2 Coríntios 4

rki (RKI) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ဘုရားသခင်သည် မိမိ၏ကရုဏာတော်နှင့်အညီ ငါရို့အား ဤအမှုတော်လုပ်ငန်းကို ပီးအပ်တော်မူသည်ဖြစ်ရာ ငါရို့သည် စိတ်ပျက်အားလျော့ခြင်း မဟိ။
1 Pelo que, tendo este ministério, assim como já alcançamos misericórdia, não desfalecemos;
2 ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။
2 pelo contrário, rejeitamos as coisas ocultas, que são vergonhosas, não andando com astúcia, nem adulterando a palavra de Deus; mas, pela manifestação da verdade, nós nos recomendamos à consciência de todos os homens diante de Deus.
3 အကယ်၍ ငါရို့ဟောပြောသည့် ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ဟိလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သောသူတိအတွက်သာ ဖြစ်၏။
3 Mas, se ainda o nosso evangelho está encoberto, é naqueles que se perdem que está encoberto,
4 ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။
4 nos quais o deus deste século cegou os entendimentos dos incrédulos, para que lhes não resplandeça a luz do evangelho da glória de Cristo, o qual é a imagem de Deus.
5 အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည် မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။
5 Pois não nos pregamos a nós mesmos, mas a Cristo Jesus como Senhor; e a nós mesmos como vossos servos por amor de Jesus.
6 ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။
6 Porque Deus, que disse: Das trevas brilhará a luz, é quem brilhou em nossos corações, para iluminação do conhecimento da glória de Deus na face de Cristo.
7 သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။
7 Temos, porém, este tesouro em vasos de barro, para que a excelência do poder seja de Deus, e não da nossa parte.
8 ငါရို့သည် မကြာခဏ ဆင်းရဲဒုက္ခ ရောက်ကြသော်လည်း နာလန်မထူနိုင်အောင် ဖြစ်သည် မဟုတ်။ တစ်ခါတရံ ဝေခွဲမရ ဖြစ်နိန်သော်လည်း မည်သည့်အခါမျှ စိတ်မပျက်။
8 Em tudo somos atribulados, mas não angustiados; perplexos, mas não desesperados;
9 ငါ့ရို့၌ ရန်သူအများ ဟိသော်လည်း မိတ်ဆွီကင်းမဲ့သည် ဟူ၍မဟိ။ အလဲထိုး ခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
9 perseguidos, mas não desamparados; abatidos, mas não destruídos;
10 ငါရို့သည် ယေသျှု အသက်ရှင်တော်မူကြောင်းကို ငါရို့၏ခန္ဓာကိုယ်၌ ထင်ရှားစီရန် ယေသျှု အသီခံတော်မူခြင်းဆိုင်ရာ ဒုက္ခဝေဒနာကို ငါရို့၏ ကိုယ်ခန္ဓာ၌ အမြဲတမ်း ခံယူထားကြ၏။
10 trazendo sempre no corpo o morrer de Jesus, para que também a vida de Jesus se manifeste em nossos corpos;
11 ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။
11 pois nós, que vivemos, estamos sempre entregues à morte por amor de Jesus, para que também a vida de Jesus se manifeste em nossa carne mortal.
12 သို့ဖြစ်၍ ငါရို့ထဲ၌ သီခြင်းတရားသည် ရှင်သန်လျက် ဟိသော်လည်း အသက်ရှင်ခြင်း တရားသည် သင်ရို့ထဲ၌ ရှင်သန်လျက်ဟိ၏။
12 De modo que em nós opera a morte, mas em vós a vida.
13 ကျမ်းစာတော်မြတ်တွင် “ငါယုံကြည်သောကြောင့် ငါဟောပြောသည်” ဟု ပါဟိ၏။ ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝိညာဉ်တော်ကို ငါရို့​ရဟိ​ကြ​သည်နှင့်အညီ ငါရို့သည်လည်း ယုံကြည်သောစိတ် ဟိသောကြောင့် ဟောပြောကြ၏။
13 Ora, temos o mesmo espírito de fé, conforme está escrito: Cri, por isso falei; também nós cremos, por isso também falamos,
14 အသျှင်ယေသျှုအား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီသော ဘုရားသခင်သည် ငါရို့ကိုလည်း ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူပြီးလျှင် သင်ရို့နှင့်အတူ ကိုယ်တော်၏ ရှိ့တော်မှောက်သို့ ခေါ်ဆောင်တော်မူမည့်အကြောင်းကို ငါရို့ သိကြ၏။
14 sabendo que aquele que ressuscitou o Senhor Jesus, nos ressuscitará a nós com Jesus, e nos apresentará convosco.
15 ဤအမှုအရာအားလုံးသည် သင်ရို့၏ အကျိုးအလို့ငှာ ဖြစ်ကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူ ပို၍ပို၍ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသောသူများသည်လည်း ပို၍ များပြားလာသောကြောင့် ဘုန်းတော် ထင်ရှားလာလိမ့်မည်။
15 Pois tudo é por amor de vós, para que a graça, multiplicada por meio de muitos, faça abundar a ação de graças para glória de Deus.
16 ဤအကြောင်းကြောင့် ငါရို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျော့ခြင်း မဟိကြ။ ငါရို့၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသော်လည်း ငါရို့၏ ဝိညာဉ်မူကား တစ်နိ့ထက်တစ်နိ့ အသစ်ပြုပြင်ခြင်းကို ခံရကြ၏။
16 Por isso não desfalecemos; mas ainda que o nosso homem exterior se esteja consumindo, o interior, contudo, se renova de dia em dia.
17 အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။
17 Porque a nossa leve e momentânea tribulação produz para nós cada vez mais abundantemente um eterno peso de glória;
18 ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။
18 não atentando nós nas coisas que se vêem, mas sim nas que se não vêem; porque as que se vêem são temporais, enquanto as que se não vêem são eternas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Coríntios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.