1 Coríntios 16

rki (RKI) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ယုဒပြည်၌ဟိသော ဘုရားသခင်၏လူရို့အား ထောက်ပံ့ခြင်းငှာ အလှူငွီများနှင့် ပတ်သက်၍ ဂလာတိပြည်၌ဟိသော အသင်းတော်များကို ငါ မှာထားခသည်အတိုင်း သင်ရို့ ပြုကြလော့။
1 Quanto à coleta para os santos, fazei vós também como ordenei às igrejas da Galácia.
2 ငါ ရောက်လာသောအခါ အလှူငွီကောက်ခံဖို့ မလိုအပ်ရန် တလင်းဂနီနိ့တိုင်း သင်ရို့တစ်ယောက်ချင်းစီ၏ တတ်နိုင်သည့်အလျောက် ကောက်ခံ၍ စုဆောင်းထားကြလော့။
2 No primeiro dia da semana, cada um de vós ponha de parte, em casa, conforme a sua prosperidade, e vá juntando, para que se não façam coletas quando eu for.
3 ငါ ရောက်လာသောအခါ ထိုအလှူငွီကို ယေရုဆလင်မြို့သို့ ယူဆောင်လားစီခြင်းငှာ သင်ရို့ ထောက်ခံထားသော သူရို့ကို စာနှင့်တကွ ငါ စီရွှတ်မည်။
3 E, quando tiver chegado, enviarei, com cartas, para levarem as vossas dádivas a Jerusalém, aqueles que aprovardes.
4 အကယ်၍ ငါ လားဖို့လိုအပ်လျှင် ထိုသူရို့သည် ငါနှင့်အတူ လိုက်နိုင်ပါ၏။
4 Se convier que eu também vá, eles irão comigo.
5 ငါသည် မာကေဒေါနိပြည်လမ်းမှ လားရမည်ဖြစ်၍ ထိုပြည်ကို လွန်လျှင် သင်ရို့ပါးသို့ လာမည်။
5 Irei ter convosco por ocasião da minha passagem pela Macedônia, porque devo percorrer a Macedônia.
6 ငါသည် သင်ရို့နှင့်အတူ ကာလအတန်ကြာ တည်းနိန်မည်။ ဆောင်းရာသီ တစ်ခုလုံးပင် သင်ရို့နှင့်အတူ နီကောင်းနိန်ပါမည်။ ထို့နောက်မှ ငါ ခရီးပြုလိုရာအရပ်သို့ ပြုနိုင်ရန် သင်ရို့ ကူညီနိုင်ကြလိမ့်မည်။
6 E bem pode ser que convosco me demore ou mesmo passe o inverno, para que me encaminheis nas viagens que eu tenha de fazer.
7 ငါသည် သင်ရို့ထံ၌ ခဏတစ်ဖြုတ် တည်းခိုရုံမျှဖြင့် မလာချင်ပါ။ သခင်ဘုရား ခွင့်ပြုတော်မူလျှင် ကာလအတန်ကြာ သင်ရို့နှင့် နီလိုပါ၏။
7 Porque não quero, agora, ver-vos apenas de passagem, pois espero permanecer convosco algum tempo, se o Senhor o permitir.
8 ပင်တေကုတ္တေပွဲနိ့အထိ ဧဖက်မြို့၌ ငါတည်းခိုနိန်ပါမည်။
8 Ficarei, porém, em Éfeso até ao Pentecostes;
9 ထိုမြို့၌ ငါ့ကို ဆန့်ကျင်ဖက်ပြုသောသူတိ ဟိသော်လည်း အကျိုးဟိသောအလုပ်ကို လုပ်ခြင်းငှာ ငါ့အဖို့ လွန်စွာကြီးသော တန်းခါးသည် ဖွင့်လျက်ဟိ၏။
9 porque uma porta grande e oportuna para o trabalho se me abriu; e há muitos adversários.
10 အကယ်၍ သင်ရို့ပါးသို့ တိမောသေ ရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမဟိဘဲ သင်ရို့နှင့်အတူ နီထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား၊ သူသည် ငါ့ကဲ့သို့ပင် သခင်ဘုရား၏ အမှုတော်ဆောင်ဖြစ်ပေ၏။
10 E, se Timóteo for, vede que esteja sem receio entre vós, porque trabalha na obra do Senhor, como também eu;
11 သူ့ကို ဇာသူမျှ မလေးမစား မပြုစီကေ့။ သူသည် ငါ့ပါးသို့ ငြိမ်ဝပ်စွာဖြင့် ပြန်လည်ရောက်လာစီခြင်းငှာ ကူညီကြလော့။ အကြောင်းမူကား ငါသည် သူ့အား ယုံကြည်သူ ညီအစ်ကိုများနှင့်အတူ ငါ့ပါးသို့ လာလိမ့်မည်ဟု စောင့်မျှော် နိန်သောကြောင့် ဖြစ်၏။
11 ninguém, pois, o despreze. Mas encaminhai-o em paz, para que venha ter comigo, visto que o espero com os irmãos.
12 အဂုတွင် ငါရို့ညီ အာပေါလု၏အကြောင်းကို ပြောရမည်ဆိုလျှင်၊ သူသည် အခြားယုံကြည်သူများနှင့်အတူ သင်ရို့ပါးသို့ လားရောက်လည်ပတ်ရန် ငါသည် သူ့အား အထူးပင် အားပီးတိုက်တွန်းပါ၏။ သို့သော် အဂုအခါ သူသည် လာဖို့ရန် ဆန္ဒ အလျင်းမဟိ။ နောက်မှ အခွင့်ကောင်း ကြုံလာသည့်အခါ ရောက်လာပါလိမ့်မည်။
12 Acerca do irmão Apolo, muito lhe tenho recomendado que fosse ter convosco em companhia dos irmãos, mas de modo algum era a vontade dele ir agora; irá, porém, quando se lhe deparar boa oportunidade.
13 နိုးနိုးကြားကြားဟိကြလော့၊ ယုံကြည်ခြင်း၌ ခိုင်မာစွာ ရပ်တည်ကြလော့၊ ရဲစွမ်းသတ္တိနှင့်တကွ ခိုင်ခံ့ကြလော့။
13 Sede vigilantes, permanecei firmes na fé, portai-vos varonilmente, fortalecei-vos.
14 ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။
14 Todos os vossos atos sejam feitos com amor.
15 သင်ရို့သည် သတေဖန်နှင့် သူ၏အိမ်သူအိမ်သားရို့အကြောင်းကို သိကြ၏။ သူရို့သည် အခါယပြည်၌ အဦးသီးသော ယုံကြည်သူများဖြစ်၍ ဘုရားသခင်၏လူရို့အား အစီခံရန် သူရို့ကိုသူရို့ ဆက်ကပ်ထားသော သူများပင် ဖြစ်ကြ၏။ ငါ၏ ညီအစ်ကိုမောင်နှမရို့၊
15 E agora, irmãos, eu vos peço o seguinte (sabeis que a casa de Estéfanas são as primícias da Acaia e que se consagraram ao serviço dos santos):
16 ထိုသို့သောသူရို့၏ ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူရို့နှင့်အတူ အမှုတော်ဆောင်ရွက်ကြသော သူရို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်ပါ၏။
16 que também vos sujeiteis a esses tais, como também a todo aquele que é cooperador e obreiro.
17 ငါသည် သတေဖန်၊ ဖော်တုနက်နှင့် အခါယကုရို့ ရောက်လာကြသဖြင့် ဝမ်းမြောက်ပါ၏။ သူရို့သည် သင်ရို့၏ကိုယ်စား ငါ့ကို ပြုစုပီးကြ၏။
17 Alegro-me com a vinda de Estéfanas, e de Fortunato, e de Acaico; porque estes supriram o que da vossa parte faltava.
18 သူရို့သည် သင်ရို့၏စိတ်ဝိညာဉ်ကို ရွှင်လန်းစီသကဲ့သို့ ငါ့ကိုလည်း ရွှင်လန်းစီ၏။ ထိုသို့သောသူရို့သည် အသိအမှတ်ပြုခြင်းကို ခံထိုက်ပေ၏။
18 Porque trouxeram refrigério ao meu espírito e ao vosso. Reconhecei, pois, a homens como estes.
19 အာယှိပြည်မှ အသင်းတော်များသည် သင်ရို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့် သူရို့အိမ်၌ ဝတ်ပြုကိုးကွယ်ကြသည့် အသင်းဝင်များကလည်း သခင်ဘုရား၏နာမတော်ဖြင့် လိုက်လှဲစွာ နှုတ်ဆက်ကြ၏။
19 As igrejas da Ásia vos saúdam. No Senhor, muito vos saúdam Áquila e Priscila e, bem assim, a igreja que está na casa deles.
20 ဤအရပ်၌ဟိသော ညီအစ်ကိုမောင်နှမ အပေါင်းကလည်း သင်ရို့ကို နှုတ်ဆက်ကြ၏။
20 Todos os irmãos vos saúdam. Saudai-vos uns aos outros com ósculo santo.
21 ငါ ပေါလုသည် ဤနှုတ်ဆက်ခြင်းကို ငါ့လက်ဖြင့် ကိုယ်တိုင် ရီးလိုက်ပါ၏။
21 A saudação, escrevo-a eu, Paulo, de próprio punho.
22 ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။
22 Se alguém não ama o Senhor, seja anátema. Maranata!
23 အသျှင်ယေသျှု၏ ကျေးဇူးတော်သည် သင်ရို့၌ သက်ရောက်ပါစီသတည်း။
23 A graça do Senhor Jesus seja convosco.
24 ငါ၏မေတ္တာသည် ခရစ်တော်ယေသျှု၌ ဟိသော သင်ရို့အားလုံးတွင် တည်ပါစီသတည်း။ အာမင်။
24 O meu amor seja com todos vós, em Cristo Jesus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.