Zacarias 2

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါ​သည်​ပေ​ကြိုး​ကို​ကိုင်​ထား​သည့်​လူ​တစ်​ယောက် ကို​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​တွေ့​မြင် ရ​၏။-
1 Olhei em seguida, e vi um homem segurando uma corda de medir.
2 သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​သော​အ​ခါ၊
2 Eu lhe perguntei: "Aonde você vai? " Ele me respondeu: "Vou medir Jerusalém para saber o seu comprimento e a sua largura".
3 ထို​နောက်​ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​သည်​ရှေ့​သို့​လာ​သော​အ​ခါ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​က​သူ့​ထံ သို့​လာ​ရောက်​နှုတ်​ဆက်​သည်​ကို​ငါ​တွေ့​မြင် ရ​၏။-
3 Então o anjo que falava comigo retirou-se, e outro anjo foi ao seu encontro
4 ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-
4 e lhe disse: "Corra e diga àquele jovem: ‘Jerusalém será habitada como uma cidade sem muros por causa dos seus muitos habitantes e rebanhos.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကိုယ်​တော်​တိုင်​မြို့ ပတ်​လည်​တွင် မီး​တံ​တိုင်း​အ​ဖြစ်​တည်​ရှိ​လျက် ဘုန်း​အ​သ​ရေ​တော်​အ​ပေါင်း​နှင့်​တ​ကွ ထို​မြို့ တွင်​စံ​နေ​တော်​မူ​မည်​ဖြစ်​ကြောင်း​က​တိ​ထား တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
5 E eu mesmo serei para ela um muro de fogo ao seu redor’, declara o Senhor, ‘e dentro dela serei a sua glória’.
6 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​ကို​အ​ရပ်​တ​ကာ​သို့ ကွဲ​လွင့်​စေ​တော်​မူ​ခဲ့​၏။-
6 "Atenção! Atenção! Fujam da terra do norte", declara o Senhor, "porque eu os espalhei aos quatro ventos da terra", diz o Senhor.
7 သို့​ရာ​တွင်​အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ ယ​ခု​သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ပြေး ကာ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​လော့။-
7 "Atenção, ó Sião! Escapem, vocês que vivem na cidade da Babilônia!
8 သင်​တို့​အား​ထိ​ပါး​လာ​သူ​သည်​ငါ​တန်​ဘိုး အ​ထား​ဆုံး​သော​အ​ရာ​ကို​ထိ​ပါး​သူ​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။
8 Porque assim diz o Senhor dos Exércitos: ‘Ele me enviou para buscar a sua glória entre as nações que saquearam vocês, porque todo o que neles tocar, toca na pupila dos olhos dele’.
9 ``ဤ​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင် သင်​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။ အ​ခါ တစ်​ပါး​က​သင်​တို့​၏​အ​စေ​အ​ပါး​ကို​ခံ​ခဲ့ ရ​ကြ​သူ​တို့​သည် သင်​တို့​ကို​လု​ယက်​တိုက်​ခိုက် ကြ​လတ္တံ့'' ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​တူ​ငါ့ အား​စေ​လွှတ်​တော်​မူ​သ​တည်း။
9 Certamente levantarei a minha mão contra elas de forma que serão um espólio para os seus servos. Então vocês saberão que foi o Senhor dos Exércitos que me enviou.
10 ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လော့။ ငါ​သည် သင်​တို့​အ​လယ်​တွင်​ကျိန်း​ဝပ်​ရန်​ကြွ​လာ​တော် မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
10 "Cante e alegre-se, ó cidade de Sião! Porque venho fazer de você a minha habitação", declara o Senhor.
11 ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။-
11 "Muitas nações se unirão ao Senhor naquele dia e se tornarão meu povo. Então você será a minha habitação e você reconhecerá que o Senhor dos Exércitos me enviou a você.
12 တစ်​ဖန်​တုံ​ယု​ဒ​နယ်​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​ပြည်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ထူး ပိုင်​နက်​ဖြစ်​လာ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့ သည်​လည်း​ကိုယ်​တော်​အ​မြတ်​နိုး​ဆုံး​သော မြို့​ဖြစ်​လိမ့်​မည်။
12 O Senhor herdará Judá como sua propriedade na terra santa e escolherá de novo Jerusalém.
13 လူ​အ​ပေါင်း​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကျိန်း​ဝပ်​တော်​မူ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​မည်​ဖြစ်​၍ ကိုယ်​တော်​၏​ရှေ့​တော်​၌​ဆိတ်​ငြိမ်​စွာ​နေ ကြ​လော့။
13 Aquietem-se todos perante o Senhor, porque ele se levantou de sua santa habitação".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Zacarias 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.