2 Tessalonicenses 3
rki (RKI) vs ARC
1 နောက်ဆုံးအနေဖြင့် ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၏ တရားတော်သည် သင်ရို့နှင့်အတူ ဟိသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့၍ ထိုတရားတော်မြတ်ကို ရိုသီလေးမြတ်သောစိတ်ထားဖြင့် ခံယူကြစီခြင်းငှာ ငါရို့အတွက် ဆုတောင်းပီးကြလော့။
1 No demais, irmãos, rogai por nós, para que a palavra do Senhor tenha livre curso e seja glorificada, como também o é entre vós;
2 ဘုရားသခင်သည် ငါရို့အား မတရားသောသူရို့နှင့် ဆိုးယုတ်သောသူရို့၏ အန္တရာယ်မှ ကယ်မတော်မူရန်ကိုလည်း ဆုတောင်းပီးကြလော့။ အကြောင်းမူကား တရားတော်ကို လူတိုင်း မယုံကြည်သောကြောင့် ဖြစ်၏။
2 e para que sejamos livres de homens dissolutos e maus; porque a fé não é de todos.
3 သို့ရာတွင် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်ရို့အား ခိုင်ခန့်စီ၍ မကောင်းသောအမှုအရာမှ ကွယ်ကာတော်မူလိမ့်မည်။
3 Mas fiel é o Senhor, que vos confortará e guardará do maligno.
4 သင်ရို့သည် ငါရို့ မှာကြားခသည့်အရာများကို ဆောင်ရွက်လျက်နိန်ကြသည့် အပြင် ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရားကို အမှီပြု၍ ငါရို့သည် သင်ရို့အား ယုံကြည်စိတ်ချလျက် ဟိကြ၏။
4 E confiamos de vós no Senhor que não só fazeis como fareis o que vos mandamos.
5 သင်ရို့သည် ခရစ်တော်အားဖြင့် ပီးသနားတော်မူသော သည်းခံခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သာ၍ နားလည်သဘောပေါက်စီခြင်းငှာ သခင်ဘုရား လမ်းပြတော်မူပါစီသောဝ်။
5 Ora, o Senhor encaminhe o vosso coração no amor de Deus e na paciência de Cristo.
6 ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။
6 Mandamo-vos, porém, irmãos, em nome de nosso Senhor Jesus Cristo, que vos aparteis de todo irmão que andar desordenadamente e não segundo a tradição que de nós recebeu.
7 သင်ရို့သည် ငါရို့ လုပ်ဆောင်ခသည့်အတိုင်း လုပ်ဆောင်သင့်သည်ကို သင်ရို့ကိုယ်တိုင် သိကြ၏။ သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် ပျင်းရိစွာ မနီထိုင်ခကြ။
7 Porque vós mesmos sabeis como convém imitar-nos, pois que não nos houvemos desordenadamente entre vós,
8 ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။
8 nem, de graça, comemos o pão de homem algum, mas com trabalho e fadiga, trabalhando noite e dia, para não sermos pesados a nenhum de vós;
9 ငါရို့သည် ထိုသို့သော အကူအညီကို တောင်းပိုင်ခွင့် မဟိ၍ မဟုတ်။ သင်ရို့ လိုက်လျှောက်ကြရန် ပုံသက်သေကို လုပ်ပြခကြ၏။
9 não porque não tivéssemos autoridade, mas para vos dar em nós mesmos exemplo, para nos imitardes.
10 သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် “အလုပ် မလုပ်ချင်သောသူအား အစာကိုလည်း မစားစီကတ်ကေ့” ဟူ၍ သင်ရို့ကို သွန်သင်လေ့ဟိ၏။
10 Porque, quando ainda estávamos convosco, vos mandamos isto: que, se alguém não quiser trabalhar, não coma também.
11 သင်ရို့အထဲ၌ အပျင်းထူပြီး အလုပ်မလုပ်ဘဲ တခြားလူတိ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်တတ်သောသူ တချို့ ဟိကြောင်းကို ငါရို့ ကြားသိခ၏။
11 Porquanto ouvimos que alguns entre vós andam desordenadamente, não trabalhando, antes, fazendo coisas vãs.
12 ထိုသို့သော လူတိအား ငြိမ်ဝပ်စွာဖြင့် နီထိုင်၍ မိမိရို့၏အသက်မွီးဝမ်းကျောင်းအတွက် မိမိရို့ကိုယ်တိုင် လုပ်ဆောင်ကြရန် အသျှင်ယေသျှု ခရစ်တော်၏ နာမတော်မြတ်၌ ငါရို့ တိုက်တွန်းလိုက်၏။
12 A esses tais, porém, mandamos e exortamos, por nosso Senhor Jesus Cristo, que, trabalhando com sossego, comam o seu próprio pão.
13 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စိတ်ပျက်အားလျော့ခြင်း မဟိဘဲ ကောင်းသောအလုပ်ကို လုပ်ဆောင်ကြလော့။
13 E vós, irmãos, não vos canseis de fazer o bem.
14 အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။
14 Mas, se alguém não obedecer à nossa palavra por esta carta, notai o tal e não vos mistureis com ele, para que se envergonhe.
15 သို့ရာတွင် ထိုသူအား ရန်သူကဲ့သို့ မမှတ်ဘဲ ညီအစ်ကိုကဲ့သို့ သတိပီးကြလော့။
15 Todavia, não o tenhais como inimigo, mas admoestai-o como irmão.
16 ငြိမ်သက်ခြင်း၏အသျှင် သခင်ဘုရား ကိုယ်တော်တိုင် မည်သည့်အခြေအနေ၌မဆို သင်ရို့အား ငြိမ်သက်ခြင်းကို အစဉ်မပြတ် ပီးသနားတော် မူပါစီသောဝ်။ သခင်ဘုရားသည် သင်ရို့အားလုံးနှင့်အတူ ဟိတော်မူပါစီသောဝ်။
16 Ora, o mesmo Senhor da paz vos dê sempre paz de toda maneira. O Senhor seja com todos vós.
17 ဤနှုတ်ဆက်ခြင်းစာကို ငါ ပေါလုကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ ဤသည်ကား ငါရီးသော စာတိုင်းတွင် အမှတ်လက္ခဏာဖြစ်၏။ ငါသည် ဤသို့ ရီးလေ့ဟိ၏။
17 Saudação da minha própria mão, de mim, Paulo, que é o sinal em todas as epístolas; assim escrevo.
18 ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။
18 A graça de nosso Senhor Jesus Cristo seja com todos vós. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Tessalonicenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.