1 João 4
rki (RKI) vs ARIB
1 အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။
1 Amados, não creiais a todo espírito, mas provai se os espíritos vêm de Deus; porque muitos falsos profetas têm saído pelo mundo.
2 ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို သင်ရို့သည် မည်သို့သိနိုင်မည့်နည်း ဟူမူကား ယေသျှု ခရစ်တော်သည် လူ့ဇာတိကို ခံယူကာ ကြွလာတော်မူသည်ဟု ဝန်ခံသောသူသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ ဖြစ်၏။
2 Nisto conheceis o Espírito de Deus: todo espírito que confessa que Jesus Cristo veio em carne é de Deus;
3 ယေသျှုကို ငြင်းပယ်သောသူတိုင်းသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ မဟုတ်။ ထိုဝိညာဉ် ကိန်းဝပ်သောသူသည် ခရစ်တော်ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုဝိညာဉ်သည် ဤလောကသို့ ရောက်လာမည်ဟု သင်ရို့ ကြားသိခသည့်အတိုင်း သူသည် အဂုပင် ရောက်နိန်ပြီး ဖြစ်၏။
3 e todo espírito que não confessa a Jesus não é de Deus; mas é o espírito do anticristo, a respeito do qual tendes ouvido que havia de vir; e agora já está no mundo.
4 သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။
4 Filhinhos, vós sois de Deus, e já os tendes vencido; porque maior é aquele que está em vós do que aquele que está no mundo.
5 ထိုမှားယွင်းသော ပရောဖက်ရို့သည် လောကီနှင့်ဆိုင်သော သူများဖြစ်သောကြောင့် လောကီ အကြောင်းအရာများကိုသာ ပြောဆိုတတ်ကြ၏။ လောကီသားရို့သည်လည်း သူရို့၏ စကားကို နားထောင်တတ်ကြ၏။
5 Eles são do mundo, por isso falam como quem é do mundo, e o mundo os ouve.
6 သို့ရာတွင် ဘုရားသခင်သည် ငါရို့ကို ပိုင်တော်မူ၏။ ဘုရားသခင်ကို သိသောသူသည် ငါရို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မဆိုင်သောသူသည်ကား ငါရို့စကားကို နားမထောင်တတ်။ ဤသို့သောအားဖြင့် ငါရို့သည် စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသော ဝိညာဉ်ကို ခွဲခြား၍ သိနိုင်ကြ၏။
6 Nós somos de Deus; quem conhece a Deus nos ouve; quem não é de Deus não nos ouve. assim é que conhecemos o espírito da verdade e o espírito do erro.
7 အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
7 Amados, amemo-nos uns aos outros, porque o amor é de Deus; e todo o que ama é nascido de Deus e conhece a Deus.
8 ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။
8 Aquele que não ama não conhece a Deus; porque Deus é amor.
9 ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။
9 Nisto se manifestou o amor de Deus para conosco: em que Deus enviou seu Filho unigênito ao mundo, para que por meio dele vivamos.
10 ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
10 Nisto está o amor: não em que nós tenhamos amado a Deus, mas em que ele nos amou a nós, e enviou seu Filho como propiciação pelos nossos pecados.
11 အဆွီရို့၊ ဘုရားသခင်သည် ငါရို့အား ဤမျှလောက် ချစ်တော်မူလျှင် ငါရို့သည်လည်း အချင်းချင်း ချစ်သင့်၏။
11 Amados, se Deus assim nos amou, nós também devemos amar-nos uns aos outros.
12 မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
12 Ninguém jamais viu a Deus; e nos amamos uns aos outros, Deus permanece em nós, e o seu amor é em nós aperfeiçoado.
13 ဘုရားသခင်သည် ငါရို့အား မိမိ၏ဝိညာဉ်တော်ကို ပီးတော်မူသောကြောင့် ငါရို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ကိုယ်တော်သည်လည်း ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူကြောင်းကို သေချာစွာသိကြ၏။
13 Nisto conhecemos que permanecemos nele, e ele em nós: por ele nos ter dado do seu Espírito.
14 ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။
14 E nós temos visto, e testificamos que o Pai enviou seu Filho como Salvador do mundo.
15 ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
15 Qualquer que confessar que Jesus é o Filho de Deus, Deus permanece nele, e ele em Deus.
16 ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။
16 E nós conhecemos, e cremos no amor que Deus nos tem. Deus é amor; e quem permanece em amor, permanece em Deus, e Deus nele.
17 ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။
17 Nisto é aperfeiçoado em nós o amor, para que no dia do juízo tenhamos confiança; porque, qual ele é, somos também nós neste mundo.
18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်း မဟိ။ စုံလင်သည့်မေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ယှားတတ်၏။ ကြောက်စိတ်သည် အပြစ်ဒဏ်ခံရခြင်းနှင့်အတူ ဟိသဖြင့် ကြောက်စိတ်ဟိသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံ။
18 No amor não há medo antes o perfeito amor lança fora o medo; porque o medo envolve castigo; e quem tem medo não está aperfeiçoado no amor.
19 ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။
19 Nós amamos, porque ele nos amou primeiro.
20 ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။
20 Se alguém diz: Eu amo a Deus, e odeia a seu irmão, é mentiroso. Pois quem não ama a seu irmão, ao qual viu, não pode amar a Deus, a quem não viu.
21 ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။
21 E dele temos este mandamento, que quem ama a Deus ame também a seu irmão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 João 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.