2 Timóteo 1

rki (RKI) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ခရစ်တော်ယေသျှု၌ တည်သော အသက်တာနှင့်ပတ်သက်၍ ကတိတော်ဟိသည့်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သော ငါ ပေါလုပါးမှ —
1 Paulo, apóstolo de Cristo Jesus pela vontade de Deus, segundo a promessa da vida que está em Cristo Jesus,
2 ငါ၏ချစ်သား တိမောသေပါးသို့ စာရီးလိုက်ပါ၏၊
2 a Timóteo, meu amado filho: Graça, misericórdia e paz da parte de Deus Pai e de Cristo Jesus, nosso Senhor.
3 ငါ၏အဖိုး အဖီးရို့ ပြုခသည့်နည်းတူ ငါသည် စင်ကြယ်သောစိတ်နှင့် အမှုတော်မြတ်ကို ဆောင်ရွက်လျက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ငါသည် နိ့ညမပြတ် ဆုတောင်းရာ၌ သင့်ကို အမြဲတမ်း အောက်မိ့သတိရလျက် ကိုယ်တော့်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။
3 Dou graças a Deus, a quem sirvo com a consciência limpa, como o serviram os meus antepassados, ao lembrar-me constantemente de você noite e dia em minhas orações.
4 သင်၏မျက်ရည်ကို အောက်မိ့သတိရလျက်ဟိသော ငါအား ဝမ်းမြောက်ရွှင်လန်း စီခြင်းငှာ သင့်ကို အလွန် တွိ့ချင်ပါ၏
4 Lembro-me das suas lágrimas e desejo muito vê-lo, para que a minha alegria seja completa.
5 သင်၏အဘောင်မ လောဣနှင့် သင်၏အမိ ဥနိတ်ရို့၌ဟိသော ယုံကြည်ခြင်းကဲ့သို့ သင်၌ဟိသော အပြစ်ကင်းသည့် ယုံကြည်ခြင်းကို ငါသည် သတိရအောက်မိ့လျက်ဟိပါ၏။ သင်၌လည်း ထိုယုံကြည်ခြင်းဟိသည်ကို ငါစိတ်ချပါ၏။
5 Recordo-me da sua fé não fingida, que primeiro habitou em sua avó Lóide e em sua mãe Eunice, e estou convencido de que também habita em você.
6 သို့ဖြစ်၍ ငါသည် သင်၌ လက်တင်ဆုတောင်းပီးသောအခါ သင့်အား ဘုရားသခင်ပီးသော ဆုကျေးဇူးကို ဆက်လက် ရှင်သန်စီခြင်းငှာ သင့်အား သတိပီးလိုက်ခြင်းဖြစ်၏။
6 Por essa razão, torno a lembrar-lhe que mantenha viva a chama do dom de Deus que está em você mediante a imposição das minhas mãos.
7 အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။
7 Pois Deus não nos deu espírito de covardia, mas de poder, de amor e de equilíbrio.
8 ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။
8 Portanto, não se envergonhe de testemunhar do Senhor, nem de mim, que sou prisioneiro dele, mas suporte comigo os sofrimentos pelo evangelho, segundo o poder de Deus,
9 ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။
9 que nos salvou e nos chamou com uma santa vocação, não em virtude das nossas obras, mas por causa da sua própria determinação e graça. Esta graça nos foi dada em Cristo Jesus desde os tempos eternos,
10 သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား အဂုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။
10 sendo agora revelada pela manifestação de nosso Salvador, Cristo Jesus. Ele tornou inoperante a morte e trouxe à luz a vida e a imortalidade por meio do evangelho.
11 ဘုရားသခင်သည် သတင်းကောင်းတရားကို ဟောပြောရန် တမန်တော်တစ်ယောက်အဖြစ် လည်းကောင်း၊ ဆရာတစ်ယောက်အဖြစ်လည်းကောင်း၊ ငါ့အား ခန့်ထားတော်မူ၏။
11 Deste evangelho fui constituído pregador, apóstolo e mestre.
12 သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
12 Por essa causa também sofro, mas não me envergonho, porque sei em quem tenho crido e estou bem certo de que ele é poderoso para guardar o meu depósito até aquele dia.
13 ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရို့ဖြင့် ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့် ဩဝါဒကို စံနမူနာအဖြစ် ဆုပ်ကိုင်ထားလော့။
13 Retenha, com fé e amor em Cristo Jesus, o modelo da sã doutrina que você ouviu de mim.
14 ငါရို့အထဲမှာ ဟိသော သန့်ယှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။
14 Quanto ao bom depósito, guarde-o por meio do Espírito Santo que habita em nós.
15 သင်သိသည့်အတိုင်း ဖုဂေလုနှင့် ဟေရမောဂင်ရို့ အပါအဝင် အာယှိနယ်၌ ဟိသောလူတိသည် ငါ့အား စွန့်ခွါလားကြလေပြီ။
15 Você sabe que todos os da província da Ásia me abandonaram, inclusive Fígelo e Hermógenes.
16 ဘုရားသခင်၏ကရုဏာတော်သည် ဩနေသိဖော်၏မိသားစု၌ သက်ရောက်ပါစီသောဝ်။ အကြောင်းမူကား သူသည် ငါ့အား ကြိမ်ဖန်များစွာ စိတ်သက်သာရစီ၏။ ငါသည် အကျဉ်းကျခံနိန်ရသော်လည်း သူသည် မရှက်မကြောက်ဘဲ၊
16 O Senhor conceda misericórdia à casa de Onesíforo, porque muitas vezes ele me reanimou e não se envergonhou por eu estar preso;
17 ရောမမြို့သို့ ရောက်လျင်ရောက်ချင်း ငါ့ကို မတွိ့မချင်း လိုက်ရှာ၏။
17 pelo contrário, quando chegou a Roma procurou-me diligentemente até me encontrar.
18 ထိုနိ့ရက်၌ သခင်ဘုရား၏ကရုဏာတော်ကို ခံစားရပါစီသောဝ်။ ထို့နောက် သူသည် ဧဖက်မြို့၌ ငါ့ကို နည်းမျိုးစုံဖြင့် အလုပ်အကျွေးပြုခသည်ကို သင်သည် ကောင်းစွာသိ၏။
18 Conceda-lhe o Senhor que, naquele dia, encontre misericórdia da parte do Senhor! Você sabe muito bem quantos serviços ele me prestou em Éfeso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Timóteo 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.