3 João 1

rki (RKI)

1 အသက်ကြီးသူဖြစ်သော ငါသည် —

2 အဆွီ၊ သင်၏ စိတ်ဝိညာဉ် တိုးတက်ကြီးပွားသကဲ့သို့ အရာရာ၌ တိုးတက်ကြီးပွား၍ ကျန်းမာစီရန် ငါဆုတောင်း၏။

3 သင်သည် သမ္မာတရားကို အမြဲတစီ လိုက်လျှောက်ခသည့်အတိုင်း သမ္မာတရားကို သစ္စာနှင့် လိုက်လျှောက်လျက် ဟိကြောင်းကို ညီအစ်ကို မောင်နှမ တချို့သည် ငါ့ပါးသို့ ရောက်လာ၍ ပြောပြကြသဖြင့် ငါသည် အလွန်ဝမ်းသာ၏။

4 ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။

5 အဆွီ၊ သင်သည် ညီအစ်ကို မောင်နှမရို့သာမက လူစိမ်းတိကိုပင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့် ပြုတတ်၏။

6 ထိုသူရို့သည် သင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှိ့၌ သက်သီခံကြ၏။ သူရို့သည် ဆက်လက် ခရီးဆက်နိုင်ကြစီရန် သူရို့အား ဘုရားသခင် နှစ်သက်တော်မူသည့်အတိုင်း ကူညီမစလော့။

7 အကြောင်းမူကား သူရို့သည် တစ်ပါးအမျိုးသားတိပါးမှ အကူအညီကိုမယူဘဲ ခရစ်တော်၏ နာမတော်ဖို့အလို့ငှာ ခရီးထွက်ကြသောသူတိ ဖြစ်ပေ၏။

8 ထို့ကြောင့် ငါရို့သည် ခရစ်ယာန်တိဖြစ်ကြ၍ သမ္မာတရားအတွက် ထိုသူရို့၏ လုပ်ဖော်ဆောင်ဖက်တိ ဖြစ်နိုင်ရန် သူရို့အား ကူညီမစကြရမည်။

9 ငါသည် အသင်းတော်သို့ စာတိုရီးခသော်လည်း အသင်းတော်၏ ခေါင်းဆောင်ဖြစ်ချင်သောသူ ဒယောတရပ်သည် ငါ့စကားကို နားမထောင်။

10 ထို့ကြောင့် ငါလာသောအခါမှ သူပြုသမျှသောအမှုတိကို ထောက်ပြမည်။ သူသည် ငါရို့အား မကောင်းသောအရာများနှင့် စွပ်စွဲပြောဆိုပြီး ဤမျှလောက်နှင့် မကြေနပ်ဘဲ သူကိုယ်တိုင်ပင် အခြားသော ယုံကြည်သူတိကို လက်မခံ၊ လက်ခံလိုသူတိကိုလည်း တားမြစ်ပိတ်ပင်လျက် အသင်းတော်မှ နှင်ထုတ်ရန် ကြိုးစား၏။

11 အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။

12 ဒေမေတရိကို လူတိုင်းက ချီးကျူးပြောဆို ကြ၏။ သမ္မာတရားသည် သူ့ဖက်၌ သက်သီခံ၏။ ငါရို့သည် ထပ်၍ သက်သီခံကြ၏။ ငါရို့၏ သက်သီခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။

13 သင်အား ငါသည် ပြောစရာအကြောင်းအရာ များစွာဟိသော်လည်း ကလောင်နှင့် မှင်ဆီအားဖြင့် မရီးလို။

14 ငါသည် သင့်ပါးသို့ မကြာခင် ရောက်လာ၍ သင်နှင့် မျက်နှာချင်းဆိုင် တွိ့ဆုံကာ စကားပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။

15 သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 3 João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.