2 Coríntios 10
rki (RKI) vs ARA
1 ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။
1 E eu mesmo, Paulo, vos rogo, pela mansidão e benignidade de Cristo, eu que, na verdade, quando presente entre vós, sou humilde; mas, quando ausente, ousado para convosco,
2 ငါရို့ကို လောကီအလိုသို့လိုက်၍ ဆောင်ရွက်သူများဖြစ်သည်ဟု ဝေဖန်စွပ်စွဲကြသော သူရို့အား ပြတ်သားစွာ ပြုမူရမည်ဟု ငါ ခံယူထားသည်အတိုင်း ငါရောက်လာသောအခါ ထိုသို့ ပြတ်သားစွာ ပြောဆိုခြင်းငှာ ဖိအားမပီးကြရန် ငါတောင်းပန်၏။
2 sim, eu vos rogo que não tenha de ser ousado, quando presente, servindo-me daquela firmeza com que penso devo tratar alguns que nos julgam como se andássemos em disposições de mundano proceder.
3 ငါရို့သည် လောက၌ အသက်ရှင်နီထိုင်လျက် ဟိကြသည် မှန်သော်လည်း လောကီအလိုသို့လိုက်၍ တိုက်ပွဲ ဝင်နိန်ကြသည် မဟုတ်။
3 Porque, embora andando na carne, não militamos segundo a carne.
4 ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိ မဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊
4 Porque as armas da nossa milícia não são carnais, e sim poderosas em Deus, para destruir fortalezas, anulando nós sofismas
5 ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။
5 e toda altivez que se levante contra o conhecimento de Deus, e levando cativo todo pensamento à obediência de Cristo,
6 သင်ရို့သည် နာခံမှုနှင့် ပြည့်စုံကြသောအခါ မနာခံသောသူတိကို ပြစ်ဒဏ်ပီးခြင်းငှာ ငါရို့သည် အသင့်ဟိကြ၏။
6 e estando prontos para punir toda desobediência, uma vez completa a vossa submissão.
7 သင်ရို့သည် အပြင်ပန်းသဏ္ဌန်ကိုသာ ကြည့်ရှုတတ်ကြ၏။ ဇာသူမဆို ကိုယ့်ကိုကိုယ် ခရစ်တော်နှင့် သက်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်စိတ်ချမှုဟိလျှင် ထိုသူရို့သည် ခရစ်တော်နှင့် သက်ဆိုင်သကဲ့သို့ ငါရို့သည်လည်း ခရစ်တော်နှင့် သက်ဆိုင်သောသူတိဖြစ်သည်ကို ပြန်လည်၍ စဉ်းစားဆင်ခြင်ကြလော့။
7 Observai o que está evidente. Se alguém confia em si que é de Cristo, pense outra vez consigo mesmo que, assim como ele é de Cristo, também nós o somos.
8 အကြောင်းမူကား ငါသည် သခင်ဘုရား ပီးတော်မူသော အခွင့်အာဏာနှင့် ပတ်သတ်၍ အလွန်ပင် ဝါကြွားမိခသော်လည်း မရှက်ပါ။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန် မဟုတ်၊ တည်ဆောက်ပီးရန် အတွက်ဖြစ်၏။
8 Porque, se eu me gloriar um pouco mais a respeito da nossa autoridade, a qual o Senhor nos conferiu para edificação e não para destruição vossa, não me envergonharei,
9 သို့ဖြစ်၍ ငါသည် သင်ရို့အား စာရီး၍ ခြောက်လှန့်နိန်သည်ဟု မထင်စီလို။
9 para que não pareça ser meu intuito intimidar-vos por meio de cartas.
10 အကြာင်းမူကား၊ “ပေါလု၏ စာများသည် ပြင်းထန်၍ အာဏာပါသော စာဖြစ်၏။ သို့သော် သူကိုယ်တိုင် ငါရို့နှင့်အတူ ဟိသောအခါ အားနည်းသောသူဖြစ်၍ အဟောအပြောသည်လည်း အထင်ကြီးစရာမဟိ” ဟု လူတချို့က ပြောဆိုကြ၏။
10 As cartas, com efeito, dizem, são graves e fortes; mas a presença pessoal dele é fraca, e a palavra, desprezível.
11 ငါရို့သည် အဝီး၌ ဟိသောအခါက ရီးသားလိုက်သော စာ၌ ပါဟိသည့်အတိုင်း ငါရို့ရောက်လာချိန်၌ ထိုအမှုကိုပြုမည့် အကြောင်းကို ထိုသူရို့အား အသိပီးလိုက်ကတ်။
11 Considere o tal isto: que o que somos na palavra por cartas, estando ausentes, tal seremos em atos, quando presentes.
12 အကြောင်းမူကား ငါရို့သည် ကိုယ့်ကိုကိုယ် ချီးမြှောက်တတ်သူရို့နှင့် တစ်တန်းတည်းဖြစ်စီခြင်းငှာ လည်းကောင်း၊ နှိုင်းယှဉ်ခြင်းငှာ လည်းကောင်း မပြုဝံ့ပါ။ သူရို့သည် မိမိရို့၏ စံအားဖြင့် မိမိကိုယ်ကို တိုင်းတာ၍ ဆုံးဖြတ်ကြ၏။ ထိုသူရို့သည် အလွန် မိုက်မဲလှပါ၏။
12 Porque não ousamos classificar-nos ou comparar-nos com alguns que se louvam a si mesmos; mas eles, medindo-se consigo mesmos e comparando-se consigo mesmos, revelam insensatez.
13 ငါရို့သည်ကား အတိုင်းအတာကို ကျော်လွန်၍ ဝါကြွားလိမ့်မည် မဟုတ်။ သင်ရို့၌ ငါရို့ လုပ်ဆောင်သော လုပ်ငန်းအပါအဝင် ဘုရားသခင် သတ်မှတ်ပီးထားသော လုပ်ဆောင်မှု၌သာ ငါရို့ ဝါကြွားကြ၏။
13 Nós, porém, não nos gloriaremos sem medida, mas respeitamos o limite da esfera de ação que Deus nos demarcou e que se estende até vós.
14 သင်ရို့သည်လည်း ထိုသို့ သတ်မှတ်ထားသော လုပ်ဆောင်မှု၌ ပါဝင်သဖြင့် ငါရို့သည် သင်ရို့ပါးသို့ လာသောအခါ ခရစ်တော်၏ သတင်းကောင်းကို ယူဆောင်လာခြင်းသည် နယ်ကျွံရာမကျပေ။
14 Porque não ultrapassamos os nossos limites como se não devêssemos chegar até vós, posto que já chegamos até vós com o evangelho de Cristo;
15 သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်က သတ်မှတ်ပီးထားသည့် အလုပ်ကို ကျော်လွန်၍ သူတစ်ပါး၏ လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူဝါကြွားခြင်း မဟိပေ။ သို့သော် သင်ရို့၏ ယုံကြည်ခြင်း ကြီးထွားလာသည်နှင့်အမျှ ငါရို့အတွက် ဘုရားသခင် သတ်မှတ်ပီးတော်မူသည့် နယ်ပယ်အတွင်း သင်ရို့ပါးတွင် အမှုတော်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ငါရို့ မျှော်လင့်၏။
15 não nos gloriando fora de medida nos trabalhos alheios e tendo esperança de que, crescendo a vossa fé, seremos sobremaneira engrandecidos entre vós, dentro da nossa esfera de ação,
16 ထို့ကြောင့် ငါရို့သည် သင်ရို့၏ဒေသအပြင် အခြားဒေသများတွင် သတင်းကောင်းကို ဟောပြောနိုင်ခသဖြင့် အခြားသောသူတစ်ယောက် လုပ်ဆောင်ထားသော လုပ်ငန်းနယ်ပယ်နှင့်ပတ်သတ်၍ ဂုဏ်ယူဝါကြွားစရာ မလို။
16 a fim de anunciar o evangelho para além das vossas fronteiras, sem com isto nos gloriarmos de coisas já realizadas em campo alheio.
17 သို့ရာတွင် ကျမ်းစာတော်မြတ်က “ဝါကြွားလိုသောသူသည် သခင်ဘုရား ပြုတော်မူသော အမှု၌သာ ဝါကြွားရမည်” ဟု ဆို၏။
17 Aquele, porém, que se gloria, glorie-se no Senhor.
18 အကြောင်းမူကား သခင်ဘုရား နှစ်သက်တော်မူသောသူ ဟူသည်မှာ ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူ မဟုတ်။ ကိုယ်တော်က ချီးမြှောက်သောသူ ဖြစ်ရမည်။
18 Porque não é aprovado quem a si mesmo se louva, e sim aquele a quem o Senhor louva.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.