1 Coríntios 11
rki (RKI) vs ARIB
1 သို့ဖြစ်၍ ငါသည် ခရစ်တော်ထံမှ နည်းခံသကဲ့သို့ သင်ရို့သည်လည်း ငါ့ထံ၌ နည်းခံကြလော့။
1 Sede meus imitadores, como também eu o sou de Cristo.
2 သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာကြသောကြောင့် သင်ရို့ကို ငါချီးကျူး၏။
2 Ora, eu vos louvo, porque em tudo vos lembrais de mim, e guardais os preceitos assim como vo-los entreguei.
3 သို့သော် လင်ယောကျ်ား၏ဂေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မယား၏ဂေါင်းကား လင်ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဂေါင်းကား ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း သင်ရို့အား သိစီလို၏။
3 Quero porém, que saibais que Cristo é a cabeça de todo homem, o homem a cabeça da mulher, e Deus a cabeça de Cristo.
4 ထို့ကြောင့် ယောက်ျားသည် ဆုတောင်းခြင်းကို ပြုသော်လည်းကောင်း၊ လူထုဝတ်ပြုအစည်းအဝေး၌ ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောအခါ၌ သော်လည်းကောင်း မိမိ၏ဦးဂေါင်းကို ဖုံးအုပ်၍ ပြုလျှင် ထိုသူသည် ခရစ်တော်၏ အသရေတော်ကို ရှုတ်ချသောသူဖြစ်၏။
4 Todo homem que ora ou profetiza com a cabeça coberta desonra a sua cabeça.
5 ထိုနည်းတူ မိန်းမသည် လူထုဝတ်ပြုစည်းဝေးခြင်းတွင် မိမိ၏ဦးဂေါင်းကို မဖုံးမအုပ်ဘဲ ဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောသော အခါ၌သော်လည်းကောင်း မိမိလင်ယောကျ်ား၏ အသရေကို ရှုတ်ချသောသူဖြစ်၍ သူမသည် ဂတုံးရိတ်ထားသော မိန်းမနှင့် မခြားနားပေ။
5 Mas toda mulher que ora ou profetiza com a cabeça descoberta desonra a sua cabeça, porque é a mesma coisa como se estivesse rapada.
6 မိမိ၏ဦးဂေါင်းကို မဖုံးအုပ်ဘဲ ထားသောမိန်းမသည် မိမိ၏ဆံပင်ကို ဖြတ်ထားလျှင် သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ဂတုံးရိတ်ခြင်းရို့သည် မိန်းမတစ်ယောက်အဖို့ ရှက်ဖွယ်ကောင်းသော အရာများဖြစ်သောကြောင့် သူမသည် မိမိ၏ဦးဂေါင်းကို ဖုံးအုပ်စီ။
6 Portanto, se a mulher não se cobre com véu, tosquie-se também; se, porém, para a mulher é vergonhoso ser tosquiada ou rapada, cubra-se com véu.
7 ယောက်ျားမူကား မိမိ၏ ဦးဂေါင်းကို ဖုံးအုပ်ရန် မသင့်ပေ။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းတန်ခိုးတော်ပင် ဖြစ်သတည်း။ မိန်းမသည်ကား ယောက်ျား၏ ဘုန်းဖြစ်၏။
7 Pois o homem, na verdade, não deve cobrir a cabeça, porque é a imagem e glória de Deus; mas a mulher é a glória do homem.
8 ယောက်ျားသည် မိန်းမပါးမှ ဖန်ဆင်းထားသောသူ မဟုတ်။ မိန်းမသည်သာလျှင် ယောက်ျားပါးမှ ဖန်ဆင်းထားသောသူ ဖြစ်၏။
8 Porque o homem não proveio da mulher, mas a mulher do homem;
9 ယောက်ျားကို မိန်းမအဖို့ ဖန်ဆင်းထားတော်မူသည် မဟုတ်။ မိန်းမကိုသာလျှင် ယောက်ျားအဖို့ ဖန်ဆင်းထားတော်မူ၏။
9 nem foi o homem criado por causa da mulher, mas sim, a mulher por causa do homem.
10 သို့ဖြစ်၍ ကောင်းကင်တမန်တိကို ထောက်သောအားဖြင့် မိန်းမကား မိမိသည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံကြောင်းဖော်ပြရန် မိမိ၏ဦးဂေါင်းကို အုပ်ထားသင့်၏။
10 Portanto, a mulher deve trazer sobre a cabeça um sinal de submissão, por causa dos anjos.
11 သို့ရာတွင် သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ မဖြစ်သည့်နည်းတူ၊ မိန်းမ မပါဘဲ ယောက်ျားဖြစ်သည် မဟုတ်ပေ။
11 Todavia, no Senhor, nem a mulher é independente do homem, nem o homem é independente da mulher.
12 မိန်းမသည် ယောက်ျားမှ ဖန်ဆင်းသကဲ့သို့ ယောက်ျားသည်လည်း မိန်းမမှ မွီးဖွားခြင်းကို ခံယူသော သူဖြစ်၏။ ထိုနည်းတူ၊ အရာခပ်သိမ်းရို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်လာပေ၏။
12 pois, assim como a mulher veio do homem, assim também o homem nasce da mulher, mas tudo vem de Deus.
13 မိန်းမသည် မိမိ၏ဦးဂေါင်းကို မဖုံးမအုပ်ဘဲ ဝတ်ပြုစည်းဝေးခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုခြင်းငှာ ပြုသင့်သည် မပြုသင့်သည်ကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင် ကြလော့။
13 julgai entre vós mesmos: é conveniente que uma mulher com a cabeça descoberta ore a Deus?
14 ဆံပင်ရှည်သည့်ယောက်ျားသည် ရှက်ဖွယ်ဖြစ်သည်ဟု သဘာဝတရားက သင်ရို့အား သွန်သင်ပီးသည် မဟုတ်ပါလော။
14 Não vos ensina a própria natureza que se o homem tiver cabelo comprido, é para ele uma desonra;
15 သို့သော် ဆံပင်ရှည်သော မိန်းမမူကား ထိုဆံပင်သည် သူမ၏ ဘုန်းဖြစ်၏။ ထိုရှည်သောဆံပင်သည် မိန်းမအဖို့ ခြုံစရာအဖြစ် ပီးထားခြင်းဖြစ်၏။
15 mas se a mulher tiver o cabelo comprido, é para ela uma glória? Pois a cabeleira lhe foi dada em lugar de véu.
16 သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ငြင်းခုံလိုသောသူအား ငါရို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌ လည်းကောင်း ဝတ်ပြုကိုးကွယ်သောအခါ ယင်းသို့ ဂေါင်းဖုံးအုပ်သည့်ထုံးစံမှတစ်ပါး အခြားသောထုံးစံ မဟိကြောင်းကို ငါဖြေဆိုအံ့။
16 Mas, se alguém quiser ser contencioso, nós não temos tal costume, nem tampouco as igrejas de Deus.
17 သို့ရာတွင် ဤညွှန်ကြားချက်များကို ပီးရာ၌ သင်ရို့အား ငါမချီးမွမ်း။ အကြောင်းမူကား သင်ရို့၏ဝတ်ပြုစည်းဝေးခြင်းများသည် ကောင်းကျိုးဟိသောအရာထက် ဆိုးကျိုးဟိသောအရာကိုသာ ပို၍လုပ်နိန်၏။
17 Nisto, porém, que vou dizer-vos não vos louvo; porquanto vos ajuntais, não para melhor, mas para pior.
18 ပထမအကြောင်းအရာမူကား၊ သင်ရို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ စိတ်ဝမ်းကွဲပြားမှုများ ဟိကြောင်းကို ငါ ကြားသိရ၏။ ကြားသိရသည်အတိုင်း တချို့တစ်ဝက်မှန်၏။
18 Porque, antes de tudo, ouço que quando vos ajuntais na igreja há entre vós dissensões; e em parte o creio.
19 သင်ရို့၌ စိတ်ဝမ်းကွဲပြားမှု ဟိရမည်။ ထိုသို့ ဟိမှသာလျှင် မှန်သောဘက်၌ ဟိသောသူတိကို ပေါ်လွင်ထင်ရှားမည်။
19 E até importa que haja entre vós facções, para que os aprovados se tornem manifestos entre vós.
20 သင်ရို့သည် စုရုံးကြသောအခါ သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝင်ခြင်း မဟုတ်ဘဲ စားသောက်ဖို့ငှာ လာကြ၏။
20 De sorte que, quando vos ajuntais num lugar, não é para comer a ceia do Senhor;
21 အကြောင်းမူကား သင်ရို့စားကြသောအခါ သင်ရို့တစ်ဦးချင်းစီက မိမိအစာကို အယင်စားကြသဖြင့်၊ သီရည်သောက်သောသူက သောက်နိန်စဉ် ဆာလောင်သူက ဆာလောင်၍ ဟိနိန်ကြ၏။
21 porque quando comeis, cada um toma antes de outrem a sua própria ceia; e assim um fica com fome e outro se embriaga.
22 သင်ရို့စားသောက်ခြင်းငှာ သင်ရို့၌ အိမ်မဟိကြသလော။ ထိုသို့မဟုတ် ဘုရားသခင်၏ အသင်းတော်ကို ရှုတ်ချ၍ ဇာတစ်ခုမျှ မဟိသောသူကို အရှက်ရစီလိုသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်ရို့ကို ငါ ဇာပိုင်ပြောရမည်နည်း။ သင်ရို့အား ချီးကျူးရမည်လော။ အကယ်စင်စစ် ငါ မချီးကျူး။
22 Não tendes porventura casas onde comer e beber? Ou desprezais a igreja de Deus, e envergonhais os que nada têm? Que vos direi? Louvar-vos-ei? Nisto não vos louvo.
23 အကြောင်းမူကား သင်ရို့အား ငါပီးအပ်မည့် သွန်သင်ချက်ကို သခင်ဘုရားထံတော်မှ ငါရဟိခြင်းဖြစ်၏။ ထိုအရာကား၊ အသျှင်ယေသျှုသည် ရန်သူ့လက်သို့ အပ်နှံခြင်းကို ခံတော်မူသည့် ည၌ မုန့်ကိုယူ၍၊
23 Porque eu recebi do Senhor o que também vos entreguei: que o Senhor Jesus, na noite em que foi traído, tomou pão;
24 ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် မုန့်ကို ဖဲ့တော်မူလျက် “ဤမုန့်ကား သင်ရို့အဖို့ စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့သတိရခြင်းငှာ ဤသို့ ပြုကြလော့” ဟု မိန့်တော်မူ၏။
24 e, havendo dado graças, o partiu e disse: Isto é o meu corpo que é por vós; fazei isto em memória de mim.
25 ထိုနည်းတူ၊ ညစာစားပြီးနောက် စပျစ်ရည်ခွက်ကို ယူလျက် “ဤ ခွက်ကား ငါ၏သွီးဖြင့် တံဆိပ်ခတ်သော ဘုရားသခင်၏ ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း ငါ့ကို သတိရအောက်မိ့ခြင်းငှာ သောက်ကြလော့” ဟု မိန့်တော်မူ၏။
25 Semelhantemente também, depois de cear, tomou o cálice, dizendo: Este cálice é o novo pacto no meu sangue; fazei isto, todas as vezes que o beberdes, em memória de mim.
26 သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။
26 Porque todas as vezes que comerdes deste pão e beberdes do cálice estareis anunciando a morte do Senhor, até que ele venha.
27 သို့ဖြစ်၍ မရိုမသီဘဲ သခင်ဘုရား၏မုန့်ကို စား၍ ကိုယ်တော်၏ခွက်ဖလားမှ စပျစ်ရည်ကို သောက်၏။ ထိုသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွီးတော်ကို ပြစ်မှားရာရောက်၏။
27 De modo que qualquer que comer do pão, ou beber do cálice do Senhor indignamente, será culpado do corpo e do sangue do Senhor.
28 ထို့ကြောင့် လူတိုင်းမိမိကိုယ်ကို စစ်ဆီးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်စီလော့။
28 Examine-se, pois, o homem a si mesmo, e assim coma do pão e beba do cálice.
29 မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ ကိုယ်ခန္ဓာကို ပိုင်းခြား၍ နားမလည်သောသူသည် မိမိ၌ အပြစ်ဒဏ်ကျရောက်စီခြင်းငှာ စားသောက်သောသူဖြစ်၏။
29 Porque quem come e bebe, come e bebe para sua própria condenação, se não discernir o corpo do Senhor.
30 ထို့ကြောင့် သင်ရို့အထဲ၌ အားနည်းသောသူနှင့် မကျန်းမာသောသူ အများဟိပြီး သီသောသူများလည်း ဟိကြ၏။
30 Por causa disto há entre vós muitos fracos e enfermos, e muitos que dormem.
31 ငါရို့သည် ကိုယ့်ကိုယ်ကို အယင်ဦးစွာ စစ်ဆီးကြမည်ဆိုလျှင် ဤသို့ ဘုရားသခင်၏ တရားစီရင်တော်မူခြင်းကို ခံရကြလိမ့်မည် မဟုတ်ပေ။
31 Mas, se nós nos julgássemos a nós mesmos, não seríamos julgados;
32 သို့သော် သခင်ဘုရားသည် ဤနည်းအားဖြင့် ငါရို့ကို တရားစီရင်တော်မူပြီး ဆုံးမတော်မူသည်မှာ ငါရို့အား ဤလောကသားများနှင့်အတူ တရားစီရင်ခြင်းကို မခံရစီရန်ဖြစ်၏။
32 quando, porém, somos julgados pelo Senhor, somos corrigidos, para não sermos condenados com o mundo.
33 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို စားသောက်ရန် စုဝေးကြသောအခါ တစ်ယောက်ကို တစ်ယောက် စောင့်ဆိုင်းကြလော့။
33 Portanto, meus irmãos, quando vos ajuntais para comer, esperai uns pelos outros.
34 သင်ရို့သည် စည်းဝေးကြသောအခါတွင် ဘုရားသခင်၏ ပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်စီခြင်းငှာ သင်ရို့ထဲမှ ဆာမွတ်သောသူသည် မိမိအိမ်၌ စားသောက်စီ။ အခြားသော ကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါ တဖန် ငါ ညွှန်ကြားမည်။
34 Se algum tiver fome, coma em casa, a fim de que não vos reunais para condenação vossa. E as demais coisas eu as ordenarei quando for.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.