2 Pedro 2

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။
1 E também houve entre o povo falsos profetas, como entre vós haverá também falsos doutores, que introduzirão encobertamente heresias de perdição e negarão o Senhor que os resgatou, trazendo sobre si mesmos repentina perdição.
2 များစွာသောလူရို့သည် ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။
2 E muitos seguirão as suas dissoluções, pelos quais será blasfemado o caminho da verdade;
3 ဤမှားယွင်းသောဆရာရို့သည် လောဘစိတ်နှင့် လုပ်ကြံဖန်တီးပြောဆိုကာ သင်ရို့၌ အမြတ် ထုတ်ကြလိမ့်မည်။ ရှီးကာလကပင် သူရို့အား တရားစီရင်ရန် အဂု အသင့် ဟိနိန်ပြီး၊ ဖျက်ဆီးမည့်သူသည် ငိုက်မျိုင်းခြင်း အလျှင်းမဟိ။
3 e, por avareza, farão de vós negócio com palavras fingidas; sobre os quais já de largo tempo não será tardia a sentença, e a sua perdição não dormita.
4 အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့် ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။
4 Porque, se Deus não perdoou aos anjos que pecaram, mas, havendo-os lançado no inferno, os entregou às cadeias da escuridão, ficando reservados para o Juízo;
5 ဘုရားသခင်သည် ဘုရားတရားမဲ့သော သူရို့ကို ရီလွှမ်းမိုးစီတော်မူသောအခါ ရှီးကမ္ဘာကိုလည်း ချမ်းသာပီးတော်မမူ။ သို့ရာတွင် ဖြောင့်မတ်ခြင်းတရားကို ဟောပြောသောသူ နောဧကိုမူကား အခြားသောလူ ခုနစ်ယောက်နှင့်အတူ ကွယ်ကာပီးတော်မူ၏။
5 e não perdoou ao mundo antigo, mas guardou a Noé, pregoeiro da justiça, com mais sete pessoas, ao trazer o dilúvio sobre o mundo dos ímpios;
6 ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို မီးနှင့်ဖျက်ဆီးခြင်းအားဖြင့် အပြစ်ဒဏ်စီရင်တော်မူပြီး ဘုရားတရားမဲ့သောသူရို့အတွက် ဖြစ်ပျက်လာမည့် နမူနာကို ပြုတော်မူခ၏။
6 e condenou à subversão as cidades de Sodoma e Gomorra, reduzindo-as a cinza e pondo- as para exemplo aos que vivessem impiamente;
7 သို့ရာတွင် ကိုယ်တော်သည် မတရားသော သူရို့၏ ကိုယ်ကျင့်တရားပျက်ပြားစွာ နီထိုင်မှုများကြောင့် အလွန်စိတ်ပျက်လျက် ဟိသည့် ဖြောင့်မတ်သောသူ လောတကိုမူကား ကယ်နုတ်တော်မူ၏။
7 e livrou o justo Ló, enfadado da vida dissoluta dos homens abomináveis
8 ထိုဖြောင့်မတ်သောသူသည် သူရို့နှင့်အတူ နီထိုင်စဉ် သူရို့၏ ဆိုးညစ်မှုများကို နိ့စဉ်ရက်ဆက် တွိ့မြင် ကြားသိသဖြင့် လွန်စွာ စိတ်ဒုက္ခ ရောက်ခရပေ၏။
8 (porque este justo, habitando entre eles, afligia todos os dias a sua alma justa, pelo que via e ouvia sobre as suas obras injustas).
9 သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
9 Assim, sabe o Senhor livrar da tentação os piedosos e reservar os injustos para o Dia de Juízo, para serem castigados,
10 အထူးသဖြင့် ထိုသူရို့၏ ကိုယ်ခန္ဓာသည် ကိလေသာစိတ် ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင်၏ အခွင့်အာဏာတော်ကို မထီမဲ့မြင်ပြုသောသူတိ ဖြစ်ကြ၏။
10 mas principalmente aqueles que segundo a carne andam em concupiscências de imundícia e desprezam as dominações. Atrevidos, obstinados, não receiam blasfemar das autoridades;
11 ဤမှားယွင်းသောဆရာရို့ထက် များစွာတန်ခိုးကြီးသော ကောင်းကင်တမန်များပင်လျှင် ထာဝရဘုရား၏ ရှိ့တော်မှောက်၌ သူရို့အား ကဲ့ရဲ့ပြစ်တင်ခြင်းကို မပြုကြပေ။
11 enquanto os anjos, sendo maiores em força e poder, não pronunciam contra eles juízo blasfemo diante do Senhor.
12 သို့ရာတွင် ထိုသူရို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သော သားရဲ တိရစ္ဆာန်များနှင့် တူကြပြီး မိမိရို့မသိနားမလည်သည့် အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ သူရို့သည် အသိဉာဏ်ကင်းမဲ့သည့် သားရဲတိရစ္ဆာန်များကဲ့သို့ ပျက်စီးရကြလိမ့်မည်။
12 Mas estes, como animais irracionais, que seguem a natureza, feitos para serem presos e mortos, blasfemando do que não entendem, perecerão na sua corrupção,
13 သူရို့သည် သူတစ်ပါးကို ဒုက္ခရောက်စီသည့်နည်းတူ မိမိရို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကို ခံစားရကြလိမ့်မည်။ သူရို့သည် နိ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပြုကြ၏။ သူရို့သည် သင်ရို့နှင့်အတူ စားပွဲ၌ထိုင်၍ သောက်စားပျော်ပါးကြပြီး သင်ရို့အား ရှက်စရာနှင့် ဂုဏ်သိက္ခာကျစရာများကို ဖြစ်စီကြ၏။ သူရို့သည် လှည့်စားမှုကိုလည်း နှစ်သက်ကြ၏။
13 recebendo o galardão da injustiça; pois que tais homens têm prazer nos deleites cotidianos; nódoas são eles e máculas, deleitando-se em seus enganos, quando se banqueteiam convosco;
14 သူရို့၏ မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့် ပြည့်ဝလျက် အပြစ်ကျူးလွန်ရာ၌ မရောင့်ရဲနိုင်ကြ။ သူရို့သည် အားနည်းသော သူရို့ကို လှည့်ဖြားကြ၏။ သူရို့၏ စိတ်နှလုံးသည်လည်း လောဘလွန်ကျူးခြင်း၌ ကျင်လည်ကြ၏။ သူရို့သည် ဘုရားသခင်၏ ကျိန်စာသင့်သောသူတိ ဖြစ်ကြ၏။
14 tendo os olhos cheios de adultério e não cessando de pecar, engodando as almas inconstantes, tendo o coração exercitado na avareza, filhos de maldição;
15 သူရို့သည် ပြောင့်တန်းသော လမ်းကိုစွန့်၍ လမ်းလွဲကာ မတရားမှုကြောင့် ရဟိသော အဖိုးခကို နှစ်သက်သည့် ဗောသော်၏သား ဗာလမ်၏လမ်းကို လိုက်ကြ၏။
15 os quais, deixando o caminho direito, erraram seguindo o caminho de Balaão, filho de Beor, que amou o prêmio da injustiça.
16 သို့သော် ဗာလမ်သည် အပြစ်အတွက် ဆုံးမခြင်းကို ခံရသောသူ ဖြစ်၏။ သူ၏ မြည်းသည် လူ့ဘာသာစကားကို ပြော၍ ထိုပရောဖက်၏ မိုက်မဲမှုကို တားမြစ်လေ၏။
16 Mas teve a repreensão da sua transgressão; o mudo jumento, falando com voz humana, impediu a loucura do profeta.
17 ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။
17 Estes são fontes sem água, nuvens levadas pela força do vento, para os quais a escuridão das trevas eternamente se reserva;
18 အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
18 porque, falando coisas mui arrogantes de vaidades, engodam com as concupiscências da carne e com dissoluções aqueles que se estavam afastando dos que andam em erro,
19 သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။
19 prometendo-lhes liberdade, sendo eles mesmos servos da corrupção. Porque de quem alguém é vencido, do tal faz-se também servo.
20 အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။
20 Porquanto se, depois de terem escapado das corrupções do mundo, pelo conhecimento do Senhor e Salvador Jesus Cristo, forem outra vez envolvidos nelas e vencidos, tornou-se-lhes o último estado pior do que o primeiro.
21 ဖြောင့်မတ်သောလမ်းကို သိပြီးနောက် မိမိရို့ခံယူထားသည့် မြင့်မြတ်သော ပညတ်တော်ကို စွန့်ရွှတ်လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနိန်ခြင်းက သူရို့အတွက် ပို၍ ကောင်း၏။
21 Porque melhor lhes fora não conhecerem o caminho da justiça do que, conhecendo- o, desviarem-se do santo mandamento que lhes fora dado.
22 “ခွီးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်၏။ ရီချိုးထားသောဝက်သည်လည်း ဗွက်အိုင်ထဲတွင် ပြန်၍ လူးတတ်၏” ဟူသော မှန်သော ဆိုရိုးစကားသည်လည်း ထိုသူရို့၌ မှန်ပေ၏။
22 Deste modo, sobreveio- lhes o que por um verdadeiro provérbio se diz: O cão voltou ao seu próprio vômito; a porca lavada, ao espojadouro de lama.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Pedro 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.