Oséias 7
Common Language Bible (MYA) vs ARA
1 ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
1 Quando me disponho a mudar a sorte do meu povo e a sarar a Israel, se descobre a iniquidade de Efraim, como também a maldade de Samaria, porque praticam a falsidade; por dentro há ladrões, e por fora rouba a horda de salteadores.
2 ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
2 Não dizem no seu coração que eu me lembro de toda a sua maldade; agora, pois, os seus próprios feitos os cercam; acham-se diante da minha face.
3 ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
3 Com a sua malícia, alegram ao rei e com as suas mentiras, aos príncipes.
4 သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
4 Todos eles são adúlteros: semelhantes ao forno aceso pelo padeiro, que somente cessa de atiçar o fogo desde que sovou a massa até que seja levedada.
5 ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
5 No dia da festa do nosso rei, os príncipes se tornaram doentes com o excitamento do vinho, e ele deu a mão aos escarnecedores.
6 သူတို့သည်မုန့်ဖိုမီးကဲ့သို့ပုန်ကန်လိုသော စိတ်၊ တောက်လောင်လျက်ရှိကြ၏။ တစ်ညလုံး သူတို့၏အမျက်ဒေါသစိတ်သည်တငွေ့ ငွေ့လောင်လျက်ရှိ၏။ နံနက်သို့ရောက်လျှင် မီးထတောက်လေ၏။
6 Porque prepararam o coração como um forno, enquanto estão de espreita; toda a noite, dorme o seu furor, mas, pela manhã, arde como labaredas de fogo.
7 ``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
7 Todos eles são quentes como um forno e consomem os seus juízes; todos os seus reis caem; ninguém há, entre eles, que me invoque.
8 ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ဝက်သာကျက်သောမုန့်နှင့်တူ၏။ သူတို့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများ ကိုအားကိုးကြ၏။-
8 Efraim se mistura com os povos e é um pão que não foi virado.
9 အခြားနိုင်ငံများကိုအားကိုးခြင်းကြောင့် ထိုနိုင်ငံတို့၏သွေးစုတ်ခြင်းကိုခံရကြောင်း သူတို့မသိ။ သူတို့၏နိုင်ငံသည်ပျက်သုဉ်း ချိန်နီးသော်လည်းသူတို့မသိကြ။-
9 Estrangeiros lhe comem a força, e ele não o sabe; também as cãs já se espalham sobre ele, e ele não o sabe.
10 ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
10 A soberba de Israel, abertamente, o acusa; todavia, não voltam para o Senhor , seu Deus, nem o buscam em tudo isto.
11 ဣသရေလအမျိုးသားတို့သည်ဟိုပျံ သည်ပျံနှင့်ဉာဏ်ကင်းမဲ့သည့် အလွယ်တကူ လှည့်ဖြား၍ရသောချိုးငှက်ကဲ့သို့ဖြစ်၏။ ပထမဦးစွာသူတို့သည်အီဂျစ်ပြည် မှအကူအညီတောင်းခံ၏။ ထို့နောက် အာရှုရိသို့ပြေး၍အကူအညီ တောင်း၏။-
11 Porque Efraim é como uma pomba enganada, sem entendimento; chamam o Egito e vão para a Assíria.
12 သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။
12 Quando forem, sobre eles estenderei a minha rede e como aves do céu os farei descer; castigá-los-ei, segundo o que eles têm ouvido na sua congregação.
13 ``သူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံ ရပြီ။ ငါ့ကိုစွန့်ခွာ၍ပုန်ကန်ကြပြီ။ သို့ ဖြစ်၍သူတို့သည်ပျက်စီးဆုံးရှုံးရလိမ့် မည်။ ငါသည်သူတို့ကိုကယ်တင်လိုသော် လည်းသူတို့သည်ငါ့အားမှန်သောကိုး ကွယ်မှုမပြုကြ၊ လိမ်လည်လှည့်ဖြား ကြ၏။-
13 Ai deles! Porque fugiram de mim; destruição sobre eles, porque se rebelaram contra mim! Eu os remiria, mas eles falam mentiras contra mim.
14 သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
14 Não clamam a mim de coração, mas dão uivos nas suas camas; para o trigo e para o vinho se ajuntam, mas contra mim se rebelam.
15 ငါသည်သူတို့ကိုပြုစုစောင့်ရှောက်၍ခွန် အားကြီးလာစေသော်လည်းသူတို့သည် ငါ့အားတော်လှန်ပုန်ကန်ကြ၏။-
15 Adestrei e fortaleci os seus braços; no entanto, maquinam contra mim.
16 သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
16 Eles voltam, mas não para o Altíssimo. Fizeram-se como um arco enganoso; caem à espada os seus príncipes, por causa da insolência da sua língua; este será o seu escárnio na terra do Egito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Oséias 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.