Atos 12

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထိုအချိန်၌ ဟေရုဒ်မင်းသည် အသင်းဝင်သူအချို့ကို ညှဉ်းဆဲနှိပ်စက်ရန် စတင်လေ၏။
1 Por aquele mesmo tempo, o rei Herodes estendeu as mãos sobre alguns da igreja para os maltratar;
2 သူသည် ယောဟန်၏အစ်ကို ယာကုပ်ကို ဓါးဖြင့် ကွပ်မျက်လိုက်၏။
2 e matou à espada Tiago, irmão de João.
3 ဤသို့ပြုခြင်းကို ယုဒလူမျိုးတိက ကြေနပ်အားရကြသည်ကို မြင်လျှင် သူသည် ပေတရုအား ဆက်လက်၍ ဖမ်းဆီး၏။ ဤကား တဆီးမပါသော မုန့်ပွဲတော်ကျင်းပသည့်ကာလ၌ ဖြစ်သတည်း။
3 E, vendo que isso agradara aos judeus, continuou, mandando prender também a Pedro. E eram os dias dos asmos.
4 သူသည် မိမိဖမ်းဆီးထားသော ပေတရုအား ထောင်ထဲမှာ လှောင်ထားကာ သူ့ကို စောင့်ကြပ်ရန် တပ်စု တစ်စုလျှင် စစ်သားလေးယောက်စီပါသော တပ်စုလေးစုအား အပ်နှံထား၏။ ဟေရုဒ်သည် ပသခါပွဲတော်ပြီးလျင် သူ့အား စစ်ဆီးရန် လူထုလက်သို့ အပ်မည်ဟု စီစဉ်ထား၏။
4 E, havendo-o prendido, o encerrou na prisão, entregando- o a quatro quaternos de soldados, para que o guardassem, querendo apresentá-lo ao povo depois da Páscoa.
5 ထို့ကြောင့် ပေတရုသည် အကျဉ်းထောင်ထဲ၌ အကျဉ်းချခံနိန်ရ၏။ သို့ရာတွင် အသင်းတော်၏ယုံကြည်သူများသည် သူ့အတွက် ဘုရားသခင်ထံ၌ စိတ်အားထက်သန်စွာဖြင့် ဆုတောင်းပီးနိန်ကြ၏။
5 Pedro, pois, era guardado na prisão; mas a igreja fazia contínua oração por ele a Deus.
6 ဟေရုဒ်သည် ပေတရုကို လူထုလက်သို့ မအပ်နှံခင် ညဉ့်အခါ၌ သူ့ကို သံကြိုးနှစ်ပင်နှင့် တုပ်နှောင်ထား၏။ ပေတရုသည် အစောင့်စစ်သား နှစ်ယောက်ကြားတွင် အိပ်ပျော်နိန်၏။ အကျဉ်းထောင်၏ တန်းခါးဝတွင်လည်း အစောင့်စစ်သားများ စောင့်နိန်ကြ၏။
6 E, quando Herodes estava para o fazer comparecer, nessa mesma noite, estava Pedro dormindo entre dois soldados, ligado com duas cadeias, e os guardas diante da porta guardavam a prisão.
7 သခင်ဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ရုတ်တရက် ပေါ်လာ၍ အလင်းတန်းတစ်ခုသည် အချုပ်ခန်းထဲ၌ ထွန်းလင်းလာ၏။ ထိုကောင်းကင်တမန်က “အယင် ထလော့” ဟု ပေတရု၏ပခုံးကို လှုပ်၍ နှိုးသောအခါ သံကြိုးသည် ပေတရု၏လက်မှ ချက်ချင်း ကျွတ်လား၏။
7 E eis que sobreveio o anjo do Senhor, e resplandeceu uma luz na prisão; e, tocando a Pedro no lado, o despertou, dizendo: Levanta-te depressa! E caíram-lhe das mãos as cadeias.
8 ထို့နောက် ကောင်းကင်တမန်က “သင်၏ ခါးပတ်ကို ပတ်၍ ခြီနင်းကို စီးလော့” ဟု ဆိုသည့်အတိုင်း ပေတရုသည် ပြုလေ၏။ တဖန် ကောင်းကင်တမန်က “သင်၏ ဝတ်ရုံကို ဝတ်၍ ငါ့နောက်က လိုက်လော့” ဟု ဆို၏။
8 E disse-lhe o anjo: Cinge-te e ata as tuas sandálias. E ele o fez assim. Disse-lhe mais: Lança às costas a tua capa e segue-me.
9 ထိုအခါ ပေတရုသည် အကျဉ်းထောင်ထဲမှ ထွက်၍ ထိုကောင်းကင်တမန်နောက်သို့ လိုက်လေ၏။ သို့သော်လည်း ထိုကောင်းကင်တမန် ပြုသောအမှုသည် မှား၏၊ မှန်၏ ဆိုသည်ကို မသိဘဲ၊ သူသည် ရူပါရုံတစ်ခုကို မြင်သည်ဟု ထင်မှတ်လေ၏။
9 E, saindo, o seguia. E não sabia que era real o que estava sendo feito pelo anjo, mas cuidava que via alguma visão.
10 သူရို့သည် ပထမကင်း၊ ဒုတိယကင်းများကို ကျော်ဖြတ်ပြီး၊ နောက်ဆုံး၌ မြို့ဝင် သံတန်းခါးဝသို့ ရောက်လာကြ၏။ ထိုတန်းခါးသည် သူရို့အဖို့အလို့ငှာ အလိုအလျောက် ပွင့်လာသည်ဖြစ်၍ သူရို့သည်လည်း ထိုသံတန်းခါးဝမှ ထွက်ကာ တစ်လမ်းတည်းအတူ လမ်းလျှောက်လာကြပြီးမှ ထိုကောင်းကင်တမန်သည် ပေတရုအနားမှ ရုတ်တရက် ထွက်ခွာလားလေ၏။
10 E, quando passaram a primeira e a segunda guarda, chegaram à porta de ferro que dá para a cidade, a qual se lhes abriu por si mesma; e, tendo saído, percorreram uma rua, e logo o anjo se apartou dele.
11 ထိုအခါ ပေတရုသည် သူ၌ ဖြစ်ခသည့် အမှုအရာတိကို သဘောပေါက်လာပြီး “သခင်ဘုရားသည် ဟေရုဒ်၏လက်မှ လည်းကောင်း၊ ယုဒလူမျိုးတိ မျှော်လင့်ထားသောအရာတိုင်းမှ လည်းကောင်း၊ ငါ့အား ကယ်တင်ခြင်းငှာ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်သည်မှာ လုံးဝ မှန်ကန်သည်ကို အဂု ငါ သိရယာ” ဟု ဆိုလေ၏။
11 E Pedro, tornando a si, disse: Agora, sei, verdadeiramente, que o Senhor enviou o seu anjo e me livrou da mão de Herodes e de tudo o que o povo dos judeus esperava.
12 ပေတရုသည် မိမိရောက်နိန်သည့် နီရာကို သတိထားမိကာ ယောဟန် မာကု၏အမိ မာရိ အိမ်သို့ လားလေ၏။ ထိုအိမ်သည်ကား လူအများစုဝေးကာ ဆုတောင်းနိန်ကြသော နီရာဖြစ်၏။
12 E, considerando ele nisso, foi à casa de Maria, mãe de João, que tinha por sobrenome Marcos, onde muitos estavam reunidos e oravam.
13 ပေတရုသည် အပြင်မှ တန်းခါးကို ခေါက်လိုက်သောအခါ ရောဒေ ဟုခေါ်သော အစီခံမိန်းမချေ တစ်ယောက်သည် တန်းခါးကို ဖွင့်ခြင်းငှာ ရောက်လာ၏။
13 E, batendo Pedro à porta do pátio, uma menina chamada Rode saiu a escutar.
14 သူမသည် ပေတရု၏အသံကို မှတ်မိသည်ဖြစ်၍ အလွန်ဝမ်းမြောက်သောစိတ်ဖြင့် တန်းခါးကို မဖွင့်ခဘဲ အိမ်ထဲသို့ ပြန်၍ ဗြီးဝင်ကာ ပေတရုသည် အပြင်မှာ ရောက်နိန်ကြောင်းကို အံအားသင့်စွာ ပြောလေ၏။
14 E, conhecendo a voz de Pedro, de alegria não abriu a porta, mas, correndo para dentro, anunciou que Pedro estava à porta.
15 သူရို့က “သင် ရူးနိန်ယာ” ဟု သူမအား ဆိုကြ၏။ သို့သော် သူမက မိမိပြောသည်မှာ အမှန်ပင်ဖြစ်သည်ဟု ပြန်၍ အခိုင်အမာဆိုလေ၏။ ထိုအခါ သူရို့က “ထိုသူကား ပေတရုကို စောင့်ရှောက်သော ကောင်းကင်တမန်သာ ဖြစ်ရမည်” ဟု ပြောကြပြန်၏။
15 E disseram-lhe: Estás fora de ti. Mas ela afirmava que assim era. E diziam: É o seu anjo.
16 ထိုအချိန်တွင် ပေတရုသည် တန်းခါးကို ဆက်လက်၍ ခေါက်နိန်သည်ဖြစ်၍ နောက်ဆုံး၌ သူရို့သည် တန်ခါးကို ဖွင့်ကြည့်လိုက်သော်၊ ပေတရုကို တွိ့မြင်ကြသဖြင့် သူရို့သည် အလွန် အံ့ဩကြရလေ၏။
16 Mas Pedro perseverava em bater, e, quando abriram, viram-no e se espantaram.
17 ပေတရုသည် သူရို့အား တိတ်တိတ် နိန်ကြရန် လက်ရိပ်ပြလျက်၊ ပြီးမှ သခင်ဘုရားသည် အကျဉ်းထောင်ထဲက မိမိအား ဇာပိုင် ကယ်ထုတ်လိုက်ကြောင်း သူရို့ကို ယှင်းပြလေ၏။ “ဤအကြောင်းကို ယာကုပ်နှင့် ကျန်သော ယုံကြည်သူ တိကိုလည်း ပြောပြလိုက်ကြ” ဟု ဆိုကာ အခြားတစ်နီရာသို့ ထွက်လား၏။
17 E, acenando-lhes ele com a mão para que se calassem, contou-lhes como o Senhor o tirara da prisão e disse: Anunciai isto a Tiago e aos irmãos. E, saindo, partiu para outro lugar.
18 မိုးလင်းသောအခါ ပေတရု၌ ဖြစ်ပျက်ခသည်နှင့် ပတ်သက်၍ အစောင့်စစ်သားများသည် ဝရုန်းသုန်းကား ဖြစ်နိန်ကြ၏။
18 E, sendo já dia, houve não pouco alvoroço entre os soldados sobre o que seria feito de Pedro.
19 ထို့ကြောင့် ဟေရုဒ်က ပေတရုကို ရှာဖွီရန် အမိန့်ပီးလိုက်၏။ သို့သော်လည်း စစ်သားတိက ပေတရုကို ရှာမတွိ့နိုင်ကြပေ။ ထိုအခါ ဟေရုဒ်သည် အစောင့်စစ်သားများကို မိန်းမြန်းစစ်ဆီးပြီးလျှင် သူရို့ကို အသီ သတ်ပစ်ရန် အမိန့်ပီးလိုက်လေ၏။
19 E, quando Herodes o procurou e o não achou, feita inquirição aos guardas, mandou-os justiçar. E, partindo da Judeia para Cesareia, ficou ali.
20 ဟေရုဒ်သည် တုရုနှင့် ဇိဒုန်မြို့သားတိကို အကြီးအကျယ် ဒေါသထွက်လေ၏။ ထို့ကြောင့် သူရို့သည် ဟေရုဒ်အား တွိ့ခြင်းငှာ အုပ်စုဖွဲ့၍ ရောက်လာကြ၏။ သူရို့က မိမိရို့အား အကူအညီပီးရန် နန်းရင်းဝန် ဗလတ္တုအား ဦးစွာ စည်းရုံးလေ၏။ ထို့နောက် သူရို့သည် ဟေရုဒ်ပါးသို့ ဝင်ရောက်ကာ မင်းကြီး၏ဒေါသစိတ်ကို ပြေငြိမ်းစီခြင်းငှာ တောင်းပန်ကြ၏။ အကြောင်းမူကား သူရို့၏နိုင်ငံသည် မင်းကြီး၏နိုင်ငံမှ အစားအစာ ထောက်ပံ့မှုများကို အမှီပြုနိန်ရသောကြောင့်ဖြစ်၏။
20 E ele estava irritado com os de Tiro e de Sidom; mas estes, vindo de comum acordo ter com ele e obtendo a amizade de Blasto, que era o camarista do rei, pediam paz, porquanto o seu país se abastecia do país do rei.
21 ချိန်းဆိုထားသော နိ့တစ်နိ့တွင် ဟေရုဒ်သည် မိမိ၏မင်းဝတ်တန်ဆာများကို ဝတ်ဆင်၍ တရားပလ္လင်ထက်မှာ ထိုင်ကာ လုထုကို မိန့်ခွန်းပြောလေ၏။
21 E, num dia designado, vestindo Herodes as vestes reais, estava assentado no tribunal e lhes dirigiu a palavra.
22 ထိုအခါ လူတိက “ဤအသံကား လူတစ်ယောက်၏စကားသံ မဟုတ်၊ နတ်ဘုရား တစ်ပါး၏ စကားသံသာ ဖြစ်တော်မူသည်တကား” ဟု ကြွေးကြော်ကြ၏။
22 E o povo exclamava: Voz de Deus, e não de homem!
23 ထိုမင်းသည် ဘုရားသခင်ကို ရိုသီချီးမွမ်းခြင်း မဟိသောကြောင့် သခင်ဘုရား၏ကောင်းကင်တမန်သည် ချက်ချင်း ဟေရုဒ်ကို ဒဏ်ခတ်တော်မူလေ၏။ ထို့နောက် သူ့ကို သန်ကောင်များ ကိုက်စားပြီးလျှင် အနိစ္စရောက်လေ၏။
23 No mesmo instante, feriu-o o anjo do Senhor, porque não deu glória a Deus; e, comido de bichos, expirou.
24 ထိုအချိန်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ဆက်လက်၍ ပြန့်ပွားသဖြင့် ယုံကြည်သူများလည်း သာ၍ တိုးပွားလာလေ၏။
24 E a palavra de Deus crescia e se multiplicava.
25 ဗာနဗနှင့် သျှောလုသည်လည်း မိမိရို့၏ သာသနာပြုခြင်းအမှုကို ပြီးမြောက်ပြီဖြစ်သောကြောင့်၊ ယောဟန် မာကု ကို သူရို့နှင့်အတူ ခေါ်ဆောင်၍ ယေရုဆလင်မြို့မှ ပြန်လာကြလေ၏။
25 E Barnabé e Saulo, havendo terminado aquele serviço, voltaram de Jerusalém, levando também consigo a João, que tinha por sobrenome Marcos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.