Rute 3
Common Language Bible (MYA) vs ARIB
1 များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။-
1 Depois lhe disse Noêmi, sua sogra: Minha filha, não te hei de buscar descanso, para que fiques bem?
2 သင်နှင့်အတူတူအလုပ်လုပ်သည့်အမျိုး သမီးများ၏သခင်ဖြစ်သူ ဗောဇသည် ငါ တို့နှင့်ဆွေမျိုးတော်စပ်သည်မဟုတ်လော။ ယခုငါပြောသည့်စကားကိုနားထောင်ပါ လော့။ သူသည်ယနေ့ညနေတွင် မုယော စပါးများကိုနယ်လျက်နေလိမ့်မည်။-
2 Ora pois, não é Boaz, com cujas moças estiveste, de nossa parentela. Eis que esta noite ele vai joeirar a cevada na eira.
3 သို့ဖြစ်၍သင်သည်ကိုယ်လက်သုတ်သင်ပြီး လျှင် နံ့သာအမွှေးအကြိုင်များလူး၍အလှ ဆုံးအဝတ်အစားများကိုဝတ်ဆင်ကာသူ စပါးနယ်ရာသို့သွားပါလော့။ သို့ရာတွင် ထိုအရပ်သို့သင်ရောက်ရှိနေကြောင်းကို သူ စားသောက်ပြီးသည်တိုင်အောင်သူ့အား အသိမပေးနှင့်။-
3 Lava-te pois, unge-te, veste os teus melhores vestidos, e desce à eira; porém não te dês a conhecer ao homem, até que tenha acabado de comer e beber.
4 သူအိပ်စက်ရန်လဲလျောင်းသည့်နေရာကိုမှတ် သားထားလော့။ သူအိပ်ပျော်သွားသောအခါ ကျမှသွား၍စောင်ကိုမပြီးလျှင် သူ၏ခြေ ရင်းတွင်ဝင်၍လဲလျောင်းနေပါလေ။ သင့်အား အဘယ်သို့ပြုစေလိုသည်ကိုသူပြောပြ ပါလိမ့်မည်'' ဟုဆို၏။
4 E quando ele se deitar, notarás o lugar em que se deita; então entrarás, descobrir-lhe-ás os pés e te deitarás, e ele te dirá o que deves fazer.
5 ရုသကလည်း``မိခင်မှာထားသမျှအတိုင်း ကျွန်မပြုပါမည်'' ဟုပြန်ပြော၏။
5 Respondeu-lhe Rute: Tudo quanto me disseres, farei.
6 ထိုနောက်ရုသသည်ကောက်နယ်တလင်းသို့ သွား၍ မိမိ၏ယောက္ခမမှာကြားလိုက်သည် အတိုင်းပြု၏။-
6 Então desceu à eira, e fez conforme tudo o que sua sogra lhe tinha ordenado.
7 ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။-
7 Havendo, pois, Boaz comido e bebido, e estando já o seu coração alegre, veio deitar-se ao pé de uma meda; e vindo ela de mansinho, descobriu-lhe os pés, e se deitou.
8 သန်းခေါင်အချိန်၌ဗောဇသည်အိပ်ရာမှရုတ် တရက်နိုးလာသဖြင့် ကိုယ်ကိုလှည့်လိုက်ရာ မိမိခြေရင်းတွင် အိပ်လျက်နေသည့်အမျိုး သမီးကိုတွေ့ရှိရသဖြင့်၊-
8 Ora, pela meia-noite, o homem estremeceu, voltou-se, e viu uma mulher deitada aos seus pés.
9 ``သင်သည်အဘယ်သူနည်း'' ဟုမေး၏။
9 E perguntou ele: Quem és tu? Ao que ela respondeu: Sou Rute, tua serva; estende a tua capa sobre a tua serva, porque tu és o remidor.
10 ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
10 Então disse ele: Bendita sejas tu do Senhor, minha filha; mostraste agora mais bondade do que dantes, visto que após nenhum mancebo foste, quer pobre quer rico.
11 ရုသ၊ ယခုသင်မစိုးရိမ်ပါနှင့်။ သင်ပြော သမျှအတိုင်းငါပြုမည်။ သင်သည်အကျင့် သီလရှိသည့်အမျိုးသမီးတစ်ဦးဖြစ် သည်ကိုတစ်မြို့လုံးသိကြပါသည်။-
11 Agora, pois, minha filha, não temas; tudo quanto disseres te farei, pois toda a cidade do meu povo sabe que és mulher virtuosa.
12 ငါသည်သင်၏ဆွေမျိုးအရင်းအချာဖြစ်၍ သင်၏အတွက်တာဝန်ရှိသည်ကားမှန်၏။ သို့ ရာတွင်ငါ့ထက်ပင်ပို၍ရင်းချာသည့်ဆွေ မျိုးတစ်ဦးရှိပါသေးသည်။-
12 Ora, é bem verdade que eu sou remidor, porém há ainda outro mais chegado do que eu.
13 သင်သည်ယနေ့ညဥ့်ကုန်ဆုံးသည်တိုင်အောင် ဤနေရာတွင်နေပါလော့။ သင်၏အတွက်ထို သူတာဝန်ယူလိုသည်မယူလိုသည်ကိုမိုး သောက်သောအခါ ငါတို့မေးမြန်းစုံစမ်းကြ မည်။ အကယ်၍သူတာဝန်ယူလိုပါလျှင်ယူ ပါလေစေ။ သူမယူလိုလျှင်မူကား ငါတာဝန် ယူမည်ဖြစ်ကြောင်းအသက်ရှင်တော်မူသော ဘုရားကိုတိုင်တည်၍ငါကျိန်ဆိုပါ၏။ ယခု သင်သည် ဤနေရာတွင်လဲလျောင်းလျက်မိုး သောက်ချိန်တိုင်အောင်နေပါလော့'' ဟုဆို၏။
13 Fica-te aqui esta noite, e será que pela manhã, se ele cumprir para contigo os deveres de remidor, que o faça; mas se não os quiser cumprir, então eu o farei tão certamente como vive o Senhor; deita-te até pela manhã.
14 သို့ဖြစ်၍ရုသသည်မိုးသောက်ချိန်တိုင်အောင် ဗောဇ၏ခြေရင်းတွင်အိပ်လျက်နေ၏။ သို့သော် လည်းဗောဇသည်ရုသရောက်ရှိလာကြောင်း ကို အဘယ်သူမျှမသိစေလိုသောကြောင့် ရုသသည်မိုးမလင်းမီအိပ်ရာမှထလေ သည်။-
14 Ficou, pois, deitada a seus pés até pela manhã, e levantou-se antes que fosse possível a uma pessoa reconhecer outra; porquanto ele disse: Não se saiba que uma mulher veio à eira.
15 ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။-
15 Disse mais: Traze aqui a capa com que te cobres, e segura-a. Segurou-a, pois, e ele as mediu seis medidas de cevada, e lhas pôs no ombro. Então ela foi para a cidade.
16 သူသည်မိမိ၏ယောက္ခမထံသို့ရောက်သော အခါ ယောက္ခမက``ငါ့သမီး၊ သင့်အရေး အဘယ်သို့နည်း'' ဟုမေး၏။
16 Quando chegou à sua sogra, esta lhe perguntou: Como te houveste, minha filha? E ela lhe contou tudo quanto aquele homem lhe fizera.
17 ``သူသည်ကျွန်မအား`မိခင်ထံသို့လက်ချည်း သက်သက်မပြန်ရ' ဟုဆိုကာဤမုယောစပါး ကိုပေးလိုက်ပါသေးသည်'' ဟုပြော၏။
17 Disse mais: Estas seis medidas de cevada ele mas deu, dizendo: Não voltarás vazia para tua sogra.
18 နောမိက``ရုသ၊ ဤအမှုအဘယ်သို့အဆုံး သတ်သည် ကိုသိရှိရသည်တိုင်အောင်စိတ်ရှည် လျက်စောင့်နေပါလော့။ ဗောဇသည်ယနေ့ ဤကိစ္စမပြီးပြတ်မချင်း နားနေလိမ့်မည် မဟုတ်'' ဟုဆို၏။
18 Então disse Noêmi: Espera, minha filha, até que saibas como irá terminar o caso; porque aquele homem não descansará enquanto não tiver concluído hoje este negócio.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Rute 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.