Tiago 1
Common Language Bible (MYA) vs NAA
1 ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
1 Tiago, servo de Deus e do Senhor Jesus Cristo, às doze tribos que se encontram na Diáspora. Saudações.
2 ငါ့ညီအစ်ကိုတို့၊ သင်တို့သည်စုံစမ်းနှောင့်ယှက် ခြင်းအမျိုးမျိုးနှင့်တွေ့ကြုံရသောအခါ ဝမ်းမြောက်စရာဖြစ်သည်ဟုခံယူကြလော့။-
2 Meus irmãos, tenham por motivo de grande alegria o fato de passarem por várias provações,
3 အဘယ်ကြောင့်ဆိုသော်သင်တို့၏ယုံကြည် ခြင်းကိုစစ်ကြောစုံစမ်းမှုသည်ခံနိုင်ရည် ကိုဖြစ်ပွားစေကြောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။-
3 sabendo que a provação da fé que vocês têm produz perseverança.
4 သင်တို့သည်မည်သည့်အရာမျှချို့တဲ့မှုမရှိ ဘဲပြည့်ဝစုံလင်ကြစေရန်အဆုံးတိုင်အောင် ခံနိုင်ရည်ရှိရကြမည်။-
4 Ora, a perseverança deve ter ação completa, para que vocês sejam perfeitos e íntegros, sem que lhes falte nada.
5 သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
5 Se, porém, algum de vocês necessita de sabedoria, peça a Deus, que a todos dá com generosidade e sem reprovações, e ela lhe será concedida.
6 သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။-
6 Peça-a, porém, com fé, em nada duvidando, pois o que duvida é semelhante à onda do mar, impelida e agitada pelo vento.
7 — ausente —
7 Que uma pessoa dessas não pense que alcançará do Senhor alguma coisa,
8 — ausente —
8 sendo indecisa e inconstante em todos os seus caminhos.
9 ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။-
9 O irmão de condição humilde glorie-se na sua exaltação,
10 ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။-
10 e o rico, na sua humilhação, porque ele passará como a flor do campo.
11 နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။
11 Porque o sol se levanta com seu calor ardente, a planta seca, a sua flor cai e a formosura do seu aspecto desaparece. Assim também o rico murchará em seus caminhos.
12 စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
12 Bem-aventurado é aquele que suporta com perseverança a provação. Porque, depois de ter sido aprovado, receberá a coroa da vida, a qual o Senhor prometeu aos que o amam.
13 စုံစမ်းသွေးဆောင်ခြင်းကိုခံရသူသည်`ငါ့အား ဘုရားသခင်စုံစမ်းသွေးဆောင်လျက်နေသည်' ဟုမဆိုစေနှင့်။ မကောင်းမှုသည်ဘုရားသခင် အားမသွေးဆောင်နိုင်ရာ။ ထို့ပြင်ကိုယ်တော် တိုင်အဘယ်သူ့ကိုမျှစုံစမ်းသွေးဆောင်တော် မမူ။-
13 Ninguém, ao ser tentado, diga: “Sou tentado por Deus.” Porque Deus não pode ser tentado pelo mal e ele mesmo não tenta ninguém.
14 လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။-
14 Ao contrário, cada um é tentado pela sua própria cobiça, quando esta o atrai e seduz.
15 ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။
15 Então a cobiça, depois de haver concebido, dá à luz o pecado; e o pecado, uma vez consumado, gera a morte.
16 ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။-
16 Não se enganem, meus amados irmãos.
17 ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
17 Toda boa dádiva e todo dom perfeito vêm lá do alto, descendo do Pai das luzes, em quem não pode existir variação ou sombra de mudança.
18 ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။
18 Pois, segundo o seu querer, ele nos gerou pela palavra da verdade, para que fôssemos como que primícias das suas criaturas.
19 ချစ်သောညီအစ်ကိုတို့၊ ဤအချက်ကိုမှတ် သားထားကြလော့။ သင်တို့အားလုံးသည် ကြားနာမှုတွင်လျင်မြန်ကြစေ။ ပြောဆို မှုနှင့်အမျက်ထွက်မှုတွင်မူနှေးကြစေ။-
19 Vocês sabem estas coisas, meus amados irmãos. Cada um esteja pronto para ouvir, mas seja tardio para falar e tardio para ficar irado.
20 လူ၏အမျက်ဒေါသသည်ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်ကိုမပြု စုတတ်။-
20 Porque a ira humana não produz a justiça de Deus.
21 သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။
21 Portanto, deixando toda impureza e acúmulo de maldade, acolham com mansidão a palavra implantada em vocês, a qual é poderosa para salvá-los.
22 တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
22 Sejam praticantes da palavra e não somente ouvintes, enganando a vocês mesmos.
23 တရားတော်ကိုလက်တွေ့မကျင့်သုံးဘဲ ကြားနာရုံမျှသာကြားနာသောသူသည် မိမိပကတိမျက်နှာကိုမှန်တွင်ကြည့်သူ နှင့်တူ၏။-
23 Porque, se alguém é ouvinte da palavra e não praticante, assemelha-se àquele que contempla o seu rosto natural num espelho;
24 သူသည်ယင်းသို့ကြည့်၍ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်မိမိပုံသဏ္ဌာန်ကိုမေ့ပျောက်၍ သွားတတ်လေသည်။-
24 pois contempla a si mesmo, se retira e logo esquece como era a sua aparência.
25 သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
25 Mas aquele que atenta bem para a lei perfeita, lei da liberdade, e nela persevera, não sendo ouvinte que logo se esquece, mas operoso praticante, esse será bem-aventurado no que realizar.
26 လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-
26 Se alguém supõe ser religioso, mas não refreia a sua língua, está enganando a si mesmo; a sua religião é vã.
27 ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။
27 A religião pura e sem mácula para com o nosso Deus e Pai é esta: visitar os órfãos e as viúvas nas suas aflições e guardar-se incontaminado do mundo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Tiago 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.