Apocalipse 20
rki (RKI) vs ACF
1 ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏ သော့ကိုလည်းကောင်း၊ သံကြိုးကြီးတစ်ချောင်းကိုလည်းကောင်း မိမိ၏လက်၌ ကိုင်လျက် ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်ရ၏။
1 E vi descer do céu um anjo, que tinha a chave do abismo, e uma grande cadeia na sua mão.
2 သူသည် ရှိ့မြွီနဂါးကြီးကို ဖမ်းဆီးပြီးလျှင် သံကြိုးဖြင့် အနှစ်တစ်ထောင်တိုင်တိုင် ချိုင်ထား၏။ ထိုနဂါးကား နတ်မိစ္ဆာ၏ဘုရင် စာတန်မာရ်နတ်ပင်ဖြစ်၏။
2 Ele prendeu o dragão, a antiga serpente, que é o Diabo e Satanás, e amarrou-o por mil anos.
3 ကောင်းကင်တမန်သည် နဂါးကို တွင်းနက်ကြီးထဲသို့ ပစ်ချကာ တွင်းကို ပိတ်ပြီး အနှစ်တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင် လူမျိုးတကာရို့အား မလှည့်ဖျားနိုင်စီခြင်းငှာ တံဆိပ်ခတ်နှိပ်၍ ထား၏။ ထိုကာလပြီးနောက် သူ့အား ခေတ္တခဏ လွှတ်ပီးရမည်။
3 E lançou-o no abismo, e ali o encerrou, e pôs selo sobre ele, para que não mais engane as nações, até que os mil anos se acabem. E depois importa que seja solto por um pouco de tempo.
4 ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။
4 E vi tronos; e assentaram-se sobre eles, e foi-lhes dado o poder de julgar; e vi as almas daqueles que foram degolados pelo testemunho de Jesus, e pela palavra de Deus, e que não adoraram a besta, nem a sua imagem, e não receberam o sinal em suas testas nem em suas mãos; e viveram, e reinaram com Cristo durante mil anos.
5 (သီလွန်သောသူရို့ထဲမှ ကျန်ကြွင်းသော အနှစ်တစ်ထောင် ကုန်လွန်ပြီးမှ အသက်ပြန်ရှင်ကြရ၏။) ဤသည်ကား သီဆုံးလားသောသူရို့အား ဘုရားသခင်သည် ပထမအကြိမ် ရှင်ပြန်ထမြောက်စီတော်မူခြင်း ဖြစ်သတည်း။
5 Mas os outros mortos não reviveram, até que os mil anos se acabaram. Esta é a primeira ressurreição.
6 ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။
6 Bem-aventurado e santo aquele que tem parte na primeira ressurreição; sobre estes não tem poder a segunda morte; mas serão sacerdotes de Deus e de Cristo, e reinarão com ele mil anos.
7 ထို့နောက် အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည် အကျဉ်းကျရာမှ လွတ်လာပြီးလျှင်၊
7 E, acabando-se os mil anos, Satanás será solto da sua prisão,
8 ဂေါဂနှင့် မာဂေါဂ ဟု ခေါ်သော ကမ္ဘာအရပ်လေးမျက်နှာ၌ဟိသော လူမျိုးအပေါင်းရို့အား လှည့်ဖျားလျက် စစ်တိုက်ရန် စုဝေးစီလိမ့်မည်။ သူရို့သည် အရီအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသတည်း။
8 E sairá a enganar as nações que estão sobre os quatro cantos da terra, Gogue e Magogue, cujo número é como a areia do mar, para as ajuntar em batalha.
9 သူရို့သည် မြီကြီးမျက်နှာပြင်သို့ တက်လာပြီးလျှင် ဘုရားသခင်လူရို့၏တပ်စခန်းနှင့် ကိုယ်တော် နှစ်သက်တော်မူသော မြို့ကို ဝိုင်းထားကြ၏။ သို့ရာတွင် ကောင်းကင်မှ မီးကျသဖြင့် သူရို့ကို လောင်ကျွမ်းလေ၏။
9 E subiram sobre a largura da terra, e cercaram o arraial dos santos e a cidade amada; e de Deus desceu fogo, do céu, e os devorou.
10 ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။
10 E o diabo, que os enganava, foi lançado no lago de fogo e enxofre, onde estão a besta e o falso profeta; e de dia e de noite serão atormentados para todo o sempre.
11 ထို့နောက် ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်းပလ္လင်ပေါ်တွင် စံနိန်တော်မူသော အသျှင်ကိုလည်းကောင်း ငါမြင်ရ၏။ ကမ္ဘာမြီကြီးနှင့် မိုးကောင်းကင်သည် ထိုအသျှင်၏ ရှိ့တော်မှောက်မှ ရွိ့လျားပျောက်ကွယ် လားကြကုန်၏။
11 E vi um grande trono branco, e o que estava assentado sobre ele, de cuja presença fugiu a terra e o céu; e não se achou lugar para eles.
12 သီလွန်လားသော လူကြီးလူငယ်ရို့သည် ပလ္လင်တော်ရှိ့၌ ရပ်လျက်နိန်ကြသည်ကိုလည်းကောင်း၊ စာစောင်များကို ဖွင့်သည်ကိုလည်းကောင်း ငါမြင်ရ၏။ ထို့နောက် အသက်စာစောင်တည်းဟူသော အခြားစာစောင်ကို ဖွင့်လိုက်၏။ သီလွန်လားသောသူရို့သည် ထိုစာစောင်များတွင် မှတ်တမ်းတင်ထားသည့် မိမိရို့၏ အကျင့်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။
12 E vi os mortos, grandes e pequenos, que estavam diante de Deus, e abriram-se os livros; e abriu-se outro livro, que é o da vida. E os mortos foram julgados pelas coisas que estavam escritas nos livros, segundo as suas obras.
13 သမုဒ္ဒရာသည် မိမိ၌ သီလွန်သောသူရို့ကို ပီးအပ်လေ၏။ သီမင်းနှင့် မရဏာနိုင်ငံသည်လည်း မိမိရို့၌ဟိသော သီလွန်သောသူရို့ကို ပီးအပ်ကြ၏။ လူအပေါင်းရို့သည် မိမိရို့ အကျင့်အလျောက် တရားစီရင်ခြင်းကို ခံရကြ၏။
13 E deu o mar os mortos que nele havia; e a morte e o inferno deram os mortos que neles havia; e foram julgados cada um segundo as suas obras.
14 ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။
14 E a morte e o inferno foram lançados no lago de fogo. Esta é a segunda morte.
15 အသက်စာစောင်တွင် စာရင်းမဝင်သောသူ ဟိသမျှရို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။
15 E aquele que não foi achado escrito no livro da vida foi lançado no lago de fogo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.