Zacarias 13
Common Language Bible (MYA) vs NVI
1 ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
1 "Naquele dia uma fonte jorrará para os descendentes de Davi e para os habitantes de Jerusalém, para purificá-los do pecado e da impureza.
2 ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
2 "Naquele dia eliminarei da terra de Israel os nomes dos ídolos, e nunca mais serão lembrados", diz o Senhor dos Exércitos. "Removerei da terra tanto os profetas como o espírito imundo.
3 ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။-
3 E se alguém ainda profetizar, seu próprio pai e sua mãe lhe advertirão: ‘Você tem que morrer porque disse mentiras em nome do Senhor’. Quando ele profetizar, os seus próprios pais o esfaquearão.
4 ထိုအချိန်ကျရောက်လာသောအခါအဘယ် ပရောဖက်မျှ မိမိတွေ့မြင်ရသည့်ဗျာဒိတ် ရူပါရုံအတွက်ဂုဏ်ယူဝါကြွားလိမ့်မည် မဟုတ်။ အဘယ်သူမျှပရောဖက်၏အပြု အမူမျိုးကိုပြုလိမ့်မည်မဟုတ်။ လှည့်ဖျား ရန်အလိုငှာပရောဖက်၏အဝတ်မျိုးကို လည်းဝတ်လိမ့်မည်မဟုတ်။-
4 "Naquele dia todo profeta se envergonhará de sua visão profética. Não usará o manto de profeta feito de pele, para enganar.
5 ယင်းသို့ပြုမည့်အစား`အကျွန်ုပ်သည်ပရော ဖက်မဟုတ်ပါ။ လယ်သမားဖြစ်၍တစ်သက် လုံးလယ်ယာကိုထွန်ယက်ခဲ့ပါ၏' ဟုဆို လိမ့်မည်။-
5 Ele dirá: ‘Eu não sou profeta. Sou um homem do campo; a terra tem sido o meu sustento desde a minha mocidade’.
6 ထိုနောက်အကယ်၍လူတစ်စုံတစ်ယောက်`သင် ၏ရင်၌ရှိသောဒဏ်ရာကားအဘယ်နည်း' ဟု မေးခဲ့သော်ထိုသူက`အကျွန်ုပ်သည်ဤဒဏ် ရာများကိုမိတ်ဆွေတစ်ဦး၏အိမ်တွင်ရရှိ ခဲ့ပါသည်' ဟုပြန်ပြောလိမ့်မည်'' ဟူ၍မိန့် တော်မူ၏။
6 Se alguém lhe perguntar: ‘Que feridas são estas no seu corpo? ’, ele responderá: ‘Eu fui ferido na casa de meus amigos’.
7 အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
7 "Levante-se, ó espada, contra o meu pastor, contra o meu companheiro! ", declara o Senhor dos Exércitos. "Fira o pastor, e as ovelhas se dispersarão, e voltarei minha mão para os pequeninos.
8 ဤပြည်သူပြည်သားသုံးပုံနှစ်ပုံသေဆုံး လိမ့်မည်။''
8 Na terra toda, dois terços serão ceifados e morrerão; todavia a terça parte permanecerá", diz o Senhor.
9 ``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
9 "Colocarei essa terça parte no fogo, e a refinarei como prata, e a purificarei como ouro. Ela invocará o meu nome, e eu lhe responderei. É o meu povo, direi; e ela dirá: ‘O Senhor é o meu Deus’. "
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Zacarias 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.