1 Tessalonicenses 5

rki (RKI) vs VC

Sair da comparação
VC Versão Católica
1 ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။
1 A respeito da época e do momento, não há necessidade, irmãos, de que vos escrevamos.
2 အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။
2 Pois vós mesmos sabeis muito bem que o dia do Senhor virá como um ladrão de noite.
3 “အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏” ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။
3 Quando os homens disserem: Paz e segurança!, então repentinamente lhes sobrevirá a destruição, como as dores à mulher grávida. E não escaparão.
4 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။
4 Mas vós, irmãos, não estais em trevas, de modo que esse dia vos surpreenda como um ladrão.
5 သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။
5 Porque todos vós sois filhos da luz e filhos do dia. Não somos da noite nem das trevas.
6 သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။
6 Não durmamos, pois, como os demais. Mas vigiemos e sejamos sóbrios.
7 အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။
7 Porque os que dormem, dormem de noite; e os que se embriagam, embriagam-se de noite.
8 သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။
8 Nós, ao contrário, que somos do dia, sejamos sóbrios. Tomemos por couraça a fé e a caridade, e por capacete a esperança da salvação.
9 အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
9 Porquanto não nos destinou Deus para a ira, mas para alcançar a salvação por nosso Senhor Jesus Cristo.
10 ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
10 Ele morreu por nós, a fim de que nós, quer em estado de vigília, quer de sono, vivamos em união com ele.
11 သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။
11 Assim, pois, consolai-vos mutuamente e edificai-vos uns aos outros, como já o fazeis.
12 ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၌ သင်ရို့ကို ဂရုတစိုက် ဆုံးမပဲ့ပျင်လျက် သင်ရို့၌ အမှုတော်ကို ဆောင်ရွက်နိန်ကြသော သူများကို ကြည်ညိုလေးစားကြရန် ငါရို့တောင်းပန်၏။
12 Suplicamo-vos, irmãos, que reconheçais aqueles que arduamente trabalham entre vós para dirigir-vos no Senhor e vos admoestar.
13 သူရို့ ဆောင်ရွက်ကြသည့် အမှုတော်ကို ထောက်၍ သူရို့အား မေတ္တာစိတ်ဖြင့် အထူး ရိုသီကြလော့။ သင်ရို့အချင်းချင်း သင့်မြတ်စွာ နီထိုင်ကြလော့။
13 Tende para com eles singular amor, em vista do cargo que exercem. Conservai a paz entre vós.
14 ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။
14 Pedimo-vos, porém, irmãos, corrigi os desordeiros, encorajai os tímidos, amparai os fracos e tende paciência para com todos.
15 မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။
15 Vede que ninguém pague a outro mal por mal. Antes, procurai sempre praticar o bem entre vós e para com todos.
16 အစဉ်မပြတ် ဝမ်းမြောက်ခြင်း ဟိကြလော့။
16 Vivei sempre contentes.
17 မခြားမလပ် ဆုတောင်းကြလော့။
17 Orai sem cessar.
18 အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဤသည်ကား သင်ရို့အဖို့အလို့ငှာ ခရစ်တော်ယေသျှု၌ ဘုရားသခင် အလိုတော် ဖြစ်၏။
18 Em todas as circunstâncias, dai graças, porque esta é a vosso respeito a vontade de Deus em Jesus Cristo.
19 ဝိညာဉ်တော်၏အရှိန်​ကို မ​ငြိမ်း​စီ​ကတ်ကေ့။
19 Não extingais o Espírito.
20 ပရောဖက်ရို့၏ဖော်ပြချက်များကို မထီမဲ့မြင် မပြုကတ်ကေ့။
20 Não desprezeis as profecias.
21 သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊
21 Examinai tudo: abraçai o que é bom.
22 မကောင်းသောအရာ မှန်သမျှကို ယှောင်ကြဉ်ကြလော့။
22 Guardai-vos de toda a espécie de mal.
23 ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။
23 O Deus da paz vos conceda santidade perfeita. Que todo o vosso ser, espírito, alma e corpo, seja conservado irrepreensível para a vinda de nosso Senhor Jesus Cristo!
24 သင်ရို့ကို ခေါ်ယူတော်မူသော အသျှင်သည် သစ္စာနန့် ပြည့်စုံတော်မူသည်ဖြစ်၍ ထိုသို့ ပြုတော်မူလိမ့်မည်။
24 Fiel é aquele que vos chama, e o cumprirá.
25 ညီအစ်ကိုမောင်နှမရို့၊ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။
25 Irmãos, orai também por nós.
26 ယုံကြည်သူအပေါင်းရို့အား သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။
26 Saudai a todos os irmãos com o ósculo santo.
27 ဤစာကို ယုံကြည်သူအပေါင်းရို့အား ဖတ်ပြကြရန် သခင်ဘုရား၏ အခွင့်အာဏာအရ သင်ရို့အား ငါတိုက်တွန်းလိုက်၏။
27 Peço-vos encarecidamente, no Senhor, que esta carta seja lida a todos os irmãos.
28 ငါရို့၏ အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့နှင့်အတူ ဟိပါစီသောဝ်။
28 A graça de nosso Senhor Jesus Cristo esteja convosco!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.