Tito 2

Common Language Bible (MYA) vs AAI

Sair da comparação
AAI TUR GEWASIN O BAIBASIT BOUBUN
1 သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။-
1 Baise Titus, o tur anababatun hio baibasitamaim inu’in na’atube ini’obaiyih.
2 အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။-
2 Regaregah ini’obaiyih, yateh nanub hinakaifih gewas, taiyuwih hina rumutumutufurih, hai not narerekab, abisa baibasitamaim inu’in hinabukikin baitumatum, yabow naatu wainabenamaim hinama
3 ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-
3 Na’atube baibina’ah hai tur ina’owen, hai yawas hinaya’asair, men hinayanuw, men harew fokarih tom isan nayewra’ahih, baise sawar gewasih hini’obaibiyih,
4 သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-
4 saise baibin baubuh koufair hinitih aa’awah oro’orot hiniyabuwih naatu natunatuh auman hiniyabuwih.
5 ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။
5 Naatu hai not narerekab, hinakubaitutur baibin gewasih hinamatar bar ana bowabow hinasinaf, a’awah fanah hinab, saise boro men yait ta God ana tur ni’ib tur kakafin na’omih.
6 ထို​နည်း​တူ​စွာ​ငယ်​ရွယ်​သူ​အ​မျိုး​သား​များ အား​ဣန္ဒြေ​စောင့်​စည်း​ရန်​တိုက်​တွန်း​လော့။-
6 Tur ta’imonaban oro’orot baubuh koufair initih hai not narerekab.
7 ကိစ္စ​အ​ဝ​ဝ​၌​သင်​ကိုယ်​တိုင်​ပင်​လျှင်​စံ​န​မူ နာ​ကောင်း​ကို​ပြ​လော့။ တည်​ကြည်​လေး​နက်​စွာ သြ​ဝါ​ဒ​ပေး​လော့။-
7 A bowabowamaim sawar tutufin etei inabosunusunub itinin gewasin inamatar, bai’obaiyen wanawanan turobe not gewasin anababatun ini’obaiyih, taiyuw initurobe nati bowabow isan.
8 သင်​၏​ရန်​သူ​များ​သည်​ငါ​တို့​အား​အ​ဘယ် အ​မှု​တွင်​မျှ​အ​ပြစ်​ရှာ​၍​မ​ရ​သ​ဖြင့် အ​ရှက် ကွဲ​ကြ​စေ​ရန်​သင်​သည်​သူ​တစ်​ပါး​တို့​ပြစ် တင်​ဝေ​ဖန်​မှု​မ​ပြု​နိုင်​အောင်​လျောက်​ပတ်​သည့် စ​ကား​ကို​ပြော​ဆို​လော့။
8 Tur gewasinamak inao sabuw iyab tur tibigigim awah naha’e, saise baigegeyah boro biya’ohow hinab naatu boro men tur kakafin hina’uwitamih.
9 အ​စေ​ခံ​ကျွန်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ ၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ အ​စ​စ အ​ရာ​ရာ​တွင်​သခင်​တို့​နှစ်​သက်​အောင်​ပြု​ရ ကြ​မည်။ စ​ကား​တုံ့​ပြန်​ပြော​ဆို​မှု၊-
9 Akirwairafih sawar tutufin etei hai orot ukwarih teo na’atube fanah hinab hinasinaf, bowabow gewasin hinabow hai orot ukwarih hiniyasisir, men awah hinayafutifut,
10 သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။
10 men hai sawar ta’imon rou’ab hinitait, baise hai bowabowamaim itinin gewasin hinasinaf hinitutumih, saise sawar etei hai sinafumaim God ata baiyawasenayan ana bai’obaiyen boro itinin gewasin namatar.
11 ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-
11 Anayabin God ana manaw ana kabeberamaim sabuw baiyawasih isan i na irerereb.
12 — ausente —
12 Naatu ebi’obaiyit, ma kakafih, tafaram ana naniyan kakafih tanakwahir, naatu ma gewasin, ma mutufurin, God ana kokomaim ma iti boun ana veya tanab,
13 — ausente —
13 nuhit nafot ereyasisir tanama ata God gagamin naatu ata baiyawasenayan Jesu Keriso bonamanamarin enan tanakaif.
14 ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။
14 I taiyuwin it ata efan bai morob, saise ata yawas kakafihine tama’am tubunit, naatu takusouwit i ana sabuw nowan anababatun tatamatar tatabomoremorer bowabow gewasin tatabow.
15 သင်​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​သွန်​သင်​လော့။ အား​ပေး​တိုက်​တွန်း​ဆုံး​မ သွန်​သင်​သည့်​အ​ခါ​၌​သင်​၌​ရှိ​သ​မျှ​သော အ​ခွင့်​အာ​ဏာ​ကို​အ​သုံး​ပြု​လော့။ သင့်​အား အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။
15 Titus, sawar iti etei’imak sabuw ini’obaibiyih koufair initih naatu inakwararih inarumutufurih. A fair ibaib na’atube inabow. Men yait ta o nanuwfuruw.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Tito 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.