Apocalipse 16

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံထွက်ပေါ်လာသည်ကို ငါ ကြားရ၏။ ထိုအသံသည်ကား ကောင်းကင်တမန် ခုနစ်ပါးရို့အား “ဘုရားသခင်၏ အမျက်တော်ခွက်ဖလား ခုနစ်လုံးကို မြီကြီးသို့ သွန်းလောင်းလော့” ဟူ၍ ဖြစ်၏။
1 Ouvi, então, uma voz forte saindo do templo, que dizia aos sete Anjos: Ide, e derramai sobre a terra as sete taças da ira de Deus.
2 ပထမကောင်းကင်တမန်သည် လား၍ မိမိ ခွက်ဖလားမှ အမျက်တော်ကို မြီကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ သားရဲ၏ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူရို့နှင့် သူ၏ ရုပ်တုကို ကိုးကွယ်ကြသော သူရို့တွင် အလွန်ဆိုးရွားသော အနာစိမ်းများ ပေါက်ကြလေ၏။
2 O primeiro, portanto, pôs-se a derramar a sua taça sobre a terra. Formou-se uma úlcera atroz e maligna nos homens que tinham o sinal da Fera e que se prostravam diante de sua imagem.
3 ထို့နောက် ဒုတိယကောင်းကင်တမန်သည် မိမိခွက်ဖလားမှ အမျက်တော်ကို မြီကြီးသို့ သွန်ချလေ၏။ ထိုအခါ ပင်လယ်ရီသည် လူအသီကောင်၏ သွီးကဲ့သို့ ဖြစ်လေ၏။ ပင်လယ်ထဲ၌ အသက်ရှင်ကြကုန်သော သတ္တဝါဟူသမျှသည် သီဆုံးကြ၏။
3 O segundo derramou a sua taça sobre o mar. Este tornou-se sangue, como o de um morto, e pereceu todo ser que estava no mar.
4 ထို့နောက် တတိယကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားမှ အမျက်တော်ကို မြစ်များ၊ စမ်းပေါက်များ အထက်၌ သွန်ချလေ၏။ ထိုအခါ ရီများသည် သွီးအတိဖြစ်လေ၏။
4 O terceiro derramou a sua taça sobre os rios e as fontes das águas, e transformaram-se em sangue.
5 ရီကိုစောင့်သည့် ကောင်းကင်တမန်က “အတိတ် ပစ္စုပ္ပန်ကာလ၌ ဟိတော်မူ၍ သန့်ယှင်းမြင့်မြတ်တော်မူသော အသျှင်၊ ကိုယ်တော်၏ စီရင်တော်မူချက်သည် ဖြောင့်မတ်ပါ၏။
5 Ouvi, então, o anjo das águas dizer: Tu és justo, tu que és e que eras o Santo, que assim julgas.
6 ထိုသူရို့သည် ဘုရားသခင်၏လူရို့နှင့် ပရောဖက်ရို့၏ သွီးကို လောင်းခကြသဖြင့် ကိုယ်တော်သည် သူရို့သောက်ရန် သွီးကို ပီးတော်မူထားယာ။ ထိုသူရို့သည်လည်း ခံထိုက်သော ပြစ်ဒဏ်ကို ခံရကြပါ၏” ဟု လျှောက်ထား၏။
6 Porque eles derramaram o sangue dos santos e dos profetas, tu lhes deste também sangue para beber. Eles o merecem.
7 ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။
7 Ouvi o altar dizer: Sim, Senhor Deus Dominador, são verdadeiros e justos os teus julgamentos.
8 ထို့နောက် စတုတ္ထ ကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားကို နီထက်သို့ သွန်ချလိုက်၏။ ထိုအခါ နီသည် လူတိအား အပူဟိန်ဖြင့် လောင်ကျွမ်းစီနိုင်သောအခွင့်ကို ရလေ၏။
8 O quarto derramou a sua taça sobre o sol, e foi-lhe dado queimar os homens com o fogo.
9 လူရို့သည် အားကြီးသော အပူဟိန်ဖြင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ကပ်ဘေးများကို အစိုးရသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ သို့သော် သူရို့သည် နောင်တရရန်နှင့် ကိုယ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းဖို့ရန် ငြင်းပယ်ကြ၏။
9 E os homens foram queimados por grande calor, e amaldiçoaram o nome de Deus, que pode desencadear esses flagelos; e não quiseram arrepender-se e dar-lhe glória.
10 ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိ၏ ခွက်ဖလားကို သားရဲ၏ပလ္လင်ထက်သို့ သွန်းလောင်းလေ၏။ ထိုအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက် အတိဖြစ်လေ၏။ ထိုနိုင်ငံသားရို့သည် ဝေဒနာခံရသောကြောင့် မိမိရို့၏ လျှာကို ကိုက်ကြလေ၏။
10 O quinto derramou a sua taça sobre o trono da Fera. Seu reino se escureceu e seus súditos mordiam a língua de dor.
11 မိမိရို့၏ ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံသျှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့ရာတွင် မိမိရို့၏ ဆိုးညစ်သောအကျင့်များမှ နောင်တမရကြ။
11 Amaldiçoaram o Deus do céu por causa de seus sofrimentos e das suas feridas, sem se arrependerem dos seus atos.
12 ထို့နောက် ဆဋ္ဌမ ကောင်းကင်တမန်သည် မိမိ၏ ဖလားကို ဥဖရတ်မြစ်ကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ အရှိ့အရပ်မှ လာသော သျှင်ဘုရင်ရို့အတွက် လမ်းဖြစ်စီခြင်းငှာ မြစ်ရီသည် ခန်းခြောက်လားလေ၏။
12 O sexto derramou a sua taça sobre o grande rio Eufrates, e secaram-se as suas águas para que se abrisse caminho aos reis do oriente.
13 ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။
13 Vi {sair} da boca do Dragão, da boca da Fera e da boca do falso profeta três espíritos imundos semelhantes a rãs;
14 သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။
14 são os espíritos de demônios que realizam prodígios, e vão ter com os reis de toda a terra, a fim de reuni-los para a batalha do Grande Dia do Deus Dominador.
15 “နားထောင်ကြလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ သို့ဖြစ်၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား လူရို့၏ရှိ့၌ အဝတ်မပါဘဲ သွားလာ၍ အရှက်မရစီရန် ဖြစ်၏။”
15 {Eis que venho como um ladrão! Feliz aquele que vigia e guarda as suas vestes para que não ande nu, ostentando a sua vergonha!}
16 ထို့နောက် ဝိညာဉ်ရို့သည် သျှင်ဘုရင်ရို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစီကြ၏။
16 Eles os reuniram num lugar chamado em hebraico Har-Magedon.
17 သတ္တမကောင်းကင်တမန်သည် မိမိခွက်ဖလားကို လီထဲသို့ သွန်ချလိုက်၏။ ထိုအခါ ဗိမာန်တော်၏ အတွင်း၌ဟိသော ပလ္လင်တော်မှ “အမှု ပြီးယာ” ဟု ကျယ်လောင်သော အသံထွက်ပေါ်လာ၏။
17 O sétimo derramou a sua taça pelos ares e saiu do templo uma grande voz do trono, que dizia: Está pronto!
18 ထို့နောက် လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးကြိမ်းခြင်း၊ ငလျင်ပြင်းစွာလှုပ်ခြင်းများ ဖြစ်လေ၏။ လူသားမျိုးနွယ်ကို ဖန်ဆင်းကတည်းမှစ၍ ဤမျှလောက် ပြင်းထန်သော ငလျင်လှုပ်ခြင်း မဟိဖူးခပေ။
18 Houve, então, relâmpagos, vozes e trovões, assim como um terremoto tão grande como jamais houve desde que há homens na terra.
19 မြို့ကြီးသည် သုံးပိုင်းကွဲလေ၏။ အလုံးစုံသော တိုင်းနိုင်ငံ၌ ဟိသော မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကို သတိရတော်မူလျက် မိမိ၏ခွက်ဖလားမှ ပြင်းထန်သော အမျက်တော်တည်းဟူသော စပျစ်ရည်ကို သောက်စီတော်မူ၏။
19 A grande cidade foi dividida em três partes, e as cidades das nações caíram, e Deus lembrou-se da grande Babilônia, para lhe dar de beber o cálice do vinho de sua ira ardente.
20 ကျွန်းဟိသမျှသည် ပျောက်လားကုန်၏။ တောင်များသည် ကွယ်ပျောက်လား၏။
20 Todas as ilhas fugiram, e montanha alguma foi encontrada.
21 အာကာပြင်မှ ပိဿာတစ်ရာမျှ အလီးချိန်ဟိသော မိုးသီးကြီးများသည် လူရို့အထက်သို့ ကျကြကုန်၏။ ထိုဆိုးရွားလှသော မိုးသီးဘေးဒဏ်ကြောင့် လူရို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
21 Grandes pedras de gelo, que podiam pesar um talento, caíram do céu sobre os homens. Os homens amaldiçoaram a Deus por causa do flagelo da saraiva, pois este foi terrível.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.