1 Timóteo 6

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ကျွန်ဖြစ်သောသူရို့သည် မိမိရို့၏သခင်ကို ရိုသီလေးစားထိုက်သူတိ ဟူ၍ သိမှတ်ကြရမည်။ သို့မှသာလျှင် ငါရို့၏ဩဝါဒတရားကိုလည်းကောင်း ဘုရားသခင်၏နာမတော်ကိုလည်းကောင်း ကဲ့ရဲ့ပြောဆိုသောသူ ဟိကြမည် မဟုတ်ပေ။
1 Todos os servos que estão debaixo do jugo estimem a seus senhores por dignos de toda a honra, para que o nome de Deus e a doutrina não sejam blasfemados.
2 သခင်ရို့သည် ယုံကြည်သူတိဖြစ်လျှင် ညီအစ်ကို မောင်နှမတိသာ ဖြစ်သည်ဟူ၍ မထီလေးစား မလုပ်ကတ်ကေ့။ မိမိရို့၏လုပ်ဆောင်ခြင်းမှ အကျိုးကျေးဇူး ခံစားကြရသောသူရို့သည် မိမိရို့ချစ်သော ယုံကြည်သူတိဖြစ်ကြသောကြောင့် ကောင်းသည်ထက်ကောင်းအောင် အစီခံအပ်၏။ သင်​သည် ဤ​အရာ​များ​ကို သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။
2 E os que têm senhores crentes não os desprezem, por serem irmãos; antes, os sirvam melhor, porque eles, que participam do benefício, são crentes e amados. Isto ensina e exorta.
3 ကွဲပြားသော ဩဝါဒကို သွန်သင်၍ ငါရို့အသျှင် ယေသျှုခရစ်တော်၏ညွှန်ကြားချက်နှင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းဆိုင်ရာ သွန်သင်ချက်ကို ငြင်းပယ်သောသူသည်ကား၊
3 Se alguém ensina alguma outra doutrina e se não conforma com as sãs palavras de nosso Senhor Jesus Cristo e com a doutrina que é segundo a piedade,
4 မာနနှင့် ယဇ်မူးကာ အသိဉာဏ်မဟိသောသူ ဖြစ်၏။ ထိုသူသည် စကားအားဖြင့် ငြင်းခုံ၍ ရန်တွိ့တတ်သော စိတ်မမှန်သောသူဖြစ်၏။ ထိုသို့အကျိုးကား မနာလိုခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်း၊ ဆဲဆိုခြင်း၊ ဆိုးရွားသောသံသယပွားခြင်း၊
4 é soberbo e nada sabe, mas delira acerca de questões e contendas de palavras, das quais nascem invejas, porfias, blasfêmias, ruins suspeitas,
5 စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။
5 contendas de homens corruptos de entendimento e privados da verdade, cuidando que a piedade seja causa de ganho. Aparta-te dos tais.
6 သို့ရာတွင် ရောင့်ရဲသောစိတ်ဖြင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းသည် ကြီးစွာသောအကျိုးကို ဖြစ်စီတတ်၏။
6 Mas é grande ganho a piedade com contentamento.
7 အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။
7 Porque nada trouxemos para este mundo e manifesto é que nada podemos levar dele.
8 သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
8 Tendo, porém, sustento e com que nos cobrirmos, estejamos com isso contentes.
9 သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။
9 Mas os que querem ser ricos caem em tentação, e em laço, e em muitas concupiscências loucas e nocivas, que submergem os homens na perdição e ruína.
10 ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
10 Porque o amor do dinheiro é a raiz de toda espécie de males; e nessa cobiça alguns se desviaram da fé e se traspassaram a si mesmos com muitas dores.
11 သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။
11 Mas tu, ó homem de Deus, foge destas coisas e segue a justiça, a piedade, a fé, o amor, a paciência, a mansidão.
12 ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။
12 Milita a boa milícia da fé, toma posse da vida eterna, para a qual também foste chamado, tendo já feito boa confissão diante de muitas testemunhas.
13 အရာခပ်သိမ်းအား အသက်ကို ပီးတော်မူသော ဘုရားသခင် ရှိ့၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း ရှိ့၌ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသော ခရစ်တော်ယေသျှု ရှိ့၌ လည်းကောင်း ငါသည် သင့်အား မိန့်မှာလိုက်၏။
13 Mando-te diante de Deus, que todas as coisas vivifica, e de Cristo Jesus, que diante de Pôncio Pilatos deu o testemunho de boa confissão,
14 သင်သည် ငါရို့အသျှင် ယေသျှုခရစ်တော် ကြွလာသည့် နိ့ရက်တိုင်အောင် ဤမိန့်မှာချက်များကို လိုက်နာ၍ သစ္စာဟိစွာ စောင့်ထိန်းလော့။
14 que guardes este mandamento sem mácula e repreensão, até à aparição de nosso Senhor Jesus Cristo;
15 မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို အုပ်စိုးတော်မူထသော၊ ဘုရင်တကာရို့၏ဘုရင်၊ အသျှင်တကာရို့၏အသျှင်ဖြစ်တော်မူထသော ဘုရားသခင်သည် ကာလအချိန် ရောက်သောအခါ ကိုယ်တော့်ကို ထင်ရှားစွာ ပေါ်ထွန်းစီတော်မူလိမ့်မည်။
15 a qual, a seu tempo, mostrará o bem-aventurado e único poderoso Senhor, Rei dos reis e Senhor dos senhores;
16 ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။
16 aquele que tem, ele só, a imortalidade e habita na luz inacessível; a quem nenhum dos homens viu nem pode ver; ao qual seja honra e poder sempiterno. Amém!
17 ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။
17 Manda aos ricos deste mundo que não sejam altivos, nem ponham a esperança na incerteza das riquezas, mas em Deus, que abundantemente nos dá todas as coisas para delas gozarmos;
18 ကောင်းသောအမှုကို ပြု၍ ကောင်းသောအကျင့်များနှင့် ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ စွန့်ကြဲလိုသော စေတနာစိတ် ဟိကြစီခြင်းငှာလည်းကောင်း သင့်အား ငါ မိန့်မှာလိုက်၏။
18 que façam o bem, enriqueçam em boas obras, repartam de boa mente e sejam comunicáveis;
19 ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။
19 que entesourem para si mesmos um bom fundamento para o futuro, para que possam alcançar a vida eterna.
20 တိမောသေ၊ သင့်အား ပီးအပ်ထားသော အရာများကို စောင့်ထိန်းလော့။ ဘုရားတရားမဲ့ အကျိုးမဟိသောစကား ပြောဆိုခြင်းကိုလည်းကောင်း၊ အသိပညာဟု မှားယွင်းစွာ ခေါ်ဆိုကြသည့် ဆန့်ကျင်ဖက် အတွေးအခေါ် အယူအဆများကိုလည်းကောင်း ယှောင်ယှားလော့။
20 Ó Timóteo, guarda o depósito que te foi confiado, tendo horror aos clamores vãos e profanos e às oposições da falsamente chamada ciência;
21 အကြောင်းမူကား လူတချို့သည် အသိပညာနောက်သို့ လိုက်ပါ၍ ယုံကြည်ခြင်းလမ်းမှ လွဲလားကြ၏။
21 a qual professando-a alguns, se desviaram da fé. A graça seja contigo. Amém!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.