1 Coríntios 1

rki (RKI) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ယေသျှုခရစ်တော်၏ တမန်တော်အဖြစ် ခေါ်ခြင်းခံရသောသူ ပေါလုနှင့် ငါရို့၏ညီ သုဿင်ပါးမှ —
1 Paulo, chamado pela vontade de Deus para ser apóstolo de Cristo Jesus, e o irmão Sóstenes,
2 ကောရိန္သုမြို့၌ဟိသော ဘုရားသခင်၏ အသင်းတော်သို့ လည်းကောင်း၊ အရပ်ရပ်မှ ငါရို့နှင့် သူရို့၏အသျှင် ဖြစ်တော်မူသော အသျှင်ယေသျှုခရစ်တော်ကို ကိုးကွယ်သောသူ အပေါင်းရို့နှင့်တကွ ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင်၏ သန့်ယှင်းသော လူများဟု ခေါ်ခြင်းကို ခံရကြသောသူ အပေါင်းရို့ထံသို့ လည်းကောင်း စာရီးလိုက်ပါ၏။
2 à igreja de Deus que está em Corinto, aos santificados em Cristo Jesus, chamados para ser santos, com todos os que em todos os lugares invocam o nome de nosso Senhor Jesus Cristo, Senhor deles e nosso.
3 ငါရို့၏ အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီသောဝ်။
3 Que a graça e a paz de Deus, nosso Pai, e do Senhor Jesus Cristo estejam com vocês.
4 ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။
4 Sempre dou graças ao meu Deus por vocês, por causa da graça de Deus que foi dada a vocês em Cristo Jesus.
5 အကြောင်းမူကား သင်ရို့သည် ခရစ်တော်၌ ဟိကြသဖြင့် နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွ အစစအရာရာတွင် ကြွယ်ဝပြည့်စုံလျက် ဟိကြ၏။
5 Porque em tudo vocês foram enriquecidos nele, em toda a palavra e em todo o conhecimento,
6 ငါရို့ သက်သီခံဟောပြောသော ခရစ်တော်၏အကြောင်း သတင်းကောင်းသည် သင်ရို့အထဲတွင် တည်ဆောက်လျက် ဟိ၏။
6 assim como o testemunho de Cristo tem sido confirmado em vocês,
7 သို့ဖြစ်၍ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော် ပြန်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်နိန်စဉ် သင်ရို့မခံရသော ကောင်းကြီးမင်္ဂလာဟူ၍ မဟိ။
7 de maneira que não lhes falta nenhum dom, enquanto aguardam a revelação de nosso Senhor Jesus Cristo.
8 ငါရို့ အသျှင်ယေသျှုခရစ်တော်၏ တရားစီရင်တော်မူရာနိ့တွင် သင်ရို့သည် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စီရန် ကိုယ်တော်သည် သင်ရို့အား အဆုံးတိုင်အောင် ခိုင်ခံ့စီတော်မူလိမ့်မည်။
8 Ele também os confirmará até o fim, para que vocês sejam irrepreensíveis no Dia de nosso Senhor Jesus Cristo.
9 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်ရို့အား မိမိ၏သားတော်တည်းဟူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့စီခြင်းငှာ သင်ရို့ကို ရွီးကောက်တော်မူ၏။
9 Fiel é Deus, pelo qual vocês foram chamados à comunhão de seu Filho Jesus Cristo, nosso Senhor.
10 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။
10 Irmãos, pelo nome de nosso Senhor Jesus Cristo, peço-lhes que todos estejam de acordo naquilo que falam e que não haja divisões entre vocês; pelo contrário, que vocês sejam unidos no mesmo modo de pensar e num mesmo propósito.
11 ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့၌ အချင်းချင်းခိုက်ရန်ဖြစ်လျက် ဟိကြကြောင်းကို ကလောဣ၏မိသားစုပါးမှ ငါ ကြားသိရ၏။
11 Pois, meus irmãos, fui informado a respeito de vocês por alguns membros da casa de Cloe de que há brigas entre vocês.
12 သင်ရို့တွင်၊ “ငါကား ပေါလု၏တပည့်ဖြစ်၏။ ငါသည်ကား အာပေါလု၏တပည့်ဖြစ်၏။ ငါသည် ကေဖ၏တပည့်ဖြစ်၏။ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟု တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြသောကြောင့် ငါဆိုလို၏။
12 Refiro-me ao fato de cada um de vocês dizer: “Eu sou de Paulo”, “Eu sou de Apolo”, “Eu sou de Cefas”, “Eu sou de Cristo”.
13 ခရစ်တော်ကို ကွဲပြားစီသလော၊ ပေါလုသည် သင်ရို့အဖို့ လက်ဝါးကပ်တိုင်ထက်မှာ အသီခံပါသလော။ ထိုသို့မဟုတ် သင်ရို့သည် ပေါလု၏နာမကို အမှီပြု၍ ဗတ္တိဇံကို ခံယူခကြပါသလော။
13 Será que Cristo está dividido? Será que Paulo foi crucificado por vocês ou será que vocês foram batizados em nome de Paulo?
14 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ငါသည် ကရိပ္ပုနှင့် ဂါယုမှ လွဲ၍ သင်ရို့အထဲမှ ဇာသူ့ကိုမျှ ဗတ္တိဇံမပီးခပါ။
14 Dou graças a Deus por não ter batizado nenhum de vocês, exceto Crispo e Gaio,
15 သို့ဖြစ်၍ သင်ရို့သည် ငါ၏နာမကို အမှီပြု၍ ဗတ္တိဇံခံယူကြသည်ဟု ဇာသူမျှ မပြောနိုင်။
15 para que ninguém diga que vocês foram batizados em meu nome.
16 ငါသည် သတေဖန်နှင့် သူ၏မိသားစုကိုလည်း ဗတ္တိဇံပီးခ၏။ ထိုသူရို့မှလွဲ၍ အခြားဇာသူ့ကို ဗတ္တိဇံပီးခသည်ကို ငါ မမှတ်မိ။
16 Batizei também a casa de Estéfanas. Além destes, não me lembro se batizei algum outro.
17 ခရစ်တော်သည် ငါ့အား စီရွှတ်တော်မူသည်မှာ ဗတ္တိဇံပီးခြင်းငှာ မဟုတ်၊ လက်ဝါးကပ်တိုင်ထက်တွင် ခရစ်တော်၏ အသီခံခြင်းတန်ခိုးသည် အ​ချည်း​နှီး​မဖြစ်စီခြင်းငှာ လူရို့၏ဉာဏ်ပညာနှင့် ယှဉ်သောစကားများကို အသုံးမပြုဘဲ သတင်းကောင်းတရားကို ဟောပြောရန်ပင် ဖြစ်၏။
17 Afinal, Cristo não me enviou para batizar, mas para pregar o evangelho, não com sabedoria de palavra, para que não se anule a cruz de Cristo.
18 အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
18 Certamente a palavra da cruz é loucura para os que se perdem, mas para nós, que somos salvos, ela é poder de Deus.
19 ဇာကြောင့်ဆိုသော် ကျမ်းစာ၌ လာသည်ကား၊
19 Pois está escrito: “Destruirei a sabedoria dos sábios e aniquilarei a inteligência dos inteligentes.”
20 ထို့ကြောင့် ပညာဟိကား ဇာမှာနည်း။ ကျမ်းတတ်ဆရာရို့ကား ဇာမှာဟိသနည်း။ ဤလောက၌ ပညာအလိမ္မာဖြင့် စကားငြင်းခုံတတ်သောသူရို့ကား ဇာမှာဟိသနည်း။ ဘုရားသခင်သည် လောကီပညာကို အချည်းနှီး ဖြစ်စီတော်မူယာ။
20 Onde está o sábio? Onde está o escriba? Onde está o questionador deste mundo? Não é fato que Deus tornou louca a sabedoria deste mundo?
21 အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
21 Visto que, na sabedoria de Deus, o mundo não o conheceu por sua própria sabedoria, Deus achou por bem salvar os que creem por meio da loucura da pregação.
22 ယုဒလူရို့သည် သက်သီအဖြစ် နိမိတ်လက္ခဏာများကို တောင်းကြ၏။ ဟေလသလူရို့မူကား ဉာဏ်ပညာကို ရှာဖွီကြ၏။
22 Porque os judeus pedem sinais e os gregos buscam sabedoria,
23 ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။
23 mas nós pregamos o Cristo crucificado, escândalo para os judeus, loucura para os gentios.
24 သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။
24 Mas, para os que foram chamados, tanto judeus como gregos, Cristo é o poder de Deus e a sabedoria de Deus.
25 အကြောင်းမူကား ဘုရားသခင်၏ အချည်းနှီးဖြစ်သော ဉာဏ်ပညာသည် လူရို့၏ဉာဏ်ပညာဟိခြင်းထက် သာ၍ ကောင်း၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူရို့၏ခွန်အားကြီးခြင်းထက် သာ၍ ကြီး၏။
25 Porque a loucura de Deus é mais sábia do que a sabedoria humana, e a fraqueza de Deus é mais forte do que a força humana.
26 ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့အား ခေါ်သောအခါ လူ့အမြင်အားဖြင့် သင်ရို့တွင် ပညာဟိသူ၊ တန်ခိုးအာဏာဟိသူ၊ မျိုးရိုးကြီးမြင့်သူဟူ၍ များစွာမပါသည်ကို အောက်မိကြလော့။
26 Irmãos, considerem a vocação de vocês. Não foram chamados muitos sábios segundo a carne, nem muitos poderosos, nem muitos de nobre nascimento.
27 ဘုရားသခင်သည် ပညာဟိရို့ကို အရှက်ရစီခြင်းငှာ လောက၌ မိုက်မဲသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ ခွန်အားကြီးသောသူရို့ကို အရှက်ရစီခြင်းငှာ ခွန်အားနည်းသောသူရို့ကို ရွီးကောက်တော်မူ၏။
27 Pelo contrário, Deus escolheu as coisas loucas do mundo para envergonhar os sábios e escolheu as coisas fracas do mundo para envergonhar as fortes.
28 လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။
28 E Deus escolheu as coisas humildes do mundo, e as desprezadas, e aquelas que não são, para reduzir a nada as que são,
29 သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။
29 a fim de que ninguém se glorie na presença de Deus.
30 သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။
30 Mas vocês são dele, em Cristo Jesus, o qual se tornou para nós, da parte de Deus, sabedoria, justiça, santificação e redenção,
31 ထို့ကြောင့် ကျမ်းစာလာသည်ကား၊ “ဝါကြွားလိုသောသူသည် သခင်ဘုရားပြုတော်မူပြီးသော အမှု၌သာ ဝါကြွားစီ” ဟု လာ၏။
31 para que, como está escrito, “aquele que se gloria, glorie-se no Senhor”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.