Apocalipse 14

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇိအုန်တောင်ထက်တွင် သိုးသူငယ်တော် ရပ်နိန်သည်ကို မြင်ရ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမ တော်ကို နဖူးထက်တွင် ရီးမှတ်ထားသော လူပေါင်း ၁၄၄,၀၀၀ ရို့သည် သိုးသူငယ်တော်နှင့်အတူ ဟိကြ၏။
1 E olhei, e eis que estava o Cordeiro sobre o monte Sião, e com ele cento e quarenta e quatro mil, que em sua testa tinham escrito o nome dele e o de seu Pai.
2 ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။
2 E ouvi uma voz do céu como a voz de muitas águas e como a voz de um grande trovão; e uma voz de harpistas, que tocavam com a sua harpa.
3 ထိုလူ ၁၄၄,၀၀၀ ရို့သည် ပလ္လင်တော်ရှိ့၌ လည်းကောင်း၊ သက်ဟိသတ္တဝါလေးပါးနှင့် အကြီးအကဲရို့၏ ရှိ့၌ လည်းကောင်း ရပ်လျက် တေးခြင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းရို့အထဲမှ ရွီးနုတ်ကယ်တင်ခြင်းခံရသောလူ ၁၄၄,၀၀၀ မှတစ်ပါး အခြားဇာသူမျှ ထိုတေးခြင်းကို မသီဆိုတတ်ကြ။
3 E cantavam um como cântico novo diante do trono e diante dos quatro animais e dos anciãos; e ninguém podia aprender aquele cântico, senão os cento e quarenta e quatro mil que foram comprados da terra.
4 ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။
4 Estes são os que não estão contaminados com mulheres, porque são virgens. Estes são os que seguem o Cordeiro para onde quer que vai. Estes são os que dentre os homens foram comprados como primícias para Deus e para o Cordeiro.
5 သူရို့နှုတ်၌ မုသားမဟိ။ အပြစ်ကင်းစင်သော သူတိဖြစ်ကြ၏။
5 E na sua boca não se achou engano; porque são irrepreensíveis diante do trono de Deus.
6 ထို့နောက် ကောင်းကင်အလယ်တွင် တခြားသော ကောင်းကင်တမန်တစ်ပါး ပျံလျက်နိန်သည်ကို ငါ မြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းရို့အား ဟောပြောရန် ထာဝရနှင့်ဆိုင်သော သတင်းကောင်းကို ယူဆောင်လာ၏။
6 E vi outro anjo voar pelo meio do céu, e tinha o evangelho eterno, para o proclamar aos que habitam sobre a terra, e a toda nação, e tribo, e língua, e povo,
7 ထိုကောင်းကင်တမန်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ၍ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ တရားစီရင်တော်မူရာ နိ့ရက်သည် ရောက်လာယာ။ ကောင်းကင်နှင့် မြီကြီးကိုလည်းကောင်း၊ ပင်လယ်နှင့် စမ်းရီပေါက်များကိုလည်းကောင်း ဖန်ဆင်းတော်မူသော အသျှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
7 dizendo com grande voz: Temei a Deus e dai-lhe glória, porque vinda é a hora do seu juízo. E adorai aquele que fez o céu, e a terra, e o mar, e as fontes das águas.
8 ထို့နောက် ဒုတိယ ကောင်းကင်တမန်သည် လာပြီး၊ “ဗာဗုလုန်မြို့ကြီး ပြိုကျလားယာ၊ ပြိုကျလားယာ။ ထိုမြို့သည် ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်ကို လူမျိုးတကာရို့အား တိုက်လေယာ” ဟု ကြွေးကြော်၏။
8 E outro anjo seguiu, dizendo: Caiu! Caiu Babilônia, aquela grande cidade que a todas as nações deu a beber do vinho da ira da sua prostituição!
9 ထို့နောက် တတိယ ကောင်းကင်တမန်သည် လာ၍ “သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို ကိုးကွယ်ကာ ထိုသားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စီ၊ လက်၌ ဖြစ်စီ ရိုက်နှိပ်ထားသောသူသည်၊
9 E os seguiu o terceiro anjo, dizendo com grande voz: Se alguém adorar a besta e a sua imagem e receber o sinal na testa ou na mão,
10 ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
10 também o tal beberá do vinho da ira de Deus, que se deitou, não misturado, no cálice da sua ira, e será atormentado com fogo e enxofre diante dos santos anjos e diante do Cordeiro.
11 ထို ညှဉ်းဆဲခြင်း၏ မီးခိုးသည် ထာဝရကာလပတ်လုံး အထက်သို့ တက်လျက်နိန်၏။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍၊ ၎င်း၏နာမည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူ အပေါင်းရို့သည် နိ့ညမပြတ် သက်သာရာရလိမ့်မည် မဟုတ်” ဟု အသံကျယ်လောင်စွာ ကြွေးကြော်လေ၏။
11 E a fumaça do seu tormento sobe para todo o sempre; e não têm repouso, nem de dia nem de noite, os que adoram a besta e a sua imagem e aquele que receber o sinal do seu nome.
12 ဤကား ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်၍ ယေသျှု၌ သစ္စာဟိကြသော ဘုရားသခင်၏လူရို့အဖို့ သည်းခံနိုင်ခြင်း ဟိစီရန်ပင် ဖြစ်၏။
12 Aqui está a paciência dos santos; aqui estão os que guardam os mandamentos de Deus e a fé em Jesus.
13 တဖန် “ရီးမှတ်ထားလော့။ အဂုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
13 E ouvi uma voz do céu, que me dizia: Escreve: Bem-aventurados os mortos que, desde agora, morrem no Senhor. Sim, diz o Espírito, para que descansem dos seus trabalhos, e as suas obras os sigam.
14 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဖြူသောမိုးတိမ်တစ်ခုကို မြင်ရ၏။ ထိုမိုးတိမ်ထက်တွင် လူသားနှင့်တူသော သူတစ်ဦးသည် ထိုင်နိန်၏။ သူ၏ ဦးဂေါင်း၌ ရွှီသရဖူကို ဆောင်းထား၏။ လက်ထဲတွင် ပြတ်သောတန်းစဉ်ကို ကိုင်ထား၏။
14 E olhei, e eis uma nuvem branca e, assentado sobre a nuvem, um semelhante ao Filho do Homem, que tinha sobre a cabeça uma coroa de ouro e, na mão, uma foice aguda.
15 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှ ထွက်လာ၍ မိုးတိမ်ထက်တွင် ထိုင်နိန်သောသူအား “မြီကြီးထက်၌ စပါးရိတ်သိမ်းရန် အချိန်ရောက်လာပြီ ဖြစ်သောကြောင့်၊ ကိုယ်တော်၏ တန်းစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု အသံကျယ်လောင်စွာပြောဆို၏။
15 E outro anjo saiu do templo, clamando com grande voz ao que estava assentado sobre a nuvem: Lança a tua foice e sega! É já vinda a hora de segar, porque já a seara da terra está madura!
16 ထို့ကြောင့် မိုးတိမ်ထက်တွင် ထိုင်နိန်သောသူက မိမိ၏တန်းစဉ်ကို မြီကြီးထက်သို့ ဝှေ့ယမ်းကာ မြီကြီးမှ စပါးများကို ရိတ်တော်မူ၏။
16 E aquele que estava assentado sobre a nuvem meteu a sua foice à terra, e a terra foi segada.
17 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ ဟိသော ဗိမာန်တော်မှ ထွက်လာ၏။ ထိုသူသည်လည်း ပြတ်သော တန်းစဉ်ကို ကိုင်ထား၏။
17 E saiu do templo, que está no céu, outro anjo, o qual também tinha uma foice aguda.
18 ထို့နောက် မီးကို အစိုးရသော ကောင်းကင်တမန်သည် ယဇ်ပလ္လင်တော်မှ ထွက်လာ၏။ သူသည် တန်းစဉ်ကို ကိုင်ထားသည့် ကောင်းကင်တမန်အား “မြီကြီးထက်၌ စပျစ်သီး မှည့်နိန်ယာဖြစ်သောကြောင့် သင်၏ တန်းစဉ်ကို ယူ၍ စပျစ်သီးများကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်သောအသံဖြင့် ပြော၏။
18 E saiu do altar outro anjo, que tinha poder sobre o fogo, e clamou com grande voz ao que tinha a foice aguda, dizendo: Lança a tua foice aguda e vindima os cachos da vinha da terra, porque já as suas uvas estão maduras!
19 သို့ဖြစ်၍ ထိုကောင်းကင်တမန်သည် မိမိတန်းစဉ်ကို ယူ၍ မြီကြီးထက်က စပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထို့နောက် စပျစ်သီးများကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာ ကျင်းထဲသို့ သွန်ချလိုက်၏။
19 E o anjo meteu a sua foice à terra, e vindimou as uvas da vinha da terra, e lançou-as no grande lagar da ira de Deus.
20 ထိုစပျစ်သီးများကို မြို့ပြင်တွင် နယ်၍ စပျစ်သီးနယ်ရာ တွင်းမှ မြင်းဇက်ကြိုးထိတိုင်အောင် သွီးချောင်းစီးထွက် လာ၏။ ထိုသွီးချောင်းသည် အလျားမိုင် ၂၀၀၊ အနက် ငါးပေခန့် ဟိသတည်း။
20 E o lagar foi pisado fora da cidade, e saiu sangue do lagar até aos freios dos cavalos, pelo espaço de mil e seiscentos estádios.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.