1 Coríntios 4

rki (RKI) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ငါရို့သည် ဘုရားသခင်၏ နက်နဲသော သမ္မာတရားတော်ကို စောင့်ထိန်းရသည့် ဘဏ္ဍာထိန်း ကဲ့သို့လည်းကောင်း၊ ခရစ်တော်၏ အခိုင်းအစီများကဲ့သို့လည်းကောင်း ဖြစ်သည်ဟု သင်ရို့ မှတ်ယူသင့်ကြ၏။
1 Que os homens nos considerem como ministros de Cristo e despenseiros dos mistérios de Deus.
2 ထိုသို့သော သူရို့တွင် ဟိရမည့် အရည်အချင်းတစ်ခုကား မိမိသခင်၌ သစ္စာစောင့်ခြင်းပင် ဖြစ်ပေ၏။
2 Além disso, requer-se nos despenseiros que cada um se ache fiel.
3 ငါသည် သင်ရို့အားဖြင့် ဖြစ်စီ၊ လူ၏စံနှုန်းအားဖြင့် ဖြစ်စီ အစစ်ခံရသော်လည်း ငါသည် အမှုမထား။ ငါသည် မိမိကိုယ်ကိုပင်လျှင် မစစ်ကြောမစီရင်။
3 Todavia, a mim mui pouco se me dá de ser julgado por vós ou por algum juízo humano; nem eu tampouco a mim mesmo me julgo.
4 ငါ၏ သြတ္တပ္ပစိတ်သည် ကြည်လင်လျက်ဟိပါ၏။ ထိုသို့ ဆိုသော် ငါ၌ အပြစ်မဟိဟု သက်သီပြသည် မဟုတ်။ ငါ့ကို စစ်ကြောစီရင်သောသူကား သခင်ဘုရားပေတည်း။
4 Porque em nada me sinto culpado; mas nem por isso me considero justificado, pois quem me julga é o Senhor.
5 သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကိုလည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။
5 Portanto, nada julgueis antes de tempo, até que o Senhor venha, o qual também trará à luz as coisas ocultas das trevas e manifestará os desígnios dos corações; e, então, cada um receberá de Deus o louvor.
6 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အဖို့အလို့ငှာ ဤအကြောင်းအရာများတွင် အာပေါလုနှင့် ငါ့ကို ပုံဆောင်၍ ဖော်ပြထား၏။ ထိုသို့ ဖော်ပြရခြင်းမှာ “ကျမ်းစာကို မကျော်လွန်ကေ့” ဟု ပြောသောအရာများ၏ အနက်ကို ငါရို့ပါးမှ သင်ယူနိုင်ကြစီခြင်းငှာ ဖြစ်၏။ သင်ရို့သည် တစ်ဦးကို ချီးမွမ်းပြီး အခြားတစ်ဦးကို မထီလေးစားမပြုကတ်ကေ့။
6 E eu, irmãos, apliquei essas coisas, por semelhança, a mim e a Apolo, por amor de vós, para que, em nós, aprendais a não ir além do que está escrito, não vos ensoberbecendo a favor de um contra outro.
7 ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။
7 Porque quem te diferença? E que tens tu que não tenhas recebido? E, se o recebeste, por que te glorias como se não o houveras recebido?
8 သင်ရို့သည် လိုအပ်သမျှ ပြည့်စုံကြပြီလော။ ချမ်းသာကြွယ်ဝကြပြီလော။ ငါရို့သည် ဘုရင်မဖြစ်ဘဲ သင်ရို့သည် ဘုရင်ဖြစ်ကြပြီလော။ သင်ရို့ ဘုရင် ဖြစ်မှသာလျှင် ငါရို့လည်း သင်ရို့နှင့်အတူ စိုးစံနိုင်ကြမည်ဖြစ်သောကြောင့် သင်ရို့သည် အမှန်ပင် ဘုရင်များဖြစ်ကတ်ပါစီဟု ငါသည် ဆန္ဒပြု၏။
8 Já estais fartos! Já estais ricos! Sem nós reinais! E prouvera Deus reinásseis para que também nós reinemos convosco!
9 လူထုရှိ့၌ အသီသတ်ဖို့ ထားသောသူများကဲ့သို့ တမန်တော်တိဖြစ်ကြသော ငါရို့ကို ဘုရားသခင်သည် လောကီသားများနှင့် ကောင်းကင်တမန်တိ ရှုစားကြစီခြင်းငှာ နောက်ဆုံး၌ ထုတ်ပြရန် ဖြစ်သည်ဟု ငါထင်မှတ်၏။
9 Porque tenho para mim que Deus a nós, apóstolos, nos pôs por últimos, como condenados à morte; pois somos feitos espetáculo ao mundo, aos anjos e aos homens.
10 ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။
10 Nós somos loucos por amor de Cristo, e vós, sábios em Cristo; nós, fracos, e vós, fortes; vós, ilustres, e nós, vis.
11 အဂုအချိန်ထိ ငါရို့သည် ငတ်မွတ်လျက်ဟိကြ၏။ ငါရို့၏ အဝတ်အစားများလည်း နွမ်းပါးစုတ်ပြဲလျက်ဟိကြ၏။ ရိုက်ပုတ်ညှဉ်းဆဲခြင်းကိုလည်း ခံရကြ၏။ တစ်နီရာမှ တစ်နီရာသို့ လှည့်လည်နိန်သော သူတိဖြစ်ကြ၏။
11 Até esta presente hora, sofremos fome e sede, e estamos nus, e recebemos bofetadas, e não temos pousada certa,
12 ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှဉ်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။
12 e nos afadigamos, trabalhando com nossas próprias mãos; somos injuriados e bendizemos; somos perseguidos e sofremos;
13 ရိုင်းပြစော်ကားခြင်းကို ခံရသောအခါ တောင်းပန် ကြ၏။ ငါရို့သည် အဂုတိုင်အောင် ဤလောက၏အညစ်အကြေးများကဲ့သို့ လည်းကောင်း၊ မြီကြီးသားအပေါင်းရို့၏ လူညံ့လူဖျင်းကဲ့သို့ လည်းကောင်း ဖြစ်ကြ၏။
13 somos blasfemados e rogamos; até ao presente, temos chegado a ser como o lixo deste mundo e como a escória de todos.
14 ငါသည် ဤသို့ ရီးပီးလိုက်ခြင်းမှာ သင်ရို့အား အရှက်ခွဲလို၍ မဟုတ်။ ငါ၏ချစ်သော သားသမီးများကဲ့သို့ မှတ်၍ သင်ရို့အား သွန်သင်ခြင်းဖြစ်၏။
14 Não escrevo essas coisas para vos envergonhar; mas admoesto- vos como meus filhos amados.
15 သင်ရို့၏ယုံကြည်သူ အသက်တာ၌ သွန်သင်မည့်ဆရာ ၁၀,၀၀၀ ဟိသော်လည်း ဖခင် တစ်ဦးတည်းသာ ဟိ၏။ ငါသည် သတင်းကောင်းကို ယူဆောင်လာခြင်းအားဖြင့် သင်ရို့အသက်တာတွင် ခရစ်တော်ယေသျှု၌ သင်ရို့၏ဖခင် ဖြစ်လာ၏။
15 Porque, ainda que tivésseis dez mil aios em Cristo, não teríeis, contudo, muitos pais; porque eu, pelo evangelho, vos gerei em Jesus Cristo.
16 ထို့ကြောင့် ငါ၏စံနမူနာကို လိုက်ကြရန် ငါတိုက်တွန်းနှိုးဆော်၏။
16 Admoesto-vos, portanto, a que sejais meus imitadores.
17 ဤအကြောင်းကြောင့် ငါသည် တိမောသေအား သင်ရို့ပါးသို့ ရွှတ်လိုက်၏။ သူသည် သခင်ဘုရား၌ ငါ နှစ်သက်မြတ်နိုးပြီးလျှင် သစ္စာဟိသော သားပင်ဖြစ်၏။ ခရစ်တော်ယေသျှုနောက်ကို ငါ ဇာပိုင်လိုက်လျှောက်သည် ကိုလည်းကောင်း၊ အရပ်ရပ်၌ဟိသော အသင်းတော်အပေါင်းရို့အား ငါဟောပြောသွန်သင်ခသော အရာတိကိုလည်းကောင်း သူသည် သင်ရို့အား သတိရစီပါလိမ့်မည်။
17 Por esta causa vos mandei Timóteo, que é meu filho amado e fiel no Senhor, o qual vos lembrará os meus caminhos em Cristo, como por toda parte ensino em cada igreja.
18 သင်ရို့အထဲမှ အချို့သောသူရို့က ငါသည် သင်ရို့ပါးသို့ မလာယာ ဟု ထင်မှတ်၍ မာနထောင်လွှားလျက် ဟိကြ၏။
18 Mas alguns andam inchados, como se eu não houvesse de ir ter convosco.
19 သို့ရာတွင် သခင်ဘုရားအလိုတော်ဟိလျှင် ငါသည် သင်ရို့ပါးသို့ မကြာမီ လာမည်။ ထိုအခါ ယင်းသို့ မာနထောင်လွှားသော သူရို့၏နှုတ်စကားကိုမျှသာ မဟုတ်ဘဲ၊ သူရို့၌ဟိသော တန်ခိုးကိုပင် ငါကိုယ်တိုင် သိရလိမ့်မည်။
19 Mas, em breve, irei ter convosco, se o Senhor quiser, e então conhecerei, não as palavras dos que andam inchados, mas a virtude.
20 ဘုရားသခင်၏ နိုင်ငံတော်သည် စကား၌ မတည်။ တန်ခိုး၌သာ တည်၏။
20 Porque o Reino de Deus não consiste em palavras, mas em virtude.
21 သင်ရို့သည် ဇာအရာကို အလိုဟိကြသနည်း။ ငါသည် ကြိမ်လုံးကိုကိုင်၍ သင်ရို့ပါးသို့ လာသည်ကို အလိုဟိကြသလော။ သို့တည်းမဟုတ် မေတ္တာနှင့်လည်းကောင်း၊ နူးညံ့သိမ်မွိ့သော စိတ်နှင့်လည်းကောင်း လာသည်ကို အလိုဟိကြသလော။
21 Que quereis? Irei ter convosco com vara ou com amor e espírito de mansidão?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.