခကြ၏။
32 Judas e Silas, que eram também profetas, consolaram os irmãos com muitos conselhos e os fortaleceram.
33 ထိုနီရာ၌ အချိန်အင်တန်ကြာ နီထိုင်ပြီးနောက် ယုံကြည်သူရို့က သူရို့အား ငြိမ်းချမ်းစွာ ပို့ဆောင်လိုက်ကြသဖြင့် သူရို့သည် မိမိရို့ကို စီရွှတ်လိုက်သော သူရို့ပါးသို့ ပြန်လားကြလေ၏။
33 Tendo-se demorado ali por algum tempo, os irmãos deixaram que voltassem em paz aos que os enviaram.
34 — ausente —
34 [Mas pareceu bem a Silas permanecer ali.]
35 ပေါလုနှင့် ဗာနဗရို့သည် အန္တိအုတ်မြို့၌ အချိန်အင်တန်ကြာ နီထိုင်၍ တခြားသူတိနှင့်အတူ ဆုံးမဩဝါဒပီးခြင်း၊ သခင်ဘုရား၏သတင်းကောင်းတရားကို ဟောပြောခြင်းများကို လုပ်ဆောင်ကြလေ၏။
35 Paulo e Barnabé demoraram-se em Antioquia, ensinando e pregando, com muitos outros, a palavra do Senhor.
36 ကာလအင်တန်ကြာသောအခါ ပေါလုက ဗာနဗအား “ငါရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောခသည့် မြို့တိုင်းမှာ ဟိကြသော ငါရို့၏ ညီအစ်ကိုမောင်နှမတိ ဇာပိုင် ဟိနိန်ကြသည်ကို မြင်တွိ့လို၍ တဖန် အလည်လား ကြမည်” ဟု ပြော၏။
36 Alguns dias depois, Paulo disse a Barnabé: — Vamos voltar e visitar os irmãos em todas as cidades nas quais anunciamos a palavra do Senhor, para ver como estão.
37 ဗာနဗက ယောဟန် မာကု ကို သူရို့နှင့်အတူ လိုက်စီလို၏။
37 Barnabé queria levar também João, chamado Marcos.
38 သို့သော်လည်း ပေါလုက သူ့ကို မခေါ်လိုပေ။ အကြောင်းမူကား သူသည် မိမိရို့သာသနာလုပ်ငန်းမှာ မိမိရို့နှင့်အတူ ဆုံးခန်းတိုင်အောင် မလိုက်ဘဲ၊ ပမ်ဖုလိပြည်၌ မိမိရို့ကို ထားပစ်ခပြီး ပြန်လားသောကြောင့်ဖြစ်၏။
38 Mas Paulo não achava justo levar aquele que tinha se afastado deles desde a Panfília, não os acompanhando no trabalho.
39 ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချင်းချင်း ပြင်းထန်စွာ အငြင်းပွားကြပြီး သဘောထားကွဲပြားကာ ဗာနဗသည် မာကုကို ခေါ်၍ ကုပရုကျွန်းသို့ ရွက်ရွှင့်လေ၏။
39 Houve tal desavença entre eles, que vieram a separar-se. Então Barnabé, levando consigo Marcos, navegou para Chipre.
40 ပေါလုသည် သိလကို ရွီးချယ်၍ ထွက်ခွာလားစဉ် ယုံကြည်သူတိက သခင်ဘုရား၏ကျေးဇူးတော်သည် သူရို့၌ တည်စီခြင်းငှာ ဆုတောင်း အပ်နှံကြ၏။
40 Mas Paulo, tendo escolhido Silas, partiu, encomendado pelos irmãos à graça do Senhor.
41 သူသည် အသင်းတော်တိကို ခွန်အားပီးလျက် ယှုရိပြည်နှင့် ကိလိကိပြည် တလျှောက် သိလနှင့်အတူ ထွက်ခွာလားလေ၏။
41 E passou pela Síria e Cilícia, fortalecendo as igrejas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.