Romanos 3
Common Language Bible (MYA) vs NVI
1 သို့ဖြစ်လျှင်ယုဒလူမျိုးသည် လူမျိုးခြား တို့ထက်အဘယ်သို့သာသနည်း။ သူတို့ အရေဖျားလှီးမင်္ဂလာခံသည့်အတွက် အဘယ်အကျိုးရှိသနည်း။-
1 Que vantagem há então em ser judeu, ou que utilidade há na circuncisão?
2 အကျိုးကားအဘက်ဘက်၌များစွာရှိ၏။ ပထမအနေဖြင့်ယုဒအမျိုးသားတို့ သည်ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံ ယူရရှိကြ၏။-
2 Muita, em todos os sentidos! Principalmente porque aos judeus foram confiadas as palavras de Deus.
3 အကယ်၍ထိုသူအချို့တို့သည်သစ္စာမဲ့ကြ ခြင်းကြောင့် ဘုရားသခင်သည်လည်းသစ္စာမဲ့ တော်မူမည်ဟုဆိုရမည်လော။-
3 Que importa se alguns deles foram infiéis? A sua infidelidade anulará a fidelidade de Deus?
4 မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊
4 De maneira nenhuma! Seja Deus verdadeiro, e todo homem mentiroso. Como está escrito: "De modo que são justas as tuas palavras e prevaleces quando julgas".
5 သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
5 Mas, se a nossa injustiça ressalta de maneira ainda mais clara a justiça de Deus, que diremos? Que Deus é injusto por aplicar a sua ira? ( Estou usando um argumento humano. )
6 ``ဘုရားသခင်သည်မတရား'' ဟုအဘယ် နည်းနှင့်မျှမဆိုနိုင်။ အကယ်၍ကိုယ်တော် သည်မတရားပါမူ အဘယ်သို့လျှင်ကမ္ဘာ လောကကိုတရားစီရင်တော်မူနိုင်မည် နည်း။
6 Claro que não! Se fosse assim, como Deus iria julgar o mundo?
7 အကယ်၍ငါ၏သစ္စာမဲ့မှုသည်ဘုရားသခင် ၏သစ္စာတော်ကိုပိုမိုထင်ရှားစေသောအားဖြင့် ကိုယ်တော်၏ဂုဏ်အသရေတော်ကိုတောက်ပ စေသည်ဆိုပါက အဘယ်ကြောင့်ငါသည် အပြစ်ကူးသူအဖြစ်ဖြင့်အပြစ်ဒဏ်စီရင် ခြင်းကိုခံရသနည်း။-
7 Alguém pode alegar ainda: "Se a minha mentira ressalta a veracidade de Deus, aumentando assim a sua glória, por que sou condenado como pecador? "
8 ``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။
8 Por que não dizer como alguns caluniosamente afirmam que dizemos: "Façamos o mal, para que nos venha o bem"? A condenação dos tais é merecida.
9 သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
9 Que concluiremos então? Estamos em posição de vantagem? Não! Já demonstramos que tanto judeus quanto gentios estão debaixo do pecado.
10 ကျမ်းစာတော်တွင်၊``ဖြောင့်မတ်သူဟူ၍ တစ်ယောက်မျှမရှိ။
10 Como está escrito: "Não há nenhum justo, nem um sequer;
11 ပညာရှိသူဟူ၍မရှိ။
11 não há ninguém que entenda, ninguém que busque a Deus.
12 လူအပေါင်းတို့သည်ကိုယ်တော်ကို ကျောခိုင်းသွားကြလေပြီ။
12 Todos se desviaram, tornaram-se juntamente inúteis; não há ninguém que faça o bem, não há nem um sequer".
13 သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။
13 "Suas gargantas são um túmulo aberto; com suas línguas enganam". "Veneno de serpentes está em seus lábios".
14 သူတို့၏ခံတွင်းသည်ခါးသီးစွာကျိန်စာ သင့်သော စကားနှင့်ပြည့်ဝလျက်ရှိ၏။
14 "Suas bocas estão cheias de maldição e amargura".
15 သူတို့သည်လူ့အသက်ကိုသတ်ရန်လက်မနှေး ကြ။
15 "Seus pés são ágeis para derramar sangue;
16 သူတို့ရောက်လေရာတွင်သူတို့လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးမှုရှိ၏။
16 ruína e desgraça marcam os seus caminhos,
17 သူတို့သည်ငြိမ်းချမ်းရေးလမ်းစဉ်ကို အဘယ်အခါ၌မျှမလိုက်ကြ။
17 e não conhecem o caminho da paz".
18 သူတို့တွင်ဘုရားသခင်အားကြောက်ရွံ့သော စိတ်မရှိကြ''
18 "Aos seus olhos é inútil temer a Deus".
19 ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
19 Sabemos que tudo o que a lei diz, o diz àqueles que estão debaixo dela, para que toda boca se cale e todo o mundo esteja sob o juízo de Deus.
20 ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။
20 Portanto, ninguém será declarado justo diante dele baseando-se na obediência à lei, pois é mediante a lei que nos tornamos plenamente conscientes do pecado.
21 သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူသားအားမိမိနှင့်အဘယ်နည်းဖြင့် မှန်ကန် စွာဆက်ဆံစေကြောင်းသိသာထင်ရှားလာ ပေပြီ။ ဤနည်းသည်တရားဥပဒေနှင့်လုံးဝ မသက်ဆိုင်။ သို့ရာတွင်ဤအကြောင်းကို မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များကသက်သေခံကြ၏။-
21 Mas agora se manifestou uma justiça que provém de Deus, independente da lei, da qual testemunham a Lei e os Profetas,
22 လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
22 justiça de Deus mediante a fé em Jesus Cristo para todos os que crêem. Não há distinção,
23 လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-
23 pois todos pecaram e estão destituídos da glória de Deus,
24 လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။-
24 sendo justificados gratuitamente por sua graça, por meio da redenção que há em Cristo Jesus.
25 — ausente —
25 Deus o ofereceu como sacrifício para propiciação mediante a fé, pelo seu sangue, demonstrando a sua justiça. Em sua tolerância, havia deixado impunes os pecados anteriormente cometidos;
26 — ausente —
26 mas, no presente, demonstrou a sua justiça, a fim de ser justo e justificador daquele que tem fé em Jesus.
27 သို့ဖြစ်၍ငါတို့ဝါကြွားစရာအကြောင်း အဘယ်မှာရှိတော့အံ့နည်း။ ငါတို့ဝါကြွား စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်း။ ပညတ်တရားကိုငါတို့လိုက်နာကျင့်သုံး ကြသည့်အတွက်ကြောင့်လော။ မဟုတ်ပါ။ ယုံကြည်သည့်အတွက်ကြောင့်ဖြစ်၏။-
27 Onde está, então, o motivo de vanglória? É excluído. Baseado em que princípio? No da obediência à lei? Não, mas no princípio da fé.
28 ယုံကြည်ခြင်းအားဖြင့်သာလျှင်ကိုယ်တော် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ကြောင်း၊ ပညတ်တရားကိုကျင့်သုံးခြင်းအားဖြင့် မရရှိနိုင်ကြောင်းငါတို့ယခုသိကြပြီ ဖြစ်သည်။-
28 Pois sustentamos que o homem é justificado pela fé, independente da obediência à lei.
29 ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-
29 Deus é Deus apenas dos judeus? Ele não é também o Deus dos gentios? Sim, dos gentios também,
30 ဘုရားသခင်သည်တစ်ဆူတည်းဖြစ်တော်မူ ၏။ ကိုယ်တော်သည်ယုံကြည်ခြင်းကြောင့်ယုဒ အမျိုးသားတို့ကို မိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၏။-
30 visto que existe um só Deus, que pela fé justificará os circuncisos e os incircuncisos.
31 သို့ဖြစ်လျှင်ငါတို့သည်ယုံကြည်ခြင်းဖြင့် ပညတ်တရားကိုပယ်ရာရောက်သလော။ အလျှင်းမပယ်။ ပညတ်တရားကိုထောက်ခံ အတည်ပြုခြင်းသာဖြစ်၏။
31 Anulamos então a lei pela fé? De maneira nenhuma! Pelo contrário, confirmamos a lei.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.