Romanos 16
Common Language Bible (MYA) vs ARC
1 ကင်ခြေမြို့အသင်းတော်တွင်ကူညီမစသူ၊ ငါ တို့၏ညီမဖြစ်သူဖိဗေ၏အကြောင်းကိုငါ ထောက်ခံပြောဆိုလို၏။-
1 Recomendo-vos, pois, Febe, nossa irmã, a qual serve na igreja que está em Cencreia,
2 သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။
2 para que a recebais no Senhor, como convém aos santos, e a ajudeis em qualquer coisa que de vós necessitar; porque tem hospedado a muitos, como também a mim mesmo.
3 ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။-
3 Saudai a Priscila e a Áquila, meus cooperadores em Cristo Jesus,
4 သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။-
4 os quais pela minha vida expuseram a sua cabeça; o que não só eu lhes agradeço, mas também todas as igrejas dos gentios.
5 သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။
5 Saudai também a igreja que está em sua casa. Saudai a Epêneto, meu amado, que é as primícias da Ásia em Cristo.
6 သင်တို့အတွက်အလုပ်ကိုကြိုးစားလုပ်ဆောင်သူ မာရိကိုနှုတ်ဆက်ကြလော့။-
6 Saudai a Maria, que trabalhou muito por nós.
7 အန္ဒြောနိတ်နှင့်ယုနိတို့ကိုနှုတ်ဆက်ကြလော့။ သူတို့ သည်ငါနှင့်အတူအကျဉ်းခံခဲ့သောယုဒအမျိုးသား များဖြစ်ကြ၏။ သူတို့သည်တမန်တော်များအဖြစ် ဖြင့်ထင်ပေါ်ကျော်ကြားသူများ၊ ငါ၏အလျင် ခရစ်တော်ကိုသိကြသူများတည်း။
7 Saudai a Andrônico e a Júnia, meus parentes e meus companheiros na prisão, os quais se distinguiram entre os apóstolos e que foram antes de mim em Cristo.
8 သခင်ဘုရား၌ငါ၏ရင်းနှီးသောမိတ်ဆွေ၊ အမ္ပလိ ကိုနှုတ်ဆက်ကြလော့။-
8 Saudai a Amplíato, meu amado no Senhor.
9 ခရစ်တော်၏အမှုတော်ကိုဆောင်ရွက်ရာတွင်ငါ၏ လုပ်ဖော်ဆောင်ဘက်ဖြစ်သူဥရဗန်နှင့်ငါ၏ရင်းနှီး သောမိတ်ဆွေ သတာခုကိုနှုတ်ဆက်ကြလော့။-
9 Saudai a Urbano, nosso cooperador em Cristo, e a Estáquis, meu amado.
10 အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။-
10 Saudai a Apeles, aprovado em Cristo. Saudai aos da família de Aristóbulo.
11 ယုဒအမျိုးသားချင်းဖြစ်သူဟေရောဒျုန်ကို နှုတ်ဆက်ကြလော့။ ညီအစ်ကိုများဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက် ကြလော့။
11 Saudai a Herodião, meu parente. Saudai aos da família de Narciso, os que estão no Senhor.
12 သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူ တရုဖဲနနှင့်တရုဖောသကိုနှုတ်ဆက်လိုက်၏။ ငါ၏ရင်းနှီးသောမိတ်ဆွေပေရသိကိုနှုတ်ဆက် ကြလော့။ သူသည်သခင်ဘုရား၏အမှုတော်ကို အလွန်ကြိုးစားဆောင်ရွက်သူဖြစ်ပေသည်။-
12 Saudai a Trifena e a Trifosa, as quais trabalham no Senhor. Saudai à amada Pérside, a qual muito trabalhou no Senhor.
13 သခင်ဘုရား၏အမှုတော်ကိုထူးချွန်စွာ ဆောင်ရွက်သူရုဖုနှင့် ငါ၏အမိသဖွယ် ဖြစ်သောသူ၏အမိကိုနှုတ်ဆက်လိုက်၏။-
13 Saudai a Rufo, eleito no Senhor, e a sua mãe e minha.
14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍သူတို့နှင့်ပေါင်းဖော်ကြသော ညီအစ်ကိုအပေါင်းတို့ကိုနှုတ်ဆက်ကြလော့။-
14 Saudai a Asíncrito, a Flegonte, a Hermas, a Pátrobas, a Hermes, e aos irmãos que estão com eles.
15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမသြလုမ္ပမှ စ၍သူတို့နှင့်ပေါင်းဖော်သောဘုရားသခင်၏ လူစုတော်ဝင်အပေါင်းတို့ကိုနှုတ်ဆက်လိုက်သည်။
15 Saudai a Filólogo e a Júlia, a Nereu e a sua irmã, e a Olimpas, e a todos os santos que com eles estão.
16 သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ ခရစ်တော်အသင်းတော်အပေါင်းကသင်တို့ အားနှုတ်ဆက်လိုက်၏။
16 Saudai-vos uns aos outros com santo ósculo. As igrejas de Cristo vos saúdam.
17 ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။-
17 E rogo-vos, irmãos, que noteis os que promovem dissensões e escândalos contra a doutrina que aprendestes; desviai-vos deles.
18 သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
18 Porque os tais não servem a nosso Senhor Jesus Cristo, mas ao seu ventre; e, com suaves palavras e lisonjas, enganam o coração dos símplices.
19 သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
19 Quanto à vossa obediência, é ela conhecida de todos. Comprazo-me, pois, em vós; e quero que sejais sábios no bem, mas símplices no mal.
20 ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။
20 E o Deus de paz esmagará em breve Satanás debaixo dos vossos pés. A graça de nosso Senhor Jesus Cristo seja convosco. Amém!
21 ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။
21 Saúdam-vos Timóteo, meu cooperador, e Lúcio, e Jasom, e Sosípatro, meus parentes.
22 ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
22 Eu, Tércio, que esta carta escrevi, vos saúdo no Senhor.
23 ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
23 Saúda-vos Gaio, meu hospedeiro e de toda a igreja. Saúda-vos Erasto, procurador da cidade, e também o irmão Quarto.
24 ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်ကို သင်တို့အားလုံးခံစားကြရပါစေသော။ အာမင်။
24 A graça de nosso Senhor Jesus Cristo seja com todos vós. Amém!
25 ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
25 Ora, àquele que é poderoso para vos confirmar segundo o meu evangelho e a pregação de Jesus Cristo, conforme a revelação do mistério que desde tempos eternos esteve oculto,
26 သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။
26 mas que se manifestou agora e se notificou pelas Escrituras dos profetas, segundo o mandamento do Deus eterno, a todas as nações para obediência da fé,
27 တစ်ဆူတည်းသာလျှင် ဉာဏ်တော်အနန္တနှင့်ပြည့်စုံ တော်မူသောဘုရားသခင်သည်ယေရှုခရစ်အား ဖြင့် ထာဝစဉ်ဘုန်းအသရေထွန်းတောက်တော်မူ ပါစေသတည်း။ အာမင်။ ရောမသြဝါဒစာပြီး၏။
27 ao único Deus, sábio, seja dada glória por Jesus Cristo para todo o sempre. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.