Apocalipse 15

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။
1 Vi no céu outro sinal grande e maravilhoso: sete anjos que tinham os sete últimos flagelos, pois com estes se consumou a ira de Deus.
2 ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။
2 Vi como que um mar de vidro, misturado com fogo, e também os que venceram a besta, a sua imagem e o número do seu nome. Eles estavam em pé junto ao mar de vidro, tendo harpas que lhes foram dadas por Deus.
3 သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊
3 E entoavam o cântico de Moisés, servo de Deus, e o cântico do Cordeiro, dizendo: “Grandes e admiráveis são as tuas obras, Senhor Deus, Todo-Poderoso! Justos e verdadeiros são os teus caminhos, ó Rei das nações!
4 အို ဘုရားသခင်၊ ကိုယ်တော့်ကို မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။
4 Quem não temerá e não glorificará o teu nome, ó Senhor? Pois só tu és santo. Por isso, todas as nações virão e se prostrarão diante de ti, porque os teus atos de justiça se fizeram manifestos.”
5 ထို့နောက် ကောင်းကင်ဘုံ၌ ပဋိညာဉ်တဲတော်ဟိရာ ဗိမာန်တော်သည် ပွင့်လာသည်ကို ငါ မြင်ရ၏။
5 Depois destas coisas, olhei, e abriu-se no céu o santuário do tabernáculo do testemunho.
6 ထိုအခါ ကပ်ဘေးခုနစ်ပါးကို သယ်ဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးသည် ဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူရို့သည် ကြည်လင်တောက်ပသော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရွှီရင်စည်းကို ပတ်ထားကြ၏။
6 E os sete anjos que tinham os sete flagelos saíram do santuário, vestidos de linho puro e resplandecente e cingidos, à altura do peito, com cintos de ouro.
7 ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။
7 Então um dos quatro seres viventes deu aos sete anjos sete taças de ouro, cheias da ira de Deus, que vive para todo o sempre.
8 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကြောင့် ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်လျက်ဟိ၏။ သို့ဖြစ်၍ ကောင်းကင်တမန် ခုနစ်ပါးသယ်ဆောင်လာသည့် ကပ်ဘေးခုနစ်ပါး ပြီးဆုံးသည်ထိ ဇာသူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်။
8 O santuário se encheu da fumaça da glória de Deus e do seu poder, e ninguém podia entrar no santuário, enquanto não se cumprissem os sete flagelos dos sete anjos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.