Zacarias 6
Common Language Bible (MYA) vs VC
1 အခြားဗျာဒိတ်ရူပါရုံတစ်ခုကိုငါမြင်ရ ပြန်၏။ ဤအကြိမ်၌ငါသည်ကြေးဝါတောင် နှစ်ခုကြားမှထွက်လာသောစစ်မြင်းရထား လေးစီးကိုမြင်ရလေသည်။-
1 Levantando de novo os olhos, olhei e vi quatro carros que saíam dentre duas montanhas: estas eram montanhas de bronze.
2 ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-
2 No primeiro carro havia cavalos vermelhos; no segundo cavalos negros;
3 တတိယစစ်မြင်းရထားတွင်မြင်းဖြူများ၊ စတုတ္ထစစ်မြင်းရထားတွင်ပြောက်ကျား မြင်းများကလျက်ရှိ၏။-
3 no terceiro, cavalos brancos e, no quarto, cavalos baios.
4 ထိုနောက်ငါသည်ကောင်းကင်တမန်အား``အရှင်၊ ဤစစ်မြင်းရထားများကားမည်သည့်အနက် ကိုဆောင်ပါသနည်း'' ဟုမေးလျှင်၊
4 Tomando então a palavra, perguntei ao anjo que falava comigo: Que carros são esses, meu Senhor?
5 ကောင်းကင်တမန်က``ယင်းတို့သည်လေလေးပါး ဖြစ်၏။ ထိုလေတို့သည်ကမ္ဘာမြေပြင်တစ်ခုလုံး ကိုအစိုးရသောအရှင်၏ရှေ့တော်မှောက်မှ ယခုပင်ထွက်လာခဲ့ကြ၏'' ဟုဆိုလေသည်။
5 Ele respondeu-me: Eles vão para os quatro ventos do céu e deixam o lugar onde se apresentaram diante do Senhor de toda a terra.
6 မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။-
6 Os cavalos negros dirigem-se para o norte, os brancos para o ocidente, os baios para o sul.
7 ပြောက်ကျားမြင်းများသည်ကမ္ဘာမြေပြင် ကိုကြည့်ရှုစစ်ဆေးရန် အလျင်စလိုထွက် လာကြလေသည်။ ကောင်းကင်တမန်က``သူ တို့အားကမ္ဘာမြေပြင်ကိုသွားရောက်ကြည့် ရှုစစ်ဆေးကြလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ထွက်သွားကြ၏။-
7 Partiram fogosos e procuraram lançar-se para percorrer a terra. O Senhor disse-lhes: Ide, percorrei a terra! E eles puseram-se a percorrer a terra.
8 ထိုနောက်ကောင်းကင်တမန်သည်ငါ့အား၊``မြောက် အရပ်သို့သွားသည့်မြင်းတို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုပြေစေကြလေ ပြီ'' ဟုပြော၏။
8 Ele chamou-me e disse: Olha: os que se dirigem para o norte vão saciar a minha cólera contra a terra do norte.
9 ထာဝရဘုရားသည်ငါ့အားဤသို့ဗျာဒိတ် ပေးတော်မူ၏။-
9 A palavra do Senhor foi-me dirigida nestes termos:
10 ကိုယ်တော်က``ပြည်နှင်ဒဏ်သင့်သူဟေလဒဲ၊ တောဘိယနှင့်ယေဒါသအနွယ်ဝင်တို့၏ အလှူပစ္စည်းများကိုယူ၍ ဇေဖနိ၏သား ယောရှိအိမ်သို့ချက်ချင်းသွားလော့။ ဤသူ အပေါင်းတို့သည် ဗာဗုလုန်ပြည်တွင်ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူများ ဖြစ်၏။-
10 Vai e recebe a oferta da comunidade, os dons de Heldai, Tobias e Jedaia; vai hoje mesmo à casa de Josias, filho de Sofonias, pois se dirigiram para lá de volta de Babilônia.
11 သူတို့ပေးလှူထားသည့်ရွှေငွေများဖြင့် သရဖူတစ်ခုကိုပြုလုပ်၍ ယောဇဒက် ၏သားယဇ်ပုရောဟိတ်မင်းယောရှု၏ ဦးခေါင်းကိုဆောင်းပေးလော့။-
11 Tomarás prata e ouro e farás uma coroa, que porás sobre a cabeça do sumo sacerdote Josué, filho de Josedec,
12 အနန္တတန်ခိုးရှင်ထာဝရဘုရားက``အညွှန့် အတက်'' ဟုနာမည်တွင်သူသည်မိမိရှိရာ အရပ်တွင်ကြီးပွားတိုးတက်လျက်ထာဝရ ဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရလိမ့်မည်။-
12 e lhe dirás: Assim fala o Senhor dos exércitos: Eis o homem, cujo nome é Gérmen; alguma coisa vai germinar de sua linhagem.
13 ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။-
13 Ele é que reconstruirá o templo do Senhor: usará insígnias reais e sentar-se-á como rei sobre o seu trono; terá um sacerdote à sua direita, e reinará a perfeita paz entre eles,
14 ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။
14 A coroa será conservada no templo do Senhor em memória de Heldai, Tobias e Jedaia, como também de Josias, filho de Sofonias.
15 ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။
15 Virão então aqueles que se acham distantes para trabalhar na construção do templo do Senhor, e sabereis que fui enviado a vós pelo Senhor dos exércitos. Tudo isso há de realizar-se, se fordes dóceis à voz do Senhor, vosso Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Zacarias 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.