1 Timóteo 4
rki (RKI) vs VC
1 နောင်ကာလ၌ တချို့သောလူရို့သည် လိမ်လည်လှည့်ဖျားသော ဝိညာဉ်များနှင့် နတ်ဆိုးများ၏သွန်သင်မှုများ နောက်သို့ လိုက်ပါလျက် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း မိန့်တော်မူ၏။
1 O Espírito diz expressamente que, nos tempos vindouros, alguns hão de apostatar da fé, dando ouvidos a espíritos embusteiros e a doutrinas diabólicas,
2 ဤသို့သော သွန်သင်မှုများကို သူတော်ကောင်းယောင်ဆောင်လျက်ဟိသော လူလိမ်တိအားဖြင့် ပြန့်နှံ့စီကြ၏၊ ထိုသူရို့သည်ကား သံပူခတ်ခြင်း ခံထားရသကဲ့သို့ ခွဲခြားသိမြင်တတ်သော အသိစိတ် ကင်းမဲ့လျက် ဟိကြ၏။
2 de hipócritas e impostores que, marcados na própria consciência com o ferrete da infâmia,
3 ထိုသို့သောသူရို့က အိမ်ထောင်ပြုခြင်းနှင့် အချို့သော အစားအစာများကို စားသုံးခြင်းသည် မှားယွင်းသည်ဟု သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ဤအစာများကို စားသောက်ကြရန် ဘုရားသခင် ဖန်ဆင်းထားတော်မူ၏။
3 proíbem o casamento, assim como o uso de alimentos que Deus criou para que sejam tomados com ação de graças pelos fiéis e pelos que conhecem a verdade.
4 ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။
4 Pois tudo o que Deus criou é bom e nada há de reprovável, quando se usa com ação de graças.
5 အကြောင်းမူကား ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း ထိုအရာများသည် သန့်ယှင်းစင်ကြယ်လျက် ဟိသောကြောင့်ဖြစ်၏။
5 Porque se torna santificado pela palavra de Deus e pela oração.
6 သင်သည် မိမိလိုက်နာသည့် ယုံကြည်ခြင်းတရားတော်နှင့် မှန်ကန်သည့် ဩဝါဒကို သင်ကိုယ်တိုင် စိတ်နှလုံးသွင်း၍ ကျင့်သုံးသကဲ့သို့ ဤညွှန်ကြားချက်များကို ယုံကြည်သူရို့အား ပီးအပ်မည်ဆိုပါက သင်သည် ခရစ်တော်ယေသျှု၏ အစီခံကောင်းတစ်ယောက် ဖြစ်လိမ့်မည်။
6 Recomenda esta doutrina aos irmãos, e serás bom ministro de Jesus Cristo, alimentado com as palavras da fé e da sã doutrina que até agora seguiste com exatidão.
7 တန်ဖိုးမဟိ၊ ဘုရားမဲ့ တရားမဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီပြောဆိုခြင်းကို ယှောင်ကြဉ်လော့။ ဘုရားဝတ်၌ မွိ့လျော်တတ်ရန် မိမိကိုယ်ကို လေ့ကျင့်ပီးလော့။
7 Quanto às fábulas profanas, esses contos extravagantes de comadres, rejeita-as.
8 ကာယနှင့်ဆိုင်သော လေ့ကျင့်မှုသည် အကျိုးကျေးဇူးအချို့ကို ပီးတတ်၏။ သို့ရာတွင် ဘုရားဝတ်၌ မွိ့လျော်ခြင်းငှာ လေ့ကျင့်မှုသည်ကား အဂုဘဝ၊ နောင်ဘဝအတွက် ကတိတော်ကို ရထားသည်ဖြစ်၍ အရာရာ၌ အကျိုးကျေးဇူးကို ပီးတတ်၏။
8 Exercita-te na piedade. Se o exercício corporal traz algum pequeno proveito, a piedade, esta sim, é útil para tudo, porque tem a promessa da vida presente e da futura.
9 ဤစကားသည် မှန်သောစကားဖြစ်၍ အကြွင်းမဲ့ လက်ခံယုံကြည်ရမည့် စကားလည်း ဖြစ်၏။
9 Eis uma verdade absolutamente certa e digna de fé:
10 ငါရို့သည် ကြိုးစားအားထုတ်၍ ရုန်းကန်ကြရ၏။ အကြောင်းမူကား လူသားအားလုံး၏ကယ်တင်သျှင်၊ အထူးသဖြင့် ယုံကြည်သောသူရို့၏ကယ်တင်သျှင် ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ မျှော်လင့်ထားသောကြောင့် ဖြစ်၏။
10 se nos afadigamos e sofremos ultrajes, é porque pusemos a nossa esperança em Deus vivo, que é o Salvador de todos os homens, sobretudo dos fiéis.
11 ဤညွှန်ကြားချက်များနှင့် သြဝါဒများကို သူရို့အား သွန်သင်ပီးလော့။
11 Seja este o objeto de tuas prescrições e dos teus ensinamentos.
12 သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။
12 Ninguém te despreze por seres jovem. Ao contrário, torna-te modelo para os fiéis, no modo de falar e de viver, na caridade, na fé, na castidade.
13 ငါ ရောက်လာသည့်တိုင်အောင် လူအပေါင်းရို့၏ရှိ့၌ ကျမ်းစာဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းများကို အားထုတ်၍ ဆောင်ရွက်လော့။
13 Enquanto eu não chegar, aplica-te à leitura, à exortação, ao ensino.
14 ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။
14 Não negligencies o carisma que está em ti e que te foi dado por profecia, quando a assembléia dos anciãos te impôs as mãos.
15 လူအပေါင်းရို့က သင်၏တိုးတက်မှုကို တွိ့မြင်ကြစီရန် မိမိကိုယ်ကို ထိုအရာများ၌ ဆက်ကပ်အပ်နှံ၍ ဤတာဝန်များကို လုံ့လစိုက်လော့။
15 Põe nisto toda a diligência e empenho, de tal modo que se torne manifesto a todos o teu aproveitamento.
16 မိမိကိုယ်ကိုလည်းကောင်း၊ မိမိ၏ဆုံးမဩဝါဒကိုလည်းကောင်း သတိပြုလော့။ ထိုသို့ပြုလျှင် သင်သည် မိမိကိုလည်းကောင်း၊ မိမိ၏တရားကို ကြားနာကြသော သူအပေါင်းရို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။
16 Olha por ti e pela instrução dos outros. E persevera nestas coisas. Se isto fizeres, salvar-te-ás a ti mesmo e aos que te ouvirem.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.