Romanos 13

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။-
1 Cada qual seja submisso às autoridades constituídas, porque não há autoridade que não venha de Deus; as que existem foram instituídas por Deus.
2 မည်​သူ​မ​ဆို​အာ​ဏာ​ရ​အ​စိုး​ရ​မင်း​ကို ဆန့်​ကျင်​ဘက်​ပြု​သူ​သည် ဘု​ရား​သ​ခင်​စီ​မံ ခန့်​ခွဲ​တော်​မူ​ချက်​ကို​ဆန့်​ကျင်​ဘက်​ပြု​သူ ဖြစ်​၏။ ထို​သူ​သည်​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်။-
2 Assim, aquele que resiste à autoridade, opõe-se à ordem estabelecida por Deus; e os que a ela se opõem, atraem sobre si a condenação.
3 အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။-
3 Em verdade, as autoridades inspiram temor, não porém a quem pratica o bem, e sim a quem faz o mal! Queres não ter o que temer a autoridade? Faze o bem e terás o seu louvor.
4 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။-
4 Porque ela é instrumento de Deus para teu bem. Mas, se fizeres o mal, teme, porque não é sem razão que leva a espada: é ministro de Deus, para fazer justiça e para exercer a ira contra aquele que pratica o mal.
5 သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။
5 Portanto, é necessário submeter-se, não somente por temor do castigo, mas também por dever de consciência.
6 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။-
6 É também por essa razão que pagais os impostos, pois os magistrados são ministros de Deus, quando exercem pontualmente esse ofício.
7 သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။
7 Pagai a cada um o que lhe compete: o imposto, a quem deveis o imposto; o tributo, a quem deveis o tributo; o temor e o respeito, a quem deveis o temor e o respeito.
8 အ​ချင်း​ချင်း​ထံ​မေတ္တာ​ကြွေး​မှ​တစ်​ပါး​အ​ဘယ် ကြွေး​မျှ​မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​အား​ချစ် သော​သူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​ဖြစ်​၏။-
8 A ninguém fiqueis devendo coisa alguma, a não ser o amor recíproco; porque aquele que ama o seu próximo cumpriu toda a lei.
9 အ​ဘယ်​ကြောင့်​ဆို​သော် ``အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့'' ဟူ​သော​ပ​ညတ်​သည် ``သူ့ အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ လူ့​အ​သက်​ကို​မ သတ်​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်၊ သူ့​ဥစ္စာ​ကို​တပ် မက်​လို​ချင်​သော​စိတ်​မ​ရှိ​နှင့်'' ဟူ​သော​ပ​ညတ် များ​နှင့်​အ​ခြား​ပ​ညတ်​ရှိ​သ​မျှ​၏​အ​ချုပ် ဖြစ်​သော​ကြောင့်​တည်း။-
9 Pois os preceitos: Não cometerás adultério, não matarás, não furtarás, não cobiçarás, e ainda outros mandamentos que existam, eles se resumem nestas palavras: Amarás o teu próximo como a ti mesmo.
10 အိမ်​နီး​ချင်း​ကို​ချစ်​သော​သူ​သည်​အိမ်​နီး​ချင်း အား မည်​သည့်​အ​ခါ​၌​မျှ​အ​ကျိုး​ယုတ်​စေ​လိမ့် မည်​မ​ဟုတ်။ သို့​ဖြစ်​၍​အိမ်​နီး​ချင်း​ကို​ချစ်​သော သူ​သည်​ပ​ညတ်​တ​ရား​အား​လုံး​ကို​စောင့်​ထိန်း ရာ​ရောက်​၏။
10 A caridade não pratica o mal contra o próximo. Portanto, a caridade é o pleno cumprimento da lei.
11 သင်​တို့​သည်​မိ​မိ​တို့​အိပ်​ရာ​မှ​နိုး​ထ​ကြ​ရ​မည့် နေ့​ရက်​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​မည့် နေ့​ရက်​ကာ​လ​သည် သ​ခင်​ယေ​ရှု​ကို​ငါ​တို့ စ​တင်​ယုံ​ကြည်​ချိန်​က​ထက်​ပို​၍​နီး​ကပ် လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
11 Isso é tanto mais importante porque sabeis em que tempo vivemos. Já é hora de despertardes do sono. A salvação está mais perto do que quando abraçamos a fé.
12 ညဥ့်​အ​ချိန်​ကုန်​လု​ပြီ။ နေ့​အ​ချိန်​ရောက်​တော့ မည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​မှောင်​နှင့်​ဆိုင် သော​အ​လေ့​အ​ကျင့်​တို့​ကို​မ​ပြု​တော့​ဘဲ အ​လင်း​တွင်​တိုက်​ခိုက်​ရန်​လက်​နက်​တို့​ကို ယူ​ဆောင်​ကြ​ရ​မည်။-
12 A noite vai adiantada, e o dia vem chegando. Despojemo-nos das obras das trevas e vistamo-nos das armas da luz.
13 ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။-
13 Comportemo-nos honestamente, como em pleno dia: nada de orgias, nada de bebedeira; nada de desonestidades nem dissoluções; nada de contendas, nada de ciúmes.
14 အ​ရှင်​ယေ​ရှု​ခရစ်​ကို​လက်​နက်​သ​ဖွယ်​ယူ ဆောင်​ကြ​လော့။ ကာ​ယ​တပ်​မက်​မှု​အ​လို သို့​လိုက်​၍​မ​ကျင့်​ကြ​နှင့်။
14 Ao contrário, revesti-vos do Senhor Jesus Cristo e não façais caso da carne nem lhe satisfaçais aos apetites.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.