1 Timóteo 1

rki (RKI) vs BKJ

Sair da comparação
1 ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်နှင့် ငါရို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေသျှု၏ အမိန့်တော်အားဖြင့် ခန့်အပ်ခြင်းခံရသော ခရစ်တော်ယေသျှု၏တမန်တော် တစ်ပါးဖြစ်သည့် ငါ ပေါလု ပါးမှ —
1 Paulo, um apóstolo de Jesus Cristo, segundo o mandado de Deus, nosso Salvador, e do Senhor Jesus Cristo, que é a nossa esperança,
2 ယုံကြည်ခြင်းအားဖြင့် ငါ၏စစ်မှန်သော သားဖြစ်သူ တိမောသေထံပါးသို့ စာရီးလိုက်ပါ၏၊
2 a Timóteo, meu próprio filho na fé: Graça, misericórdia e paz, da parte de Deus, nosso Pai, e da de Jesus Cristo, nosso Senhor.
3 ငါသည် မာကေဒေါနိပြည်သို့ လားစဉ်အခါက သင့်ကို ငါ တိုက်တွန်းခသည့်အတိုင်း ဧဖက်မြို့၌ ကျန်နိန်ခရန် အလိုဟိ၏။ အကြောင်းမူကား လူတချို့သည် မှားယွင်းသော အယူဝါဒများကို ဟောပြောသွန်သင်နိန်ကြသည်ဖြစ်၍ သင်သည် ထိုအရာများကို ရပ်တန့်ရန် ပြောကြားရမည်။
3 Como te supliquei que ainda continuasses em Éfeso, quando parti para a Macedônia, a fim de advertires a alguns que não ensinem outra doutrina,
4 ဤသို့သော ဒဏ္ဍာရီပုံပြင်များနှင့် ရှည်လျားသော ဆွီစဉ်မျိုးဆက်များ အကြောင်း ပြောကြားခြင်းများကို ရပ်တန့်စီလော့။ ထိုအရာများသည် ယုံကြည်ခြင်းဖြင့်သာ သိနိုင်သော ဘုရားသခင်၏အမှုတော်ကို မဆောင်ရွက်နိုင်၊ အငြင်းပွားမှုကိုသာ ဖြစ်စီတတ်၏။
4 nem se deem a fábulas ou a genealogias intermináveis, que mais produzem questões do que edificação de Deus, que consiste na fé; assim o faço.
5 ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။
5 Ora, o fim do mandamento é a caridade de um coração puro, e de uma boa consciência, e de uma fé não fingida.
6 လူတချို့သည် ထိုအရာများမှ လွဲလျှော်၍ အကျိုးမဟိသောစကားကို ပြောဆိုခြင်းသို့ လှည့်လားကြပြီ။
6 Da qual alguns, tendo se desviado, se desviaram para vãs contendas;
7 သူရို့သည် ဘုရားသခင်၏ကျမ်းတတ်ဆရာများ ဖြစ်ချင်ကြသော်လည်း မိမိရို့ ပြောဆိုနိန်ကြသော စကားများကိုဖြစ်စီ၊ မိမိရို့ အလွန်အမင်း ယုံကြည်စိတ်ချစွာ ပြောဆိုနိန်ကြသည့် အကြောင်းအရာများကိုဖြစ်စီ သူရို့ကိုယ်တိုင်ပင် နားမလည်ကြပေ။
7 desejando ser professores da lei e não entendendo nem o que dizem nem o que afirmam.
8 ပညတ်တရားသည် သုံးသင့်သည့်အတိုင်း သုံးလျှင် ကောင်းမြတ်သည်ကို ငါရို့ သိကြ၏။
8 Mas sabemos que a lei é boa, se alguém a usa legitimamente,
9 ထိုပညတ်တရားများကို လူကောင်းတိအတွက် ပြဌာန်းထားသည် မဟုတ်၊ ပညတ်တရားကို မစောင့်သောသူ၊ ပြစ်မှုကျူးလွန်သောသူ၊ ဘုရားကို မကြည်ညိုသောသူ၊ အပြစ်ကျူးလွန်သောသူ၊ တရားမဲ့သောသူများ၊ မိမိရို့၏အဖ သို့မဟုတ် အမိကို သတ်သောသူ၊ လူအသက်ကို သတ်သောသူ၊
9 sabendo isto, que a lei não é feita para um homem justo, mas para os injustos e desobedientes, para os ímpios e pecadores, para os irreligiosos e profanos, para os assassinos de pais e assassinos de mães, para os homicidas,
10 အကျင့်စာရိတ္တပျက်သောသူ၊ လိင်တူဆက်ဆံသောသူ၊ လူကုန်ကူးသောသူ၊ လိမ်လည်ပြောဆိုတတ်သောသူ၊ မမှန်သောသက်သီကို ခံတတ်သောသူနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သောသူရို့ အတွက်သာလျှင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ငါရို့ သိကြ၏။
10 para os fornicadores, para aqueles que se contaminam com o sexo masculino, para os sequestradores, para os mentirosos, para os perjuros e para tudo o que for contrário à sã doutrina,
11 ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။
11 conforme o glorioso evangelho do Deus bendito, que me foi confiado.
12 ငါသည် ငါ၏လုပ်ဆောင်မှုအတွက် ငါ့ကို ခွန်အား ပီးတော်မူသော ငါရို့အသျှင် ခရစ်တော်ယေသျှု၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို ထိုက်တန်သည်ဟု ထင်မှတ်တော်မူ၍ ကိုယ်တော်အဖို့ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ဖြစ်၏။
12 E dou graças a Cristo Jesus, nosso Senhor, que me capacitou, porque me considerou fiel, pondo-me no ministério,
13 ငါသည် အယင်က ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆိုခသူ၊ ညှဉ်းပန်းနှိပ်စက်ခသူ၊ စော်ကားခသူ တစ်ယောက် ဖြစ်သော်လည်း ကိုယ်တော့်ကို မယုံကြည်သဖြင့် မိမိလုပ်နိန်သည့် အလုပ်ကို မိမိကိုယ်တိုင် မသိသည်ဖြစ်၍ ထိုသို့ ပြုမူလျက်ပင် ဘုရားသခင်သည် ငါ့ကို သနားတော်မူ၏။
13 a mim, que dantes fui blasfemo, e perseguidor, e opressor; mas obtive misericórdia, porque o fiz ignorantemente, na incredulidade.
14 ထို့အပြင် ငါရို့၏ သခင်ဘုရားသည် မိမိ၏ အတိုင်းမသိကြွယ်ဝတော်မူသော ကျေးဇူးတော်ကို ငါ၌ သွန်းလောင်းပီးတော်မူသည့်အပြင် ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ငါ့အား ပီးတော်မူ၏။
14 E a graça de nosso Senhor superabundou com a fé e o amor que há em Cristo Jesus.
15 ခရစ်တော်ယေသျှုသည် အပြစ်သားရို့ကို ကယ်တင်ရန် ဤလောကထဲသို့ ကြွဆင်းလာတော်မူ၏ဟူသော စကားသည် မှန်သောစကားဖြစ်၍ လုံးဝ လက်ခံ ယုံကြည်ရမည့်စကားလည်း ဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးသောသူ တစ်ယောက်ဖြစ်၏။
15 Esta é uma palavra fiel e digna de toda aceitação, que Cristo Jesus veio ao mundo, para salvar os pecadores, dos quais eu sou o principal.
16 သို့ရာတွင် ဘုရားသခင်သည် ငါ့အား သနားကရုဏာထားတော်မူ၏။ အကြောင်းမူကား နောင်အခါ၌ ခရစ်တော်ယေသျှုကို ယုံကြည်၍ ထာဝရအသက်ရကြမည့်သူ အားလုံးကို မိမိ၏ပြီးပြည့်စုံသော သည်းခံတော်မူခြင်းကို ဖော်ပြခြင်းငှာ အပြစ်သားထဲတွင် အဆိုးဆုံးဖြစ်သော ငါ့အား စံပြတစ်ယောက်အဖြစ်ဖြင့် ထိုသို့ သနားကရုဏာ ထားတော်မူခြင်းဖြစ်၏။
16 Mas, por isso, obtive misericórdia, para que primeiro em mim Jesus Cristo mostrasse toda a sua longanimidade, para exemplo dos que haviam de crer nele para a vida eterna.
17 ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။
17 Ora, ao Rei eterno, imortal, invisível, ao único Deus sábio seja honra e glória para sempre e sempre. Amém.
18 ငါ့သား တိမောသေ၊ သင့်ကို အကြောင်းပြု၍ အယင်က ပရောဖက်တိ ဟောပြောခသည့် စကားနှင့်အညီ ငါသည် ဤညွှန်ကြားချက်ကို သင့်အား ပီးအပ်လိုက်၏။ သင်သည် ကောင်းစွာ တိုက်ခိုက်ခြင်းအလို့ငှာ ထိုပရောဖက်ရို့ ဟောပြောခသည့်စကားကို လက်နက်သဖွယ် အသုံးပြုလော့။
18 Este mandato eu confio a ti, filho Timóteo, que, segundo as profecias que houveram acerca de ti, para que tu, por meio delas, combatesse uma boa guerra,
19 သင်၏ယုံကြည်ခြင်းကိုလည်းကောင်း၊ ကြည်လင်သော အသိစိတ်ကိုလည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။
19 conservando a fé e a boa consciência, que alguns colocaram de lado e naufragaram na fé.
20 ထိုသူရို့အထဲတွင် ဟုမေနဲနှင့် အာလေဇန္ဒြုလည်း ပါ၏။ သူရို့သည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း မပြုမည်အကြောင်း ဆုံးမခြင်းကို ခံရကြစီခြင်းငှာ ငါသည် ထိုသူရို့အား စာတန်မာရ်နတ်၏ လက်သို့ အပ်ပီးလိုက်၏။
20 E entre esses foram Himeneu e Alexandre, os quais entreguei a Satanás, para que aprendam a não blasfemar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.