Romanos 2
Common Language Bible (MYA) vs ARC
1 သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
1 Portanto, és inescusável quando julgas, ó homem, quem quer que sejas, porque te condenas a ti mesmo naquilo em que julgas a outro; pois tu, que julgas, fazes o mesmo.
2 ထိုသို့အကျင့်ဆိုးများကိုပြုကျင့်သူတို့ အားဘုရားသခင်အပြစ်စီရင်တော်မူသည် မှာ လျော်ကန်သင့်မြတ်ကြောင်းကိုငါတို့သိ ကြ၏။-
2 E bem sabemos que o juízo de Deus é segundo a verdade sobre os que tais coisas fazem.
3 သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-
3 E tu, ó homem, que julgas os que fazem tais coisas, cuidas que, fazendo-as tu, escaparás ao juízo de Deus?
4 သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
4 Ou desprezas tu as riquezas da sua benignidade, e paciência, e longanimidade, ignorando que a benignidade de Deus te leva ao arrependimento?
5 သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
5 Mas, segundo a tua dureza e teu coração impenitente, entesouras ira para ti no dia da ira e da manifestação do juízo de Deus,
6 ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-
6 o qual recompensará cada um segundo as suas obras,
7 အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
7 a saber: a vida eterna aos que, com perseverança em fazer bem, procuram glória, e honra, e incorrupção;
8 သို့ရာတွင်တစ်ကိုယ်ကောင်းသဘောရှိ၍ အမှန် တရားကိုပစ်ပယ်ကာအမှားဘက်သို့လိုက် ပါသူများသည် အမျက်တော်သင့်ကြလိမ့် မည်။-
8 mas indignação e ira aos que são contenciosos e desobedientes à verdade e obedientes à iniquidade;
9 ဦးစွာယုဒလူ၊ ထို့နောက်လူမျိုးခြားတို့ အနက်ဒုစရိုက်ကိုပြုသူအပေါင်းတို့ သည် ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာ ကိုခံရကြလိမ့်မည်။-
9 tribulação e angústia sobre toda alma do homem que faz o mal, primeiramente do judeu e também do grego;
10 သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။-
10 glória, porém, e honra e paz a qualquer que faz o bem, primeiramente ao judeu e também ao grego;
11 ဘုရားသခင်သည်မျက်နှာကြီးငယ်မလိုက် ဘဲတရားစီရင်တော်မူသတည်း။
11 porque, para com Deus, não há acepção de pessoas.
12 လူမျိုးခြားတို့၌မောရှေ၏ပညတ်တရား မရှိ။ သူတို့အပြစ်ကူးကြသောအခါဆုံး ပါးပျက်စီးရကြမည်သာဖြစ်၏။ ပညတ် တရားရှိသောယုဒအမျိုးသားတို့အပြစ် ကူးလွန်သည့်အခါ သူတို့သည်ပညတ်တရား ပြဋ္ဌာန်းသည့်အပြစ်ဒဏ်ကိုခံရကြ၏။-
12 Porque todos os que sem lei pecaram sem lei também perecerão; e todos os que sob a lei pecaram pela lei serão julgados.
13 လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
13 Porque os que ouvem a lei não são justos diante de Deus, mas os que praticam a lei hão de ser justificados.
14 လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
14 Porque, quando os gentios, que não têm lei, fazem naturalmente as coisas que são da lei, não tendo eles lei, para si mesmos são lei,
15 ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
15 os quais mostram a obra da lei escrita no seu coração, testificando juntamente a sua consciência e os seus pensamentos, quer acusando-os, quer defendendo-os,
16 သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
16 no dia em que Deus há de julgar os segredos dos homens, por Jesus Cristo, segundo o meu evangelho.
17 သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
17 Eis que tu, que tens por sobrenome judeu, e repousas na lei, e te glorias em Deus;
18 သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။-
18 e sabes a sua vontade, e aprovas as coisas excelentes, sendo instruído por lei;
19 — ausente —
19 e confias que és guia dos cegos, luz dos que estão em trevas,
20 — ausente —
20 instruidor dos néscios, mestre de crianças, que tens a forma da ciência e da verdade na lei;
21 သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-
21 tu, pois, que ensinas a outro, não te ensinas a ti mesmo? Tu, que pregas que não se deve furtar, furtas?
22 သင်သည်အခြားသူတို့အားသူတစ်ပါး၏ အိမ်ရာကိုမပြစ်မှားရန်တားမြစ်ပါလျက် အဘယ်ကြောင့်သင်ကိုယ်တိုင်ပြစ်မှားပါ သနည်း။ သင်သည်ရုပ်တုကိုရွံရှာပါလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ရုပ်တုတည်ရာ ဗိမာန်ကိုလုယက်ပါသနည်း။-
22 Tu, que dizes que não se deve adulterar, adulteras? Tu, que abominas os ídolos, cometes sacrilégio?
23 သင်သည်ပညတ်တရားကိုအမှီပြု၍ဂုဏ် ယူဝါကြွားပါလျက် အဘယ်ကြောင့်ထိုပညတ် တရားကိုချိုးဖောက်ခြင်းအားဖြင့် ဘုရား သခင်၏အသရေတော်ကိုဖျက်နေပါသနည်း။-
23 Tu, que te glorias na lei, desonras a Deus pela transgressão da lei?
24 ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။
24 Porque, como está escrito, o nome de Deus é blasfemado entre os gentios por causa de vós.
25 သင်သည်ပညတ်တရားကိုစောင့်ထိန်းသူဖြစ် ပါမူ သင်၏အရေဖျားလှီးခြင်းမင်္ဂလာသည် အဋ္ဌိပ္ပါယ်ရှိ၏။ သို့ရာတွင်အကယ်၍ပညတ် တရားကိုချိုးဖောက်သူဖြစ်ပါက အရေဖျား လှီးခြင်းမင်္ဂလာမခံခဲ့လျှင်ပို၍ကောင်းလိမ့် မည်။-
25 Porque a circuncisão é, na verdade, proveitosa, se tu guardares a lei; mas, se tu és transgressor da lei, a tua circuncisão se torna em incircuncisão.
26 အကယ်၍အရေဖျားလှီးခြင်းမင်္ဂလာမခံသူ လူမျိုးခြားတစ်ယောက်သည် ပညတ်တရား ပြဋ္ဌာန်းချက်များကိုထိန်းသိမ်းလိုက်လျှောက် ပါမူ ထိုသူအားဘုရားသခင်သည်အရေ ဖျားလှီးမင်္ဂလာခံသူကဲ့သို့မှတ်ယူတော်မူ မည်မဟုတ်လော။-
26 Se, pois, a incircuncisão guardar os preceitos da lei, porventura, a incircuncisão não será reputada como circuncisão?
27 သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-
27 E a incircuncisão que por natureza o é, se cumpre a lei, não te julgará, porventura, a ti, que pela letra e circuncisão és transgressor da lei?
28 နိဂုံးချုပ်ရသော်ယုဒအမျိုးသားဟူ၍ထင် မှတ်ခြင်းခံရသူတိုင်းသည် ယုဒအမျိုးသား အစစ်အမှန်မဟုတ်။ လူတစ်ဦးတစ်ယောက် သည်အရေဖျားလှီးမင်္ဂလာကိုခံခြင်းအား ဖြင့်ယုဒအမျိုးသားဖြစ်၍မလာ။-
28 Porque não é judeu o que o é exteriormente, nem é circuncisão a que o é exteriormente na carne.
29 ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။
29 Mas é judeu o que o é no interior, e circuncisão, a que é do coração, no espírito, não na letra, cujo louvor não provém dos homens, mas de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.