Oséias 8

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-
1 “Toque a trombeta! Ele vem como a águia contra a casa do porque transgrediram a minha aliança e se rebelaram contra a minha lei.
2 ငါ့​အား​သူ​တို့​၏​ဘု​ရား​သ​ခင်​ဟူ​၍​လည်း ကောင်း၊ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဟူ​၍ လည်း​ကောင်း၊ သူ​တို့​သည်​ငါ့​ကို​သိ​သည် ဟူ​၍​လည်း​ကောင်း​ဆို​ကြ​သော်​လည်း၊-
2 Eles me invocam, dizendo: ‘Nosso Deus! Nós, Israel, te conhecemos.’
3 သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။
3 Mas Israel rejeitou o que é bom; o inimigo o perseguirá.”
4 ` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-
4 “Eles estabeleceram reis, mas não da minha parte; constituíram príncipes, mas eu não o soube. Com a sua prata e com o seu ouro fizeram ídolos para si, para a sua própria destruição.
5 ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-
5 O seu bezerro, ó Samaria, é rejeitado. A minha ira se acende contra eles. Até quando eles serão incapazes da inocência?
6 ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-
6 Porque esse bezerro vem de Israel; é obra de artífice, não é Deus. Esse bezerro de Samaria será quebrado em pedaços.”
7 သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-
7 “Porque semeiam ventos e colherão tempestades. O cereal que estiver por ser colhido não terá espigas, e não haverá farinha; e, se houver, os estrangeiros a comerão.
8 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-
8 Israel foi devorado. Agora está entre as nações como coisa de que ninguém se agrada.
9 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-
9 Porque foram pedir ajuda à Assíria, como um jumento selvagem que segue o seu próprio rumo. Efraim contratou amantes.
10 သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။
10 Todavia, ainda que contratem amantes entre as nações para socorrê-los, eu os reunirei para juízo. Já começaram a definhar sob a opressão do poderoso rei.”
11 ``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-
11 “Visto que Efraim multiplicou altares para pecar, estes altares lhe serviram para pecar.
12 ငါ​သည်​သူ​တို့​အ​တွက်​များ​စွာ​သော​ပ​ညတ် များ​ကို​ရေး​ချ​ပေး​သော်​လည်း​သူ​တို့​က ထို​ပ​ညတ်​များ​သည်​သူ​တို့​နှင့်​မ​ဆိုင်၊ ထူး ဆန်း​သည်​ဟူ​၍​ပစ်​ပယ်​ကြ​၏။-
12 Embora eu lhe escreva a minha lei em dez mil preceitos, estes seriam tidos como coisa estranha.
13 သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။
13 Amam o sacrifício; por isso, sacrificam, pois gostam de carne e a comem, mas o Agora ele se lembrará da iniquidade deles e castigará os pecados que cometeram. Vou mandá-los de volta para o Egito!
14 ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​နန်း​တော် များ​ကို​တည်​ဆောက်​ကြ​သော်​လည်း​သူ​တို့ ကို​ဖန်​ဆင်း​သော​အ​ရှင်​အား​မေ့​လျော့​လျက် ရှိ​ကြ​၏။ ယု​ဒ​ပြည်​သား​တို့​သည်​ခိုင်​ခံ့ သော​မြို့​များ​ကို​တည်​ကြ​၏။ သို့​ရာ​တွင် ငါ​သည်​သူ​တို့​၏​နန်း​တော်​များ​နှင့်​မြို့ များ​ပေါ်​သို့​လောင်​မီး​ကျ​စေ​မည်။
14 Porque Israel se esqueceu do seu Criador e edificou palácios, e Judá multiplicou cidades fortificadas; mas eu enviarei fogo contra as suas cidades, fogo que consumirá os seus palácios.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Oséias 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.