Zacarias 4
Common Language Bible (MYA) vs NVT
1 ငါနှင့်စကားပြောဆိုနေခဲ့သည့်ကောင်းကင် တမန်သည် တစ်ဖန်လာ၍အိပ်ပျော်သူကို နှိုးသကဲ့သို့ငါ့ကိုနှိုးပြီးလျှင်၊-
1 Então o anjo que falava comigo voltou e me despertou, como se eu tivesse estado dormindo.
2 ``အဘယ်အရာကိုသင်မြင်ပါသနည်း'' ဟုမေး၏။ ငါကလည်း``ရွှေမီးတင်ခုံတစ်ခု ကိုမြင်ပါသည်။ မီးတင်ခုံတိုင်ထိပ်တွင်ဆီ ခွက်တစ်ခုရှိပါသည်။ မီးတင်ခုံပေါ်တွင် မီးစာခုနစ်စစီရှိသောမီးခွက်ခုနစ်လုံး ရှိပါသည်။-
2 “O que você vê agora?”, ele perguntou. Respondi: “Vejo um candelabro de ouro maciço, com uma vasilha de azeite em cima. Ao redor da vasilha há sete lâmpadas, e cada lâmpada tem sete tubos com pavios.
3 မီးတင်ခုံ၏နံဘေးတစ်ဖက်တစ်ချက်တွင် သံလွင်ပင်တစ်ပင်စီရှိပါသည်'' ဟုဖြေ ကြားလိုက်လေသည်။-
3 Vejo também duas oliveiras, uma de cada lado da vasilha”.
4 ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။
4 Então perguntei ao anjo: “O que é isto, meu senhor?”.
5 ကောင်းကင်တမန်က``သင်မသိပါသလော'' ဟုဆိုလျှင် ငါကလည်း``အရှင်အကျွန်ုပ်မ သိပါ'' ဟုပြန်လည်ဖြေကြားလိုက်၏။
5 “Você não sabe?”, perguntou o anjo. “Não, meu senhor”, respondi.
6 ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
6 Então ele me disse: “Assim diz o S enhor a Zorobabel: Não por força, nem por poder, mas pelo meu Espírito, diz o S enhor dos Exércitos.
7 တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
7 Nada será obstáculo para Zorobabel, nem mesmo uma grande montanha; diante dele ela se tornará uma planície! E, quando Zorobabel colocar em lugar a última pedra do templo, o povo gritará: ‘É pela graça! É pela graça!’”.
8 ထာဝရဘုရားထံတော်မှအခြားနှုတ် ကပတ်တော်တစ်ပါးသည် ငါ၏ထံတော် သို့ရောက်ရှိလာပြန်၏။-
8 Depois, recebi outra mensagem do S enhor :
9 ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
9 “Zorobabel lançou os alicerces deste templo, e ele o completará. Então vocês saberão que o S enhor dos Exércitos me enviou.
10 သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
10 Não desprezem os começos humildes, pois o S enhor se alegra ao ver a obra começar, ao ver o prumo na mão de Zorobabel”. (As sete lâmpadas
11 ထိုအခါငါသည်သူ့အား``မီးတင်ခုံ၏ တစ်ဖက်တစ်ချက်တွင်ရှိသောသံလွင်ပင် နှစ်ပင်၏အနက်အဋ္ဌိပ္ပါယ်ကားအဘယ် သို့နည်း။-
11 Então perguntei ao anjo: “O que são as duas oliveiras, uma de cada lado do candelabro?
12 သံလွင်ဆီများကျဆင်းရာရွှေပြွန်နှစ်လုံး ၏နံဘေးတွင်ရှိသောသံလွင်ခက်နှစ်ခု၏ အနက်အဋ္ဌိပ္ပါယ်မှာလည်းအဘယ်နည်း'' ဟု မေး၏။
12 E o que são os dois ramos de oliveira que derramam azeite dourado por dois tubos de ouro?”.
13 သူကငါ့အား``သင်မသိပါသလော'' ဟု ဆိုလျှင်၊
13 “Você não sabe?”, ele perguntou. “Não, meu senhor”, respondi.
14 ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။
14 Então ele me disse: “Eles representam os dois ungidos que ficam na presença do Senhor de toda a terra”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Zacarias 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.