1 Coríntios 15
rki (RKI) vs VC
1 ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့အား ဟောပြောခသည့် သတင်းကောင်းတရားကို လက်ခံ၍ ယင်းအထက်၌ သင်ရို့၏ ယုံကြည်ခြင်းခိုင်မြဲစွာ ရပ်တည်လျက် ဟိကြောင်းကို အဂုတွင် ငါသည် သင်ရို့အား ပြန်၍ ငါ သတိပီးလို၏။
1 Eu vos lembro, irmãos, o Evangelho que vos preguei, e que tendes acolhido, no qual estais firmes.
2 ထိုသတင်းကောင်းတရားကား သင်ရို့ကို ငါ ဟောပြောခသည့် သတင်းကောင်းတရားပင် ဖြစ်၏။ သင်ရို့သည် ထိုဧဝံဂေလိတရားကို စွဲမြဲစွာယုံကြည်လက်ခံသောကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ ထိုသို့ မဟုတ်လျှင် သင်ရို့ ယုံကြည်ခသည်မှာ အချည်းနှီးသက်သက် ဖြစ်၏။
2 Por ele sereis salvos, se o conservardes como vo-lo preguei. De outra forma, em vão teríeis abraçado a fé.
3 ငါသည် ကိုယ်တိုင် ခံယူရဟိသည့် အဓိကအကျဆုံးသောအရာကို သင်ရို့အား ပီးအပ်သည့် အကြောင်းမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၏၊
3 Eu vos transmiti primeiramente o que eu mesmo havia recebido: que Cristo morreu por nossos pecados, segundo as Escrituras;
4 ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းကို ခံပြီးနောက် ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၏။
4 foi sepultado, e ressurgiu ao terceiro dia, segundo as Escrituras;
5 ကိုယ်တော်သည် ပေတရုအား ထင်ရှားပြပြီးမှ တမန်တော်တစ်ကျိပ်နှစ်ပါးရို့အား ထင်ရှားပြတော်မူ၏။
5 apareceu a Cefas, e em seguida aos Doze.
6 ထို့နောက် ကိုယ်တော်သည် မိမိ၏တပည့်တော် ၅၀၀ ကျော်ရို့အား တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူရို့အထဲမှ အချို့သည် သီလွန်ပြီးဖြစ်သော်လည်း၊ လူအများစုမှာ အဂုတိုင်အောင် အသက်ရှင်လျက် ဟိကြ၏။
6 Depois apareceu a mais de quinhentos irmãos de uma vez, dos quais a maior parte ainda vive {e alguns já são mortos};
7 ထို့နောက် ကိုယ်တော်သည် ယာကုပ်အား ထင်ရှားပြတော်မူပြီးမှ တမန်တော်အပေါင်းရို့ကိုလည်း ထင်ရှားပြတော်မူ၏။
7 depois apareceu a Tiago, em seguida a todos os apóstolos.
8 နောက်ဆုံး၌ ကိုယ်တော်သည် လမစိ့ဘဲ မွီးသောသူ တစ်ယောက်ကဲ့သို့ ဖြစ်သော ငါ့ကိုလည်း ထင်ရှားပြတော်မူ၏။
8 E, por último de todos, apareceu também a mim, como a um abortivo.
9 ငါသည် တမန်တော်ရို့တွင် အငယ်ဆုံးသောသူဖြစ်၏။ ဘုရားသခင်၏ အသင်းတော်ကို နှိပ်စက်ညှဉ်းဆဲခသောသူ ဖြစ်သောကြောင့် တမန်တော်ဟူ၍ အခေါ်ခံခြင်းငှာ မထိုက်။
9 Porque eu sou o menor dos apóstolos, e não sou digno de ser chamado apóstolo, porque persegui a Igreja de Deus.
10 သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
10 Mas, pela graça de Deus, sou o que sou, e a graça que ele me deu não tem sido inútil. Ao contrário, tenho trabalhado mais do que todos eles; não eu, mas a graça de Deus que está comigo.
11 သို့ဖြစ်၍ ငါဖြစ်စီ၊ ထိုသူရို့ဖြစ်စီ ဤအတိုင်း ဟောပြောကြ၏။ သင်ရို့သည်လည်း ဤအတိုင်းပင် ယုံကြည်ကြ၏။
11 Portanto, seja eu ou sejam eles, assim pregamos, e assim crestes.
12 ခရစ်တော်သည် သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူကြောင်းကို ငါရို့ဟောပြောလျက် ဟိသည်ဖြစ်၍ သင်ရို့ အထဲမှ တချို့သောသူရို့က သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းဟူ၍ မဟိဟု ဇာကြောင့် ပြောဆိုနိန်ကြသနည်း။
12 Ora, se se prega que Jesus ressuscitou dentre os mortos, como dizem alguns de vós que não há ressurreição de mortos?
13 ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် ခရစ်တော်သည်လည်း သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခမည် မဟုတ်။
13 Se não há ressurreição dos mortos, nem Cristo ressuscitou.
14 ခရစ်တော်သည် သီခြင်းတရားမှ ထမြောက်တော် မမူခလျှင် ငါရို့၏ဟောပြောခြင်းသည် အကျိုးမဟိ။ ထို့နည်းတူ သင်ရို့၏ယုံကြည်ခြင်းသည်လည်း အကျိုုးမဟိ။
14 Se Cristo não ressuscitou, é vã a nossa pregação, e também é vã a vossa fé.
15 ထိုမျှမက ငါရို့သည် ဘုရားသခင်၏အကြောင်းကို မှားယွင်းစွာ သက်သီခံသောသူတိသာ ဖြစ်ကြ၏။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်ကို သီလွန်ရာမှ ရှင်ပြန်ထမြောက်စီတော်မူ၏ဟု ငါရို့ သက်သီခံနိန်သောကြောင့် ဖြစ်၏။ သို့သော် သီလွန်သောသူရို့ကို ထမြောက်စီတော်မမူလျှင် ကိုယ်တော်သည် ခရစ်တော်ကို ထမြောက်စီတော်မမူ။
15 Além disso, seríamos convencidos de ser falsas testemunhas de Deus, por termos dado testemunho contra Deus, afirmando que ele ressuscitou a Cristo, ao qual não ressuscitou {se os mortos não ressuscitam}.
16 အကြောင်းမူကား သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မမူ။
16 Pois, se os mortos não ressuscitam, também Cristo não ressuscitou.
17 ခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မမူလျှင် သင်ရို့၏ယုံကြည်ခြင်းသည် လွဲမှား၍ သင်ရို့သည်လည်း အပြစ်ဒုစရိုက်၌ပင် ဟိနိန်ကတ်သိမ့်၏။
17 E se Cristo não ressuscitou, é inútil a vossa fé, e ainda estais em vossos pecados.
18 ခရစ်တော်၌ အိပ်ပျော်သော သူရို့သည်လည်း ဆုံးယှုံးခြင်းသို့သာ ရောက်ကြပေမည်။
18 Também estão perdidos os que morreram em Cristo.
19 ခရစ်တော်၌ ငါရို့၏မျှော်လင့်ချက်သည် အဂုဘဝအဖို့သာ ဖြစ်လျှင်၊ ဤလောက၌ ငါရို့ထက် သနားစရာကောင်းသောသူဟူ၍ မဟိယာ။
19 Se é só para esta vida que temos colocado a nossa esperança em Cristo, somos, de todos os homens, os mais dignos de lástima.
20 သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။
20 Mas não! Cristo ressuscitou dentre os mortos, como primícias dos que morreram!
21 ဇာကြောင့်ဆိုသော် တစ်ယောက်သောသူအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည့်နည်းတူ တစ်ယောက်သောသူအားဖြင့် သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဝင်ရောက်လာ၏။
21 Com efeito, se por um homem veio a morte, por um homem vem a ressurreição dos mortos.
22 အကြောင်းမူကား လူအပေါင်းရို့သည် အာဒံ၌ သီဆုံးကြရ၏။ သို့သော် ခရစ်တော်၌ ထမြောက်ရကြလိမ့်မည်။
22 Assim como em Adão todos morrem, assim em Cristo todos reviverão.
23 သို့ရာတွင် လူအသီးသီးရို့သည် အစဉ်အတိုင်းဖြင့် ရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်ကား ဦးစွာ ရှင်ပြန်ထမြောက်တော်မူ၏။ ခရစ်တော်နှင့်ဆိုင်သော သူရို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ရှင်ပြန်ထမြောက်ကြလိမ့်မည်။
23 Cada qual, porém, em sua ordem: como primícias, Cristo; em seguida, os que forem de Cristo, na ocasião de sua vinda.
24 ထို့နောက် ကပ်ကာလ ကုန်ဆုံးချိန် ရောက်လိမ့်မည်။ ထိုအခါ ခရစ်တော်သည် အလုံးစုံသော အုပ်စိုးခြင်းတိ၊ အခွင့်အာဏာတိနှင့် တန်ခိုးအာဏာတိကို ပယ်ဖျက်ပြီးနောက် နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ ပီးအပ်တော်မူလိမ့်မည်။
24 Depois, virá o fim, quando entregar o Reino a Deus, ao Pai, depois de haver destruído todo principado, toda potestade e toda dominação.
25 ခရစ်တော်သည် ရန်သူအပေါင်းကို မိမိ၏ခြီဖဝါးအောက်၌ ချထားတော်မူသည်အထိ အုပ်စိုးတော်မူရမည်။
25 Porque é necessário que ele reine, até que ponha todos os inimigos debaixo de seus pés.
26 နောက်ဆုံးရန်သူဖြစ်သော သီမင်းကိုပင် အောင်နိုင်လိမ့်မည်။
26 O último inimigo a derrotar será a morte, porque Deus sujeitou tudo debaixo dos seus pés.
27 ကျမ်းစာ၌လာသည်ကား “ဘုရားသခင်သည် ခပ်သိမ်းသောအရာများကို ကိုယ်တော်၏ခြီဖဝါးအောက်သို့ ရောက်စီတော်မူ၏” ဟု လာသတည်း။ ထို “ခပ်သိမ်းသောအရာများ” ၌ ဘုရားသခင် မပါကြောင်း ထင်ရှား၏။ ဇာကြောင့်ဆိုသော် ခပ်သိမ်းသောအရာကို ခရစ်တော်၏ ခြီဖဝါးအောက်သို့ ရောက်စီတော်မူသော အသျှင်ကား ဘုရားသခင်ပင် ဖြစ်သောကြောင့်တည်း။
27 Mas, quando ele disser que tudo lhe está sujeito, claro é que se excetua aquele que lhe sujeitou todas as coisas.
28 သို့ရာတွင် ခပ်သိမ်းသောအရာများကို ခရစ်တော်၏ အုပ်စိုးခြင်းအောက်၌ ချထားသောအခါ၊ သားတော်ဖြစ်သော ခရစ်တော်ကိုယ်တိုင်ပင် ခပ်သိမ်းသောအရာကို မိမိခြီဖဝါးတော်အောက်၌ ချထားတော်မူသော ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် ခမ်းသိမ်းသောအရာများကို ပြည့်ဝစုံလင်စွာ အုပ်စိုးတော်မူလိမ့်မည်။
28 E, quando tudo lhe estiver sujeito, então também o próprio Filho renderá homenagem àquele que lhe sujeitou todas as coisas, a fim de que Deus seja tudo em todos.
29 အဂုတွင် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် သီလွန်သော သူရို့ကိုယ်စား ဗတ္တိဇံမင်္ဂလာကို ခံယူသောသူရို့သည် ဇာကြောင့် ထိုသို့ ပြုကြသနည်း။ သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်း လုံးဝမဟိလျှင် သူရို့သည် သီလွန်သောသူရို့၏ကိုယ်စား ဇာကြောင့် ဗတ္တိဇံမင်္ဂလာကို ခံယူကြသနည်း။
29 De outra maneira, que intentam aqueles que se batizam em favor dos mortos? Se os mortos realmente não ressuscitam, por que se batizam por eles?
30 ဇာကြောင့် ငါရို့ကိုယ်တိုင်ပင် ဘေးအန္တရာယ်နှင့် အချိန်တိုင်း ရင်ဆိုင်နိန်ရကြသနည်း။
30 E nós, por que nos expomos a perigos a toda hora?
31 ညီအစ်ကိုမောင်နှမရို့၊ ငါသည် နိ့တိုင်း သီခြင်းတရားနှင့် ရင်ဆိုင်နိန်ရသည်ဟု ငါရို့၏အသျှင် ခရစ်တော်ယေသျှု၌ ဟိသော သင်ရို့ကြောင့် ငါသည် အမှန်ပင် ဝါကြွားနိန်၏။
31 Cada dia, irmãos, expondo-me à morte, tão certo como vós sois a minha glória em Jesus Cristo nosso Senhor.
32 အကယ်၍ လူ့သဘောဖြင့်ဆိုလျှင် ငါသည် ဧဖက်မြို့တွင် “သားရဲ တိရစ္ဆာန်တိ” နှင့် တိုက်ခိုက်ခသော်လည်း ငါ့အဖို့ ဇာအကျိုး ဟိမည်နည်း။ သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် “နက်ဖြန်နိ့၌ ငါရို့သည် သီဆုံးလားမည်ဖြစ်သောကြောင့် စားကြ၊ သောက်ကြကုန်အံ့။”
32 Se foi por intenção humana que combati com as feras em Éfeso, que me aproveita isso? Se os mortos não ressuscitam, comamos e bebamos, porque amanhã morreremos.
33 အလွဲမယူကတ်ကေ့။ “အပေါင်းအသင်း မကောင်းလျှင် ကောင်းသောအကျင့်ပင် ပျက်စီးတတ်၏။”
33 Não vos deixeis enganar: Más companhias corrompem bons costumes.
34 အမြင်မှန် ရကြလော့။ ဒုစရိုက်အပြစ်ကို မပြုကတ်ကေ့။ အကြောင်းမူကား သင်ရို့ထဲမှ တချို့သောသူရို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ ဤသို့ ငါဆိုရာ၌ သင်ရို့ကို အရှက်ရစီခြင်းငှာ ဖြစ်၏။
34 Despertai, como convém, e não pequeis! Porque alguns vivem na total ignorância de Deus - para vergonha vossa o digo.
35 လူတစ်စုံတစ်ယောက်က “သီလွန်သောသူရို့သည် ဇာပိုင် ထမြောက်ကြမည်နည်း။ ဇာပိုင် ခန္ဓာမျိုးနှင့် ပေါ်လာမည်နည်း” ဟု မိန်းလိမ့်မည်။
35 Mas, dirá alguém, como ressuscitam os mortos? E com que corpo vêm?
36 အချင်းလူမိုက်၊ သင်သည် မျိုးစိ့တစ်စိ့ကို မြီ၌ စိုက်ပျိုးသောအခါ ထိုမျိုးစိ့သည် မပျက်စီးဘဲ အပင်မပေါက်တတ်။
36 Insensato! O que semeias não recobra vida, sem antes morrer.
37 သင်သည် မြီ၌ ဂျုံစပါးမျိုးစိ့ဖြစ်စီ၊ အခြားမျိုးစိ့ တစ်မျိုးမျိုးဖြစ်စီ စိုက်သောအခါ နောင်၌ ဖြစ်လာမည့်အပင်ကို စိုက်သည် မဟုတ်။ အစိ့ကိုသာ စိုက်တတ်၏။
37 E, quando semeias, não semeias o corpo da planta que há de nascer, mas o simples grão, como, por exemplo, de trigo ou de alguma outra planta.
38 ဘုရားသခင်သည် အလိုတော်ဟိသည်အတိုင်း ထိုမျိုးစိ့အား ကိုယ်ထည်ကို ပီးတော်မူ၏။ ကိုယ်တော်သည် မျိုးစိ့အသီးသီးအား သင့်လျှော်သော ပင်စည်ကို ပီးတော်မူ၏။
38 Deus, porém, lhe dá o corpo como lhe apraz, e a cada uma das sementes o corpo da planta que lhe é própria.
39 သက်ဟိသတ္တဝါအားလုံးရို့၏ အသားသည် တစ်မျိုးတည်း မဟုတ်။ လူ၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်ရို့၏ အသားသည်ကား တစ်မျိုး၊ ငှက်တိကား တစ်မျိုး၊ ငါးတိမှာကား တစ်မျိုးဖြစ်၏။
39 Nem todas as carnes são iguais: uma é a dos homens e outra a dos animais; a das aves difere da dos peixes.
40 ကောင်းကင်နှင့်ဆိုင်သော ခန္ဓာများဟိပြီး မြီကြီးနှင့်ဆိုင်သော ခန္ဓာများလည်း ဟိ၏။ ကောင်းကင်နှင့်ဆိုင်သော ခန္ဓာများ၏ ဂုဏ်အသရေကား တစ်မျိုး၊ မြီကြီးနှင့်ဆိုင်သော ခန္ဓာများ၏ ဂုဏ်အသရေကား တစ်မျိုးပင်ဖြစ်၏။
40 Também há corpos celestes e corpos terrestres, mas o brilho dos celestes difere do brilho dos terrestres.
41 နီ၏ဂုဏ်အသရေကား တစ်မျိုး၊ လ၏ဂုဏ်အသရေသည်လည်း တစ်မျိုး၊ ကြယ်တာယာများ၏ ဂုဏ်အသရေသည်လည်း တစ်မျိုးပင်ဖြစ်၏။ ကြယ်တစ်လုံးနှင့် တစ်လုံး၏ ဂုဏ်အသရေသည် မတူကြပေ။
41 Uma é a claridade do sol, outra a claridade da lua e outra a claridade das estrelas; e ainda uma estrela difere da outra na claridade.
42 ထိုနည်းတူ သီလွန်သောသူရို့၏ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဤအတိုင်းပင်ဖြစ်၏။ ကိုယ်ခန္ဓာသည် မြီကြီး၌ စိုက်ပျိုးခြင်းကို ခံရသောအခါ ပုပ်ပျက်ခြင်းဟိ၏။ ရှင်ပြန်ထမြောက်သောအခါ၌ ပုပ်ပျက်ခြင်းနှင့် ကင်းလွတ်လိမ့်မည်။
42 Assim também é a ressurreição dos mortos. Semeado na corrupção, o corpo ressuscita incorruptível;
43 စိုက်ပျိုးခြင်းကို ခံရသောအခါ ဂုဏ်အသရေပျက်၍၊ ရှင်ပြန်ထမြောက်သောအခါ၌ ဂုဏ်အသရေနှင့် ပြည့်စုံလိမ့်မည်။ စိုက်သောအခါ အစွမ်းမဟိ။ ထမြောက်သောအခါ တန်ခိုးနှင့် ပြည့်စုံ၏။
43 semeado no desprezo, ressuscita glorioso; semeado na fraqueza, ressuscita vigoroso;
44 စိုက်ပျိုးခြင်းကို ခံရသောအခါ ဇာတိခန္ဓာဖြစ်၏။ ရှင်ပြန်ထမြောက်သောအခါ၌ကား ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်။ ဇာတိခန္ဓာဟိသောကြောင့် ဝိညာဉ်ခန္ဓာလည်းဟိ၏။
44 semeado corpo animal, ressuscita corpo espiritual. Se há um corpo animal, também há um espiritual.
45 ကျမ်းစာလာသည်ကား “ပထမလူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်လာ၏” ဟု လာ၏။ နောက်ဆုံးဖြစ်သော အာဒံသည်ကား အသက်ရှင်စီတတ်သော ဝိညာဉ်ဖြစ်၏။
45 Como está escrito: O primeiro homem, Adão, foi feito alma vivente {Gn 2,7}; o segundo Adão é espírito vivificante.
46 ဝိညာဉ်ခန္ဓာသည် အယင်ဦးစွာ ဖြစ်လာသည် မဟုတ်။ ဇာတိခန္ဓာဖြစ်ပေါ်ပြီးမှ ဝိညာဉ်ခန္ဓာ ဖြစ်ပေါ်လာ၏။
46 Mas não é o espiritual que vem primeiro, e sim o animal; o espiritual vem depois.
47 ပထမလူအာဒံသည် မြီကြီးမှ ဖန်ဆင်းထားသောသူဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
47 O primeiro homem, tirado da terra, é terreno; o segundo veio do céu.
48 မြီကြီးသားရို့သည် မြီမှုန့်မှ ဖန်ဆင်းထားသောသူနှင့် တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သော လူရို့သည် ကောင်းကင်ဘုံမှ လာသောသူနှင့် တူကြ၏။
48 Qual o homem terreno, tais os homens terrenos; e qual o homem celestial, tais os homens celestiais.
49 ငါရို့သည် မြီကြီးမှ ဖန်ဆင်းထားသူ၏ ပုံသဏ္ဌာန်၌ မွီးဖွားသကဲ့သို့ ကောင်းကင်ဘုံမှ ကြွလာတော်မူသော သူ၏ပုံသဏ္ဌာန်၌လည်း မွီးဖွားခြင်းကို ခံရကြလိမ့်မည်။
49 Assim como reproduzimos em nós as feições do homem terreno, precisamos reproduzir as feições do homem celestial.
50 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါပြောလိုသည်မှာ လူ့အသွီးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွီခံ၍ မရနိုင်။ ပုပ်ပျက်တတ်သော အရာသည်လည်း မပုပ်မပျက်တတ်သော အဖြစ်ကို မခံမယူနိုင်။
50 O que afirmo, irmãos, é que nem a carne nem o sangue podem participar do Reino de Deus; e que a corrupção não participará da incorruptibilidade.
51 နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။
51 Eis que vos revelo um mistério: nem todos morreremos, mas todos seremos transformados,
52 သို့သော် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ မျက်စိတစ်မှိတ်လျှပ်တပြတ်၌ ပြောင်းလဲကြမည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ အိပ်ပျော်သောသူရို့သည် ရှင်ပြန်ထမြောက်ကြ၍ သီခြင်းတရားနှင့် အစဉ် ကင်းလွတ်ကြ လိမ့်မည်။ ငါရို့အားလုံးသည်လည်း ပြောင်းလဲကြမည်။
52 num momento, num abrir e fechar de olhos, ao som da última trombeta {porque a trombeta soará}. Os mortos ressuscitarão incorruptíveis, e nós seremos transformados.
53 ဇာကြောင့်ဆိုသော် ပုပ်ပျက်တတ်သောအရာသည် မပုပ်မပျက်နိုင်သည့်အရာသို့ ပြောင်းလဲမည်။ သီဆုံးတတ်သောအရာသည် မသီဆုံးနိုင်သောအဖြစ်သို့ ပြောင်းလဲမည်။
53 É necessário que este corpo corruptível se revista da incorruptibilidade, e que este corpo mortal se revista da imortalidade.
54 ပုပ်ပျက်တတ်သောအရာသည် မပုပ်မပျက်နိုင်သော အရာသို့လည်းကောင်း၊ သီတတ်သောအရာသည် မသီနိုင်သော အရာသို့လည်းကောင်း ပြောင်းလဲသောအခါ “သီခြင်းတရားကို ဖျက်ဆီးပစ်ယာ။ သီခြင်းတရားကို အောင်လီယာ” ဟူသော ကျမ်းစကားသည် မှန်ကန်လာပေလိမ့်မည်။
54 Quando este corpo corruptível estiver revestido da incorruptibilidade, e quando este corpo mortal estiver revestido da imortalidade, então se cumprirá a palavra da Escritura:
55 “အို သီမင်း၊ သင်၏အောင်မြင်ခြင်းကား ဇာမှာနည်း။
55 A morte foi tragada pela vitória {Is 25,8}. Onde está, ó morte, a tua vitória? Onde está, ó morte, o teu aguilhão {Os 13,14}?
56 သီမင်း၏အစွယ်ကား ဒုစရိုက်အပြစ်ဖြစ်၏။ ဒုစရိုက်အပြစ်သည် ပညတ်တရားမှ တန်ခိုးကို ရဟိ၏။
56 Ora, o aguilhão da morte é o pecado, e a força do pecado é a lei.
57 သို့ရာတွင် ငါရို့၏ အသျှင်ယေသျှုခရစ်တော်အားဖြင့် ငါရို့အား သီခြင်းတရားနှင့် အပြစ်တရားကို အောင်နိုင်ရသောအခွင့်ကို ပီးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
57 Graças, porém, sejam dadas a Deus, que nos dá a vitória por nosso Senhor Jesus Cristo!
58 ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော့။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
58 Por conseqüência, meus amados irmãos, sede firmes e inabaláveis, aplicando-vos cada vez mais à obra do Senhor. Sabeis que o vosso trabalho no Senhor não é em vão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.